Tuesday, August 25, 2026

“ထားဝယ်ရေနက်ဆိပ်ကမ်းဆီ ရုရှားဝင်ရေးက ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး”

 https://youtu.be/s_kLzSDIdmw?si=XjOsuqlT2o4AXXWb

“ထားဝယ်ရေနက်ဆိပ်ကမ်းဆီ ရုရှားဝင်ရေးက ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး”

  • စတီဗင်စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၂၅ သြဂုတ် ၂၀၂၆) “ထားဝယ်ရေနက်ဆိပ်ကမ်းဆီ ရုရှားဝင်ရေးက ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး၊ ဖြစ်လာရင်လည်း စီးပွားရေးအကျိုးအမြတ်ထက် လုံခြုံရေးအရ နေရာဝင်ယူတဲ့သဘော ဖြစ်ဖို့များတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင်စန်းယုက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ရုရှားခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့ တနသာၤရီတိုင်း စစ်ဝန်ကြီးချုပ် ဇော်နိုင်ဦးတို့က မနက်ဖန်- သဖက်ခါပဲ ရုရှားကုပဏီတွေ ဝင်လာတော့မယ့်ပုံစံမျိုးပြောဆိုသွားတာနဲ့ပတ်သက်ပြီး BNN သတင်းဌာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

  • ရုရှားဝင်ရေးအကြောင်းမပြောခင် အရင် တာဝန်ယူထားတဲ့ အီတလီ-ထိုင်း ကုပီဏက ဘာကြောင့်ထွက်သွားတာလဲဆိုတာ ဘာလို့မပြောကြတာလဲ...

  • ဒီစီမံကိန်း ပြန်မစခင်... အီတလီ-ထိုင်း ကုပဏီကို စစ်ကောင်စီက လျော်ကြေးပေးရမှာလား...

  • အခု စီမံကိန်းပြန်စရင်လည်း ထိုင်းဖက်ကိုပဲ ကုန်စည်တွေတင်ပို့ရမှာဆိုတော့ ထိုင်းရဲ့ သဘောထားက ဘယ်လိုရှိလဲ...

  • ထားဝယ်မှာ. ညူကရီးယားဓာတ်ပေါင်းဖိုဆောက်မယ်ဆိုရင် ကီလို မီတာ ၂၀၀ သာဝေးတဲ့ ထိုင်းတွေအတွက် ဘယ်လို စိုးရိမ်စရာရှိသလဲ...

  • ဒီစီမံကိန်းအပေါ် ထားဝယ်လူထုက ဘယ်လိုသဘောထားသလဲ... ကန့်ကွက်ကြမှာလား... ငြိမ်ခံနေကြမှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More