ဗုိလ္ခ်ဳပ္ျမနွင့္ ေနာက္ဆုံး အင္တာဗ်ဳး
မဲေဆာက္အေျခစိုက္ ျမန္မာ့စာနယ္ဇင္းကလပ္ (Burma Correspondent Club) မွာ ေဆြးေႏြးပဲြလုပ္ျပီး ေနာက္တရက္မွာေတာ့ အမ်ဳိးသားေကာင္စီ (NCUB) ေခါင္းေဆာင္ေတြနဲ႔ေတြ႔ပါတယ္။ ေရွ႔အခန္းမွာ ေဖၚျပခဲ့တဲ့အတုိင္း မဲေဆာက္ကုိစေရာက္တဲ့ေန႔ကသြားခဲ့တဲ့ NCUB ရံုးမွာ အဲဒီေန႔က တပ္ေပါင္းစု အ စည္းေ၀းက်င္းပခဲ့ျပီး အဲဒီအစည္းေ၀းျပီးျပီးခ်င္း အစည္းေ၀းခန္းထဲအထိ က်ေနာ္ကိုေခၚေတြ႔တာျဖစ္ပါ တယ္။

(ယူနီကုဒ်နဲ့ရေးထားတာကို အောက်ဆုံးမှာ ဖတ်နိုင်ပါတယ်)
(တပ္ေပါင္းစုဥကၠဌဗုိလ္ခ်ဳပ္ျမအား နယ္စပ္စခန္းတခုမွာေတြ႔ရစဥ္)
က်ေနာ္မွတ္မိသေလာက္ အဲဒီေန႔ကေတြ႔ရတဲ့ တပ္ေပါင္းစုေခါင္းေဆာင္ေတြထဲမွာ ဥကၠဌ ဗုိလ္ခ်ဳပ္ျမ၊ အေထြေထြအတြင္းေရးမႈး ဦးေမာင္ေမာင္၊ တဲြဖက္အတြင္းေရးမႈး ကုိေအာင္မုိးေဇာ္၊ အဖြဲ႔၀င္ ေတြထဲက ပဒုိမန္းရွာ၊ NCG ၀န္ၾကီး ခြန္မားကိုဘန္၊ NLD-LA မွ ဦးဘုိေသာင္းနဲ႔ ဦးျမင့္သိန္း၊ ABSDF မွ ကုိမ်ဳိး၀င္း၊ ျပီးေတာ့ ေဒါက္ေက်ာ္ညြန္႔၊ ကုိေက်ာ္ထက္အပါ၀င္ ၁၅ ဦးေလာက္ရွိမယ္ထင္ပါတယ္။ က်ေနာ့္ကို သူတုိ႔ေမးတဲ့ အဓိကေမးခြန္းကလဲ သ တင္းသမားေတြေမးတဲ့ေမးခြန္းနဲ႔အတူတူပါပဲ။ DVB ဘာလဲ။ ဘယ္လဲေပါ့။
ဒီပုဂၢိဳလ္ေတြက ေတာ္လွန္ေရးကုိကုိယ္စားျပဳထားတဲ့ တပ္ေပါင္းစုေခါင္းေဆာင္ေတြဆုိေတာ့ သတင္းသ မားေတြကိုေျဖသလုိ ေတာ္လွန္ေရးသမားအခ်င္းခ်င္း ဘာေတြဘာေမးေနတာလဲဆုိျပီး ေျဖလုိ႔မရ။ က် ေနာ္မေျဖတတ္ရင္ ဒုကၡေတြြ႔သြားနုိင္ပါတယ္။ ဒီေတာ့ က်ေနာ္ဟာ အယ့္ဒီတာ့အာေဘာ္ေတြ၊ မူ၀ါဒဆုိင္ ရာဆုံးျဖတ္ခ်က္ေတြကိုခ်မွတ္ခြင့္ရွိသူမဟုတ္တဲ့အတြက္ သတင္းကိစၥကုိသာေမးပါ။ ေပၚလစီကိစၥက ေတာ့ ဘုတ္အဖြဲ႔နဲ႔ ညြန္မႈးေတြကိုသာေဆြးေနြးပါဆုိျပီး ေခါင္းေရွာင္လုိက္ရပါတယ္။
တပ္ေပါင္းစုေခါင္းေဆာင္ေတြနဲ႔ အဲဒီလုိေဆြးေႏြးျပီးတဲ့ေနာက္ ဥကၠဌဗုိလ္ခ်ဳပ္ျမနဲ႔ သီးျခား အင္တာဗ်ဳး လုပ္ပါတယ္။ ေမးတဲ့အေၾကာင္းရာေတြကိုမမွတ္မိေတာ့ေပမဲ့ အဲဒီအင္တာဗ်ဳးဟာ သူ႔ကုိ လူခ်င္းေတြ႔ ေမးခြင့္ရတဲ့ေနာက္ဆုံး အင္တာဗ်ဳးျဖစ္ပါတယ္။ (၂၀၀၄ ခုနွစ္အတြင္းမွာ KNU ကုိယ္စားလွယ္အဖြဲ႔ကုိ သူ ကုိယ္တုိင္ဦးေဆာင္ျပီး ဗိုလ္ခ်ဳပ္ခင္ညြန္႔နဲ႔ ရန္ကုန္မွာသြားေဆြးေႏြးခဲ့ပါတယ္။ ၂၀၀၆ ခုနွစ္ ဒီဇင္ဘာမွာ ေတာ့ ဗုိလ္ခ်ဳပ္ျမကြယ္လြန္သြားခဲ့ပါတယ္)။
တပ္ေပါင္းစုေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႔ျပီးျပီ၊ သတင္းသမားေတြနဲ႔လည္း ေတြ႔ျပီးျပီဆုိေတာ့ မဲ ေဆာက္မွာ က်ေနာ့္တာ၀န္က ကုန္ျပီ။ ဒါေပမယ့္ နယ္စပ္နဲ႔ ၃ နွစ္ေလာက္ေ၀းေနတဲ့ က်ေနာ္ဟာ ျမန္မာနယ္ထဲကုိ ၀င္ခ်င္စိတ္အရမ္းျဖစ္ေနပါတယ္။ KNU စခန္းတခုခုကုိ၀င္ျပီး သတင္းယူခ်င္ေၾကာင္း ပဒုိမန္းရွာကိုေျပာေတာ့ အခန္းနားတခုခုရွိရင္ သူစီစဥ္ေပးမယ္လို႔ေျပာပါတယ္။ ဒါေပမယ့္ ကံဆုိးခ်င္ ေတာ့ အဲဒီ တပတ္ေလာက္အတြင္း ဘာအခန္းနားမွမရွိ။
ဒီလုိနဲ႔ေနာက္ဆုံးေတာ့ တပ္မဟာ ၇ နယ္ထဲမွာအေျခစိုက္တဲ့ ABSDF တပ္ရင္း ၈ က ကိုခ်င္းနဲ႔တြဲျပီး တပ္မဟာ ၇ နယ္ထဲ၀င္ဖုိ႔ၾကိဳးစားပါတယ္။ ေရွ့မွာတင္ျပခဲ့တဲ့ NCUB က ဘုကတိ ေမာင္းပို႔တဲ့ကားနဲ႔ပဲ ဘဲကေလာ္ (မယ္လ) ဒုကၡသည္စခန္းအလြန္က ေသာင္းရင္းျမစ္ေဘးကိုေရာက္သြားပါတယ္။ ဒါေပမယ့္ ကံကမေကာင္းေတာ့ မုိးရြာ၊ ေရၾကီးေနတဲ့အတြက္ ျမန္မာဖက္ကမ္းသြားဖုိ႔အဆင္မေျပခဲ့ပါဘူး။ ကံဆုိး တဲ့ၾကားထဲ ကံနည္းနည္းေကာင္းလာတယ္လုိ႔ေျပာရမလားပါပဲ။ KNU တပ္မဟာ ၇ မႈး ဗုိလ္ခ်ဳပ္ထိန္ ေမာင္တေယာက္ ထုိင္းဖက္ကမ္းရွိရြာက သူ႔အိမ္မွာရွိေနတယ္လို႔ အဲဒီနယ္စပ္သတင္းရပ္ကြက္က ေျပာ ပါတယ္။ ဒီလုိနဲ႔ အဲဒီအိမ္ဆီေရာက္ေအာင္သြားျပီး ဗုိလ္ခ်ဳပ္ထိန္ေမာင္နဲ႔ေတာ့ အင္တာဗ်ဳးရ ခဲ့ပါတယ္။
