Sunday, September 15, 2013

သုံးလကြာ ရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ

မြိတ်၊ စက်တင်ဘာ ၁၅
Dawei Watch ၊

သုံးလခန့်အကြာ ရပ်နားထားသည့် ထားဝယ် - မြိတ် - ကော့သောင်း ကမ်းရိုးတန်း
အမြန်ရေယာဉ် ခရီးစဉ်များကို စက်တင်ဘာလ ၇ ရက်နေ့မှ စပြီး ပြန်လည်
ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ် အသိုင်းအ၀ိုင်းမှ သိရသည်။

(ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ဆိပ်ကမ်းတွင်
အမြန်ရေယာဉ်များကို ရပ်နားထားစဉ်)


မိုးတွင်းကာလတွင် ရာသီဥတု အခြေအနေကြောင့် သုံးလခန့်
ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင် အမြန်ရေယာဉ် လက်မှတ်
အရောင်းဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

"ရာသီဥတုအပေါ်မှာပဲ မူတည်ပါတယ်။ ရာသီဥတု မကောင်းရင် ပြန်နားရတာပါပဲ" ဟု ၎င်းက ဆိုသည်။
တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်နှင့် အထက်ဖြစ်ပါက အမြန်ရေယာဉ်
ခရီးစဉ်များကို ရပ်နားရပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ ခန့်ရှိမှ
ပြန်လည် ပြေးဆွဲပေးသည်ဟု အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။

ကမ်းရိုးတမ်းအမြန်ရေယာဉ်များသည် မိုးရာသီတွင် နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။
မြိတ်-ထားဝယ် ခရီးစဉ်အတွက် ၁၃၀၀၀ ကျပ်၊ မြိတ်-ကော့သောင်းကို ၂၇၀၀၀ ကျပ်
နှင့် ထားဝယ် - ကော့သောင်း ခရီးစဉ်အတွက် ၄၀၀၀၀ ကျပ် သတ်မှတ်ထားသည်။



မြိတ်တွင် အမြန်ရေယာဉ်လိုင်း ၃ လိုင်းရှိပြီး မြိတ်-တနင်္သာရီမြို့
အမြန်ရေယာဉ် နေ့ချင်းပြန် သုံးစင်းရှိသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More