Tuesday, August 11, 2026

“ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ မြန်မာ ၄၀၀၀ ခန့် ဖမ်းဆီးပြန်ပို့ခံရနိုင်သလား”

 https://youtu.be/NVliQsHuMGc?si=yovGPUBEAEZbvEO-

“ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ မြန်မာ ၄၀၀၀ ခန့် ဖမ်းဆီးပြန်ပို့ခံရနိုင်သလား”

(၁၂ သြဂုတ် ၂၀၂၆) “ဖက်ဒရယ်တရားရုံးက ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ လူ တသန်းလောက်ထဲမှာ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်လည်း ပါနေတယ်။ ဒီလူတွေမြန်မာနိုင်ငံ ပြန်ပို့မခံရအောင် ကာကွယ်နိုင်တဲ့နည်း ၄ ခုရှိတယ်” လို့ ဝါရှင်တန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ အရေးပေါ်အခြေနေအရ အမေရိကန်ပြည်ထောင်စုဆီထွက်ပြေးလာပြီး ယာယီနေထိုင်ခွင့် (TPS) နဲ့ နေထိုင်နေသူ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်ဟာ မကြာခင်ဖမ်းဆီးပြန်ပို့ခံရနိုင်တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ... - ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်က ဘယ်သူတွေလဲ၊ ဘာကြောင့် ရုတ်သိမ်းခံရတာလဲ... - မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေနေတိုးတက်လာလို့ ပြန်ပို့ဖို့ပြောတာလား... အမေရိကန်အစိုးရကိုယ်တိုင်က ပြန်ပို့ဖို့ စီစဉ်တာလား... - ဒီလူတွေ ပြန်ပို့မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း ၄ သွယ်ဆိုတာက ဘာတွေလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခြင်းက သက်ဆိုင်ရာနိုင်ငံရဲ့ အခြေနေပေါ်မူတည်သလား... အမေရိကန်အစိုးရကိုယ်တိုင်ရဲ့ ဒီမိုကရေစီစံချိန်စံညွှန်းတွေ၊ စံတန်ဖို့သတ်မှတ်မှုတွေ ပြောင်းလဲလာတာကြောင့် ပြန်ပို့တာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်မှာဖြစ်ပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More