သူပုန္တပ္ေပါင္းစုရံုးမွ ဒုကၡသည္စခန္းဆီသုိ႔
သူပုန္တပ္ေတြထိမ္းခ်ဳပ္ထားတဲ့ ျမန္မာနယ္ထဲ၀င္ခြင့္မရလုိက္တဲ့ ေနာ္ေ၀းျပန္ သူပုန္သတင္းေထာက္ ဟာ ေက်ာင္းသားဒုကၡသည္စခန္းလုိ႔အမ်ားကေခၚၾကတဲ့ ဇလားစခန္းဆီေတာ့ ေခ်ာေခ်ာေမာေမာ ေရာက္ သြားပါတယ္။ မဲေဆာက္ကေန မယ္စရိယန္းကုိေရာက္ေတာ့ ABSDF ရံုးခန္းေတြက အရင္လုိ ေပၚေပၚတင္တင္မရွိေတာ့ပါ။ အရင္ကဆုိရင္ နႈတ္ခမ္းေမြးကိုစုိးေအာင္ (အခု NDD နုိင္ငံျခားေရးဌာန) အမည္ကုိ ကားဂိတ္ကဆုိင္ကယ္သမားေတြကိုေျပာလုိက္တာနဲ႔ ရံုးအထိ ဆုိင္ကယ္သမားေတြက လုိက္ ပုိ႔ေပးပါတယ္။
(ဇလားစခန္းမွ ABSDF စာသင္ေက်ာင္းတခု)
အခုေတာ့ ေက်ာင္းသားေတြအေျခေနက အဲဒီလုိမ်ဳိးေခတ္မေကာင္းေတာ့။ ေက်ာင္းသားကိုယ္စား လွယ္ေတြျဖစ္တဲ့ ဦးစုိးထြဋ္ (NLD ဘားအံအမတ္ နန္းခင္ေထြးျမင့္ရဲ့အကုိ၊ အခုထိ ABSDF ဗဟိုေကာ္မီ တီအျဖစ္တာ၀န္ထမ္းေနဆဲ) နဲ႔ ကုိကင္းရွင္တုိ႔ မယ္စရိယန္းမွာရွိတယ္လုိ႔သိရေပမဲ့ ျမိဳ့ထဲလုိင္းကား ဆုိက္တဲ့အခ်ိန္ထိ သူတုိ႔အဆက္သြယ္မရေသး။ ကားဂိတ္အနီးက နီးစပ္ရာ တည္းခုိခန္းတခုမွာ ၀င္ တည္းျပီး ည ၁၀ နာရီ ၀န္းက်င္ေလာက္မွ ဒီပုဂၢိဳလ္ေတြကေပၚလာပါတယ္။
ေနာက္တေန႔မနက္မွာေတာ့ ဦးစုိးထြဋ္ရဲ့ဆုိင္ကယ္အစုတ္ေလးနဲ႔ ဇလားစခန္းထဲ၀င္ပါတယ္။ ၁၉၉၉ မွာ ABSDF ပဥၥမအၾကိမ္ညီလာခံလုပ္တုန္းက ဒီစခန္းဆီတေခါက္ေရာက္ဖူးေပမဲ့ အေျခေနေတြက လြန္ခဲ့ တဲ့ ၅ နွစ္ကနဲ႔မတူေတာ့ပါ။ ထုိင္းနယ္ျခားေစာင့္တပ္က အ၀င္အထြက္ကိုအေတာ္တင္းက်ပ္ထားတဲ့ အ တြက္ ထုံးစံအတုိင္း ထုိင္းေတြအၾကိဳက္ အရက္နီတလုံးေလာက္ လက္ေဆာင္၀ယ္သြားေပးရပါတယ္။
အရက္လက္ေဆာင္ေပးတယ္ဆုိလုိ႔ သတိရတုန္း ထုိင္းေထာက္လွမ္းေရးကို ေစ်းေပါတဲ့အရက္ လက္ ေဆာင္သြားေပးမိလို႔ မိတ္ပ်က္ခဲ့ဖူးတဲ့ျဖစ္စဥ္တခုကိုတင္ျပခ်င္ပါတယ္။ က်ေနာ္ေတြ႔ဖူးသေလာက္ ထုိင္း ေထာက္လွမ္းေရးေတြ၊ ထုိင္းအာဏာပုိင္ေတြဟာ အရက္အေတာ္ၾကိဳက္ၾကပါတယ္။ (ေက်ာင္းသားေတြ လဲၾကိဳက္တာပါပဲ။ ဒါေပမယ့္ ထုိင္းေထာက္လွမ္းေရးက အေကာင္းစားမွေသာက္ျပီး ေက်ာင္းသားေတြ ကေတာ့ ဘာရရ ရတာေသာက္ရတဲ့အေျခေနပါ)။
အဲဒီကာလက အရက္အေၾကာင္းသိပ္မသိေသးတဲ့က်ေနာ္ဟာ အရက္ ၃ လုံးမွ ဘတ္ ၁၀၀ ပဲေပးရ တယ္ဆုိျပီး အားရ၀မ္းသာနဲ႔ ထီးခီးနယ္စပ္ရွိ ဖုနန္းလြန္မွာရံုးခန္းဖြင့္ထားတဲ့ (အခု-ကန္ခ်နပူရီ-ထား၀ယ္ ကားလမ္းေပၚက ေနာက္ဆုံးထုိင္းရြာ) ေထာက္လွမ္းေရးေတြကုိ လက္ေဆာင္သြားေပးမိပါတယ္။ ဒါေပ မယ့္ ထူးထူးဆန္းဆန္း အရက္သိပ္ၾကိဳက္တဲ့ ေထာက္လွမ္းေရးေတြက က်ေနာ့္ လက္ေဆာင္ကုိ လက္ မခံပါဘူး။
''စခန္းကိုယူသြားျပီး မင္းရဲေဘာ္ေတြကုိပဲ တုိက္လုိက္ပါကြာ။ ငါတုိ႔မွာ လက္က်န္နည္းနည္းရွိပါေသး တယ္'' လုိ႔ က်ေနာ္နဲ႔သိပ္ခင္တဲ့ လက္ေထာက္ ေထာက္လွမ္းေရးအရာရွိက ေျပာပါတယ္။ ဒီပုလင္း ၃ လုံးကို စခန္းသယ္ဖုိ႔ဆုိတာ ဘယ္လြယ္ပါ့မလဲ။ ထီးခီးရွိ KNU စစ္ေဆးေရးဂိတ္မွာမိရင္ အဖမ္းခံေနရဦး မယ္။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ KNU ရဲေဘာ္ေတြကအေသခ်ာမစစ္ပဲ လြတ္ေပးလုိက္လုိ႔ အဲ ဒီပုလင္း ၃ လုံးနဲ႔အတူ မင္းသမီးစခန္းဆီက်ေနာ္ေရာက္လာပါတယ္။
''ေသလုိက္ပါေတာ့ ေထာက္ပံ့ေရးအရာရွိရယ္။ စပါးနွံအရက္ကိုမွ ထုိင္းေထာက္လွမ္းေရးကို လက္ ေဆာင္သြားေပးရတယ္လို႔'' ဆုိျပီး စခန္းေကာ္မီတီတခုလုံးက က်ေနာ္ကုိ၀ုိင္းဆူတာ မွတ္မိေနပါေသး တယ္။ အဲဒီလုိၾကံဳခဲ့ဖူးတဲ့က်ေနာ္ဟာ ဒီတခါေတာ့ စပါးနွံမ၀ယ္ေတာ့ပါဘူး။ ထုိင္းေတြၾကိဳက္တဲ့ ေရဂ်င္စီ မေပးနုိင္ရင္ေတာင္ မဲေခါင္၊ ဆန္ထစ္ အဆင့္ေလာက္ေတာ့ ေပးတတ္ေနပါျပီ။
