Sunday, June 30, 2024

မိုးကုတ်က ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက် ... မတူပီက ခလရ (၁၄၀) ကို ...


မိုးကုတ်က ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက် ... မတူပီက ခလရ (၁၄၀) ကို ချင်းညီနောင် သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၁- ၇- ၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂)၊ ၆ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို မြို့နယ် ၃ ခုအတွင်း တိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီး မိုးကုတ်နဲ့ မိုးမိတ်မှာ စခန်း ၂ ခု သိမ်းနိုင်ခဲ့တယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။

အဲဒီးခစန်း ၂ ခုကတော့ မိုးကုတ်က ရွှေမျက်ဝန်းတပ်စခန်းနဲ့ မိုးမိတ်က ကင်းချောင်းတံတားစခန်းတို့ဖြစ်တယ်လို့ PSLF/ TNLA  ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ 

မိုးကုတ်တိုက်ပွဲမှာ TNLA နဲ့အတူ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တပ်ရင်း၊ မိုးကုတ် ပကဖ တို့ပါဝင်ပြီး မိုးမိတ်တိုက်ပွဲမှာတော့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ PDF တွေပါဝင်တယ်လို့ ဆိုပါတယ်။

နောင်ချိုတိုက်ပွဲမှာတော့ DPLA -ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ MDY-PDF တို့ပါဝင်နေပြီး ၆၀၆ တပ်ရင်းကို ထိုးစစ်ဆင်နေဆဲဖြစ်ကာ ရှုခင်းသာရှိ ခမရ (၁၄၆) ကိုတော့ ဇွန် ၂၈ မှာ သိမ်းပိုက်ခဲ့တယ်၊ စစ်ကောင်စီ အလောင်း ၂၀ ခန့်နဲ့လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ လွေးယေဦးက ပြောပါတယ်။

မိုးမိတ်တိုက်ပွဲမှာပါဝင်နေတဲ့ PLA ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၂၉ မှာသိမ်းပိုက်လိုက်တဲ့ ကင်းချောင်းတံတားစခန်းဟာ သပိတ်ကျဉ်းမြို့နယ်နဲ့ မိုးမိတ်မြို့လမ်းပေါ်ရှိ အရေးကြီးတံတားဖြစ်ပြီး ဒီလမ်းကြောင်းတခုလုံးကို တာ်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပြီလို့သိရပါတယ်။

ကင်းချောင်းတံတားစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ ကျန်လူတွေ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်လို့ဖေါ်ပြပြီး PLA ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်တဲ့ ဇွန် ၂၅ ကတည်းက တိုက်ပွဲထဲ ပါနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့ မြောက်ဘက်၊ နမ့်ဖူးယိုင်ရှိ ညီနောင် ၃ ဖွဲ့နယ်မြေထဲ စစ်ကောင်စီတပ်က ကျုးကျော်လာတဲ့အတွက် ဇွန် ၂၉ မှာ ခုခံတိုက်ခိုက်စဉ် MNDAA ရဲဘော် ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ MNDAA - က ပြောဆို...

- ချင်းပြည်နယ်၊ မတူပီမြို့ရှိ ခလရ (၁၄၀) နဲ့ ဗျုဟာကုန်းကို ဇွန် ၂၉ မှာ သိမ်းပိုက်လိုက်ပြီလို့ ‘ချင်းညီနောင်’ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောကြား...

- လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ဒရုန်းတစီးကို တော်လှန်ရေးအင်အားစုတွေပစ်ချခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, June 29, 2024

“၁၀၂၇ ဒုတိယအဆင့်ရဲ့ ထူးခြားချက်က ရှမ်းမြောက်တင်ဖြစ်တာမဟုတ်ပဲမန္တလေးတိုင်...


“၁၀၂၇ ဒုတိယအဆင့်ရဲ့ ထူးခြားချက်က ရှမ်းမြောက်တင်ဖြစ်တာမဟုတ်ပဲ
မန္တလေးတိုင်းထဲအထိပါ ထိုးဝင်လာတာပါ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၉ - ၆- ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ရဲ့ ထူးခြားချက်က ရှမ်းမြောက်တင်ဖြစ်နေတာ
မဟုတ်ပဲ မန္တလေးတိုင်းထဲအထိပါ ထိုးဝင်လာတာဖြစ်တယ်။ ပြည်နယ်တခုချင်း
လွတ်မြောက်ရေးကနေ တိုင်းဒေသကြီးတွေဆီ ဝင်လာဖို့လိုတယ်။ စစ်ကြောင်းအားလုံး
နေပြည်တော်သို့ ဆိုတာကို ဦးတည်ဆောင်ရွက်သင့်တယ်” လို့ စစ်ရေး -
နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

ဇွန် ၂၅ မှာ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)ရဲ့
ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်
သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ရဲ့ ထူးခြားချက်က ဘာတွေလဲ...

- ပြည်နယ်တခုချင်း လွတ်မြောက်ရေးကနေ တိုင်းဒေသတွေဆီ တဖြေးဖြေး
စဝင်လာနိုင်နေပြီလား...

- ၆ လတာအတွင်း စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုက ခုခံစစ်သက်သက် ဖြစ်သွားပြီလား...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ဟန်ချက်ညီ တနိုင်ငံလုံး
စစ်ရေးအရှိန်မြှင့်နိုင်အောင် ဘာတွေ ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, June 28, 2024

နောင်ချိုက ခမရ (၁၁၄) အပါဝင် စစ်တပ်စခန်းတွေကို TNLA ဆက်လက်သိမ်းပိုက် ......


နောင်ချိုက ခမရ (၁၁၄) အပါဝင် စစ်တပ်စခန်းတွေကို TNLA  ဆက်လက်သိမ်းပိုက် ... အင်းတော်မြို့နယ်က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၉ -၆-၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂)၊  ၄ ရက်မြောက်နေ့မှာ နောင်ချိုက ခမရ (၁၁၄) ဌာနချုပ်ကို သိမ်းပိုက်ပြီး ခမရ(၆၀၆) ကို သိမ်းနိုင်ရေး TNLA နဲ့ မဟာမိတ်တွေ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ TNLA/ PSLF ပြောခွင့်ရက BNN ကိုပြောပါတယ်။

ခမရ ၁၁၅ ကိုတော့ တိုက်ပွဲစတင်တဲ့နေ့မှာတင် သိမ်းထားပြီးဖြစ်တဲ့အတွက် နောင်ချိုမြို့မှာ စင်ကောင်စီကင်းစင်ဖို့ ခမရ ၆၀၆ တခုသာ ကျန်တော့တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

ခမရ(၆၀၆) ထိုးစစ်မှာ TNLA၊ တပ်တွေနဲ့အတူ MDY-PDF နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ ပူပေါင်းပါဝင်ပြီး ကျောက်မဲက ခမရ (၅၀၁)၊ ခမရ(၅၀၂) ထိုးစစ်မှာတော့  TNLA နဲ့အတူ MDY-PDF မဟာမိတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မနေ့ကသိမ်းလိုက်တဲ့ နောင်ချို ခမရ (၁၁၄)က လက်နက်တွေကို TNLA က
မထုတ်ပြန်သေးပါဘူး။ အရင်နေ့က သိမ်းမိတဲ့ ခမရ (၁၁၅) မှာတော့ ၈၁ မမ၊ ၆၀
မမလို မော်တာတွေ၊ RPG လို ပခုံးထမ်းလောင်ချာတွေအပါဝင် လက်နက်မျိုးစုံ ၃၅၀
ကျော်နဲ့ ခဲယမ်းများစွာ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။

အရင်နေ့တွေကလည်း လက်နက်မျိုးုစုံ ၁၀၀ ခန့်သိမ်းမိထားပြီးဖြစ်တဲ့အတွက် အခုဆိုရင် သိမ်းမိလက်နက် ၅၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို ရှမ်းမြောက်နဲ့ မန္တလေးအစပ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်စတဲ့ မြိုနယ် ၅ ခုမှာ ဆက်လက်ဆောင်ရွက်နေတယ်လို့ TNLA က ပြောထားပါတယ်။

ဒါ့အပြင်...

- ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာမှာ အခြေချထားတဲ့ ခလရ-၆ စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က ၁၄ ဦးသေ၊ လက်နက်မျိုးစုံ ၂၀ ရရှိ...

- ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာနဲ့ ကျောက်ပုံကုန်းရွာတွေမှာ အခြေချဖို့ပြင်နေတဲ့ ခမရ-၃၆၁-က စစ်သားတွေနဲ့ ပျုစောထီး အင်အား (၂၀၀) ခန့်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၈ လက်နဲ့ စစ်သုံးပန်း ၂ ဦး ဖမ်းမိ...

- စစ်ကိုင်းမြို့ရှိ အမှတ်(၃) ရဲ လေ့ကျင့်ရေးကျောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက
ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်...

- တနသာင်္ရီမြိုန့ယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် မောတောင်စခန်းအနီးရှိ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကနေ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာ ထွက်ပြေး...

- KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံး တာဝန်ကနုတ်ထွက်ခြင်း၊ နေရာပြောင်းခြင်း သို့မဟုတ် KNU ဖက်သို့ ကူးပြောင်းတာဝန်ထမ်းခြင်း အမြန်ဆုံးဆောင်ရွက်ရန် ဒူးပလာခရိုင်က သတိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, June 27, 2024

စစ်ကောင်စီ တပ်စခန်းတွေကို TNLA က ဆက်သိမ်းပိုက် ... ဖားကန့်မြို့နယ်က ရဲစခ...


စစ်ကောင်စီ တပ်စခန်းတွေကို TNLA က ဆက်သိမ်းပိုက် ... ဖားကန့်မြို့နယ်က ရဲစခန်း KIA တိုက်ခိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၈- ၆- ၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ တတိယနေ့မှာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုမြို့တွေမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အနည်းဆုံး စစ်ကောင်စီစခန်း ၂ ခုကို သိမ်းနိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ပြောခွင့်ရက BNN ကို ပြောပါတယ်။

ဒါဟာ မနေ့ညနေ ၅ နာရီခန့်အထိ အတည်ပြုထားတဲ့ စာရင်းသာဖြစ်ပြီး နောက်ထပ်
ရှိနိုင်သေးတယ်လို့ပြောပါတယ်။ သိမ်းမိလက်နက်အနေနဲ့ကတော့ ဒုတိယနေ့က
တိုက်ပွဲမှာ သိမ်းမိတဲ့ ၆၀ ကျော်အပြင် ဒီနေ့မှာလည်း လက်နက်မျိုးစုံ ၆၀ ကျော် ထပ်မံသိမ်းမိတယ်လို့ပြောပါတယ်။

စစ်ဆင်ရေး ၃ ရက်တာအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအပါဝင် စခန်းပေါင်း ၃၀ နီးပါးကို သိမ်းပိုက်ထားပြီး မြို့ ၃ မြို့ရဲ့ နေရာအတော်များများကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ဒါ့အပြင်...

- ၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ PDF  ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊
တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- မိုးကုတ်ဘက်သွားမယ့် စစ်ကောင်စီထောက်ပို့ယာဉ်နဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ပြင်ဦးလွင် PDF တွေက ဖမ်းမိ...

- ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ရဲမှူးကြီးအပါဝင် ၁၂ ဦးသေဆုံး...

- မြင်းခြံမြို့နယ်၊ လေးရွာဆုံ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

- တနင်္သာရီမြို့နယ်က သကျက်နဲ့ ဘန်လောကျေးရွာအုပ်စုထဲက ရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦး ဒဏ်ရာရပြီး နေအိမ်တလုံး ပျက်စီး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, June 26, 2024

တပ်ရင်းဌာနချုပ်တွေအပါဝင် စစ်ကောင်စီစခန်း ၂၄ ခုကို TNLA သိမ်းပိုက် ... က...


တပ်ရင်းဌာနချုပ်တွေအပါဝင် စစ်ကောင်စီစခန်း ၂၄ ခုကို TNLA သိမ်းပိုက် ...  ကျောက်တံခါးမြို့က ကင်းစခန်းတွေကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၇ -၆ -၂၀၂၄)

ဇွန် ၂၅ မှာ စတင်တဲ့ ၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ဒုတိယနေ့အထိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီ တပ်ခစန်း ၂၄ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ချ အလင်းဝင်လာသူ အနည်းဆုံး ၁၇ ဦး ရှိနေပြီလို့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရက BNN ကို ပြောပါတယ်။

မနေ့ ညနေ ၄ နာရီမှာ လက်နက်ချတဲ့ ဒီ ၁၇ ဦးကတော့ ကျောက်မဲ အခြေစိုက် စကခ ၁ ကဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ 

