Sunday, October 12, 2014

Facebook ပေါ်က မီဒီယာသမားများအကြောင်း...။

( Facebook ပေါ်မှာတွေ့ရတဲ့ မီဒီယာလောကအတွင်းရေးတွေထဲ ဟောဒီအငြင်းပွါးမှုနဲ့ ရေးသားမှုတွေဟာ လူငယ်မီဒီယာသမားတွေအတွက် လေ့လာ-ဆန်းစစ်သင့်တယ်ထင်တယ်အတွက် ကူးယူဖေါ်ပြလိုက်ပါတယ်။

နာမည်ကြီးစာနယ်ဇင်းသမားတွေကိုယ်တိုင်ရေးတဲ့ ဝေဖန်ချက်တွေဟာ လက်ရှိ မြန်မာ့စာနယ်ဇင်း အဆင့်တန်းနဲ့ အနာဂတ်အခြေနေကိုတစုံတရာခန့်မှန်းနိုင်မယ်လို့ယူဆပါတယ်။

ဒီထဲကလူတွေနဲ့ ကျနော်နဲ့ ပုဂ္ဂိုလ်အရမသိပါ။ ဆောင်းပါးကိုလဲ သိပ်စိတ်မ၀င်စားပါ။ ဒါပေမယ့် အောက်မှာရေးထားတဲ့ ထင်မြင်ချက်တွေကို မီဒီယာလေ့လာသူတဦးအနေနဲ့ စိတ်ဝင်စားလို့ ကူးယူဖေါ်ပြလိုက်ခြင်းသာဖြစ်ပါကြောင်း....။)

(Than Htaik Thu added 2 new photos. Facebook မှ ကူးယူဖေါ်ပြသည်)

အလဲဗင်းမီဒီယာနှင့် မည်သည့်စေစပ်ညှိနှိုင်းမှုမျိုးမှပြုလုပ်ခဲ့ခြင်းမရှိ
============================================
တောင်းပန်ရန်လည်းမရှိ၊ အမှုရင်ဆိုင်နေဆဲဖြစ်ပါကြောင်း
=======================================
Eleven Media နဲ့ ပြန်ကြားရေးတို့ စတင်တရားရင်ဆိုင်ပြီလို့သိလိုက်ရချိန် ၁၀ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း မျက်နှာဖုံးမှာအဲဒီကိစ္စပြန်လည်ရှင်းလင်းတယ်လို့ယူဆရတဲ့
ဒေါက်တာသိန်းမြင့်ရဲ့ ' ကျွန်တော်တို့ မရှုံးနိုင်ပါ ' ဆိုတဲ့ ဆောင်းပါးပါဝင်လာတာကိုတွေ့ရပါတယ်။

အဲဒီဆောင်းပါးရဲ့ အတွင်းပိုင်း စာသားမှာ ' ကျွန်တော်တို့ ရုတ်သိမ်းပေးလိုက်တဲ့အမှုတွေရှိတယ်။ ဥပမာ ဆရာမာဂျေ ဆို ကျွန်တော်တို့ ရုတ်သိမ်းပေးလိုက်တယ်။ စီရင်ချက်မချခင်လေးမှာပဲ။ သူ့ကို အစိုးရဘက်ကလည်း အငြိုးထားတော့ ထောင်ကျသွားမှာ စိုးတာနဲ့။ အတင်း သွားရုတ်သိမ်းပေးလိုက်တယ်။ နောက် ဆရာမြတ်ခိုင်တို့၊ မြန်မာပို့စ် တို့ကိုလည်း ဘာမှတောင်းပန်စရာလည်း မလိုဘူး။ ကြေညာစရာလည်းမလိုဘူး။ ဒီလိုပဲ ရုတ်သိမ်းပေးလိုက်တယ်။ အခုလောလောဆယ်မှာတောင် မွန်းတည့်နေဂျာနယ်နဲ့ စည်သူအောင်မြင့် အမှုတစ်ခုကိုလည်း ရုတ်သိမ်းပေးလိုက်တယ် ' ဆိုတဲ့ စာသားပါဝင်လာခဲ့ပါတယ်။

မီဒီယာလောကသားအချင်းချင်းအပေါ် သဘောထားကြီးပါကြောင်း ပြသလိုတဲ့သဘောနဲ့ ရေးသားထားတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ ဘယ်သူ့ဘယ်သူကိုမှတရားစွဲခဲ့ခြင်းမရှိပါဘူး။ အလဲဗင်းကသာ သူ့အကြောင်း နည်းနည်းပါလာတာနဲ့ ပါတဲ့ဂျာနယ် ချက်ချင်းတရားစွဲဆိုတာမျိုးလုပ်တာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မြန်မာပို့စ်၊ မြန်မာပို့စ်ဂလိုဘယ်အဖွဲ့သားတွေဟာ ဘယ်တုန်းကမှ အလဲဗင်းမီဒီယာနဲ့ စေ့စပ်ညှိနှိုင်းမှုမရှိခဲ့သလို တောင်းပန်ရန်လည်း မရှိပါဘူး။ ယခုလ (၉) ရက်နေ့မှာပဲ အလဲဗင်းနဲ့ အမှုအတွက် တရားရုံးသွားခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းမှာ ယခုလ ၂၁ ရက်နေ့ဖြစ်ပါကြောင်း သိစေအပ်ပါတယ်။ နှစ်ပေါက်အောင်ကြာနေပြီဖြစ်တဲ့ အဲဒီအမှုကို ကျွန်တော်နဲ့ ကိုစည်သူအောင်မြင့်တို့ မပျက်မကွက် သွားရောက်ရင်ဆိုင်လျက်ရှိနေပါတယ်။ နှစ်ဦးစလုံး မည်သည့်အခါကမှ အလဲဗင်းနဲ့ စေ့စပ်ညှိနှိုင်းမှုမပြု ခဲ့ပါဘူး။ အမှုကိုလည်း ဥပဒေဘောင်အတွင်းကနေသာရင်ဆိုင်သွားမှာဖြစ်ပါတယ်။

ဒေါက်တာသိန်းမြင့် ဆောင်းပါးပါ စာသားတွေဟာ လက်ရှိအခြေအနေလို့ ထင်ယောင်ထင်မှားဖြစ်စေပြီး ကျွန်တော်များအယ်ဒီတာအဖွဲ့နှင့် ကိုစည်သူအောင်မြင့်တို့အပေါ် အသာစီးရယူကာ အထက်စီးမှ မလှိမ့်တပတ်ရေးသားထားတာဖြစ်နေတာကိုတွေ့ရပါတယ်။