အင္း... အရက္အေၾကာင္းေျပာရင္းနဲ႔ လာရင္းကိစၥေတာင္ ေမ့ေတာ့မလုိ႔။ ဇလားကိုက်ေနာ္လာတဲ့ မူ ရင္းကိစၥက DVB အတြက္ပုိ႔ေပးေနတဲ့ ABSDF က သတင္းေတြအေၾကာင္းေဆြးေႏြးဖုိ႔ပါ။ က်ေနာ္မွတ္မိ သေလာက္ဆုိရင္ ABSDF အပါ၀င္ နယ္စပ္က တုိင္းရင္းသားသတင္းဌာနေတြအားလုံးက DVB အ တြက္ သတင္းေတြပုံမွန္ပုိ႔ေပးေနျပီး အဲဒီအတြက္ တလ ဘတ္ေငြ ၃၀၀၀ လား ၄၀၀၀ မသိ DVB က ေန အားလုံးကို ေထာက္ပံ့ေပးထားပါတယ္။
တခါ တာ၀န္က်အယ္ဒီတာတဦးအေနနဲ႔ မဟာမိတ္အဖြဲ႔ေတြ၊ သတင္းသမားေတြနဲ႔ေဆြးေႏြးဖုိ႔ ခရီးသြားေနတယ္ဆုိေပမဲ့ ထူးျခားျဖစ္စဥ္ေတြေတြ႔ရင္ သတင္း မလုပ္ပဲ မေနနုိင္။ ရပ္ကြက္ အမွတ္ ၁၃ လုိ႔ေခၚတဲ့ ရြာလယ္ေခ်ာင္းေလးအေပၚဖက္က ေတာင္ေစာင္းမွာေဆာက္ထားတဲ့ ေက်ာင္းသားရပ္ကြက္မွာ အလက ေက်ာင္းေလးတခုကိုေတြ႔ရပါတယ္။ အဲဒီေက်ာင္းေဘးနားက ၀ါးတဲတလုံးထဲမွာေတာ့ မူလတန္း ေက်ာင္းေလး။
''သားသားၾကီးရင္ ဘာလုပ္မလဲ'' ဆုိျပီး အဲဒီကေလးငယ္ေတြကုိသြား အင္တာဗ်ဳးလုပ္မိပါတယ္။ ''စစ္သားလုပ္မယ္ေလ'' လုိ႔ေျဖတဲ့သူေတြခ်ည္းမ်ားေနလုိ႔ အေတာ္အံ့ၾသသြားပါတယ္။ စစ္သားဆုိတာ ျမန္မာ တပ္ကစစ္သားမဟုတ္။ ေက်ာင္းသားတပ္မေတာ္အပါ၀င္ သူပုန္စစ္သားေတြကိုဆုိလိုတာပါ။ ဆရာ၀န္ လုပ္မယ္၊ အင္ဂ်င္နီယာလုပ္မယ္၊ IT ပညာရွင္လုပ္မယ္ဆုိျပီးေျဖတဲ့သူမေတြ႔မိ။ မိန္းကေလး တခ်ဳိ႔ကေတာ့ ေက်ာင္းဆရာမ လုပ္မယ္။ ေဆးရံုဆရာမ လုပ္မယ္ဆုိျပီးေျဖၾကလုိ႔ေတာ္ပါေသးတယ္။
အင္း... ဒီေတာထဲက ဒုကၡသည္စခန္းမွာ သူတုိ႔ေနစဥ္ျမင္ေနရတာက စစ္သား၊ ေက်ာင္းဆရာနဲ႔ သူနာျပဳ ဆရာမ ေတြပဲရွိတာပဲေလ။ ကေလးဆုိတာ ပတ္၀န္းက်င္အေပၚလုိက္ျပိး အတုျမင္ အတတ္သင္တတ္တဲ့ သေဘာရွိတယ္မဟုတ္ပါလား။ ေတာ္လွန္ေရးဆုိတာ မ်ဳဳိးဆက္အလုိက္လုပ္ရတဲ့သေဘာရွိတယ္လို႔ သေဘာတရားဆရာေတြကေျပာၾကေပမဲ့ အခု ၁၀ နွစ္ေက်ာ္ၾကာျပီးတဲ့အခ်ိန္မွာ က်ေနာ္ေတြ႔ခဲ့တဲ့ဖူးတဲ့ အဲဒီကေလးငယ္အေတာ္မ်ားမ်ား တတိယ နုိင္ငံဆီေရာက္ျပီး ေက်ာင္းေကာင္းေကာင္းတက္ခြင့္ရေနျပီ လုိ႔သိရပါတယ္။ က်ေနာ္တုိ႔မ်ဳိးဆက္လုိ သူတုိ႔မ်ဳိးဆက္က စစ္သားလုပ္စရာမလုိေတာ့ဘူး၊ ေတာ္လွန္စစ္ ဆက္လုပ္စရာမလိုေတာ့ပဲ ေအးေဆးစြာပညာသင္ခြင့္ရေနတယ္ဆုိရင္ ဒါဟာ လူ႔သမုိင္းတခု တုိးတက္လာတဲ့သေဘာ မဟုတ္ပါလား။
ေခါင္ရည္ေသာက္ျပီး သတင္းပုိ႔ျခင္း
ဇလားမွာ ၂ ညအိပ္ျပီးေတာ့ ကရင္နီေခါင္းေဆာင္ေတြရွိရာ နန္းဆြယ္ရြာဖက္သြားဖုိ႔အတြက္ မယ္ ေဟာင္ေဆာင္ျမိဳ့ဆီ က်ေနာ္ခ်ီတက္လာပါတယ္။ က်ေနာ့္ကုိတာ၀န္ခံဖိတ္ၾကားထားသူက ကရင္နီအမ်ဳိး သားတုိးတက္ေရးပါတီ (KNPP) တြဲဖက္အတြင္းေရးမႈး ခြန္ဦးရယ္။ သူဟာ DVB အတြက္ ကရင္နီဘာ သာအစီစဥ္တာ၀န္ခံလဲျဖစ္တဲ့အတြက္ က်ေနာ္နဲ႔မၾကာခဏတယ္လီဖုန္းေျပာေနသူလဲျဖစ္ပါတယ္။
(ဒီးကူ ပဲြေတာ္မွ ေကာက္ညွင္းထုပ္နဲ႔ ေခါင္ရည္)
သူတုိ႔ပါတီကစိီစဥ္ေပးတဲ့ကားနဲ႔ ေနာက္တေန႔မနက္ေစာၾကီးမွာ နယ္စပ္က နန္းဆြယ္ေက်းရြာဆီ ေရာက္လာပါတယ္။ ထုိင္းရြာဆုိေပမဲ့ တရြာလုံး ကရင္နီေတြခ်ည္းလားမသိပါဘူး။ က်ေနာ္ေရာက္သြား တဲ့အိမ္တုိင္း ကရင္နီစကားပဲေျပာေနတာေတြ႔ရပါတယ္။ အဲဒီမွာလူထပ္စုျပီး ကား ၄-၅ စီးနဲ႔ ေတာင္ေပၚ တက္လာေတာ့ ထုိင္းနယ္ျခားေစာင့္တပ္က တား ပါတယ္။ က်ေနာ္မွအပ အားလုံးေဒသခံေတြခ်ည္းပဲ ဆုိေတာ့ ဘာမွအစစ္ေဆးမရွိ။
ပေဒါင္လည္ပင္းရွည္ရြာလုိ႔ ျမန္မာေတြကအလြယ္ေခၚၾကတဲ့ ဒုကၡသည္စခန္းတခုကိုေက်ာ္ျပီးတဲ့ေနာက္ KNPP တပ္စခန္းရွိတဲ့ ျမန္မာနယ္ထဲေရာက္သြားပါတယ္။ အဲဒီမွာ ကရင္နီေတြရဲ့ ''ဒီးကူပဲြ'' ကုိ အၾကီး အက်ယ္ က်င္းပေနတာပါ။ ကရင္နီရုိးရာ၀တ္စုံေတြ၀တ္ထားတဲ့ အမ်ဳိးသား၊ အမ်ဳိးသမီးငယ္ေတြရဲ့ စင္ ေပၚက စည္းခ်က္ညီကပဲြအျပင္ ၀ါးလုံးရွည္ေတြေထာင္ျပီး ပတ္လည္ကတဲ့ပဲြ၊ ဒုံးက်ည္လြတ္တဲ့ပဲြ စသ ျဖင့္ေပ်ာ္ပဲြရႊင္ပဲြအေတာ္စုံပါတယ္။