စစ်ဆင်ရေးအပိုင်း ၂ မှာ ပူးပေါင်းပါဝင်တဲ့ မဟာမိတ်တွေထဲမှာ PDF-MDY,  ဓနုတပ်ဖွဲ့၊ MNDAA နဲ့ အခြား တော်လှန်ရေးတပ်တွေ ပါဝင်တယ်လို့လည်းပြောပါတယ်။

သိမ်းပိုက်တဲ့ စခန်း ၂၄ ခုထဲမှာ ကျောက်မဲမြို့နယ်ရှိ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ ရဲစခန်းနဲ့ ထွေ/အုပ်ရုံး အပါအဝင် စခန်း ၈ ခု၊ နောင်ချိုက ခလရ ၁၁၅ နဲ့  ရဲစခန်း အပါအဝင် စခန်း ၁၀ ခု၊ မိုးကုတ်က ဒေါ်နန်းကြည်တောင် စခန်း၊ ဗျူဟာ စခန်းကုန်း စတဲ့ စခန်းတွေ ပါဝင်တယ်လို့ ပြောပါတယ်။

သိမ်းမိ လက်နက်က ၅၀ ကျော်ရှိပြီး ၆၀ မမ မော်တာ၊ RPG ပုခုံးထမ်းလောင်ချာနဲ့ လက်နက်ငယ်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင်...

-  ဘောလခဲမြို့နယ်၊ နန်းဖဲ ကျေးရွာအနီးရှိ မယ်စလောင်းတောင်က စစ်ကောင်စီစခန်းကို ကရင်နီ ပူးပေါင်းတပ်က သိမ်းပိုက်...

- BGF နယ်ခြားစောင့်တပ်ကနေ နွေဦးတော်လှန်ရေးထဲပါဝင်လာတဲ့ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF) ရဲ့ ၄၆ နှစ် ပြည့် မွေးနေ့ပွဲ ကျင်းပ...

- ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊  ဈေးပိုင်းရပ်ကွက်ရှိ စစ်ကောင်စီ ဂိတ် ကင်းစခန်းနဲ့ ရွှေဘုန်း စစ်ဆေးရေး ဂိတ်စခန်းတို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

- ရေးမြို့ မြို့မရဲစခန်းက ဒုတပ်ကြပ် တဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူး အဖွဲ့က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, June 25, 2024

၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့...


၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့ မှတ်တမ်းထွက်လာ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၆-၆-၂၀၂၄)

ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်ရှိ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် မနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ TNLA ပြောခွင့်ရက BNN ကို ပြောပါတယ်။

TNLA နဲ့အတူ ပါဝင်တဲ့ မဟာမိတ် တပ်တွေ၊ သိမ်းမိစခန်းတွေ၊ စစ်ကောင်စီဘက်က အကျအဆုံးတွေကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ 

PDF မိုးကုတ် ဗျုဟာကတော့ ၁၀/၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ကြိုဆိုပြီး မိုးကုတ်ဗျူဟာက တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တပ်ရင်း ၄ ရင်း ဒီစစ်ဆင်ရေးမှာ ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။

PDF မန္တလေးလည်း ပါဝင်နေတယ်လို့ သိရပေမယ့် ကြေညာချက် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး မတ္တရာမြို့ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF တွေက သိမ်းပိုက်လိုက်ပြီ၊ နောင်ချိုမြု့ိကို TNLA က သိမ်းပိုက်ထားလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင်

- ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စု၊ ရှင်မကန်ရွာရှိ ပျုစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ လက်နက် ၆ လက် သိမ်းမိ...

-  မံစီနဲ့ မိုးမောက်ဘက်မှာ အရပ်ဝတ်နဲ့ ရိက္ခာထွက်သယ်တဲ့ စစ်သားတွေကို KIA နဲ့ မဟာမိတ်တွေက တိုက်ခိုက်...

- မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နဲ့ ဗျူဟာကုန်းရဲ့ ကာကင်း စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ ချင်းညီနောင် အဖွဲ့က သတင်းထုတ်ပြန်...

- မောင်တောမြိုနယ်၊ ဝေသာလီ ကျေးရွာရှိ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) အဖွဲ့ရဲ့ သိုလှောင်ရုံတွေနဲ့ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်/သံ မှတ်တမ်းတခုကို AA က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More