Tuesday, January 24, 2012

အသွင်ကူးပြောင်းရေးကာလ Mindset ပြသာနာ

အသွင်ကူးပြောင်းရေးကာလ Mindset ပြသာနာ
ထက်အောင်ကျော် (၂၅-၀၁-၂၀၁၂)

လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပါတ်သက်ပီး ယုံတ၀က် မယုံ တ၀က်နဲ့ အမြင်အမျိုးမျိုး အင်တာနက်ပေါ်မှာရေးသားနေကြတာကိုတွေ့နေရပါတယ်။ ဒီရေးသားချက်တွေ ထဲက အများစုဟာ ၂၀၀၈-ဖွဲ့စည်းပုံကို မပြင်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းလဲ ဘယ်ဖြစ်မလဲ။ စစ်တပ်ကို နိုင်ငံရေးကနေ မထုတ်ပစ်ဘဲနဲ့ ဒီမိုကရေစီ ဘယ်ရနိုင်မလဲ။ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ အတူတူ ရှင်သန်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ လွတ်တော်ထဲအထိ ဒေါ်အောင်ဆန်းစုကြည်ဝင်သွားလဲ ဘာမှထူးလာ မှာမဟုတ်ဘူး။ လက်ရှိအစိုးရကို တရားဝင်ဖြစ်အောင် အသိမှတ်ပြုပေး ယုံထက် ဘာမှပိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သံသယတွေကိုတွေ့ရပါတယ်။


ဒီလိုဝေဖန်မှုတွေကြားထဲမှာဘဲ့ ဧပြီလ ၁-ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ ကိုယ်တိုင်ဝင်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေငြာလိုက်ပါတယ်။

Monday, January 23, 2012

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ တနင်္ဂနွေနေ့ ရောက်မည်

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မှာ တနင်္ဂနွေနေ့ ဟောပြောပွဲလုပ်မည်။
၂၃-၀၁-၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာမဲ့ တနင်္ဂနွေနေ့
၂၉-ရက်နေ့မှာ ထားဝယ်မြိုဆီလာပြီး ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြော
ဖို့ရှိတယ်လို့သိရပါ တယ်။ လေယဉ်နဲ့လာမဲ့နေ့ချင်းပြန်ခရီးစဉ်အတွင်း ထားဝယ်။
လောင်းလုံး။ အောက်ရေဖြူ နဲ့ မောင်းမကန်ရွာတွေမှာ ဟောပြောပွဲလုပ် ဖို့စီစဉ်ထားပီး ဒေသခံလူထုက သောင်းသောင်း ဖြဖြ ကြိုဆိုဖို့ ပြင်ထားတယ်
လို့ တနသာင်္ရီတိုင်း NLD လူငယ် တွေ ကပြောပါတယ်။

ကျွန်းစုမြိုနယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ


ဒီကနေ့ မနက် ၈-နာရီခွဲကကျင်းပတဲ့ မြိတ်ခရိုင် ကျွန်းစုမြိုနယ် ပါတီရုံးဆိုင်းဘုတ်တင်ပွဲအပီးမှာ
အဆိုပါ ပါတီလူငယ် တွေက အခုလိုပြောသွားတာဖြစ်ပါတယ်။ ကျွန်းစုမြိုနယ် ဗိုလ်ချုပ်လမ်း
အမှတ် ၁-ရပ်ကွက်မှာဖွင့်လှစ်ခဲ့တဲ့ အဲဒီအခန်းနားကို တနသာင်္ရီတိုင်း ပါတီဥက္ကဌ ဦးလှမင်း။
အတွင်းရေးမှုး ဦးအောင်စိုးနဲ့အတူ တနသာင်္ရီတိုင်းကတာဝန်ရှိ သူတွေ။ ဒေသခံပါတီဝင်တွေ။
ဧည့်ပရိသတ် ၅၀၀-ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Sunday, January 22, 2012

ပုလော။ မြိတ်။ ကျွန်းစုမြိုနယ်တွေမှာ NLD ဆိုင်းဘုတ်တင်ပွဲများကျင်းပ


ပုလော။ မြိတ်။ ကျွန်းစုမြိုနယ်တွေမှာ NLD ဆိုင်းဘုတ်တင်ပွဲများကျင်းပ
၂၂-၀၁-၂၀၁၂

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်ဖို့စာရင်းပေးထားတဲ့ တနသာင်္ရီတိုင်း ကျွန်းစုမြိုနယ် ရုံးခန်း ဖွင့်ပွဲကို မနက်ဖြန်ကျင်းပမယ်လို့သိရပါတယ်။ ကျွန်းစုမြိုနယ်ဆီခရီးသွားနေတဲ့ တနသာင်္ရီတိုင်း ပါတီ ဥက္ကဌ ဦးလှမင်းနဲ့အဖွဲ့ဟာ မနေ့က ၂၁-ရက်နေ့မှာတော့ မြိတ်မြိုနယ် ပါတီရုံးခန်းကိုဖွင့်ပေးခဲ့ပီး ပရိတ်သတ် ၅၀၀-ခန့်တက်ရောက်ခဲ့တာတွေ့ရတယ်လို့ မြိတ်မြိုရှိ ပါတီဝင်လူငယ်တဦးကပြောပါတယ်။

