Thursday, February 9, 2017

NLD လွှတ်တော် တနှစ်ကြာပြီးတဲ့အခါ...။

ဒီသတင်းပတ်ဟာ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရပြီး ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်အသီးသီးရဲ့ တနှစ်ပြည့်နေ့ဖြစ်ပါတယ်။

အစိုးရကတော့ ဧပြီလမှ တနှစ်ပြည့်မှာပါ။

ရွေးကောက်ပွဲလုပ်စဉ်က မဲစာရင်းတွေ၊ အမတ်စာရင်းတွေကို အသေချာလေ့လာဖြစ်ပေမဲ့ အခုချိန်မှာ မေ့မေ့ လျော့လျော့ ခပ်ပေါ့ပေါ့ဖြစ်နေခဲ့ပါတယ်။ မနေ့ကတော့ ရန်ကုန်တိုင်းအမတ်တဦးဖြစ်သူ ကိုနေဘုန်းလတ်က တနှစ်တာအတွင်း ထင်သလောက်မလုပ်နိုင်ကြောင်း တောင်းပန်ထားတဲ့ Post တခုတွေ့မိပါတယ်။

အဲဒီတော့မှ ၂၀၁၅ မှာ NLD က ဘယ်လောက်နိုင်ထားသလဲ။ ဘယ်သူတွေလဲ။ ပြည်ထောင်စုလွတ်တော် စာရင်းကို ချက်ချင်းတွေ့ပေမဲ့ ပြည်နယ်-တိုင်း လွှတ်တော်စာရင်းက နဲနဲရှာရခက်နေပါတယ်။

လောလောဆယ်ရထားတာကိုပဲ မှတ်တမ်းအဖြစ် အရင် တင်ပြပေးလိုက်ပါတယ်။

ပြည်နယ်-တိုင်း စာရင်းကို ဆက်လက်ရှာဖွေ တင်ပြပေးပါ့မယ်။

ဒီစာရင်းတွေဟာ သာမန်စာဖတ်ပရိတ်သတ်အတွက် သိပ်အရေးမကြီးပေမဲ့ စာရေးသူတွေအတွက်တော့ အကိုးအကားလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ တခါတလေ ဒါတွေကိုပြန်ရှာနေရတာက ဆောင်းပါးတပုဒ် ရေးတာထက်တောင် အချိန်ပိုကြာသွားတတ်ပါတယ်။ ဒါကြောင့် သတိရတုန်း ရသမျှစု ရှာဖွေတင်ပြထားတာ ဖြစ်ပါတယ်။       ။







.....

ပြည်နယ်-တိုင်း စာရင်းကို ရှာနေဆဲပါ...။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More