ပရိတ္သတ္ကလဲ ေသာင္းနဲ႔ခ်ီရွိမလားပါပဲ။ ထုိင္း တီဗီြခ်ယ္နယ္ကသတင္းေထာက္ေတြ၊ သတင္းစာက သတင္းေထာက္တခ်ဳိ႔သတင္းယူေနတာကိုလဲေတြ႔ရပါတယ္။ အဲဒီကာလကေတာ့ DVB မွာ TV မရွိေသး တဲ့အတြက္ ရသမွ်အသံေတြကိုပဲဖမ္းယူျပီး စုရပ္ေနရာအိမ္ေပၚတက္လာပါတယ္။ အဲဒီမွာ က်ေနာ့္ကုိ ေစာင့္ေနသူေတြက KNPP ဥကၠဌ ထဲဘူးဖဲ၊ အတြင္းေရးမႈးခ်ဳပ္ ေရမြန္ထူးနဲ႔ က်ေနာ္အမည္မမွတ္မိေတာ့ တဲ့ KNPP ထိပ္ပုိင္းေခါင္းေဆာင္ တခ်ဳိ႔။
သူတုိ႔ေရွ့မွာ ေကာက္ညွင္းထုတ္ပန္းကန္ေတြနဲ႔ ေခါင္ရည္အုိးေတြကိုခ်ထားျပီး က်ေနာ္ကို ေသာက္ဖုိ႔ ဖိတ္ေခၚေနပါတယ္။ အဲဒါမွ ဒုကၡ။ ေအာ္စလုိျပန္သူပုန္သတင္းေထာက္က တာ၀န္ခ်ိန္အျပီး ညေနပုိင္း မွာ အေဖၚေကာင္းရင္ အရက္တုိ႔၊ ဘီယာတုိ႔ေသာက္ေလ့ရွိေပမဲ့ ဒီလုိ ေန႔လည္ပုိင္းၾကီးမွာ တခါမွ မ ေသာက္ဖူးပါ။ ဒါေပမယ့္ အခုဟာက ''ဘီယာသည္အရက္မဟုတ္'' ဆုိျပီးေနာက္ၾကသလုိ ''ေခါင္ရည္ သည္ အရက္မဟုတ္'' လုိ႔မွတ္ယူရမဲ့ကိန္းပါပဲ။
ဘာေၾကာင့္လဲဆုိရင္ ဒီအိမ္ေပၚရွိ လူေတြအားလုံးက ေခါင္ရည္ကုိ အရက္လုိသေဘာမထားပဲ ေရေႏြး ၾကမ္းလုိသေဘာထားျပီး ေသာက္ေနၾကလုိ႔ပါ္။ သူတုိ႔ရဲ့အထူးဧည့္သည္အျဖစ္ ဒီပဲြကိုေရာက္လာတဲ့ သ တင္းေထာက္ၾကီးက်ေနာ္က သူတုိ႔ရဲ့ယဥ္ေက်းမႈအရ ေခါင္ရည္ေသာက္ဖို႔ တကူးတကာ့ဖိတ္ေခၚခ်က္ ကို ျငင္းလုိ႔ဘယ္သင့္ေတာ္ပါ့မလဲ။ ဒီလုိနဲ႔ ေခါင္ရည္တဂ်ိင့္၊ ေကာက္ညွင္းတကုိက္နဲ႔ ဆဲြလုိက္တာ ေရ ခ်ိန္အေတာ္ကိုက္သြားခဲ့ေပါ့။
ညေန ၃ နာရီ၀န္းက်င္မွာေတာ့ အဲဒီစခန္းကေန မယ္ေဟာင္ေဆာင္ကိုအျမန္ျပန္ေျပးျပီး ခရီးသြား အ ထူးေဆာင္းပါးအေနနဲ႔ ဒီးကူပဲြ အေၾကာင္းကုိ အသံေတြေ၀ေ၀ဆာဆာနဲ႔ ေအာ္စလုိဆီပုိ႔လုိက္ပါတယ္။ ဒါ ေပမယ့္ ည ၉ နာရီ ေရဒီယုိမွာေစာင့္နားေထာင္ေတာ့ ကပဲြခုန္ပဲြနဲ႔ ေကာက္ညွင္းထုတ္စားတဲ့အထိပဲ ပါျပီး ေခါင္္ရည္ေသာက္တဲ့အပုိင္းက ပါမလာပါ။ ၾကည့္ရတာ ေခါင္ရည္ေသာက္တာကို မထည့္သင့္ဘူးဆုိျပီး တာ၀န္က်အယ္ဒီတာက ျဖတ္ထားလုိက္ပုံရပါတယ္။
အဲဒီကာလကေတာ့ ဒီအတြက္ စိတ္ထဲဘယ္လုိမွခံစားခ်က္မျဖစ္မိပါ။ သင့္ေတာမယ္ထင္တာကုိ ေန႔စဥ္ တာ၀န္က်အယ္ဒီတာက ဆုံးျဖတ္လုိက္တာပဲေပါ့။ ဒါေပမယ့္ အခု ၁၀ နွစ္ေက်ာ္ၾကာျပီးတဲ့အခ်ိန္ ဒီလုိ ေဆာင္းပါးေရးခ်ိန္မွာေတာ့ လူမ်ဳိးစုတခုရဲ့ ရုိးယာယဥ္ေက်းမႈပဲြေတာ္အေၾကာင္း ဖီခ်ာသတင္းအေနနဲ႔ ပုံ ေပၚေအာင္တင္ျပတာကုိ ဒီလုိျဖတ္ထားသင့္ရဲ့လား။ ျဖတ္ထားလုိက္တာနဲ႔ ထည့္လုိက္တာ ဘယ္ဟာက ပရိတ္သတ္အတြက္ပုိအက်ဳိးရွိေစမလဲ။ ဒီးကူပဲြလာ ပရိတ္သတ္ေတြကိုယ္တုိင္ကေကာ သူတုိ႔ အ ေၾကာင္း သတင္းေပးပို႔ခ်က္ကုိ ဘယ္လုိျဖစ္ေစခ်င္သလဲ။
တဆက္တည္းစဥ္းစားမိတာကေတာ့ Mass Media လုိ႔ေခၚတဲ့ အသံလႊင့္မီဒီယာနဲ႔ Print Media ပုံနွိပ္မီဒီယာ၊ Online Media (အင္တာနက္) အြန္လုိင္းမီဒီယာတုိ႔ရဲ့သေဘာသဘာ၀ကြာျခားခ်က္ပါ။ ပုံနွိပ္မီဒီယာနဲ႔ အြန္လုိင္းမီဒီယာမွ အခုလုိ ရွည္လ်ားေထြျပားသရုပ္ေပၚတဲ့အထိေရးျပလုိ႔ရေပမဲ့ ၃ မီနစ္ေလာက္နဲ႔ တစုံလုံး၀င္ေအာင္ေျပာရတဲ့ အသံလႊင့္မီဒီယာမွာ ရုပ္လုံးေပၚတဲ့အထိေျပာဖုိ႔ဆုိတာ ဘယ္လုိမွမလြယ္ တဲ့သေဘာမ်ားျဖစ္ခဲ့ေလသလား။
တခါ ပုံနွိပ္မီဒီယာေတြ၊ အထူးသျဖင့္ သတင္းစာနဲ႔ဂ်ာနယ္ေတြမွာ အယ္ဒီတာ့အာေဘာ္နဲ႔အေတြးအျမင္ က႑ဟာ လူအမ်ားအေလးထားေစာင့္ဖတ္တဲ့ေနရာျဖစ္ေပမဲ့ အသံလႊင့္မီဒီယာမွာေတာ့ အယ္ဒီတာ့အာေဘာ္နဲ႔အေတြးအျမင္အတြက္ ေနရာသိပ္မေတြ႔မိပါဘူး။ ဒါဟာလဲ ပုံနွိပ္မီဒီယာနဲ႔ အသံလႊင့္မီဒီယာအၾကား ထူးျခားတဲ့သေဘာသဘာ၀ကြာျခားခ်က္တခုမ်ားျဖစ္ေနေလမလားလုိ႔ စဥ္းစားေနမိပါတယ္။ ။

==================================================
ဗိုလ်ချုပ်မြနှင့် နောက်ဆုံး အင်တာဗျုး
