https://youtu.be/vlVZ-Pe9yNQ?si=xzM6keDT5GSpFlo9
“မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် ဘာတွေထူးသလဲ...”
(၂၀ သြဂုတ် ၂၀၂၆) “တရုတ်နဲ့စာရင် ရုရှားဆီက နည်းပညာအကူအညီပိုရနိုင်တယ်လို့ မင်းအောင်လှိုင်တို့ဖက်က တွက်ဆထားပုံရတယ်၊ ဒါပေမယ့် ပြည်သူတွေအတွက်ကတော့ ဘာမှများများစားစား ရစရာမရှိဘူး၊ လူ့အခွင့်အရေးတွေ ဆက်ဆုံးရှုံးဖို့ပဲရှိတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ရုရှားအပါဝင် အာဏာရှင်နိုင်ငံတွေဆီ ခရီးထွက်နေတဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကနေ အများပြည်သူအတွက် ဘာတွေအကျိုးရှိနိုင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - မင်းအောင်လှိုင်ကို ပုတင်က ဘယ်လိုကြိုသလဲ... - MOU ၁၂ ချက်ထဲမှာ ဘယ်လိုရင်နှီးမြှုပ်နှံမှုတွေ ပါဝင်သလဲ... - ရုရှားတိုက်လေယာဉ်တွေက တရုတ်တိုက်လေယာဉ်တွေထွက် ပိုအစွမ်းထက်နေသလား... - မင်းအောင်လှိုင်က တရုတ်ထက် ရုရှားကို ပိုအထင်ကြီးနေတာ ဘာကြောင့်လဲ... - မင်းအောင်လှိုင်ရဲ့ သံတမန်ရေးလှုပ်ရှားမှုနဲ့အပြိုင် တော်လှန်ရေးအင်အားစုတွေဖက်က သံတမန်ရေးလှုပ်ရှားမှု ဘယ်လိုမြှင့်တင်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment