Monday, August 3, 2026

“အာဆီယံနဲ့ ပေးမတွေ့ပဲ ICRC နဲ့သာ ပေးတွေ့တယ်ဆိုတာဟာ... အကျဉ်းသားအဖြစ်သာ သဘောထားတာပါ”

 https://youtu.be/LqhGADsz4vU?si=NPTY0kQAk6D1Tgra

“အာဆီယံနဲ့ ပေးမတွေ့ပဲ ICRC နဲ့သာ ပေးတွေ့တယ်ဆိုတာဟာ... အကျဉ်းသားအဖြစ်သာ သဘောထားတာပါ” - ဦးတိတ်နိုင် (အတွင်းရေးမှူး - AAPP)

(၄ သြဂုတ် ၂၀၂၆) “အာဆီယံနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ တောင်းဆိုစဉ်က ပေးမတွေ့ပဲ ICRC နဲ့သာ ပေးတွေ့တယ်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကရွေးချယ်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် သဘောမထားပဲ၊ သာမန် အကျဉ်းသားအဖြစ်သာ သဘောထားတယ်ဆိုတာကို စစ်အုပ်စုက ပြသလိုက်တာဖြစ်တယ်” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း -AAPP- အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်း ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၃ ရက်နေ့မှာ ICRC - နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ တွေ့ခွင့်ပေးတာ ဘယ်လိုထူးခြားသလဲ၊ အရင် ခေတ်တွေကလို ပြန်လွတ်ပေးပြီး နိုင်ငံရေးဆွေးနွေးတာတွေအထိဖြစ်လာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ခွင့်ပေးတာ ဘာကြောင့်လဲ... - အခု ICRC နဲ့ တွေ့ခွင့်ပေးတဲ့ နေရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နေရာလား... မွေးနေ့ကိတ်က ဘယ်လိုပါလာသလဲ... - အခု တွေ့ခွင့်ပေးမှုဟာ မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်မတိုင်မီ အချိန်ကိုက် ထုတ်ပြန်တာလား... နိုင်ငံတကာဖက်က မျက်စိလည်သွားနိုင်သလား... - မင်းအောင်လှိုင်ဖက်က ဒီလို တကွက်ပြလိုက်တာကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုတုန့်ပြန်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More