Friday, June 17, 2022

Interview with Saw Taw Ni of KNU on SAC. Part-1.



“အာဏာသိမ်းထားသူတွေကို တရားဝင်အသိအမှတ်ပြုရမယ့်ဆွေးနွေးပွဲမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
------------------------------------------------------------
(၁၇/၆/၂၀၂၂)

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်စေမယ့် ဘယ်ဆွေးနွေးပွဲမျိုးကိုမဆို လက်ခံမှာမဟုတ်ဘူးလို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

စစ်ကောင်စီဥက္ကဌ ပထမ အကြိမ်ဖိတ်ခေါ်စဉ်က မတက်ရောက်ဘူးလို့ ငြင်းဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို အခု ရက်ပိုင်းမှာ ဒုတိယ အကြိမ် ထပ်မံဖိတ်ခေါ် တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို KNU က ဘာကြောင့် လက်မခံတာလဲ...
- တဖက်မှာ ဆွေးနွေးပွဲ ဖိတ်ခေါ်ပြီး အခြားတဖက်မှာ ထိုးစစ်ဆင်နေတာ ဘာသဘောလဲ...
- စကစ တပ်သားတွေ မဆုတ်တန်းခံစစ်စခန်းတွေကို စွန့်ခွာထွက်ပြေးနေတာ ဘာကြောင့်လဲ...
- မိုးတွင်းကာလမှာ လေကြောင်းပစ်ကူ အလုပ်ဖြစ်ပါတော့မလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၁၆ လတာ ကာလအတွင်း ပြည်ပက လက်နက်အကူအညီမရသေးလို့ ကိုယ်တိုင်တီထွင်နေရမှုအပေါ် သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More