Thursday, June 2, 2022

Interview with Bo Nagar. Part-2.



“မြေပြင်အနေအထားအရ စစ်ရေးကို ဦးစားပေး အားဖြည့်စေချင်ပါတယ်”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)
--------------------------------------------------------------------
(၂-၆-၂၀၂၂)

စစ်ကိုင်းနဲ့မကွေးတိုင်းက မြို့နယ် ၃၀ ကျော်ကို NUG အစိုးရက လွတ်မြောက်ဒေသအဖြစ်ကြေညာပြီးတဲ့နောက် ဒေသခံ PDF တွေကို စစ်ရေးအကူအညီ ဦးစားပေးဖြည့်ပေးဖို့ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းက ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

ကြားကာလ အုပ်ချုပ်ရေးချထားတဲ့ မြို့နယ် ၃၀ ကျော်ရဲ့ မြေပြင်အခြေအနေ၊ ဒေသခံ PDF တပ်တွေက နယ်မြေထိန်းချုပ်နိုင်မှုအနေအထားနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- စစ်တပ်က လေကြောင်းပစ်ကူကို လိုအပ်တာတွေ ပိုသုံးနေဆဲလား...
- ကြားကာလ အုပ်ချုပ်ရေးချထားတဲ့ မြို့နယ် ၃၀ ကျော်ကို ဒေသခံ PDF တွေက ဘယ်လို ကာကွယ်ပေးနေသလဲ...
- စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ PDF တွေမှာ လက်နက်အခက်အခဲ ရှိနေဆဲလား...
- လွတ်မြောက်နယ်မြေ ပိုများလာအောင်၊ တော်လှန်စစ် အရှိန်မြင့်လာအောင် ဘယ်လို ဝိုင်းကူညီနိုင်ကြမလဲ...
- စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More