Sunday, March 1, 2026

“ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်း တောင်းဆို”

 https://youtu.be/wA_pOZVCDos?si=cFEuHf2h5w7Xumaz

“ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်း တောင်းဆို” (၂ မတ် ၂၀၂၆) မြန်မာစစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံနေရတာ ၅ နှစ်ကျော်လာပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွတ်ပေးဖို့ သားဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၂၈ က နော်ဝေနိုင်ငံ အော်စလိုမှာကျင်းပတဲ့ နော်ဝေရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံပွဲအပြီး BNN က မေးမြန်းစဉ် သူက ဒီလို ပြောကြားခဲ့တာပါ။ “ကျနော့် အမေကို ကျနော်နဲ့ တွေ့ခွင့်ပေးပါ၊ အမေ အသက်ရှင်နေသေးတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ တွေ့ခွင့်ပေးပါ၊ သူမကို ချက်ခြင်း လွတ်ပေးပါ။ ကျန်တဲ့ ဖမ်းဆီးခံအားလုံးကိုလည်း လွတ်ပေးပါ၊ သတ်ဖြတ်မှုတွေကို ရပ်တန့်ပါ” လို့ ကိုထိန်လင်းက တောင်းဆိုပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ အဆက်သွယ်မရတာ ၂ နှစ်ကျော်နေပြီ၊ တွေ့ခွင့်တောင်းထားတာကိုလည်း စစ်ကောင်စီက ဘာမှအကြောင်းမပြန်ဘူး။ အမေက အသက်လည်းကြီးနေပြီ၊ ကျန်းမာရေးကလည်း မကောင်းဘူး။ အသက် ၈၀ ကျော်အရွယ် အမျိုးသမီးတယောက် မြန်မာအကျဉ်းထောင်ထဲမှာ ဘယ်လို ဒုက္ခရောက်နေမလဲ... ခင်ဗျားတို့ စဉ်းစားကြည့်ပါ... လို့ သူက BNN ကတဆင့် စစ်ကောင်စီ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦https://www.youtube.com/c/BurmaNewsNe... ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More