မြန်မာပို့စ်သတင်းဂျာနယ် စတင်ထုတ်ဝေခါစအချိန်ကာလမှာ ယခင်အယ်ဒီတာအဖွဲ့နဲ့ အလဲဗင်းတို့ အမှုရင်ဆိုင်ခဲ့ဘူးတဲ့အခြေအနေကို ယခုအချိန်မှာ လုံးချ ပြီးရေးထားတာဖြစ်ပါတယ်။ ထိုစဉ်ထိုအချိန်အခါက ကျွန်တော်အပါအ၀င် လက်ရှိတာဝန်ထမ်းဆောင်နေကြသော အယ်ဒီတာအဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်မှ မြန်မာပို့စ်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိကြသေးပါ။

ကျွန်တော်များ အယ်ဒီတာအဖွဲ့မှ တာဝန်ယူဆောင်ရွက်ချိန်ကစပြီး အလဲဗင်းမီဒီယာနှင့် မည်သည့်ညှိနှိုင်းဆောင်ရွက်မှုမှ မရှိကြောင်း၊ မည်ကဲ့သို့မျှသော တောင်းပန်မှုမျိုးမှ ပြုလုပ်သွားရန်မရှိပါကြောင်း နှင့် လက်ရှိ အချိန်ထိ အလဲဗင်းက စွဲဆိုထားတဲ့အမှုကိုလည်း မပျက်မကွက်ရင်ဆိုင်လျက်ရှိပါကြောင်း အတိအလင်းပြန်လည်ရှင်းလင်းအပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တနင်္လာနေ့မှာ ထွက်ရှိမယ့် မြန်မာပို့စ်ဂျာနယ်မှာလည်း အလဲဗင်းမီဒီယာထံသို့ တရားဝင်ပြန်လည်ရှင်းလင်း ကြေညာချက်ထုတ်မှာဖြစ်ပါတယ်။

လေးစားလျက်
သန်းထိုက်သူ ....။။
(ဓာတ်ပုံတွေကတော့ ဗိုလ်တထောင်တရားရုံးမှာ ကျွန်တော်နဲ့ ကိုအောင်မြင့်တို့ အမှုရင်ဆိုင်နေကြဆဲပုံဖြစ်ပြီး ကျန်ပုံက ၉ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း မျက်နှာဖုံးပုံဖြစ်ပါတယ်)


Than Htaik Thu's photo.........................................................................................................
ထင်မြင်ယူဆချက်များ...


  • Middle Man ရဲထွဠ် ကို ကြောက် နေတာ ပါ
  • Middle Man ဟို ကောင် တကယ် မ မှာ မှန်းသိတယ်
  • Thein Naing ဇီးသီးဗန်းမှောက် တာဝင် လုတဲ့eleven
  • Engr Mi Mi Htike အဲ့ဒီ Eleven က ဘယ်လောက် မီဒီယာကောင်းပီသ လဲဆို...လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဓိကရုန်းတွေကို ပိုဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ သတင်းတွေရေးထားတဲ့ ပို့စ်အောက်မှာ အကျိုးသင့်အကြောင်းသင့် ကွန်မင့်ဝင်ပေးဖူးတာ ကိုယ့်ကွန်မင့်ကို Like ၅၀လောက်ထိလဲ ဝိုင်းပေးကြရော ....ကျွန်မကို ဘန်းပါလေရော....
  • Mical Wistan Engr Mi Mi Htike
    ပြောတာအမှန်ဘဲဗျာ
    ကျွန်တော်လဲရဲထွဋ္ဌ်နဲ့ပတ်သက်တဲ့ကွန်မင့်လေးရေးမိတာ
    ဒီကနေ့အထိပေးလို့မရတော့
    ဘူးဗျာ Eleven ကအစိုးရနဲ့
    ပုလင်းတူဗူးစို့ပါဘဲဗျာ။
  • Moehtet Nyein ကျနော်လည်း အလဲဗင်းကို
    like လုပ်ထားပေမဲ့
    ကွန်မန့်ပေးမရဘူး
    why?
  • ဗုံ ဗုံ elevenက မှန်တာပြောရင် ဘမ်းတယ် ကိုယ်တွေ့ အရင်တုန်းကကောင်းတယ် အခုတော့အကိုးကွယ်မှားတာကိုး
  • Axl Thet Wai ကမာရွတ်လည်းအတူတူပဲဗျ
    အလှမယ်ကိစ္စမှာ ကိုးရီးယားတွေကို ဆဲဆိုဖို့လှုံ့ဆော်တဲ့သတင်းမှာ
    သွားပြိုင်ကတည်းက အမှားတွေ
    အကျိုးသင့်အကြောင်းသင့်ထောက်ပြတဲ့ ကွန်မန့်ရေးလိုက်တာ
    ကွန်မန့်ဖျက်ယုံမကဘူး
    ဘလော့သွားတယ်
    မီဒီယာတွေလည်း သေချာခွဲခြားဖို့လိုနေပြီ
  • Wai Phyo ကိုသန်းထိုက်သူ
    ခင်ဗျားရေးတာတွေ မှားနေတယ်။ Dr သိန်းမြင့်ရေးတာက Myanmar Post၊ ခင်ဗျားကို တရားစွဲတာက Global Post က အယ်ဒီတာချုပ်အနေနဲ့ပါ။
    ဂျာနယ်လစ်တစ်ယောက်အနေနဲ့ အချက်အလက် ခိုင်မာမှ မီဒီယာအချင်းချင်း ဝေဖန်ရပါတယ်။ ခင်ဗျားတို့ Myanmar Post နဲ့ ကျွန်တော်တို့ Bi Weekly Eleven အမှု ၃ ခု ဖြစ်ဖူးတယ်။ Myanmar Post ဘက်က လာတောင်းပန်လို့ ကျေအေးပေးလိုက်တဲ့ သက်သေတွေ ရှိပါတယ်။ Myanmar Post အနေနဲ့က တစ်မှု (ခင်ဗျားက တရားမစွဲဖူးဘူးဆိုလို့ပါ) ကျွန်တော်တို့က နှစ်မှု၊ စွဲပြီး အပြန်အလှန် ပြေငြိမ်းခဲ့တဲ့ဟာ ကျွန်တော်တို့မှာ သက်သေ ရှိပါတယ်။ Bi မွန်းတည့်နေနဲ့ ကိုစည်သူအောင်မြင့်ကိုလည်း တရားစွဲထားတာကို ပြန်ရုပ်တဲ့စာ ရှိပါတယ်။ Dr သိန်းမြင့်ရေးတဲ့စာဟာ ခင်ဗျားနဲ့ ကိုစည်သူအောင်မြင့်ကို စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ဘာမှ စောင်းပါးရိပ်ခြည်တောင် ဖော်ပြထားတာ မရှိပါဘူး။ အခုခင်ဗျားရေးထားတာက အသေရေဖျက်သလိုဖြစ်နေပါတယ်။ ခင်ဗျားကို ကြိုသတိပေးတာပါ။
  • Salai San Lynn သေချာအောင်သာ လုပ်ကြပါ ကြားကားက ၀င်ပြီး ဆွဲမသွားစေချင်ဘူး ပြည်သူတွေအထိတ်တလန့်မဖြစ်စေချင်ဘူး မှန်မှန် ကန်ကန် သာ၇ပ်ပေးပါ အောင်မြင်မှာပါ
  • Lynn Aung Mon လုပ်ပါကွာ မမှန်ရေးသောmedia ကို ကောင်းကောင်းဆုံးမ ပေးရမယ်
  • Htet Khaung မြန်မာပိုစ့် အယ်ဒီတာချုပ် ကိုသန်းထိုက်သူ ပြည်သူဘက်ကရပ်တည်ပြီး အမုန်းခံ တရားအစွဲဆိုခံ ဒုက္ခအမျိုးမျိုးခံပြီး သတင်းတွေ ဖောပြပေးနေတဲ့အတွက် အားကျလေးစားမိပါတယ်ဗျာ်
  • Renai Ssance ဇင်သော်နိုင်က သန်းထိုက်သူထက်သာတယ်။ ဒီလိုပါပဲ လောကမှာ တန်ရာ တန်ရာဆိုတာ။ ဇင်သော်နိုင်က သန်းထိုက်သူအောက်ကပေမဲ့ သူ့ရပ်တည်တာ သူ့သိက္ခာ ထိန်းသေးတယ်။ သန်းထိုက်သူက အချောင်ကစ်နေသလိုလို ကိုဇင်သော်နိုင်နဲ့ ကျွန်တော် မသိဘူးနော် ဒါပေမဲ့ သူက ပိုင်မှ ပြောတာ သိတယ်။ ခင်ဗျားက ဝါးလုံးချီးပန်း။ EMG အယ်ချုပ်ပြောတာ ပြန်ရှင်းလေ။ အဲ့ဒါဆို ဝါးလုံးချီးပန်းမဟုတ်ကြောင်း ပြန်ပြောပေးမယ် ခ်ခ်။ အဲ့လိုထောက်တာ မောင်ကျော်မင်းဆွေလေး ကျုပ်ကို ဘလော့သွားလေရဲ့။
  • Renai Ssance တရားဥပဒေက ကျွန်တော် မသိပါဘူး ဆိုတာနဲ့ ကင်းလွတ်ခွင့် မရဘူး ညီလေး။
  • Aung Khine Nyunt Eleven က အယ်ဒီတာချုပ် ကိုဝေဖြိုးကို ပြန်ပြီး အသိပေး ချင်တာက

