Wednesday, June 8, 2022

Interview with Banya Khung Aung of KHRG on WFP.



“ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့အကူအညီ အရေးပေါ် လိုအပ်နေပါတယ်”

(ဗညားခွန်အောင်- ကရင်နီလူ့အခွင့်အရေးအဖွဲ့- KHRG)
--------------------------------------------------------------------
(၈/၆/၂၀၂၂)

မြန်မာနိုင်ငံရှိ ဒုက္ခသည်တသန်းကျော်ကို အကူအညီပေးတဲ့အခါ စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်တွေအပြင် ထိန်းချုပ်မှုပြင်ပနယ်မြေက ဒုက္ခသည်တွေကိုပါ ကူညီပေးဖို့လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ဗညားခွန်အောင် ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒုက္ခသည်တသန်းအထိရှိလာနေပြီလို့ UN က ကြေညာတာ၊ ကရင်နီဒေသရှိ လူ ၈ သောင်းကို အကူအညီတွေစတင်ပေးအပ်နေပြီလို့  WFP က ကြေညာတာအပါဝင် လတ်တလောရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသာနာ၊ လူသားချင်းစာနာမှုအခက်အခဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- နေရပ်စွန့်ခွာထွက်ပြေးနေရသူ တကယ့်အရေအတွက်ဟာ တသန်းထက် ပိုများနိုင်သလား...
- ကရင်နီဒေသရှိ လူဦးရေ ၄ သိန်းကျော်မှာ ဒုက္ခသည်က ၂ သိန်းအထိရှိနေတာ ဘာကြောင့်လဲ...
- ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ကူညီမှုဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေအတွင်းမှာပဲ ဘောင်ခတ်ခံထားရဆဲလား...
- စစ်ကောင်စီက ခွင့်မပြုရင် ထိုင်းဖက်ကနေ နယ်စပ်ဖြတ်ကူညီရေးကော ဖြစ်ပေါ်လာနိုင်သလား...
- အခု မိုးရာသီအစမှာ အရေးပေါ်အကူအညီ ဘာတွေလိုအပ်နေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More