မဲဆောက်အခြေစိုက် မြန်မာ့စာနယ်ဇင်းကလပ် (Burma Correspondent Club) မှာ ဆွေးနွေးပွဲလုပ်ပြီး နောက်တရက်မှာတော့ အမျိုးသားကောင်စီ (NCUB) ခေါင်းဆောင်တွေနဲ့တွေ့ပါတယ်။ ရှေ့အခန်းမှာ ဖေါ်ပြခဲ့တဲ့အတိုင်း မဲဆောက်ကိုစရောက်တဲ့နေ့ကသွားခဲ့တဲ့ NCUB ရုံးမှာ အဲဒီနေ့က တပ်ပေါင်းစု အ စည်းဝေးကျင်းပခဲ့ပြီး အဲဒီအစည်းဝေးပြီးပြီးချင်း အစည်းဝေးခန်းထဲအထိ ကျနော်ကိုခေါ်တွေ့တာဖြစ်ပါ တယ်။
(တပ်ပေါင်းစုဥက္ကဌဗိုလ်ချုပ်မြအား နယ်စပ်စခန်းတခုမှာတွေ့ရစဉ်)
ကျနော်မှတ်မိသလောက် အဲဒီနေ့ကတွေ့ရတဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေထဲမှာ ဥက္ကဌ ဗိုလ်ချုပ်မြ၊ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်၊ တွဲဖက်အတွင်းရေးမှုး ကိုအောင်မိုးဇော်၊ အဖွဲ့ဝင် တွေထဲက ပဒိုမန်းရှာ၊ NCG ဝန်ကြီး ခွန်မားကိုဘန်၊ NLD-LA မှ ဦးဘိုသောင်းနဲ့ ဦးမြင့်သိန်း၊ ABSDF မှ ကိုမျိုးဝင်း၊ ပြီးတော့ ဒေါက်ကျော်ညွန့်၊ ကိုကျော်ထက်အပါဝင် ၁၅ ဦးလောက်ရှိမယ်ထင်ပါတယ်။ ကျနော့်ကို သူတို့မေးတဲ့ အဓိကမေးခွန်းကလဲ သ တင်းသမားတွေမေးတဲ့မေးခွန်းနဲ့အတူတူပါပဲ။ DVB ဘာလဲ။ ဘယ်လဲပေါ့။
ဒီပုဂ္ဂိုလ်တွေက တော်လှန်ရေးကိုကိုယ်စားပြုထားတဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေဆိုတော့ သတင်းသ မားတွေကိုဖြေသလို တော်လှန်ရေးသမားအချင်းချင်း ဘာတွေဘာမေးနေတာလဲဆိုပြီး ဖြေလို့မရ။ ကျ နော်မဖြေတတ်ရင် ဒုက္ခတွေ့သွားနိုင်ပါတယ်။ ဒီတော့ ကျနော်ဟာ အယ့်ဒီတာ့အာဘော်တွေ၊ မူဝါဒဆိုင် ရာဆုံးဖြတ်ချက်တွေကိုချမှတ်ခွင့်ရှိသူမဟုတ်တဲ့အတွက် သတင်းကိစ္စကိုသာမေးပါ။ ပေါ်လစီကိစ္စက တော့ ဘုတ်အဖွဲ့နဲ့ ညွန်မှုးတွေကိုသာဆွေးနွေးပါဆိုပြီး ခေါင်းရှောင်လိုက်ရပါတယ်။
တပ်ပေါင်းစုခေါင်းဆောင်တွေနဲ့ အဲဒီလိုဆွေးနွေးပြီးတဲ့နောက် ဥက္ကဌဗိုလ်ချုပ်မြနဲ့ သီးခြား အင်တာဗျုး လုပ်ပါတယ်။ မေးတဲ့အကြောင်းရာတွေကိုမမှတ်မိတော့ပေမဲ့ အဲဒီအင်တာဗျုးဟာ သူ့ကို လူချင်းတွေ့ မေးခွင့်ရတဲ့နောက်ဆုံး အင်တာဗျုးဖြစ်ပါတယ်။ (၂၀၀၄ ခုနှစ်အတွင်းမှာ KNU ကိုယ်စားလှယ်အဖွဲ့ကို သူ ကိုယ်တိုင်ဦးဆောင်ပြီး ဗိုလ်ချုပ်ခင်ညွန့်နဲ့ ရန်ကုန်မှာသွားဆွေးနွေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာမှာ တော့ ဗိုလ်ချုပ်မြကွယ်လွန်သွားခဲ့ပါတယ်)။
တပ်ပေါင်းစုခေါင်းဆောင်တွေနဲ့လည်း တွေ့ပြီးပြီ၊ သတင်းသမားတွေနဲ့လည်း တွေ့ပြီးပြီဆိုတော့ မဲ ဆောက်မှာ ကျနော့်တာဝန်က ကုန်ပြီ။ ဒါပေမယ့် နယ်စပ်နဲ့ ၃ နှစ်လောက်ဝေးနေတဲ့ ကျနော်ဟာ မြန်မာနယ်ထဲကို ဝင်ချင်စိတ်အရမ်းဖြစ်နေပါတယ်။ KNU စခန်းတခုခုကိုဝင်ပြီး သတင်းယူချင်ကြောင်း ပဒိုမန်းရှာကိုပြောတော့ အခန်းနားတခုခုရှိရင် သူစီစဉ်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် ကံဆိုးချင် တော့ အဲဒီ တပတ်လောက်အတွင်း ဘာအခန်းနားမှမရှိ။
ဒီလိုနဲ့နောက်ဆုံးတော့ တပ်မဟာ ၇ နယ်ထဲမှာအခြေစိုက်တဲ့ ABSDF တပ်ရင်း ၈ က ကိုချင်းနဲ့တွဲပြီး တပ်မဟာ ၇ နယ်ထဲဝင်ဖို့ကြိုးစားပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ NCUB က ဘုကတိ မောင်းပို့တဲ့ကားနဲ့ပဲ ဘဲကလော် (မယ်လ) ဒုက္ခသည်စခန်းအလွန်က သောင်းရင်းမြစ်ဘေးကိုရောက်သွားပါတယ်။ ဒါပေမယ့် ကံကမကောင်းတော့ မိုးရွာ၊ ရေကြီးနေတဲ့အတွက် မြန်မာဖက်ကမ်းသွားဖို့အဆင်မပြေခဲ့ပါဘူး။ ကံဆိုး တဲ့ကြားထဲ ကံနည်းနည်းကောင်းလာတယ်လို့ပြောရမလားပါပဲ။ KNU တပ်မဟာ ၇ မှုး ဗိုလ်ချုပ်ထိန် မောင်တယောက် ထိုင်းဖက်ကမ်းရှိရွာက သူ့အိမ်မှာရှိနေတယ်လို့ အဲဒီနယ်စပ်သတင်းရပ်ကွက်က ပြော ပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ဆီရောက်အောင်သွားပြီး ဗိုလ်ချုပ်ထိန်မောင်နဲ့တော့ အင်တာဗျုးရ ခဲ့ပါတယ်။