    (၁) ကိုသန်းထိုက်သူဟာ မြန်မာပို့စ်နဲ့ ဂလိုဘယ် နှစ်စောင် စလုံးရဲ့ အယ်ဒီတာချုပ် ဖြစ်ပါတယ်။

    (၂) ကိုဝေဖြိုး အခု ပြောနေတဲ့ Eleven နဲ့ မြန်မာပို့စ် အပြန်အလှန် တရားစွဲတယ် ဆိုတဲ့ ကိစ္စဟာ ကိုသန်းထိုက်သူ အပါအ၀င် လက်ရှိ အယ်ဒီတာ အဖွဲ့ဝင်တွေ တစ်ယောက်မှ မြန်မာပို့စ်ကို မရောက်ရှိခင် ဟိုးအရင်က ဖြစ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

    (၃) အရင်လူတွေ ဘယ်လို မူဝါဒတွေ ရှိခဲ့ ရှိခဲ့ ကိုသန်းထိုက်သူ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့ ပြီးတဲ့ နောက်ပိုင်း ဘယ်တရား စွဲမှုကိုမှ ပြန်လည် တောင်းပန်ပြီး ကြေအေး ခဲ့တာမျိုး မရှိခဲ့ဘဲ တရားရုံးမှာပဲ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်း ခဲ့ပါတယ်။

    (၄) လက်ရှိမှာလည်း Eleven က မြန်မာပို့စ်မှာ ပါတဲ့ စည်သူအောင်မြင့် ဆောင်းပါးနဲ့ ပတ်သက်ပြီး ကိုသန်းထိုက်သူကို တရားစွဲထား ပါတယ်။

    (၅) ဒီအမှုအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကပဲ ကိုသန်းထိုက်သူ ကိုယ်တိုင် တရားရုံးမှာ အမှု ရင်ဆိုင်ခဲ့ပြီး ၂၁ ရက်နေ့မှာ နောက်ထပ် ရုံးချိန်း ထပ်တက်ရပါမယ်။

    (၆) ဒေါက်တာ သိန်းမြင့် ဆောင်းပါးမှာ ပါရှိတဲ့ မြန်မာပို့စ်ကို အမှုကျေအေး ပေးတယ် ဆိုပြီး အထက်စီးက ရေးထားတဲ့ စာသားဟာ လက်ရှိ ရင်ဆိုင်နေဆဲ အမှုလို့ နှစ်ခွ အဓိပ္ပါယ် ထွက်စေပါတယ်။

    ဒါကြောင့် ဒေါက်တာ သိန်းမြင့်ရဲ့ ရေးသားမှုကလည်း မြန်မာပို့စ် အယ်ဒီတာ အဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေလို့ အသရေ ဖျက်ရာ ရောက်တဲ့အပြင် တရားရုံးတော်ကို မထီမဲ့မြင် ပြုရာလည်း ရောက်တယ် ဆိုတာ ပြန်ပြီး သတိပေးလိုက် ပါတယ်။

    လောလောဆယ် ကိုသန်းထိုက်သူ အွန်လိုင်း မရှိတဲ့အတွက် မြန်မာပို့စ် ဂလိုဘယ်ရဲ့ တာဝန်ခံ အယ်ဒီတာ တစ်ယောက် အနေနဲ့ ကျွန်တော် ၀င်ပြောတာ ဖြစ်ပါတယ်။ သူတက်လာရင်လည်း ဒီကိစ္စကို ဆက်ပြီး ဆွေးနွေး ပါလိမ့်မယ်။
  • Renai Ssance ရော် ကိုယ်ပြောတဲ့ စကားက side effect ရှိမှန်းသိသိ ပြောပြီး ထွက်ပြေးတယ်။ အောက်က ချာတိတ်တစ်ယောက်ကို လူလုံးပြ အကြံထုတ်နေတယ်ပေါ့။ သနားစရာပဲ ညီလေး သန်းထိုက်သူရေ။ ယောက်ျားဆိုတာ တည့်တည့်ရှင်းရတယ်ဟ
  • Renai Ssance အခု emg နဲ့ မြန်မာပို့စ် အပြန်အလှန်စွဲကြောင်း သိပြီ။ ထုတ်ဝေသူဝင်းအောင်ကြီး emg ကို တောင်းပန်ခိုင်းတာလည်း သိပြီ။ ဘာလုပ်မလည်း ညီလေး သန်းထိုက်သူ။ အောက်ကလူ ရှင်းခိုင်းယုံနဲ့ ပြီးရောလား။
  • Lumin Thaungtun တာဝန်ယူမူ တာဝန်ခံမှုဆိုတာ ရှိတယ်လေ။ တာဝန်ခံအယ်ဒီတာတစ်ယောက်က ပြန်ရှင်းတာကို အောက်က ချာတိတ်တစ်ယောက်ဆိုတဲ့ အသုံးအနှုန်းက တော်တော်လေးကို ရိုင်းစိုင်းလွန်းပါတယ် ( Renai Ssance )။ နောက်ပြီး ဂျာနယ်တိုက်ရဲ့ ပေါ်လစီချုပ်ကိုင်ထားတဲ့ အယ်ဒီတာချုပ်ရဲ့ တုန့်ပြန်ရေးသားချက်ကို မစီမဆိုင် (မြန်မာပို့စ်ရဲ့ တာဝန်ခံအယ်ဒီတာ) နဲ့ ချိတ်ဆက်ပြီး အောက်ကသူက အထက်လူထက်ပိုသာပါတယ်ဆိုမျိုးက တစ်ပူးရဲ့ကျင့်သုံးနေတဲ့ ပေါ်လစီမူမျိုးနဲ့ တုန့်ပြန်လိုက်တာလို့ထင်ပါရဲ့။ ကျွန်တော်တို့က မီဒီယာသမားလေးဗျာ။ ကလေးဆန်တဲ့ တုန့်ပြန်မှုမျိုးနဲ့ မတုန့်ပြန်ချင်ပါနဲ့။ ဂျာနယ်တိုက်တစ်ခုရဲ့ အယ်ဒီတာချုပ်ကို ညီလေးတို့ ခေါ်လိုက်တာက တော်တော်လေးကို အဆင့်အတမ်းနိမ့်တဲ့သူတွေ သုံးတဲ့ အသုံးအနှုန်းပါ။ Renai Ssance တို့ရဲ့ အယ်ချုပ်ကတောင် ကိုသန်းထိုက်သူ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှုနဲ့ သုံးရသေးတာပဲ။ ဘာလို့ ကိုယ့်က အဆင့်နိမ့်သူတစ်ယောက်အဖြစ်နဲ့ ညီလေးဆိုတဲ့ ရိုင်းတဲ့အသုံးအနှုန်းကို သုံးရတာလဲ။ ကျွန်တော် မှတ်ချက်ပေးလာခဲ့တဲ့ အရာတွေကို ပြန်ကြည့်ပါ။ ဘယ်ဂျာနယ်တိုက်ရဲ့ ဘယ်သူ့ကိုမှ မလေးမစားနဲ့ လုပ်ခဲ့တာမျိုးမရှိဘူးလေ။ ဒါက ကျွန်တော်တို့ ငယ်ငယ်က လောကနီတိထဲမှာ သင်ခဲ့ပြီးသားပါ။ အခုဟာကလဲ ကိုသန်းထိုက်သူက ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ မရောက်ခင်က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ရှင်းချက် ထုတ်တာလေ။ ခင်ဗျားတို့ဘက်ကလဲ ပြန်ရှင်းခွင့်ရှိပါတယ်။ ကိုဝေဖြိုးလိုတော့ လေးလေးစားစားနဲ့ ပြန်ဝေဖန်ရှင်းချက်ထုတ်လို့ရပါတယ်။ Renai Ssance ရေ… ခင်ဗျား သုံးတဲ့ အသုံးအနှုန်းတွေက ရိုင်းနေတဲ့အပြင် အယ်ဒီတာအဖွဲ့ကို ရန်တိုက်ပေးတဲ့ပုံမျိုးနဲ့ စော်ကားတဲ့ပုံစံမျိုးတွေကိုတော့ ပြန်ရှင်းစေချင်တယ်ဗျာ။ ကျွန်တော်တို့က သတင်းသမားတွေပါ။ သတင်းသမားခြင်း လေးစားစေချင်ပါတယ်။
  • Renai Ssance အဲ့ဒါက ကျွန်တော့် အကျင့်ပါ လေးစားရလောက်သူက လေးစားရနိုင်တဲ့ အဆင့်ပြနိုင်ရင် ကိုယ့်ထက် အသက်ငယ်တောင် ဆရာ အကို ခေါ်ဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ပေါက်ပန်းလေးဆယ် လျှောက်ပြောရင်တော့ အသက်ဘယ်လောက်ကြီးကြီး ညီလေးဘဲ အကိုခေါ်တယ်။ မင်း ရဲထွဋ် ကို ဆရာလို့ ရဲရဲဝံ့ဝံ့ ခေါ်ရဲသလား ကိုလူမင်းသောင်းထွန်း။
  • Renai Ssance ကို ဇင်သော်နိုင်နဲ့ အခုထိ မရင်းနှီးပါဘူး။ ရန်တိုက်ပေးရအောင်လည်း သူနဲ့ စကားမပြောဖူးဘူး။ ရန်ပဲ ဖြစ်တဲ့ အနေအထား။ ဒါပေမဲ့ သူ့ကို respect ပေးထားတယ်။ ခင်ဗျား အယ်ချုပ်လည်း res လိုချင် မှန်ကြောင်းလာရှင်းပါ။ ကျနော်ရေးတဲ့စာတိုင်းက Renai Ssance ဆိုတဲ့ ဖြိုးဝေဝင်းကိုပဲ တာဝန်ခံပါတယ်။