မြိတ်မြိုက ဆိုင်းဘုတ်တင်ပွဲ

ဒီအဖွဲ့ဟာ ထားဝယ်ကနေ မြိတ်ဒေသဆီ ပါတီ-စည်းရုံးရေးကိစ္စအတွက် ခရီးထွက်လာတာဖြစ်ပီး ထားဝယ်- မြိတ် ကားလမ်းပေါ်ရှိ ပုလောမြိုက ရုံးခန်းကိုလဲ ပိးခဲ့တဲ့ ရက်ပိုင်းအတွင်းကဘဲ့ ဖွင့်လှစ် ပေးခဲ့တယ်လို့သိရပါတယ်။ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်။ လောင်းလုံး။ သရက်ချောင်းနဲ့ ရေဖြူမြိုနယ်ရုံးခန်းတွေကိုတော့ အခုလ ၁၄-ရက်ကနေ ၁၆-ရက်အကြား ဆက်တိုက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

Thursday, January 19, 2012

လူဘောင်သစ် နဲ့ FDB အပါဝင် နယ်စပ်ကအဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးဖို့ကမ်းလှမ်းနေပီ။

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

ကိုဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်
 
ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနှင့် ဖေဖော်ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့် နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။ ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
drnaingaung
FDB တပ်ပေါင်းစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် (ဓါတ်ပုံ FDB)

မြန်မာ့အရေး နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး

(လက်ရှိနိုင်ငံရေးအခြေနေအနေ။ အထူးသဖြင့် ဒီမိုကရေစီပြသာနာနဲ့ လူမျီုးစုပြသာနာဟာ ခေါင်းနဲ့ပန်း လို့ကပ်နေတဲ့အတွက် တပြိုင်တည်းဖြေရှင်းမှရမယ်လို့ ယုံကြည်ထားသူတွေအတွက် ခွန်ထွန်းဦးရဲ့ အမြင်ဟာ အရေးကြီးတယ်လို့ထင်ပါတယ်။ ဒါကြောင့် ထပ်ဆင့် ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါတယ်)

မြန်မာ့အရေး နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး 

By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 18 ဇန်နဝါရီ 2012, VOA

တိုင်းရင်းသားများ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစဉ်တစိုက် တင်ပြတောင်းဆိုနေခဲ့တဲ့ SNLD ရဲ့  ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဟာ နှစ်ရှည်ထောင်ဒဏ်ခံထားရမှ မကြာခင်က လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းပြောင်းလဲလာမှုအပေါ် သူ့အမြင် နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ရပ်တည်ချက်၊ ရှေ့ ခရီးတွေအကြောင်းကို ဦးကျော်ဇံသာ နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ဦးခွန်ထွန်းဦး အခုလို ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာလို့ အထူးဝမ်းမြောက်ပါတယ်။ အစတုန်းကတော့ ကျန်းမာရေးသတင်းတွေ တော်တော်လေးကြားသိခဲ့ရလို့။ အခုကတော့ ကျန်းကျန်းမာမာ ရှိတယ်ဆိုလို့ အထူးဝမ်းသာပါတယ်ခင်များ။ အခု မေးချင်တာကတော့ အခုလွတ်မြောက်လာပြီးနောက် ဦးခွန်ထွန်းဦးအတွက် နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အနာဂတ်ကို မေးချင်ပါတယ်။ SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပြီးရင် ဒုတိယမဲအများဆုံးရရှိ အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခုရလဒ်ကို ပစ်ပယ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုပြီး လုပ်နေပါတယ်။ SNLD ရဲ့  အနာဂတ်ကိုလည်း သိပါရစေ။
  










ဦးခွန်ထွန်းဦး ။ ။ မူတခုအနေနဲ့တော့ ဒီ ဥပဒေအရ ကျနော်တို့ ပြောရရင်တော့ ကျနော်တို့ပါတီကတော့ ဆက်သွားရမယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More