Thursday, December 8, 2022

“လေယာဉ်ပစ်လက်နက်ရှာတာအပြင် လေယာဉ်တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာ...



“လေယာဉ်ပစ်လက်နက်ရှာတာအပြင် လေယာဉ်တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာလုပ်ဖို့လည်း လိုအပ်ပါတယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)

(၈-၁၂-၂၀၂၂)

“တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေယာဉ်ပစ်လက်နက်ရှာဖွေတာအပြင် အဲဒီစစ်လေယာဉ်တွေ ကွင်းကနေတောင် တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာတွေ လုပ်ဖို့ လိုအပ်နေတယ်” လို့  နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေသေကြေနေရတဲ့အပေါ် ကာကွယ်နိုင်ဖို့အတွက် NUG သမ္မတက နိုင်ငံတကာ အစိုးရတွေဆီ လေယာဉ်ပစ်လက်နက် တောင်းခံနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ERO ဒေသလှုပ်ရှားမှုနဲ့ အညာဒေသလှုပ်ရှားမှုကို ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- စစ်ကောင်စီရဲ့ လေကြောင်းကနေ အနိုင်ကျင့်နေမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

- အမိန့်စီးဆင်းမှု အားကောင်းအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- ၂၀၂၃ အတွက် တော်လှန်ရေးအလားအလာ ဘယ်လိုရှိလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Wednesday, December 7, 2022

“စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရ...



“စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ဆောင်ရမယ်“

(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)

(၈-၁၂-၂၀၂၂)

“ဆယ်စုနှစ်နဲ့ချီပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရထားသလိုဖြစ်နေတဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက လူသတ်မှုဆက်ကျုးလွန်နေတဲ့အတွက် ဒါကို မဖြစ်မနေအရေးယူရမယ်၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) မဖြစ်မနေ လုပ်ဆောင်ရမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

ရိုက်တာသတင်းဌာနက စီစဉ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ တွေ့ဆုံဆွေးနွေးရေးအခြေခံ မူ ၄-ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီတွေ တကယ်ရလာနိုင်ခြေရှိသလား...

- ငွေကြေးနဲ့ လက်နက်အခက်အခဲကို ဘယ်လိုဖြေရှင်းနေသလဲ...

- NUG ရဲ့ ပြန်လည်သင့်မြတ်ရေးမူဝါဒက ဘာလဲ...

- တမူးမြို့က ဖြစ်စဉ်အပေါ် NUG က ဘယ်လိုအရေးယူဆောင်ရွက်နေသလဲ...

- ၂ နှစ်နီးပါးကြာလာနေပြီဖြစ်တဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ တိုးတက်လာနေပေမယ့် လိုအပ်ချက...



“စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ တိုးတက်လာနေပေမယ့် စုစည်းညီညွတ်မှုဖက်မှာ လိုအပ်ချက်ရှိနေသေးတယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)

(၇-၁၂-၂၀၂၂)

“ERO နဲ့ PDF ပူူးပေါင်းထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတွေကို သိမ်းပိုက်နိုင်တဲ့အထိ အခြေအနေတွေတိုးတက်လာနေပေမယ့် အမိန့်စီးဆင်းမှုစနစ်နဲ့ တစုတစည်းတည်းလုပ်ဆောင်နိုင်ရေးဖက်မှာ လိုအပ်ချက်ရှိနေသေးတယ်” လို့ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ERO အဖွဲ့တခုဖြစ်တဲ့ ရခိုင့်တပ်တော် AA ရဲ့ အပစ်ရပ်မှု၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေအရှိန်မြင့်လာနေမှု၊ ERO နဲ့ PDF တွေကြား ပူူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- AA အဖွဲ့ အပစ်ရပ်ခြင်းက နွေဦးတော်လှန်ရေးကို အားလျော့စေသလား...

- ကိုးကန့်ဒေသတိုက်ပွဲက စစ်ကောင်စီကို အထိနာစေသလား...

- ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ မှာ အပြန်အလှန်ထိုးစစ်ဆင်ရေး ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Tuesday, December 6, 2022

“ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ဖို့ လေယာဉ်ပစ်လက်နက် လိုအပ်နေပါတယ်”


“ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ဖို့ လေယာဉ်ပစ်လက်နက် လိုအပ်နေပါတယ်”

(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)

(၇-၁၂-၂၀၂၂)

အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေအသုံးပြုပြီး ဗုံးကျဲတာ၊ ရွာမီးရှို့တာ၊ စာသင်ကျောင်းနဲ့ဆေးရုံပါမချန် ပစ်ခတ်နေတာတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် လေယာဉ်ပစ်လက်နက်လိုအပ်တယ်၊ ဒီလိုအပ်ချက်အတွက် သမ္မတကိုယ်တိုင် နိုင်ငံတကာဆွေးနွေးပွဲမှာ တင်ပြတောင်းဆိုတာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာနက စီစဉ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- လေယာဉ်ပစ်လက်နက်တောင်းခံမှု နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိသလဲ...

- အရင်တခါပြောထားတဲ့ ယဟတ်ယာဉ်ပစ်လက်နက်ကော အသုံးပြုနေပြီလား...

- စစ်ကောင်စီဖက်က ကျဆုံး-ထွက်ပြေးမှု ဘာကြောင့် ဒီလောက်များနေသလဲ...

- စစ်ဘေးရှောင်တွေအတွက် NUG က ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Friday, December 2, 2022

“စုဖွဲ့မှုအားနဲ့လက်နက်အား ဒီထက်ပိုကောင်းရင် တော်လှန်ရေးက ဒီထက်ပိုအရှိန်က...


“စုဖွဲ့မှုအားနဲ့လက်နက်အား ဒီထက်ပိုကောင်းရင် တော်လှန်ရေးက ဒီထက်ပိုအရှိန်ကောင်းလာမယ်”

(ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်)

(၂-၁၂-၂၀၂၂)

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုဖွဲ့မှုအားနဲ့ လက်နက်အားသာ ဒီထက်ပိုကောင်းလာမယ်ဆိုရင် နွေဦးတော်လှန်ရေးက အရှိန်ပိုကောင်းလာပြီး ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာဖြစ်တယ်၊ ဒီအတွက် အားလုံးလက်တွဲဆောင်ရွက်ဖို့လိုတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ၊ ၂ နှစ်နီးပါးကာလ တော်လှန်ရေးဖြတ်သန်းမှုအခြေနေ၊ ရှေ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာကာလအတွင်း အဓိက စိန်ခေါ်ချက်က ဘာလဲ...

- နယ်မြေထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- စစ်မြေပြင်ရှိ လူငယ်တွေက ရှေ့နှစ်အတွက် ဘယ်လိုမျှော်လင့်ထားသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Thursday, December 1, 2022

“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေ အေးချမ်းစွာနေလို့ရတဲ့ အနေအထ...


“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေ အေးချမ်းစွာနေလို့ရတဲ့ အနေအထားရှိပါတယ်”

(ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်)

(၁-၁၂-၂၀၂၂)

“စစ်ကိုင်း-မကွေးနယ်စပ်တလျောက်မှာ တော်လှန်ရေးအားကောင်းတဲ့အတွက် စစ်ကောင်စီဖက်က စစ်ကြောင်းကြီးမထိုးတဲ့အချိန်ဆိုရင် တော်လှန်ရေးတပ်တွေ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်တဲ့အပြင် ဒေသခံပြည်သူတွေဟာလည်း အေးချမ်းစွာနေလို့ရတယ်။ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို တော်လှန်ရေးတပ်တွေက ဆောင်ရွက်ပေးနေတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ၊ တိုက်ပွဲတွေအခြေအနေ၊ ပြည်သူ့အုပ်ချုပ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- စစ်ကိုင်း-မကွေးနယ်စပ်တလျောက်မှာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ ဘယ်လောက်အထိတိုးတက်နေပြီလဲ...

- PDF, LDF, ပကဖ၊ ပအဖ- စတဲ့အဖွဲ့တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂-နှစ်ပါးကာလ ဖြတ်သန်းမှုအပေါ် သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More