  • Sithu Aung Myint Renai Ssance ရေ၊ မင်းဘယ်သူလဲ ငါမသိဘူး။ ငါကတော့ အသက် ၅၀ ရှိပြီ။ မင်းတို့ဆရာ သိန်းမြင့်ရဲ့ ဆောင်းပါးလိုလို ဘာလိုလို စာကို ပြန်ဖတ်ကြည့်၊ တစ်ချက်ခြင်း လေ့လာကြည့်၊ ငါပြောမယ် ပြည့်တန်ဆာရဲ့ ဟ၀ှာလောက်တောင် အဆင့်အတန်း မရှိတဲ့ ပြောစကားမျိုး တွေ့ရလိမ့်မယ်။ အဲဒါ ငါ့ရဲ့ မှတ်ချက်ပဲ
  • Renai Ssance ကိုဇင်သော်နိုင်နဲ့ အကြီးအကျယ် ငြင်းချိန်မှာ သူက res တစ်ခု ထားခဲ့ဖူးတယ်။ အခုလည်း သူ့ကို res ပြန်ထားပေးတာပါ။ emg အယ်ချုပ်ရဲ့ cmt က emg အယ်ချုပ်ရဲ့ cmt ပါပဲ။ ငါ့ညီပြောသလို ရန်တိုက်ပေးတာ မဟုတ်ပါဘူး။ လောကကြီးမှာ အထက်လူထက် အောက်လူက တရားမျှတမှု တွေးခေါ်တတ်မှု အပြည့်ရှိတတ်တာ နေရာတိုင်း ဖြစ်နေတာပါပဲ။ အခု ညီလေး သန်းထိုက်သူကသာ အမှန်တရားတစ်ခုထွက်ရှင်းပြပါ။ လက်ခံနိုင်တဲ့ အမှန်တရားဆို တောင်းပန်ဖို့ ဝန်မလေးပါဘူး။ ကို့နာမည် ဖြိုးဝေဝင်းပါ။ ကိုရေးတဲ့ cmt တိုင်းက ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။
  • Sithu Aung Myint အခုခင်ဗျားရေးထားတာက အသေရေဖျက်သလိုဖြစ်နေပါတယ်။ ခင်ဗျားကို ကြိုသတိပေးတာပါ။ Wai Phyo ရေ မင်း ငါ့ကို အဲလို တရားစွဲလို့ရအောင် ပြောပြပေးလိုက်မယ်နော်၊ မင်းဟာ သန်းထွဋ်အောင်ရဲ့ ခွေးတစ်ကောင်ပါပဲကွာ၊ တရားစွဲနော်။ နောက်ထပ်ပြောဦးမယ် အမှားတွေကို မင်း ပြောတယ်။ Bi မွန်းတည့်နေနဲ့ ကိုစည်သူအောင်မြင့်ကိုလည်း တရားစွဲထားတာကို ပြန်ရုပ်တဲ့စာ ရှိပါတယ်။ ငါ့ကို တရားစွဲတာ ငါတောင် ဘာမှ မသိရပါလားကွာ။ အဲဒါ တရားစွဲတယ်လို့ မည်တာလား၊ မင်းတို့ ဒေါက်တာသိန်းမြင့်ရဲ့ ပါးစပ်က ပြည့်တန်ဆာ အ၀ှာလောက် တည်တည်ငြိမ်ငြိမ် မရှိ ပြောတာကို လိုက်ကာကွယ်တာ မလုပ်ပါနဲ့နော်။ မင်း ငယ်ပါသေးတယ်။ လူဆိုးဂိုဏ်း သေးသေးလေးထဲက လူဆိုးသေးသေးလေး အဖြစ်မခံချင်ပါနဲ့။ ငါ့နာမည် စည်သူအောင်မြင့်ပါ။ အပြင်မှာ နေရပ်လိပ်စာ အားလုံး သိကြတယ်။
  • Renai Ssance အသက်ကြီးပြီး အချိန်မစီးသူတွေ အများကြီးပါ။ ညီလေး စည်သူ ငါ့ညီပြောတာတွေကရော ဖာသည်မ နှုတ်ထွက်လောက်တောင် လေးနက်ရဲ့လား။
  • Lumin Thaungtun Renai Ssance ရေ... ကျွန်တော်ပြောပြီးပါကောလား....။ ကျွန်တော်တို့က သတင်းသမားလေ။ သမ္မတကို မလေးစားပေမယ့် တွေ့ဆုံပြီး မေးရမယ်ဆိုရင် အနည်းဆုံး ဦးသိန်းစိန်တော့ ခေါ်ရတယ်မှလား။ အဲဒီလိုပဲ ဦးရဲထွဋ်နဲ့ တွေ့မေးရမယ့် အချိန်မှာ ဟေ့ရဲထွဋ်လို့ ခေါ်လို့မရဘူးလေ။ အနည်းဆုံး ဦးရဲထွဋ်ဆိုပြီးတော့ မေးရတယ်မှလား။ ကျွန်တော်လဲ ဘယ်သူ့ကိုမှ ဆရာမခေါ် ခိုင်းပါဘူးဗျား။ ကျွန်တော်လဲ ကိုယ်လေးစားမှ ဆရာခေါ်တာပါ။ ကျွန်တော်တို့က သတင်းသမားလေ။ အချက်အလက်ကျကျနဲ့ ဝေဖန်စေချင်တာပါ။
  • Sithu Aung Myint Wai Phyo ရေ မင်းတို့ရဲ့ ဂိုဏ်းစတားကြီး သန်းထွဋ်အောင်က ပျက်စီးနေတဲ့ တရားစီရင်ရေး စနစ်ကို အသုံးချပြီး မီဒီယာသမားတွေကို ဗိုလ်ကျတဲ့ ခေတ် တဖြေးဖြေး ကုန်တော့မယ်။ မင်းတို့ဆရာ အရင်က တွေ့ခဲ့ဖူးတဲ့ လူတွေနဲ့ ငါတို့ လုံးဝ မတူဘူး။ မင်းတို့ထက် အဆပေါင်းများစွာ အင်အားကြီး၊ အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ အင်စတီကျူးရှင်းကိုတောင် ငါတို့ ရဲရဲဝန့်ဝန့် အမှန်တရားနဲ့ ရင်ဆိုင်ခဲ့တယ်။ မင့်းဆရာလောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ မင်းကိုလဲ အခု လာဝင်ပြောလို့ ဆုံးမရတာ။ ကိုယ့်ဘ၀ ကိုယ်သိ၊ လူ့လောက အပြင် ထွက်ကြည့်ဦး ငတရဲ့။
