Friday, March 4, 2022

Interview with Bo Hla Tint on ASEAN envoy's trip. part-1



အာဆီယံ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေအပေါ် ဦးဘိုလှတင့်နှင့် မေးမြန်းချက်
-----------------------------------------------------------------
(၅/၃/၂၀၂၂)

အာဆီယံဟာ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် NUG နဲ့  တွေ့ဖို့အရေးကို ကိုယ်ဘာသာဆုံးဖြတ်ရမှာဖြစ်ပြီး စစ်ကောင်စီထံမှာ ခွင့်ပြုချက်တောင်းစရာမလိုဘူးလို့ အာဆီယံဒေသဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။ 

မတ်လ ၂၀ ရက်နေ့မှာ နေပြည်တော်ကိုသွားဖို့ပြင်နေတဲ့ အာဆီယံအထူးသံတမန်သစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- အာဆီယံအထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဉ်အပေါ် NUG က ဘယ်လိုရှုမြင်ထားသလဲ...
- NUG နဲ့တွေ့ခွင့်ပြုဖို့အရေး အာဆီယံက စစ်ကောင်စီထံ တောင်းဆိုတာဟာ နည်းလမ်းမှန် ဟုတ်ပါရဲ့လား....
- ကုလသမဂ္ဂ သံအမတ်နေရာအပြင် အခြား ဘယ်နေရာတွေမှာ NUG ကို တရားဝင်အသိအမှတ်ပြုမှုတိုးလာနေသလဲ...
- အမေရိကန်လွှတ်တော်က NUG ကို အသိအမှတ်ပြုရေး အလားအလာကော ဘယ်လိုရှိသလဲ...  စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရုရှားရဲ့ ကျုးကျော်စစ်အပေါ် NUG ရဲ့အမြင်၊ ယူကရိန်းတော်လှန်ရေးခေါင်းဆောင်တွေနဲ့ မြန်မာနွေဦးတော်လှန်ရေးခေါင်းဆောင်တွေကြား ဘာကွာသလဲဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကို ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More