သူပုန်တပ်ပေါင်းစုရုံးမှ ဒုက္ခသည်စခန်းဆီသို့
သူပုန်တပ်တွေထိမ်းချုပ်ထားတဲ့ မြန်မာနယ်ထဲဝင်ခွင့်မရလိုက်တဲ့ နော်ဝေးပြန် သူပုန်သတင်းထောက် ဟာ ကျောင်းသားဒုက္ခသည်စခန်းလို့အများကခေါ်ကြတဲ့ ဇလားစခန်းဆီတော့ ချောချောမောမော ရောက် သွားပါတယ်။ မဲဆောက်ကနေ မယ်စရိယန်းကိုရောက်တော့ ABSDF ရုံးခန်းတွေက အရင်လို ပေါ်ပေါ်တင်တင်မရှိတော့ပါ။ အရင်ကဆိုရင် နှုတ်ခမ်းမွေးကိုစိုးအောင် (အခု NDD နိုင်ငံခြားရေးဌာန) အမည်ကို ကားဂိတ်ကဆိုင်ကယ်သမားတွေကိုပြောလိုက်တာနဲ့ ရုံးအထိ ဆိုင်ကယ်သမားတွေက လိုက် ပို့ပေးပါတယ်။
(ဇလားစခန်းမှ ABSDF စာသင်ကျောင်းတခု)
အခုတော့ ကျောင်းသားတွေအခြေနေက အဲဒီလိုမျိုးခေတ်မကောင်းတော့။ ကျောင်းသားကိုယ်စား လှယ်တွေဖြစ်တဲ့ ဦးစိုးထွဋ် (NLD ဘားအံအမတ် နန်းခင်ထွေးမြင့်ရဲ့အကို၊ အခုထိ ABSDF ဗဟိုကော်မီ တီအဖြစ်တာဝန်ထမ်းနေဆဲ) နဲ့ ကိုကင်းရှင်တို့ မယ်စရိယန်းမှာရှိတယ်လို့သိရပေမဲ့ မြို့ထဲလိုင်းကား ဆိုက်တဲ့အချိန်ထိ သူတို့အဆက်သွယ်မရသေး။ ကားဂိတ်အနီးက နီးစပ်ရာ တည်းခိုခန်းတခုမှာ ဝင် တည်းပြီး ည ၁၀ နာရီ ဝန်းကျင်လောက်မှ ဒီပုဂ္ဂိုလ်တွေကပေါ်လာပါတယ်။
နောက်တနေ့မနက်မှာတော့ ဦးစိုးထွဋ်ရဲ့ဆိုင်ကယ်အစုတ်လေးနဲ့ ဇလားစခန်းထဲဝင်ပါတယ်။ ၁၉၉၉ မှာ ABSDF ပဉ္စမအကြိမ်ညီလာခံလုပ်တုန်းက ဒီစခန်းဆီတခေါက်ရောက်ဖူးပေမဲ့ အခြေနေတွေက လွန်ခဲ့ တဲ့ ၅ နှစ်ကနဲ့မတူတော့ပါ။ ထိုင်းနယ်ခြားစောင့်တပ်က အဝင်အထွက်ကိုအတော်တင်းကျပ်ထားတဲ့ အ တွက် ထုံးစံအတိုင်း ထိုင်းတွေအကြိုက် အရက်နီတလုံးလောက် လက်ဆောင်ဝယ်သွားပေးရပါတယ်။
အရက်လက်ဆောင်ပေးတယ်ဆိုလို့ သတိရတုန်း ထိုင်းထောက်လှမ်းရေးကို ဈေးပေါတဲ့အရက် လက် ဆောင်သွားပေးမိလို့ မိတ်ပျက်ခဲ့ဖူးတဲ့ဖြစ်စဉ်တခုကိုတင်ပြချင်ပါတယ်။ ကျနော်တွေ့ဖူးသလောက် ထိုင်း ထောက်လှမ်းရေးတွေ၊ ထိုင်းအာဏာပိုင်တွေဟာ အရက်အတော်ကြိုက်ကြပါတယ်။ (ကျောင်းသားတွေ လဲကြိုက်တာပါပဲ။ ဒါပေမယ့် ထိုင်းထောက်လှမ်းရေးက အကောင်းစားမှသောက်ပြီး ကျောင်းသားတွေ ကတော့ ဘာရရ ရတာသောက်ရတဲ့အခြေနေပါ)။
အဲဒီကာလက အရက်အကြောင်းသိပ်မသိသေးတဲ့ကျနော်ဟာ အရက် ၃ လုံးမှ ဘတ် ၁၀၀ ပဲပေးရ တယ်ဆိုပြီး အားရဝမ်းသာနဲ့ ထီးခီးနယ်စပ်ရှိ ဖုနန်းလွန်မှာရုံးခန်းဖွင့်ထားတဲ့ (အခု-ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ထောက်လှမ်းရေးတွေကို လက်ဆောင်သွားပေးမိပါတယ်။ ဒါပေ မယ့် ထူးထူးဆန်းဆန်း အရက်သိပ်ကြိုက်တဲ့ ထောက်လှမ်းရေးတွေက ကျနော့် လက်ဆောင်ကို လက် မခံပါဘူး။
''စခန်းကိုယူသွားပြီး မင်းရဲဘော်တွေကိုပဲ တိုက်လိုက်ပါကွာ။ ငါတို့မှာ လက်ကျန်နည်းနည်းရှိပါသေး တယ်'' လို့ ကျနော်နဲ့သိပ်ခင်တဲ့ လက်ထောက် ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။ ဒီပုလင်း ၃ လုံးကို စခန်းသယ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ထီးခီးရှိ KNU စစ်ဆေးရေးဂိတ်မှာမိရင် အဖမ်းခံနေရဦး မယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ KNU ရဲဘော်တွေကအသေချာမစစ်ပဲ လွတ်ပေးလိုက်လို့ အဲ ဒီပုလင်း ၃ လုံးနဲ့အတူ မင်းသမီးစခန်းဆီကျနော်ရောက်လာပါတယ်။
''သေလိုက်ပါတော့ ထောက်ပံ့ရေးအရာရှိရယ်။ စပါးနှံအရက်ကိုမှ ထိုင်းထောက်လှမ်းရေးကို လက် ဆောင်သွားပေးရတယ်လို့'' ဆိုပြီး စခန်းကော်မီတီတခုလုံးက ကျနော်ကိုဝိုင်းဆူတာ မှတ်မိနေပါသေး တယ်။ အဲဒီလိုကြုံခဲ့ဖူးတဲ့ကျနော်ဟာ ဒီတခါတော့ စပါးနှံမဝယ်တော့ပါဘူး။ ထိုင်းတွေကြိုက်တဲ့ ရေဂျင်စီ မပေးနိုင်ရင်တောင် မဲခေါင်၊ ဆန်ထစ် အဆင့်လောက်တော့ ပေးတတ်နေပါပြီ။
