Sunday, June 5, 2022

Interview with U Thein Oo of NUG on Justice.



“ပထမ အချက်က ဥပဒေနဲ့မညီဘူး၊ ဒုတိယ အချက်က နိုင်ငံရေး အာဃာတနဲ့ လုပ်တာဖြစ်တယ်” 

(ဦးသိန်းဦး- ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန- NUG)
-------------------------------------------------------------------------------
(၅/၆/၂၀၂၂)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ် ကိုဇေယျာသော်တို့ကို စစ်ကောင်စီဖက်ကနေ သေဒဏ်စီရင်မယ်လို့ ခြိမ်းခြောက်ပြောဆိုလာတာဟာ ဥပဒေနဲ့မညီတဲ့အပြင် နိုင်ငံရေးအာဃာတနဲ့ ဆောင်ရွက်တဲ့သဘောဖြစ်နေတယ်လို့ NUG တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ အခြား ၂ ဦးကို မကြာခင် သေဒဏ်စီရင်တော့မယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ခြိမ်းခြောက်ပြောဆိုပြီးနောက် လူထုအကြား စိတ်ဆိုးဒေါသထွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- စစ်ကောင်စီရဲ့ပြောဆိုမှုအပေါ် NUG ရဲ့ ကန့်ကွက်ချက်...
- ဒါဟာ စစ်ကောင်စီက လူထုကို အာရုံလွှဲတာလား...
- ပြည်တွင်း-ပြည်ပ ဝေဖန်မှုတွေနဲ့ နိုင်ငံတကာရဲ့ဖိအားတွေက ဒီသေဒဏ်ကို တားဆီးနိုင်မလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More