Friday, June 24, 2022

Interview with Rebecca Saimawii on Burma Revolution Song.



နွေဦးတော်လှန်ရေးသီချင်းဆိုသူ အိန္ဒိယတေးသံရှင် Rebecca Saimawii နှင့် တွေ့ဆုံမေးမြန်းချက်
------------------------------------------------------------
(၂၄/၆/၂၀၂၂) 

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ငွေအားနဲ့ ရုပ်ဝတ္တုပိုင်းအကူအညီလိုအပ်နေသလို စိတ်ဓာတ်ရေးရာအရ ခွန်အားဖြစ်စေမယ့် အကူအညီတွေလည်းလိုအပ်နေတယ်လို့ နွေဦးတော်လှန်ရေး သီချင်းသီဆိုသူ အိန္ဒိယတေးသံရှင် Rebecca Saimawii ကပြောပါတယ်။

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့်မွေးနေ့ပွဲအပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ တွေ့ဆုံစဉ် သူမက အဲဒီလိုပြောခဲ့တာပါ။

တော်လှန်ရေးသမားတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေထဲက... ကမ္ဘာမကျေဘူး၊ အလိုမရှိ၊ အရေးကြီးပြီ၊ ခွန်အားဖြည့် မိငယ်၊ Everything will be Ok အပါဝင် တေးသီချင်းများစွာကို အဲဒီပွဲမှာ သူမက သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းတွေထဲက Everything will be Ok ကို ဦးစားပေးထားပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲဝင်နေသူတွေအတွက် စိတ်ဓာတ်ခွန်အား တစုံတရာ ရရှိမယ်လို့ မျှော်လင့်ပါတယ်။

(ဒီအစီစဉ်အတွက် ဝိုင်းဝန်းကူညီပေးခဲ့သော... အင်တာဗျုး- ဗီဒီယို ရိုက်ပေးတဲ့ ကိုဘိုဘို၊ သီချင်း ဗီဒီယို ရိုက်ပေးတဲ့ ကိုဂျာစတင်၊ ရုပ်-သံ ဖွိုင်တွေ အသုံးပြုခွင့်ပေးတဲ့ ပန်းခြံကော်မီတီနဲ့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်)။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More