  • Aung Khine Nyunt Renai ssance ဆိုတဲ့ ချာတိတ်။ မင်းက ရှူးတိုက်ပေးတိုင်း လိုက်ဟောင် နေတဲ့ အကောင်လို ဖြစ်နေတယ်။ လူကြီး လူကြီး မှန်းလည်း နားမလည်။ ပြောစရာရင် မင်းအယ်ဒီတာချုပ်ကို ပြောခိုင်း လိုက်ပါ။ နောက်ကနေ ထိုင်ပြီး ရှူးတိုက်ခိုင်း မနေပါနဲ့။ ဒါလူကြီး လူကောင်း ဆန်ဆန် ရှင်းနေတဲ့ ကိစ္စပါ။ ကလေးကလားနဲ့ ဆေးရိုးသည် ၀င်မလုပ်နဲ့။
  • Renai Ssance ဒီလိုပါပဲ။ ကျွန်တော် ပြောချင်တာ အခုက ပြသနာရှာသူတွေ ဖြေရှင်းသူတွေ ထွက်မလာဘဲ ကြားထဲက ပြောနေကြတာကို ဝင်ထောက်တာ။ အရာရာတိုင်းက ကိုယ့်တရားကိုယ် စီရင်တာပဲ။ မှားသူခံ ဖားသူခံပဲ။ ဒါပေမဲ့ လာဘ်စားသူ မှားသူကို အစဉ်တစိုက်ဖော်ပြတာ အငြိုးကြီးတာ သတ်မှတ်သူရဲ့ ဦးနှောက် ကိုတော့ အံ့သြမိရဲ့။ အေးပေါ့လေ။ သူ့အတွက်က ရပ်တည်ရာ ကမ်းပါးကျဉ်းလာပြီကိုး။ ဒီတော့လည်း သူနဲ့တန်ရာကနေပြောပြီပေါ့
  • Renai Ssance ဟ ဟ လာဟောင်သူ များလှပါချည့်လားကွယ်။ သူများရှုးတိုက်ယုံနဲ့ပါအောင် ကျုပ်က ခင်ဗျားမဟုတ်ဘူး ညီလေးအောင်ခိုင်ညွန့် Renai ရေးသမျှအားလုံး Renai ပဲ တာဝန်ယူတယ်။ ဘယ်သူ့မှ လက်ပူမတိုက်ဘူး။ ငါ့ညီရော ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲလား
  • Renai Ssance သန်းရွှေကို သန်းခြောက်ဆယ်က ဘယ်တော့မှ မလေးစားဘူး။ မင်းတို့လည်း သန်းရွှေတို့ရဲထွဋ်တို့ သိန်းစိန်တို့ မင်းအောင်လှိုင်တို့လို ရွံရှာမှု အပြည့်နဲ့ အခေါ်မခံချင်ရင် ကိုယ့်ကိုယ့်ကိုယ် မှန်အောင်ကြိုးစား။ ငါ့ဘဝမှာ ငါက ကိုးကွယ်ရာပဲ။ အခု သန်းထိုက်သူအတွက် ဝင်ငြင်းနေတဲ့ ကောင်တွေ ကိုယ့်ဘဝအတွက် ကိုယ် ရပ်တည်နေတယ် ပြောရဲလား။ ငါမှန်တယ် ထင်ရင် ရဲထွဋ်အတွက်လည်း ပြောရဲတယ် သိန်းစိန်အတွက်လည်း ပြောရဲတယ်။ ငါ့အမှန်တရားအတွက် ငါကပဲ တာဝန်ခံတယ်။
  • Renai Ssance ငါသာ emg ကဆို ငါပြောတာနဲ့ ငါ့အမှန်တရားအတွက် အထုတ်ခံနေရပြီ။ ငါ့စကား ငါ တာဝန်ယူတယ်
  • Aung Khine Nyunt ချာတိတ်။ မင်းက ငါမွေးရင် ငါ့သား အငယ်ဆုံးလောက်ပဲ ရှိတယ်။ တုဖက်ပြီး ပြောရမယ့် အစားမဟုတ်ဘူး။ ပြောစရာ ရှိရင် မင်း အယ်ဒီတာချုပ် ကိုယ်တိုင် ပြောခိုင်း။ ဒါမှမဟုတ်လည်း မင်းထက် ကြီးတဲ့ အယ်ဒီတာ တစ်ယောက်ယောက် ခေါ်ခဲ့။ ဒါမင်းကို တုံ့ပြန်တာ နောက်ဆုံး စကားပဲ။ အိပ်ရေး အပျက်ခံပြီး မင်းဟောင်သမျှ ထမကြည့်နိုင်ဘူး။
  • Renai Ssance နောက်ဆုံးတော့လည်း မင်းတန်ရာစကားပဲ မင်းရွေးချယ်တာပါပဲ ငါ့ညီ
  • Thunder Rain လုပ်ကြပါဦးMEDIA တွေချကုန်ကြပြီ။CMT ကိုဝင်ဖတ်ကြည့်ကြပါ။နွားကွဲရင်ကျားဆွဲမှာကိုမမေ့ကြပါနဲ့ BRO တို့
  • Wai Phyo ကိုစည်သူအောင်မြင့်
    ခင်ဗျားကို မပြောချင်ပေမယ့်ပြောလိုက်ပါ့မယ်။ အခုကိစ္စမှာ ကိုသန်းထိုက်သူကို ရှင်းဖို့လိုလို့ နာမည်တပ်ပြီးကောင်းကောင်းမွန်မွန်ပြန်ရှင်းပြတာပါ။ လိုအပ်ရင်သူပြန်ပြောပါလိမ့်မယ်။
    ကျွန်တော်ကို ကျွန်တော့်မီဒီယာက ဆရာရဲ့ တိရိစ္ဆာန်တစ်ကောင်လို့ခင်ဗျားပြောတယ်ဆိုရင် ၊ အသက် ၅၀ တောင်ရှိနေပြီလို့ပြောတဲ့ ခင်ဗျားကရော ကိုသန်းထိုက်သူရဲ့ဘာအနေနဲ့ကျွန်တော့်ကိုလာပြောတာလဲ။ ကျွန်တော်ကတော့ ပြောသင့်တာကို ပြောသင့်တဲ့သူကို တိုက်ရိုက်ပြောရဲပါတယ်။ ခင်ဗျားလိုတော့ ဟိုလိုလိုဒီလိုလိုမပြောဘူး။
