Tuesday, March 8, 2022

Interview with Bo Nagar. part-2.



“တိုက်ပွဲကို ဘေးကနေ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူး၊ တက်ညီလက်ညီ ဝင်ပါဖို့လိုပါတယ်”

(ဗိုလ်နဂါး- မြန်မာ့တော်ဝင် နဂါးတပ်တော်- MRNA)
----------------------------------------------------------------------------------
(၈/၃/၂၀၂၂)

နွေဦးတော်လှန်ရေး တနှစ်ကျော်လာပြီဖြစ်ပေမယ့် အချို့ဟာ ဘေးကနေ လက်ခုပ်တီးတာပဲဆောင်ရွက်နေပြီး ကိုယ်တိုင်ဝင်ပါတာ မရှိသေးဘူူး။ အချို့ဒေသတွေရှိ EAO တွေက တိုက်ပွဲမဖေါ်သေးဘူး၊ ဒါကြောင့် ဒီအချိန်မှာ ဒီနှစ်ခုကို အရှိန်မြင့်ဖို့လိုနေတယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က PDF တပ်မှူးတဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့မကွေးနယ်စပ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ်ဖက်မှာပဲ တိုက်ပွဲတွေဖြစ်နေပြီး အခြားဒေသတွေမှာ ငြိမ်နေတဲ့အပေါ်၊ တိုက်ပွဲတွေက တနိုင်ငံလုံး ဟန်ချက်ညီမဖေါ်နိုင်သေးတဲ့အပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- စစ်ကိုင်းတိုင်းအတွင်း စစ်ပြေးဒုက္ခသည်ဘယ်လောက်များနေပြီး ဘယ်လိုကူညီပေးသေနလဲ...
- တနှစ်တာ တိုက်ပွဲကာလအတွင်း နှစ်ဖက် ကျဆုံးမှု ဘယ်လိုရှိသလဲ...
- အခုနှစ်အတွင်း ခုခံစစ်ကနေ ထိုးစစ်ဆင်မယ်ကြေညာထားတဲ့ NUG က ရှေ့တန်းရောက် PDF တွေကို ဘယ်လိုအကူအညီတွေပေးနေသလဲ...
- အချို့ EAO တွေက အခုထိ တိုက်ပွဲမဝင်သေးတာ ဘာကြောင့်လဲ...
- လက်ခုပ်တီးပြီး အားပေးနေရုံနဲ့မရဘူးလို့ ဘာကြောင့်ပြောတာလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More