Wednesday, June 1, 2022

Interview with Bo Nagar. Part-1.



“ဒီစစ်တပ်ဟာ အရင် ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့တပ်တို့ထက် ပိုဆိုးနေတယ်”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)
--------------------------------------------------------------------
(၁-၆-၂၀၂၂)

စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့၊ လူသတ်လုပ်နေပုံတွေဟာ အရင် ကိုလိုနီခေတ်၊ ဖက်ဆစ်နယ်ချဲ့ခေတ်က တိုင်းတပါးတပ်တွေရဲ့ ရက်စက်မှုထက်တောင် ပိုဆိုးနေတယ်လို့ စစ်ကိုင်းတိုင်းက ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက နေစဉ်ပြုလုပ်နေတဲ့ ရွာမီးရှို့၊ လူသတ်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စစ်ကိုင်း-မကွေးဒေသက တိုက်ပွဲများရဲ့ နောက်ဆုံးအခြေအနေ...
- စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုများလေ-ရွာမီးရှို့ခံရမှုများလေ ဖြစ်နေသလား...
- အညာဒေသ မြို့နယ်အသီးသီးရှိ ပကဖ-PDF တွေ ဘယ်လို တိုက်ပွဲဝင်နေသလဲ...
- စစ်ပြေးရှောင်တွေအတွက် ဘယ်လိုအကူအညီတွေ လိုအပ်နေသလဲ...
- တိုင်းတပါးကျုးကျော်သူတပ်တွေထက် ပြည်တွင်းစစ်ကောင်စီတပ်က ဘာကြောင့် ပိုဆိုးနေတယ်လို့ စွပ်စွဲနေကြတာလဲ...
- စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လွတ်မြောက်ဒေသအဖြစ်ကြေညာပြီးရင် အဲဒီဒေသကို ကာကွယ်ဖို့ အားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့အကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More