အင်း... အရက်အကြောင်းပြောရင်းနဲ့ လာရင်းကိစ္စတောင် မေ့တော့မလို့။ ဇလားကိုကျနော်လာတဲ့ မူ ရင်းကိစ္စက DVB အတွက်ပို့ပေးနေတဲ့ ABSDF က သတင်းတွေအကြောင်းဆွေးနွေးဖို့ပါ။ ကျနော်မှတ်မိ သလောက်ဆိုရင် ABSDF အပါဝင် နယ်စပ်က တိုင်းရင်းသားသတင်းဌာနတွေအားလုံးက DVB အ တွက် သတင်းတွေပုံမှန်ပို့ပေးနေပြီး အဲဒီအတွက် တလ ဘတ်ငွေ ၃၀၀၀ လား ၄၀၀၀ မသိ DVB က နေ အားလုံးကို ထောက်ပံ့ပေးထားပါတယ်။
တခါ တာဝန်ကျအယ်ဒီတာတဦးအနေနဲ့ မဟာမိတ်အဖွဲ့တွေ၊ သတင်းသမားတွေနဲ့ဆွေးနွေးဖို့ ခရီးသွားနေတယ်ဆိုပေမဲ့ ထူးခြားဖြစ်စဉ်တွေတွေ့ရင် သတင်း မလုပ်ပဲ မနေနိုင်။ ရပ်ကွက် အမှတ် ၁၃ လို့ခေါ်တဲ့ ရွာလယ်ချောင်းလေးအပေါ်ဖက်က တောင်စောင်းမှာဆောက်ထားတဲ့ ကျောင်းသားရပ်ကွက်မှာ အလက ကျောင်းလေးတခုကိုတွေ့ရပါတယ်။ အဲဒီကျောင်းဘေးနားက ဝါးတဲတလုံးထဲမှာတော့ မူလတန်း ကျောင်းလေး။
''သားသားကြီးရင် ဘာလုပ်မလဲ'' ဆိုပြီး အဲဒီကလေးငယ်တွေကိုသွား အင်တာဗျုးလုပ်မိပါတယ်။ ''စစ်သားလုပ်မယ်လေ'' လို့ဖြေတဲ့သူတွေချည်းများနေလို့ အတော်အံ့သြသွားပါတယ်။ စစ်သားဆိုတာ မြန်မာ တပ်ကစစ်သားမဟုတ်။ ကျောင်းသားတပ်မတော်အပါဝင် သူပုန်စစ်သားတွေကိုဆိုလိုတာပါ။ ဆရာဝန် လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်၊ IT ပညာရှင်လုပ်မယ်ဆိုပြီးဖြေတဲ့သူမတွေ့မိ။ မိန်းကလေး တချို့ကတော့ ကျောင်းဆရာမ လုပ်မယ်။ ဆေးရုံဆရာမ လုပ်မယ်ဆိုပြီးဖြေကြလို့တော်ပါသေးတယ်။
အင်း... ဒီတောထဲက ဒုက္ခသည်စခန်းမှာ သူတို့နေစဉ်မြင်နေရတာက စစ်သား၊ ကျောင်းဆရာနဲ့ သူနာပြု ဆရာမ တွေပဲရှိတာပဲလေ။ ကလေးဆိုတာ ပတ်ဝန်းကျင်အပေါ်လိုက်ပြိး အတုမြင် အတတ်သင်တတ်တဲ့ သဘောရှိတယ်မဟုတ်ပါလား။ တော်လှန်ရေးဆိုတာ မျိုုးဆက်အလိုက်လုပ်ရတဲ့သဘောရှိတယ်လို့ သဘောတရားဆရာတွေကပြောကြပေမဲ့ အခု ၁၀ နှစ်ကျော်ကြာပြီးတဲ့အချိန်မှာ ကျနော်တွေ့ခဲ့တဲ့ဖူးတဲ့ အဲဒီကလေးငယ်အတော်များများ တတိယ နိုင်ငံဆီရောက်ပြီး ကျောင်းကောင်းကောင်းတက်ခွင့်ရနေပြီ လို့သိရပါတယ်။ ကျနော်တို့မျိုးဆက်လို သူတို့မျိုးဆက်က စစ်သားလုပ်စရာမလိုတော့ဘူး၊ တော်လှန်စစ် ဆက်လုပ်စရာမလိုတော့ပဲ အေးဆေးစွာပညာသင်ခွင့်ရနေတယ်ဆိုရင် ဒါဟာ လူ့သမိုင်းတခု တိုးတက်လာတဲ့သဘော မဟုတ်ပါလား။
ခေါင်ရည်သောက်ပြီး သတင်းပို့ခြင်း
ဇလားမှာ ၂ ညအိပ်ပြီးတော့ ကရင်နီခေါင်းဆောင်တွေရှိရာ နန်းဆွယ်ရွာဖက်သွားဖို့အတွက် မယ် ဟောင်ဆောင်မြို့ဆီ ကျနော်ချီတက်လာပါတယ်။ ကျနော့်ကိုတာဝန်ခံဖိတ်ကြားထားသူက ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) တွဲဖက်အတွင်းရေးမှုး ခွန်ဦးရယ်။ သူဟာ DVB အတွက် ကရင်နီဘာ သာအစီစဉ်တာဝန်ခံလဲဖြစ်တဲ့အတွက် ကျနော်နဲ့မကြာခဏတယ်လီဖုန်းပြောနေသူလဲဖြစ်ပါတယ်။
(ဒီးကူ ပွဲတော်မှ ကောက်ညှင်းထုပ်နဲ့ ခေါင်ရည်)
သူတို့ပါတီကစီစဉ်ပေးတဲ့ကားနဲ့ နောက်တနေ့မနက်စောကြီးမှာ နယ်စပ်က နန်းဆွယ်ကျေးရွာဆီ ရောက်လာပါတယ်။ ထိုင်းရွာဆိုပေမဲ့ တရွာလုံး ကရင်နီတွေချည်းလားမသိပါဘူး။ ကျနော်ရောက်သွား တဲ့အိမ်တိုင်း ကရင်နီစကားပဲပြောနေတာတွေ့ရပါတယ်။ အဲဒီမှာလူထပ်စုပြီး ကား ၄-၅ စီးနဲ့ တောင်ပေါ် တက်လာတော့ ထိုင်းနယ်ခြားစောင့်တပ်က တား ပါတယ်။ ကျနော်မှအပ အားလုံးဒေသခံတွေချည်းပဲ ဆိုတော့ ဘာမှအစစ်ဆေးမရှိ။
ပဒေါင်လည်ပင်းရှည်ရွာလို့ မြန်မာတွေကအလွယ်ခေါ်ကြတဲ့ ဒုက္ခသည်စခန်းတခုကိုကျော်ပြီးတဲ့နောက် KNPP တပ်စခန်းရှိတဲ့ မြန်မာနယ်ထဲရောက်သွားပါတယ်။ အဲဒီမှာ ကရင်နီတွေရဲ့ ''ဒီးကူပွဲ'' ကို အကြီး အကျယ် ကျင်းပနေတာပါ။ ကရင်နီရိုးရာဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီးငယ်တွေရဲ့ စင် ပေါ်က စည်းချက်ညီကပွဲအပြင် ဝါးလုံးရှည်တွေထောင်ပြီး ပတ်လည်ကတဲ့ပွဲ၊ ဒုံးကျည်လွတ်တဲ့ပွဲ စသ ဖြင့်ပျော်ပွဲရွှင်ပွဲအတော်စုံပါတယ်။
