Thursday, March 10, 2022

Interview with Padoh Saw Taw Ni of KNU. Part=1 edit



“နယ်စပ်တိုက်ပွဲက စစ်ကောင်စီရဲ့ နှလုံးသားကို မထိဘူူး၊ မြို့ပြတိုက်ပွဲ ဖေါ်ဖို့လိုပါတယ်”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------------------------------------
(၁၀-၃-၂၀၂၂)

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေအရှိန်မြင့်နေပေမယ့် ဒါဟာ နေပြည်တော်နဲ့ဝေးလွန်းတာကြောင့် စစ်ကောင်စီရဲ့ နှလုံးသားကိုမထိဘူး၊ ခြေတွေ လက်တွေလောက်ကိုပဲ ထိစေတယ်။ စစ်ကောင်စီရဲ့နလုံးသားကို ထိစေချင်ရင် မြို့ပြတိုက်ပွဲဖေါ်ဖို့လိုတယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်အနီးရှိ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်ကို စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ဗုံးကျဲတာအပါဝင် နယ်စပ်ဒေသက တိုက်ပွဲအခြေအနေ၊ EAO နဲ့ PDF တွေကြား ပူူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- လေးကေကော်ကို စစ်ကောင်စီက ဘာကြောင့် ထပ်မံဗုံးကျဲတိုက်ခိုက်တာလဲ...
- ဂျပန်နီပွန်ဖောင်ဒေးရှင်းတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ချင်းမိုင်မှာ တွေ့ဆုံတာ ဘာတွေထူးသလဲ...
- ကေအန်ယူ ထိန်းချုပ်နယ်မြေထဲက စစ်ကောင်စီ ဝန်ထမ်းတွေ ထွက်ခွာပြီး နောက်ပိုင်း ဘာတွေဆက်ဖြစ်နေသလဲ...
- နယ်စပ်တိုက်ပွဲအပြင် တနိုင်ငံလုံး ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်အောင် NUCC တပ်ပေါင်းစုက ဘာတွေဆောင်ရွက်နေသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF တွေအတွက် လက်နက်အခက်အခဲရှိနေတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးနေသလဲ- အကြောင်းပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More