Friday, March 11, 2022

Interview with Pahoh Saw Tawni of KNU. Part-2 edit.


“ဒီနေ့ကာလမှာ ဘယ်မိဘကမှ သူ့သားသမီးကို စစ်ကောင်စီတပ်ထဲ မပို့ချင်ကြပါဘူး”

(ပဒိုစောတေနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
-----------------------------------------------------------------------
(၁၁/၃/၂၀၂၂)

“အကုန်ရှို့၊ အကုန်သတ်” မူဝါဒနဲ့ သောင်းကျန်းနေမှုအပေါ် လူထုက မုန်းတီးလာနေတဲ့အတွက် စစ်ကောင်စီတပ်ဟာ တပ်သားသစ်စုဆောင်းရေးအတွက် အလွန်အခက်တွေ့နေတယ်။ ဒီအချိန်မှာ စစ်ရေးအရဖိအားပေးတိုးပေးပြီး စစ်ကောင်စီတပ် ပြိုဆင်းလာ အောင်လုပ်ဖို့လိုနေတယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ “အကုန်ရှို့၊ အကုန်သတ်” မူဝါဒနဲ့ စစ်ဆင်နေပြီး မြေပြင်တပ်အစား လေကြောင်းကဗုံးကျဲတိုက်ခိုက်မှုဖက် ဦးစားပေးလာနေတာ၊ မြေပြင်တပ်တွေရဲ့ စွမ်းရည်ကျဆင်းလာနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- KNU နဲ့ NUG ကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...
- PDF တွေအတွက် လက်နက်အခက်အခဲကို ဘယ်လိုဖြေရှင်းပေးနေသလဲ...
- စစ်ကောင်စီဖက်က ထွက်ပြေး၊ ကျဆုံး ဘယ်လောက်များနေသလဲ...
- ရုရှားရဲ့ကျုးကျော်စစ်ကို စစ်ကောင်စီက ထောက်ခံခြင်းအပေါ် KNU က ဘယ်လိုမြင်သလဲ...
- စစ်ဆင်ရေးကာလမှာ တော်လှန်ရေးသမားတွေ ခြေသံလုံဖို့ ဘယ်လောက်အရေးကြီးသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More