ပရိတ်သတ်ကလဲ သောင်းနဲ့ချီရှိမလားပါပဲ။ ထိုင်း တီဗွီချယ်နယ်ကသတင်းထောက်တွေ၊ သတင်းစာက သတင်းထောက်တချို့သတင်းယူနေတာကိုလဲတွေ့ရပါတယ်။ အဲဒီကာလကတော့ DVB မှာ TV မရှိသေး တဲ့အတွက် ရသမျှအသံတွေကိုပဲဖမ်းယူပြီး စုရပ်နေရာအိမ်ပေါ်တက်လာပါတယ်။ အဲဒီမှာ ကျနော့်ကို စောင့်နေသူတွေက KNPP ဥက္ကဌ ထဲဘူးဖဲ၊ အတွင်းရေးမှုးချုပ် ရေမွန်ထူးနဲ့ ကျနော်အမည်မမှတ်မိတော့ တဲ့ KNPP ထိပ်ပိုင်းခေါင်းဆောင် တချို့။
သူတို့ရှေ့မှာ ကောက်ညှင်းထုတ်ပန်းကန်တွေနဲ့ ခေါင်ရည်အိုးတွေကိုချထားပြီး ကျနော်ကို သောက်ဖို့ ဖိတ်ခေါ်နေပါတယ်။ အဲဒါမှ ဒုက္ခ။ အော်စလိုပြန်သူပုန်သတင်းထောက်က တာဝန်ချိန်အပြီး ညနေပိုင်း မှာ အဖေါ်ကောင်းရင် အရက်တို့၊ ဘီယာတို့သောက်လေ့ရှိပေမဲ့ ဒီလို နေ့လည်ပိုင်းကြီးမှာ တခါမှ မ သောက်ဖူးပါ။ ဒါပေမယ့် အခုဟာက ''ဘီယာသည်အရက်မဟုတ်'' ဆိုပြီးနောက်ကြသလို ''ခေါင်ရည် သည် အရက်မဟုတ်'' လို့မှတ်ယူရမဲ့ကိန်းပါပဲ။
ဘာကြောင့်လဲဆိုရင် ဒီအိမ်ပေါ်ရှိ လူတွေအားလုံးက ခေါင်ရည်ကို အရက်လိုသဘောမထားပဲ ရေနွေး ကြမ်းလိုသဘောထားပြီး သောက်နေကြလို့ပါ်။ သူတို့ရဲ့အထူးဧည့်သည်အဖြစ် ဒီပွဲကိုရောက်လာတဲ့ သ တင်းထောက်ကြီးကျနော်က သူတို့ရဲ့ယဉ်ကျေးမှုအရ ခေါင်ရည်သောက်ဖို့ တကူးတကာ့ဖိတ်ခေါ်ချက် ကို ငြင်းလို့ဘယ်သင့်တော်ပါ့မလဲ။ ဒီလိုနဲ့ ခေါင်ရည်တဂျိင့်၊ ကောက်ညှင်းတကိုက်နဲ့ ဆွဲလိုက်တာ ရေ ချိန်အတော်ကိုက်သွားခဲ့ပေါ့။
ညနေ ၃ နာရီဝန်းကျင်မှာတော့ အဲဒီစခန်းကနေ မယ်ဟောင်ဆောင်ကိုအမြန်ပြန်ပြေးပြီး ခရီးသွား အ ထူးဆောင်းပါးအနေနဲ့ ဒီးကူပွဲ အကြောင်းကို အသံတွေဝေေ၀ဆာဆာနဲ့ အော်စလိုဆီပို့လိုက်ပါတယ်။ ဒါ ပေမယ့် ည ၉ နာရီ ရေဒီယိုမှာစောင့်နားထောင်တော့ ကပွဲခုန်ပွဲနဲ့ ကောက်ညှင်းထုတ်စားတဲ့အထိပဲ ပါပြီး ခေါင်ရည်သောက်တဲ့အပိုင်းက ပါမလာပါ။ ကြည့်ရတာ ခေါင်ရည်သောက်တာကို မထည့်သင့်ဘူးဆိုပြီး တာဝန်ကျအယ်ဒီတာက ဖြတ်ထားလိုက်ပုံရပါတယ်။
အဲဒီကာလကတော့ ဒီအတွက် စိတ်ထဲဘယ်လိုမှခံစားချက်မဖြစ်မိပါ။ သင့်တောမယ်ထင်တာကို နေ့စဉ် တာဝန်ကျအယ်ဒီတာက ဆုံးဖြတ်လိုက်တာပဲပေါ့။ ဒါပေမယ့် အခု ၁၀ နှစ်ကျော်ကြာပြီးတဲ့အချိန် ဒီလို ဆောင်းပါးရေးချိန်မှာတော့ လူမျိုးစုတခုရဲ့ ရိုးယာယဉ်ကျေးမှုပွဲတော်အကြောင်း ဖီချာသတင်းအနေနဲ့ ပုံ ပေါ်အောင်တင်ပြတာကို ဒီလိုဖြတ်ထားသင့်ရဲ့လား။ ဖြတ်ထားလိုက်တာနဲ့ ထည့်လိုက်တာ ဘယ်ဟာက ပရိတ်သတ်အတွက်ပိုအကျိုးရှိစေမလဲ။ ဒီးကူပွဲလာ ပရိတ်သတ်တွေကိုယ်တိုင်ကကော သူတို့ အ ကြောင်း သတင်းပေးပို့ချက်ကို ဘယ်လိုဖြစ်စေချင်သလဲ။
တဆက်တည်းစဉ်းစားမိတာကတော့ Mass Media လို့ခေါ်တဲ့ အသံလွှင့်မီဒီယာနဲ့ Print Media ပုံနှိပ်မီဒီယာ၊ Online Media (အင်တာနက်) အွန်လိုင်းမီဒီယာတို့ရဲ့သဘောသဘာဝကွာခြားချက်ပါ။ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာမှ အခုလို ရှည်လျားထွေပြားသရုပ်ပေါ်တဲ့အထိရေးပြလို့ရပေမဲ့ ၃ မီနစ်လောက်နဲ့ တစုံလုံးဝင်အောင်ပြောရတဲ့ အသံလွှင့်မီဒီယာမှာ ရုပ်လုံးပေါ်တဲ့အထိပြောဖို့ဆိုတာ ဘယ်လိုမှမလွယ် တဲ့သဘောများဖြစ်ခဲ့လေသလား။
တခါ ပုံနှိပ်မီဒီယာတွေ၊ အထူးသဖြင့် သတင်းစာနဲ့ဂျာနယ်တွေမှာ အယ်ဒီတာ့အာဘော်နဲ့အတွေးအမြင် ကဏ္ဍဟာ လူအများအလေးထားစောင့်ဖတ်တဲ့နေရာဖြစ်ပေမဲ့ အသံလွှင့်မီဒီယာမှာတော့ အယ်ဒီတာ့အာဘော်နဲ့အတွေးအမြင်အတွက် နေရာသိပ်မတွေ့မိပါဘူး။ ဒါဟာလဲ ပုံနှိပ်မီဒီယာနဲ့ အသံလွှင့်မီဒီယာအကြား ထူးခြားတဲ့သဘောသဘာဝကွာခြားချက်တခုများဖြစ်နေလေမလားလို့ စဉ်းစားနေမိပါတယ်။ ။
0 comments:
Post a Comment