  • Yar Moe OO ချွေးနဲစာရတာလေးနဲ့တပတ်တပတ်ခင်ဗျားတို့ဂျာနယ်တွေကိုဝယ်ဖတ်နေရတဲ့ကျွန်တော်ကတော့ တော့တော့စိတ်မကောင်းဘူးဗျာfbပေါ်မရှင်းကြပါနဲ့ဗျာ
  • Wai Phyo ကိုစည်သူအောင်မြင့်
    သတ္တိဆိုတာကို Facebook comment မှာ သက်သေလာပြရမယ့်ခေတ်ဟုတ်သေးရဲ့လား။
    လူတစ်ယောက်ရဲ့ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ရဲရင့်မှု ကို သူဖြတ်သန်းခဲ့တဲ့သမိုင်းနဲ့ သူလုပ်ခဲ့တဲ့၊ သူလုပ်နေတဲ့ လုပ်ဆောင်မှုတွေ၊ ရလဒ်တွေနဲ့ပဲ လူအများကတိုင်းတာကြတယ်ထင်ပါတယ်။ ဟာသကာတွန်းလေးတစ်ခုလိုပေါ့။ သတ္တိရှိသူဆိုပြီး လက်မှာမှင်နဲ့ရေးထားတဲ့ သတ္တိစာသားကိုလူတကာလိုက်ပြလို့ ဟုတ်တယ်ဟလို့ လက်ခံတဲ့သူတွေရှိတာမျိုးဆိုရင်တော့ ကျွန်တော်ဘာမှမပြောချင်တော့ပါဘူး။
  • Aung Kyaw Myint elevenကကောင်တွေကမြစ်ဆုံကိစ္စမှာဘာမှမသိတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောင်သူတို့ဟာသူတ်ု့ဝေဖန်ပြီပြည်သူနဲ့ထိပ်တွေ့မယ်လေဘာလေနဲ့မလိမ့်တပတ်ပြည်သူနဲ့တိုက်ပေးသေတယ်
    23 hrs · Like · 1
  • Aung Kyaw Myint elevenကသန်ထွဋ်အောင်ကမီဒီယာသြဇာထူထောင်ပြီးစီပွားရေလုပ်နေတဲ့မီဒီယာခရိုနီတဦပါဘဲ
    ကြာရင်ပြည်သူကပေးတဲ့နံပတ်သုညဖြစ်တော့မယ်
    23 hrs · Like · 1
  • Sithu Aung Myint Wai Phyo ရေ မင်းက ခွေးကလေး ပီပီသသ ဟောင်ပြတာကို တွေ့တော့ အံ့သြပြီး ငါ ပထမ ဦးဆုံး Facebook မှာ ၀င်မန့်တာပါ။ ပထမ ဦးဆုံး အကြိမ်ပါ။ မင်း ငါ့သမိုင်းကို သိအောင် နည်းနည်းလေးတော့ မေးကြည့် စမ်းကြည့်ပါဦးနော။ မင်း သခင်တွေကိုတော့ မမေးနဲ့ပေါ့။ မင်းသခင်တွေ ငါ့ခြေမှုန်လောက် ဖြတ်သန်းမှုရှိခဲ့သလား၊ မေးကြည့်စမ်းပါဦး။
    18 hrs · Like · 7
  • Soe Myimt မြန်မာပြည်ကိုအများဆုံးဒုက္ခပေးနေတာအချင်းချင်းမညီညွတ်မှူ့တွေဘဲ ခင်များတို့ ကမှရန်ဖြစ်နေမှတော့ကျွန်တော်တို့ စာဖတ်သူပြည်သူလူထုကဘာကိုယုံကြည်ရတော့မလည်း
    18 hrs · Like · 6
  • Renai Ssance ဧရာဝတီက ကန်ထုတ်လိုက်လို့ ရှက်ရမ်း ရမ်းနေတာလား အသက် ၅၀ ကြီး
    16 hrs · Like · 1
  • Thet Min ဦးစည်သူအောင်မြင့်ရေ
    ရှက်ဖို့ကောင်းပါတယ်ဗျာ
    ဂျာနယ်လစ်လို့တောင်အမည်ခံမနေပါနဲ့တော့
    အရေးအသားတွေကခင်ဗျားအတွင်းစိတ်နဲ့ရပ်တည်ချက်ကို
    ကိုယ်စားပြုနေပါတယ်
    ခင်ဗျားက EMGကိုဝေဖန်တာမဟုတ်ပဲ
    အပုပ်ချတိုက်ခတ်နေတယ်ဆိုတာ
    ဧရာဝတီမှာဖော်ပြခဲ့တဲ့ဆောင်းပါးက
    သိပ်သိသာလွန်းနေပါတယ်
    ဘာအချက်အလက်တိတိပပမှမပါဘဲ
    ရေးတဲ့ဆောင်းပါးအမည်ခံစာစုဟာ
    ခင်ဗျားရဲ့ဝမ်းစာပြည့်မှုမပြည့်မှုဆိုတာထက်
    အပုပ်ချချင်ရုံသက်သက်စိတ်ဓာတ်ကိုပေါ်လွင်စေပါတယ်
    ကိုယ့်ရဲ့အတွင်းစိတ်ကဖြစ်ပေါ်တဲ့
    ခံစားမှုသက်သက်ကိုစာဖတ်သူဆီပေးတာက
    ရှက်တတ်ရင်တော့ရှက်စရာပေါ့ဗျာ
    မထူးဆန်းပါဘူး
    အဲဒါကြောင့်လည်းကိုဝေဖြိုးကိုဒီလို
    စကားလုံးကြမ်းတွေနဲ့ရေးသား
    စော်ကားတာပေါ့
    အရပ်ထဲကအတင်းပြောသလို
    စိတ်ဓာတ်နဲ့စကားလုံးတွေကို
    စာမျက်နှာပေါ်တင်ရဲတာပေါ့
    ဒီလောက်ပါပဲ
    ကိုယ့်သမိုင်းကိုယ်အရင်နဖူးပေါ်လက်တင်ပြန်မေးကြည့်လိုက်ပါဦးဗျာ
    14 hrs · Like · 6
  • Khin Maung Htay မင်းတို့ အချင်းချင်း ကိုက် နေမဲ့အစား ဘုံရန်သူကို တိုက် ကြပါ။ ဘုံရန်သူဟာ ပြည်သူ့ ပိုက်ဆံနဲ့  လုပ်ချင်ရာလုပ်နေတယ်။ ၁ ကျပ်တန်ကို ၁ ထောင်စာရင်းပြတယ်။ ဘုံရန်သူကို ညီညီညွတ်ညွတ် တိုက်ကြပါ။
    12 hrs · Like · 1
