https://youtu.be/ynJ-QFA2k6I?si=xmEJ6S1jffwQPi_p
''ရဲဝင်းဦးက တပ်ချုပ်ဆိုပေမယ့် အခုချိန်အထိ သူ့ဓာတ်ပုံကိုတောင် တင်ခွင့်ရသေးတာမဟုတ်ဘူး” - CDM ဗိုလ်ကြီးလင်းထက်အောင် (စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ)
(၁၀ သြဂုတ် ၂၀၂၆) “ရဲဝင်းဦးက တပ်ချုပ်ဆိုပေမယ့် အခုချိန်အထိ သူ့ဓာတ်ပုံကိုတောင် တင်ခွင့်ရသေးတာမဟုတ်ဘူး၊ အရာအားလုံးဟာ မင်းအောင်လှိုင်ရဲ့ အစီအမံအတိုင်း ဆက်သွားနေတာဖြစ်တယ်” လို့ စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ မင်အောင်လှိုင်ကနေ ရဲဝင်းဦးထံ တပ်ချုပ် တာဝန်လွှဲပေးပြီးနောက် လေယာဉ်နဲ့ဗုံးကြဲတာပိုများလာတယ်၊ အရပ်သားတွေကိုပစ်မှတ်ထား ဗုံးကြဲတာပိုများလာတယ်၊ ရက် ၁၀၀ ကာလ စစ်ဆင်ရေးအတွင်း ရဲဝင်းဦးက မင်းအောင်လှိုင်ထက် ပိုဆိုးတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရဲဝင်းဦးက မင်းအောင်လှိုင်ထက် အရပ်သားတွေကို ပိုတိုက်ခိုက်နေသလား... - လေယာဉ်နဲ့ဗုံးကြဲတာ ဒီလောက်လုပ်နေတဲ့ကြားက AA အပါဝင် တော်လှန်ရေးတပ်အချို့ ရှေ့တိုးပြီးတက်လာနေတာ ဘာကြောင့်လဲ... - စစ်မတိုက်တဲ့အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ အလုပ်ဖြစ်နိုင်သလား... - ရက် ၁၀၀ လွန်တဲ့အထိ ရဲဝင်းဦးရဲ့ ဓာတ်ပုံ စစ်တပ်ခန်းမဆောင်တွေမှာ ချိတ်ခွင့်မရသေးတာ ဘာကြောင့်လဲ... - ရက် ၁၀၀ အလွန် မင်းအောင်လှိုင်-ရဲဝင်းဦး ထိုးစစ်သစ်အတွက် တော်လှန်ရေးအင်အားစုတွေဖက်က ဘာတွေ ပြင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment