Thursday, August 6, 2026

“မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံသလို တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့ဆက်ဆံဖို့လိုပါတယ်”

 https://youtu.be/ebpvA8E8qwU?si=-s_5ok6Zz43JD4JE

“မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံသလို တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့ဆက်ဆံဖို့လိုပါတယ်” - စတီဗင် စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၇ သြဂုတ် ၂၀၂၆) “လက်ရှိ အာဏာကိုင်ထားတဲ့ မင်းအောင်လှိုင်နဲ့ ဆက်ဆံဖို့လိုအပ်သလို နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေ၊ လူထုထောက်ခံမှုရထားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့လည်း ထိုင်းဖက်က ဆက်ဆံဖို့လိုတယ်လို့ မူဝါဒချမှတ်သူတွေက အကြံပေးထားတာ ရှိပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင် စန်းယုက ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်၊ ထိုင်း-မြန်မာဆက်ဆံရေးအခြေနေ၊ တော်လှန်ရေးအင်အားစုတွေအပေါ် ထိုင်းရဲ့သဘောထားတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - အာဆီယံ မူ ၅ ချက်ကို မလိုက်နာသေးတဲ့ မင်းအောင်လှိုင် ထိုင်းဖက်က ဆုပေး-ဒဏ်ပေးစနစ်နဲ့ ပြုပြင်ပြောင်းလဲယူလို့ ရနိုင်သေးလား... - အာဏာသိမ်းစစ်တပ်နဲ့ လူထုကိုယ်စားပြု တော်လှန်ရေးအင်အားစု ၂ ဖက်စလုံးကို မျှတစွာဆက်ဆံရေးလုပ်ဖို့ ထိုင်းအစိုးရမှာ မူဝါဒရှိသလား... - ဒီခရီးစဉ်က မင်းအောင်လှိုင်ကိုပဲ အကျိုးရှိစေမှာလား... လူထုအတွက်ကော တစုံတရာ အကျိုးရှိစေနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More