Monday, June 13, 2022

Interview with Dr Zaw Wai Soe of NUG on EU trip.



“လက်နက်အပါဝင် တော်လှန်ရေးအတွက် လိုအပ်ချက်အားလုံးကို ကျနော်တို့ တင်ပြနေပါတယ်”

(ဒေါက်တာဇော်ဝေစိုး- ပြည်ထောင်စုဝန်ကြီး- NUG)
-------------------------------------------------------------------------
(၁၃/၆ /၂၀၂၂)

လက်နက်လိုအပ်ချက်အပါဝင် နွေဦးတော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်တွအားလုံးကို နိုင်ငံတကာအစိုးရတွေဆီ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနှင့် ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဥရောပခရီးစဉ်အဖြစ် နော်ဝေနိုင်ငံကိုရောက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ်ဇော်ဝေစိုးနဲ့ ဦးထင်လင်းအောင်တို့အဖွဲ့ကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် ဒေါက်တာဇော်ဝေစိုးက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- နော်ဝေနဲ့ ဥရောပခရီးစဉ်အတွင်း ဘာတွေ အကူအညီရခဲ့သလဲ...
- အမေရိကန်နဲ့ ဥရောပက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနေပြီလား...
- PDF တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လက်နက်အကူအညီ အလားအလာ ဘယ်လိုရှိသလဲ...
- CDM ဝန်ထမ်းတွေအတွက် NUG က ဘယ်လို ထောက်ပံ့ကူညီနေသလဲ...
- လွတ်မြောက်ဒေသနဲ့ အွန်လိုင်းပေါ်က NUG ရဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းအခြေအနေ ဘယ်လောက်အထိ တိုးတက်နေပြီလဲ...
- ၁၆ လတာ နွေဦးတော်လှန်ရေး ဘယ်အနေအထားအထိ ခရီးပေါက်နေပြီလဲ...
- စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက နော်ဝေရှိ မြန်မာမိသားစုနဲ့တွေ့ဆုံပွဲအပြီး  အဲဒီခန်းမထဲမှာ ဒီအင်တာဗျုးကို ပြုလုပ်တာဖြစ်တဲ့အတွက် နောက်ခံဆူညံအသံတွေ ပါနေတာကို တောင်းပန်အပ်ပါတယ်)။

အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More