Monday, March 14, 2022

Interview with Bo Hla Tint on NDAA. Part-1



“ဒီငွေတွေကို PDF အတွက် တိုက်ရိုက်သုံးစွဲဖို့ခက်ပေမယ့် သွယ်ဝိုက်ပြီး အထောက်အကူဖြစ်စေပါတယ်”

(ဦးဘိုလှတင့်- NUG အာဆီယံဒေသဆိုင်ရာ သံအမတ်)
-------------------------------------------------------------------------
(၁၄/ ၃/ ၂၀၂၂)

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်လွှတ်တော်က ထောက်ပံ့မယ့် ဒေါ်လာ ၁၃၆ သန်းကို PDF တွေအတွက် တိုက်ရိုက်သုံးစွဲဖို့ ခက်ခဲနိုင်ပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့ နွေဦးတော်လှန်ရေးကို အများကြီးတွန်းအားဖြစ်စေပါတယ်လို့ NUG ရဲ့ အာဆီယံ ဒေသဆိုင်ရာသံအမတ် ဦးဘိုလှတင့်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရရှိရေး ဆောင်ရွက်နေသူတွေကို ကူညီထောက်ပံ့ငွေ ဒေါ်လာ ၁၃၆ သန်းပေးဖို့ အမေရိကန်လွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- အခုထောက်ပံငွေဟာ ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်ဥပဒေ NDAA ရဲ့ ပထမ အဆင့်လား...
- ထောက်ပံ့ငွေအပြင် NUG, CRPH, NUCC အပေါ် အသိအမှတ်ပြုရေး အလားအလာက ဘယ်လိုရှိသလဲ...
- ဒီငွေတွေကို ဘယ်နေရာတွေမှာ ဦးစားပေးအသုံးပြုမှာလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(ဥရောပ ပါလီမန်အပါဝင် နိုင်ငံအတော်များများရှိ ပါလီမန်တွေက NUG, CRPH, NUCC တွေအပေါ် အသိအမှတ်ပြုရေး ဆွေးနွေးချက်ပါဝင်မယ့် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More