Saturday, July 30, 2022

Interview with Naing Htoo Aung of NUG. part 1.



“ဒေါ်လာ ၄၄-သန်းကို လက်နက်ရရှိရေးနဲ့ စစ်ဆင်ရေးမှာ ဦးစားပေးသုံးစွဲနေပါတယ်”

(ဦးနိုင်ထူးအောင်- အတွင်းဝန်- ကာကွယ်ရေးဝန်ကြီးဌာန- NUG)
-------------------------------------------------------------------

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း ပြည်တွင်း-ပြည်ပ အလှူရှင်တွေဆီကနေ အမေရိကန်ဒေါ်လာ ၄၄-သန်းရရှိထားပြီး အဲဒီငွေတွေကို PDF အတွက် လက်နက်တပ်ဆင်ရေးနဲ့ စစ်ဆင်ရေးမှာ ဦးစားပေးအသုံးပြုနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း လက်နက်ကိုင်တိုက်ပွဲ အောင်မြင်မှု၊ တိုးတက်မှု အခြေအနေတွေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- တနှစ်ခွဲကာလအတွင်း နိုင်ငံရေး၊ စစ်ရေးအရ ရှေ့ကို ဘယ်လောက်အထိ တိုးတက်လာနေသလဲ...
- PDF အင်အားနဲ့ စုဖွဲ့မှုပုံစံ ဘယ်လိုရှိသလဲ...
- တနှစ်ခွဲကာလအတွင်း MOD က အလှူငွေ ဘယ်လောက်ရပြီး ဘယ်လို သုံးစွဲနေသလဲ...
- ကိုယ်တိုင်ထုတ် စစ်လက်နက်ပစ္စည်းတွေက စစ်မြေပြင်မှာ အသုံးပြုနိုင်တဲ့ အဆင့်ရောက်နေပြီလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ပြည်သူမှ ပြည်သူသို့ အကူအညီသက်သက်နဲ့ လက်နက်ကိုင်တိုက်ပွဲရန်ပုံငွေ အဆင်ပြေပါ့မလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာင်္ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

-အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Saturday, July 23, 2022

Interview with Than Soe Naing on 18-months of Revolution. Part-2



”ဒေသအလိုက် စစ်ဆင်ရေး၊ ပြည်နယ်အလိုက် စစ်ဆင်ရေးအဆင့်ဆီ တက်လှမ်းဖို့ လိုနေပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
-------------------------------------------------------------------------
(၂၄/၇/၂၀၂၂)

PDF တပ်တွေ နဲ့ EAO တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုဟာ တဖွဲ့ချင်း၊ တနယ်ချင်း တိုက်ပွဲဝင်မှုကနေ ဒေသအလိုက်၊ ပြည်နယ်အလိုက် စစ်ဆင်ရေးလုပ်နိုင်တဲ့အဆင့်အထိ တက်လှမ်းဖို့လိုနေတယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း PDF တပ်တွေ နဲ့ EAO တပ်တွေ ပူးပေါင်းဆောင်ရွက်မှု၊ NUG အစိုးရရဲ့ ဦးဆောင်နိုင်မှုစွန်းရည်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- PDF တပ်တွေရဲ့ စုဖွဲ့မှု ပုံစံနဲ့ အမိန့်ပေးမှုစနစ်က ထိုးစစ်ဆင်နိုင်တဲ့အဆင့်ဆီ ရောက်နေပြီလား...
- ဝယ်ယူ၊ တီထွင်မှုသက်သက်နဲ့ လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါ့မလား...
- ဒီနှစ်မကုန်ခင် တော်လှန်စစ်ရဲ့ ထိုးစစ်အဆင့်ကို တက်လှမ်းနိုင်မလား...
- နွေဦးတော်လှန်ရေး အောင်ပွဲခံဖို့ ဘာတွေ လိုအပ်နေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, July 22, 2022