  • တက် လူငယ် တက်လူငယ် သူတို့အချင်းချင်းထဲမှာကိုဘုံရန်သူတယောက်ပါနေတာ
    11 hrs · Like · 1
  • Thet Min ဂျာနယ်လစ်တွေညီညွတ်ဖို့ပြောတာတော့ ရိုးရိုးသားသားပဲခေါင်းခါပါ့မယ်
    ဘယ်ဂျာနယ်တိုက်မဆို
    သူ့မူဝါဒနဲ့သူပါပဲ
    အမြင်တွေမတူနိုင်ပါဘူး
    ဂျာနယ်လစ်တွေရဲ့တာဝန်တစ်ခုကတော့အမှန်တရားပေါ်မှာ
    ရပ်ပေးဖို့ပါ
    အမှန်တရားကိုမမြင်တဲ့သူ
    အမှန်တရားနဲ့သွေဖယ်သူကတော့
    ဘုံရန်သူပေါ့
    EMG ကပြည်သူသိစေဖို့
    ပြန်ကြားရေးကဝယ်တဲ့စက်တွေဈေးကွာတာကိုရေးတယ်
    အဲဒါကိုဦးစည်သူအောင်မြင့်က
    အမှန်တရားကနေသွေဖယ်စေတဲ့
    အချက်အလက်အခြေမခံတဲ့
    ယုံထင်ကြောင်ထင်ဖြစ်မယ့်
    ရမ်းတုတ်ဆောင်းပါးပြန်ရေးတယ်
    အဲဒီလောက်ဆို ဘုံရန်သူအကြောင်းသဘောပေါက်မယ်ထင်ပါတယ်
    နောက်ပြီးဦးစည်သူအောင်မြင့်ကိုတစ်ခုသိစေချင်တာက
    ဂျာနယ်လစ်ကောင်းတစ်ဦးအတွက်
    အသိအမှတ်ပြုမှု recognize ဆိုတာကို
    သူ့စာဖတ်သူကပဲသတ်မှတ်ပေးထားတာပါ
    ပေးတဲ့နေရာမှာနေရတာပေါ့
    ကိုယ်ကငါဘာကောင်ဆိုပြီး
    ထပြောနေစရာမလိုပါဘူး
    ငါဘယ်လောက်ဖြတ်သန်းခဲ့ဖူးတယ်လို့
    ဟံသာဝတီဦးဝင်းတင်ပြောခဲ့သလား
    လူထုစိန်ဝင်းပြောခဲ့သလား
    ကိုယ့်သမိုင်းကိုစာဖတ်သူကပဲ
    ဆုံးဖြတ်ပေးသွားတာပါဗျာ
    10 hrs · Edited · Like · 3
  • Than Htaik Thu ခရီးဝေးက ပြန်ရောက်ပြီးနားနေတာ။ အခုထကြည့်လိုက်တော့ ဒီနေရာမှာ တော်တော်လေး ညစ်ပတ်သွားတာတွေ့လိုက်ရတယ်။ ကဲ ညီအစ်ကိုမောင်နှမအားလုံးတို့ ဒီကိစ္စကို ကျွန်တော်ရယ်၊ ကိုဝေဖြိုးရယ် ၊ ဦးစည်သူအောင်မြင့်ရယ်ပဲ ရှင်းလိုက်ကြပါမယ်။ လူမှုကွန်ရက်စာမျက်နှာမှာ အပြင်ကစာဖတ်သူတွေဝင်ဖတ်လိုက်တာနဲ့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေအားလုံးဟာ ဒီလိုတွေပါလားဆိုတာမျိုး ဖြစ်ကုန်ကြတော့မယ်။ ကိုဝေဖြိုးနဲ့ပတ်သက်လို့ တရားစွဲပါလို့ ကျွန်တော်တင်လိုက်ပါပြီဗျာ။ ထပ်ပြီး စာမျက်နှာတွေ မညစ်ညမ်းပါစေနဲ့တော့။
    10 hrs · Like · 5
  • Than Htaik Thu လေးစားလျက်
    10 hrs · Like · 1
  • Aung Thu သတ္တိ တွေ ကောင်း နေကြ ပုံ များ ဖြစ် နေ လိုက် ကြ တာ တိုင်း ပြည် နဲ့ လူ မျိုး ကောင်း စား ရေး အတွက် တစ် ပြား သား မှ မပါ ဘဲ ကိုယ် ကျိုး စီး ပွါးတွက်အငြင်း ပွါး နေ လိုက် ကြ တာ အော် မြန် မာ ပြည် က မီ ဒီ ယာ လေး စား လောက် ပါ ရဲ့ ဗျာ
    9 hrs · Like · 2
  • Thet Min ကိုယ်ရေးတာကိုယ်တာဝန်ခံရတာပါပဲ
    ဖေ့ဘွတ်ခ်မှာရေးရေး
    print မှာရေးရေးပါ
    ...See More
    9 hrs · Like · 3
  • Chan Mya Ohn ဆရာတို့ အနေနဲ့ message box ကနေ ပြောကြရင် ပိုကောင်းလိမ့်
    မယ်လို့ ထင်ပါတယ်
    တစ်လောကသားချင်း အမြင်တွေ မတူတဲ့ အခါ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဖြစ်စဉ် ကလေးတွေ ဆိုပေမယ့် ပုဂ္ဂိုလ်ရေးပိုဆန်တဲ့ ပြောဆိုမှု လေးတွေက လူတိုင်းသိဖို့ မဖြစ်သင့်ပါဘူး
    8 hrs · Like · 3
  • Hein Htet ဟာ့ Thet Min မင်းဥာဏ်တော်တော်ကောင်းလာပါလား။ဒါပေမဲ့ မင်းမန့်တာတော့မဖြစ်နိုင်ဘူး။မင်းဒီလောက် ဥာဏ်မကောင်းတာ ငါသိတယ်။အခုတော့ ဥာဏ်ကောင်းရင် ကောင်းလောက်ပါပြီ။ဘာလို့လဲဆို EMG က မီဒီယာတွေ ဆန္ဒပြတိုင်းကြွေးတဲ့ ကြက်ကြော် မင်းအစားများလို့ ဥာဏ်ကောင်းလာတာဖြစ်မယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More