https://youtu.be/S_gWIQ2U0RQ?si=XtyU60FqJC5CuOgj
“ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုမျှော်လင့်ချက်က အရမ်းကြီးမားနေဆဲဖြစ်တယ်” - ဦးမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး)
(၈ သြဂုတ် ၂၀၂၆) “ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုမျှော်လင့်ချက်က အရမ်းကြီးမားနေဆဲဖြစ်တယ်၊ ဒီနေ့ လူထုက ဘာကိုမျှော်လင့်နေသလဲ၊ ဘာတွေဖြစ်ချင်နေသလဲဆိုတာ အခုဖြစ်စဉ်မှာ မြင်နိုင်ပါတယ်” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ပြောပါတယ်။ ဖမ်းဆီးခံနေရဆဲဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ခွင့်ရခြင်းက ဘယ်လိုထူးခြားသလဲ၊ ရန်ကုန်လူထုကြားမှာ ဘယ်လို ပြောဆိုနေကြသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ၈ လေးလုံးအရေးတော်ပုံ ၃၈ နှစ်ကြာချိန်မှာ ရည်မှန်းချက်တွေ ဘယ်လောက်ရနေပြီလဲ... - ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ခွင့်ရခြင်းက မြန်မာလူထုရဲ့ မျှော်လင့်ချက်ကို တဖန်ပြန်လည်ရှင်သန်လာစေသလား... - မင်းအောင်လှိုင်သမ္မတဖြစ်ပြီး ... တနည်းအားဖြင့် ယူနီးဖောင်းချွတ် တိုက်ပုံဝတ်ပြီး... ရက် ၁၀၀ အတွင်း ရန်ကုန်လူထုကြားမှာ လွတ်လပ်စွာပြောဆိုခွင့် ဘယ်လောက် ရလာနေပြီလဲ... - ICRC နဲ့ တွေ့ခွင့်ရခြင်းကနေတဆင့် အာဆီယံ အထူကိုယ်စားလှယ်နဲ့တွေ့ခွင့်ရတာ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာတာအထိ မျှော်လင့်နိုင်ဖို့ သိပ်စောနေသေးသလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment