Monday, March 7, 2022

Interview with Bo Nagar. Part-1



“စစ်တပ်လက်ထဲကနေ တိုင်းပြည်ကိုလွတ်မြောက်ဖို့ကြိုးစားရတာဟာ ဘီလူးမလက်ထဲက ကလေးကို ပြန်လုနေရသလိုဖြစ်နေတယ်”

(ဗိုလ်နဂါး- မြန်မာ့တော်ဝင် နဂါးတပ်တော်- MRNA)
----------------------------------------------------------------------------------
(၇/၃/၂၀၂၂)

စစ်ကောင်စီတပ်တွေဟာ လူ့အသက်ကိုတန်ဖိုးမထားပဲ ရွာတွေကိုမီးရှိ့ု၊ လူတွေကို သတ်ချင်သလိုသတ်ဖြတ်နေတဲ့အတွက် စစ်တပ်လက်ထဲကနေ တိုင်းပြည်လွတ်မြောက်ရေး ဆောင်ရွက်ရတာဟာ မြန်မာဖတ်စာထဲသင်ဖူးတဲ့ ဘီးလူမလက်ထဲက ကလေးကို ပြန်လုရသလိုဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က PDF တပ်မှူးတဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်တိုက်လုပ်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲနောက်ဆုံးအခြေအနေ...
- ရွာမီးရှို့၊ လူတွေဖမ်းဆီးသတ်ဖြတ်ခံရမှု အနေအထား...
- စစ်ပြေးဒုက္ခသည်တွေကို ဘယ်သူတွေက ကူညီပေးနေသလဲ...
- စစ်ကိုင်းတိုင်းအပြင် တနိုင်ငံလုံး တပြိုင်တည်းတော်လှန်နိုင်အောင် တာဝန်ရှိသူတွေက ဘယ်လိုဆက်စပ် ဆောင်ရွက်ပေးသင့်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကိုင်းတိုင်းက တော်လှန်ရေးအပေါ် NUG နဲ့ EAO တွေက ဘယ်လို ထောက်ပံ့ကူညီပေးနေသလဲ...ဆိုတဲ့ ဆွေးနွေးချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More