Interview with Than Soe Naing on 18 months of Revolution. Part-1



“PDF တွေဖက်က တိုက်ပွဲအရှိန်မြှင့်ပြီး ဖိအားပေးနိုင်ရင် စစ်ကောင်စီတပ် ပြိုကျမှု ဒီထက် ပိုဆိုးလာနိုင်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
-------------------------------------------------------------------------
(၂၂/၇/၂၀၂၂)

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ် ပြိုကျမှုက သိသာလာတဲ့အတွက် PDF နဲ့ EAO တွေဖက်ကသာ တိုက်ပွဲအရှိန်မြှင့်ပြီး ဖိအားပေးလိုက်ရင် စစ်တပ်ပြိုကျမှုပိုဆိုးလာမယ်။ တဦးချင်းထွက်လာနေရာကနေ တပ်စုအလိုက်၊ တပ်ရင်းအလိုက်ထွက်လာတဲ့အထိ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလ တိုးတက်မှု၊ အားမလိုအားမရဖြစ်မှုတွေအပေါ် ဆန်းစစ်ဝေဖန်ချက်ပေးဖို့ BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း အဓိက အောင်မြင်မှုက ဘာလဲ...
- အဓိက အားနည်ချက်ကကော ဘာတွေလဲ...
- ဆန္ဒပြပွဲနဲ့ CDM လှုပ်ရှားမှုတွေ ဘာကြောင့် အားနည်းသွားတာလဲ...
- စစ်တပ်အတွင်း CDM လှုပ်ရှားမှုနဲ့ တပ်ပြိုကျမှု အနေအထားက ဘယ်လောက်အထိ ဆိုးနေပြီလဲ...
- PDF တပ်တွေရဲ့ တနှစ်ခွဲကာလ တိုက်ပွဲဝင်မှုက အားရစရာ ရှိပါရဲ့လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနှစ်မကုန်ခင် အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်သလား-ဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, July 17, 2022

Interview with CDM- Air force Officer. part-2



“အရာရှိငယ်တွေနဲ့ အောက်ခြေတပ်သားတွေ များများထွက်လာဖို့လိုပါတယ်”

(ဗိုလ်ကြီးဇေသူအောင်- CDM လေတပ်အရာရှိ)
----------------------------------------------------------------
(၁၇/၇/၂၀၂၂)

အရာရှိငယ်တွေနဲ့ အောက်ခြေတပ်သားတွေ များများထွက်လာရင် စကစ ထိပ်တန်းအရာရှိတွေ စစ်ဆက်တိုက်ရေးအမိန့်ပေးဖို့ ခက်ခဲသွားနိုင်တဲ့အတွက် ဒါကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ခွဲနီးပါးကာလအတွင်း စစ်တပ်အတွင်း ပြိုဆင်းမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- CDM စစ်သည်တွေ ဦးစီးထုတ်လုပ်နေတဲ့ လက်နက်တွေ စစ်မြေပြင်မှာ တကယ်သုံးနိုင်ပြီလား...
- တနှစ်အတွင်း စကစ ဖက်က ထိခိုက်၊ ကျဆုံး၊ ထွက်ပြေး၊ CDM ဘယ်လောက်ရှိသလဲ...
- အချို့စစ်သားတွေက ထွက်ချင်ပေမယ့် မထွက်နိုင်ဖြစ်နေတာ ဘာကြောင့်လဲ...
- အရာရှိငယ်တွေနဲ့ အောက်ခြေစစ်သားတွေများပြားစွာ ထွက်လာခြင်းက စစ်ပွဲအခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်သလား...
- တနှစ်ခွဲနီးပါးကြာ တော်လှန်ရေးအခြေအနေ ဘယ်အထိ ခရီးရောက်နေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, July 15, 2022

Interview with CDM- Air Force officer. Part-1.



“လေတပ်ကို ဘယ်လောက်သုံးသုံး- ခြေလျင်တပ်က မထိန်းနိုင်ရင် စခန်းကျတာပါပဲ”

(ဗိုလ်ကြီးဇေသူအောင်- CDM လေတပ်အရာရှိ)
----------------------------------------------------------------
(၁၅/၇/၂၀၂၂)

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ EAO တွေ PDF တပ်တွေကို မြေပြင်မှာ ရင်ဆိုင်တိုက်ဖို့ အခက်ခဲရှိလာနေတဲ့အတွက် လေကြာင်းအကူကို နေ့စဉ်လိုလို အသုံးပြုနေရပါတယ်။ ဒါပေမယ့် ခြေလျင်တပ်က နယ်မြေကိုမထိန်းနိုင်ဘူးဆိုရင် လေတပ်ကိုဘယ်လောက်သုံးသုံး အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်ကပြောပါတယ်။

အခုတလော မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဥကရစ်ထစခန်းကို EAO နဲ့ PDF တပ်တွေက ဝိုင်းထားစဉ် စစ်ကောင်စီဖက်ကနေ လေယာဉ်နဲ့ အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့အပေါ် ထင်မြင်ချက်မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စကစဖက်က လေကြောင်းကို အလေးပေးလာတာဟာ ကြည်းတပ်တွေ အားနည်းသွားလို့လား...
- စကစ ရဲ့ လေတပ်ဖွဲ့စည်းပုံနဲ့ တပ်တည်နေရာတွေက ဘယ်လိုရှိသလဲ...
- MI 29 က ခေတ်အမီဆုံး တိုက်လေယာဉ်ဖြစ်ဆဲလား...
- လေယာဉ်နဲ့ နေ့စဉ်တိုက်နေပေမယ့် စခန်းကို ပြန်မသိမ်းနိုင်တာ ဘာကြောင့်လဲ...
- ဒရုံးနဲ့ ကင်းထောက်ခြင်းက ဒီနေ့စစ်ပွဲရဲ့ နေ့စဉ်လုပ်ငန်းဖြစ်လာနေပြီလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(CDM တပ်မတော်သားတွေ ဘယ်လောက်များနေပြီလဲ၊ ထပ်ထွက်လာမယ့်သူတွေကိုဘယ်လို ကြိုဆိုသင့်သလဲ... စတဲ့အကြောင်းတွေပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, July 13, 2022

Interview with Thinzar Shunlei Yi on US meeting.1



“ဒီမိုကရေစီဆိုပေမယ့် ၂၀၀၈ အောက်ကို ပြန်သွားရတဲ့ ဒီမိုကရေစီမျိုးမဖြစ်စေဖို့ ကျမ တင်ပြခဲ့ပါတယ်”

(သဉ္ဇာရွှန်းလဲ့ရည်- လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)
-----------------------------------------------------------------------
(၁၃/၇/၂၀၂၂)

စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီကိုပြန်သွားရေးတိုက်တွန်းတဲ့အခါ အရင်လို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒအောက် ပြန်ရောက်သွားတာမျိုးမဖြစ်စေဖို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အလေးထားတင်ပြခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုုပ်ရှားသူ သဉ္ဇာရွှန်းလဲ့ရည် ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုုပ်ရှားသူတွေ တွေ့ဆုံပွဲအတွင်း ဘာတွေ ဆွေးနွေးခဲ့သလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမ က အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲအတွင်း ဘာတွေ တင်ပြခဲ့သလဲ...
- စီးပွားရေးပိတ်ဆို့မှုထက် ပိုထိရောက်တဲ့နည်းကို အမေရိကန်ဖက်က ရှာဖွေနေတယ်ဆို ဘယ်လိုနည်းလမ်းတွေလဲ...
- အသက် ၄၀ အောက် လူငယ်တွေကိုပဲ ရွေးပြီးတွေ့ဆုံတာ ဘာကြောင့်လဲ...
- အရပ်ဖက်အဖွဲ့ CSO တွေ နွေဦးတော်လှန်ရေးမှာ ဘယ်လို ပူးပေါင်းပါဝင်နေသလဲ...
- နွေဦးတော်လှန်ရေးတနှစ်ခွဲကြာအခြေအနေ ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More