Friday, February 26, 2016

Disc နဲ့ ရိုးရိုးဘီး ဘယ်ဟာက ပိုကောင်းသလဲ...။

Disc နဲ့ ရိုးရိုးဘီး ဘယ်ဟာက ပိုကောင်းသလဲ...။
...
Disc ဘီးတွေကို နိုင်ငံတကာပွဲတွေမှာ တရားဝင်သုံးစွဲခွင့်ပြုကြောင်း UCI က မနှစ်ကစတင်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်နိုင်ငံတကာပွဲတွေမှာ Disc သုံးတဲ့ အသင်းတချို့ပါဝင်လာတာတွေ့ရပါတယ်။

ဒါပေမဲ့ နည်းပညာသမားတွေကြားမေးခွန်းထုတ်နေတာက တာဝေးပွဲတွေမှာ မတော်တဆ ဘီးပေါက်လို့ (ဥပမာ မနေ့ကဖြစ်ခဲ့တဲ့ Boasson Hagen လို အဖြစ်မျိုးဆိုရင်) ပြန်ဖြုတ်အသစ်လဲမယ်ဆိုရင် ရိုးရိုးဘီးတွေ ဖြုတ်လဲတာ ထက် အချိန်ပိုကြာသွားမလား ဆိုတာပါ။
Disc ဘီးသုံးသူတွေကတော့ မကြာပါဘူး။ အတူတူလောက်ပဲရှိပါတယ်။ အလွန်ဆုံးကြာမှ ၁၄ စက္ကန့်တည်းပါတဲ့။ ရိုးရိုးဘီးတွေက အဲလောက်တော့ မကြာဘူးထင်တာပဲ။ ၁၄ စက္ကန့်ဆိုတာ ဒီတိုင်းထိုင်နေချိန်မှာ ဘာမှမသိသာ ပေမဲ့ တနာရိ ကီလို ၆၀ နှုန်းလောက်နဲ့သွားနေတဲ့ စက်ဘီးအုပ်ထဲကနေ ဘီး ပေါက်လို့ ၁၄ စက္ကန့်ကြာခဲ့ပြီဆိုရင် အဲဒီအုပ်ကို အမီပြန်လိုက်ဖို့ဆိုတာ အသင်း ဖေါ်တွေကသာ မကယ်ဘူးဆိုရင် မတွေးဝံ့စရာပါပဲ။
ဟောဒီမှာ ဗွီဒီယို ဖွိုင်များကိုလေ့လာတော်မူပါ။
သေချာတာတော့ မဟာအဆင့်မြင့်၊ မဟာတန်ဖိုးကြီး စက်ဘီးတွေအကြောင်း ရေးနေ၊ ဘာသာပြန်ပေမဲ့ စာရေးသူကို်ယ်တိုင်မှာတော့ ၁၉၈၈ တုန်းက စီးခဲ့ဖူး တဲ့ လက်ချိုးဘီးအဆင့်ကနေ မတက်နိုင်သေးပါ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More