Sunday, August 2, 2026

“ရနောင်းကနေ ကော့သောင်း ပြန်မယ့် အလုပ်သမားက ဘန်ကောက်သံရုံးဆီသွားပြီး ထောက်ခံစာယူရမယ်ဆိုတာကတော့...”

 https://youtu.be/L1DrouQf5QU?si=lr5I3YGWASZBEKFo

“ရနောင်းကနေ ကော့သောင်း ပြန်မယ့် အလုပ်သမားက ဘန်ကောက်သံရုံးဆီသွားပြီး ထောက်ခံစာယူရမယ်ဆိုတာကတော့...” - ဦးထူးချစ် (Foundation for Education and Development - FED)

(၃ သြဂုတ် ၂၀၂၆) “ရနောင်းကနေ ကော့သောင်း ပြန်မယ့် အလုပ်သမားက ဘန်ကောက်သံရုံးဆီသွားပြီး ထောက်ခံစာယူရမယ်ဆိုတာကတော့ နည်းနည်းများသွားပြီ။ မြန်မာသံရုံးက အလုပ်သမားတွေကို အကူညီပေးချင်တာလား၊ အလုပ်သမားတွေကို ဒုက္ခပေးချင်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦထူးချစ်က ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ပြောတဲ့ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်ကြား လူငယ် ၇၁ % ပြည်ပနိုင်ငံတွေကို ထွက်သွားတယ်၊ အများစုဟာ ထိုင်းနိုင်ငံကို ထွက်ကြတယ်၊ အဲဒီလူငယ်တွေဆီက အခွန်ကောက်နေတဲ့ မြန်မာသံရုံးက အလုပ်သမားတွေကို ဘယ်လိုဝန်ဆောင်မှုတွေပေးနေသလဲ၊ မင်းအောင်လှိုင် ဘန်ကောက်လာရင်ကော ဒီကိစ္စတွေ ဆွေးနွေးဖို့ရှိနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မင်းအောင်လှိုင်ပြောတဲ့... အသက် ၁၅ နှစ်ကနေ ၃၄ နှစ်ကြား လူငယ် ၇၁ % ပြည်ပထွက်သွားတဲ့အထဲက အများစုရှိနေရာ ထိုင်းနိုင်ငံမှာ အဲဒီလူငယ်တွေကို မြန်မာသံရုံးက ဘယ်လိုအကူညီတွေပေးအပ်နေသလဲ... - ထိုင်းကို အလုပ်သမားတွေစေလွှတ်နေပြီး ထိုင်းကုန်စည်တွေကျ မြန်မာဖက်အဝင်မခံဘဲ ဖမ်းဆီးနေတာ ဘာကြောင့်လဲ... - ရှေ့အပတ် မင်းအောင်လှိုင် ဘန်ကောက်လာရင် အလုပ်သမားအခွင့်အရေး တိုးရနိုင်ရေးအတွက် ထိုင်းအစိုးရနဲ့ ဆွေးနွေးနိုင်သလား... - ပြည်ပထွက်ခွာ လူငယ် ၇၁% ရာနှုန်းထဲက အများစု အလုပ်လုပ်နေရာ ထိုင်းရောက် အလုပ်သမားတွေ အဆင်ပြေစေရေးအတွက် တာဝန်ရှိသူအသီးသီးက ဘယ်လိုများ ကူညီဆောင်ရွက်ပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More