Monday, February 22, 2016

ေရခဲရဲတုုိက္နွင့္ အာတိတ္စက္၀ုုိင္းဆီ ခရီးသြားျခင္း (၂)

Sunday Travel, The Voice Daily, 21-02-2016.

ေဘာလတစ္ပင္လယ္ေဘးက ျမန္မာကုုန္စုုံဆုုိင္ 

စုုစုုေႏြးေက်ာင္းကအျပန္ ေနာက္တရက္မွာေတာ့ ဖင္လန္ခရီးစဥ္ရဲ့ အဓိကဦးတည္ခ်က္ျဖစ္တဲ့ ဟုုိးေျမာက္ဖက္အစြန္းက (Arctic Circle) အာတိတ္စက္၀ုုိင္းျဖတ္သြားတဲ့ ၆၆.၃၃ ဒီဂရီ လာဒ္တီၾကဴမ်ဥ္းရွိ တဲ့ေနရာ၊ Santa Claus (ခရစ္စမတ္ဘုုိးဘုုိး) ရြာရွိတဲ့ေနရာ၊ ေျမာက္ပုုိင္းေရာင္ျခည္ (Northern Light) ကုုိျမင္နုုိင္တဲ့ေနရာဆီ က်ေနာ္တုုိ႔ ဆက္လက္ခ်ီတက္လာပါတယ္။ 


အာတိတ္စက္၀ုုိင္းဆီ ဦးတည္လုုိက္ျပီဆုုိေပမဲ့ ထုုံးစံအတုုိင္း လမ္းတေလ်ာက္မွာရွိတဲ့ ရဲေဘာ္ေဟာင္းေတြရဲ့ ေနအိမ္ေတြကိုုေတာ့ ဒီတုုိင္းေက်ာ္သြားလုုိ႔ ဘယ္ျဖစ္မလဲ။ ၁၉၉၇ မင္းသမီးခစန္းက်ျပီးကတည္းက ေတြ႔ခြင့္မရေတာ့တဲ့ ရဲေဘာ္ေတြကိုု သူတုုိ႔နုုိင္ငံဆီေရာက္တုုန္း ျဖစ္ေအာင္ေတြ႔မယ္လုုိ႔ဆုုံးျဖတ္ျပီး ပထမ ဆုုံးဦးတည္လုုိက္တဲ့ေနရာက ဖင္လန္နဲ႔ ဆြီဒင္နယ္စပ္အနီး ေဘာလတစ္ပင္လယ္ေဘးနားက Vaasa ျမိဳ့ွရွိ ကိုုမုုိးေဇာ္ေအာင္ရဲ့အိမ္။

ကားမထြက္ခင္ GPS မွာ ခ်က္ၾကည့္လုုိက္ေတာ့ ကုုိေအာင္ေမာ္အိမ္ရွိတဲ့ Mikkeli ျမိဳ့နဲ႔ Vaasa က ကီလုုိမီတာ ၃၉၆ ေ၀းျပီး ေမာင္းခိ်န္ နာရီၾကာမယ္တဲ့။ ဒါက ေႏြရာသီပုုံွမွန္အေနအထားမွာ ၾကာနုုိ္င္တဲ့အခ်ိန္။ အခုုက နွင္းေတြက်ျပီး ျမဴေတြဆုုိင္းေနတယ္ဆုုိေတာ့ မုုိးမခ်ဳပ္ခင္ေတာင္ ေရာက္ပါ့ မလားမသိပါ။ တခ်ိန္တည္းမွာပဲ အေနာက္တုုိင္းသားေတြဟာ စက္ပစၥည္းေတြအေပၚယုုံၾကည္မႈ မ်ားလြန္းေနသလားဆုုိျပီး စဥ္းစားမိပါတယ္။ 

ဟုုတ္တယ္ေလ၊ အခုုခရီးစဥ္ကုုိ ဘယ္သူမွမေရာက္ဖူးေတာ့ GPS က ျပတဲ့အတုုိင္းေမာင္းရမွာ။ လုုိင္းမမိ တဲ့ေနရာ၊ လမ္းျပင္ေနတဲ့ေနရာ၊ စက္ပ်က္သြားတဲ့ေနရာေတြဆုုိ ဘယ္လုုိလုုပ္မလဲ။ ‘’ေတာထဲမွာတုုန္းကလုုိ ရြာသူၾကီးကုုိ လမ္းျပေခၚသြားလုုိ႔မရဘူးဆုုိေတာ့လဲ နည္းပညာကိုုပဲ စိတ္ခ်ယုုံၾကည္စြာအားကိုုးရေတာ့ မွာေပါ့ေလ’’ ဆုုိျပီး အခ်င္းခ်င္း ေနာက္ေျပာၾကပါေသးတယ္။



ေရွ့ခံုုမွာထုုိင္ျပီး ကင္မရာတလုုံးနဲ႔ ဟုုိရုုိက္ဒီရုုိက္ လုုပ္ေနတဲ့က်ေနာ္က အပန္းမၾကီးေပမဲ့ ကီလုုိမီတာ ၄၀၀ ေလာက္ကုုိ နွင္းေတာထဲျဖတ္ျပီး တေယာက္တည္းေမာင္းရတဲ့ ကိုုေအာင္ေမာ္က အေတာ္စိတ္ပင္ပန္းေန မွာေပါ့။ ကိုုဖုုိးခ်ဳိကလည္း ၾသစီမွာ ကားေမာင္းကြ်မ္းေပမဲ့ ဒီလုုိနွင္းေတာထဲမွာေတာ့ သူမေမာင္းရဲဘူးလုုိ႔ ေျပာပါတယ္။

ဒီလုုိနဲ႔ ေတာင္-ေျမာက္တန္းေနတဲ့ ဟုုိက္ေ၀းလမ္းမၾကိးေပၚ ကားကုုိသတိထားေမာင္းလုုိက္၊ ဗုုိက္ဆာတဲ့ အခ်ိန္ လမ္းေဘးက ဓာတ္ဆီဆုုိင္ေတြ၊ စားေသာက္ဆုုိင္ေတြဆီ၀င္လုုိက္နဲ႔ ခရီးနွင္းခဲ့တာ နာရီ ေလာက္မွ Vaasa ျမိဳ့ဆီ ေရာက္ပါတယ္။ ကုုိမုုိးေဇာ္ေအာင္ရဲ့ ထူးျခားခ်က္ကေတာ့ တတိယ နုုိင္ငံေရာက္ လူမ်ားစုုလုုိ သက္ဆုုိင္ရာအစိုုးရကစီစဥ္ေပးတဲ့ ဆာ့ဗစ္ အလုုပ္ေတြကိုု ၀င္လုုပ္တာမ်ဳိးမဟုုတ္ပဲ ကုုိယ္ပုုိင္စီးပြါးေရးအျဖစ္ အာရွကုုန္စုုံဆုုိင္ၾကီးတခုု ေထာင္ထားျခင္းပါပဲ။ 

အေမရိကားဖက္ေရာက္သြားတဲ့ ရဲေဘာ္ေဟာင္းတခ်ဳိ႔ ကုုိယ္ပုုိင္စူရွိဆုုိင္နဲ႔ စီးပြါးျဖစ္ၾကတယ္လုုိ႔ၾကားရေပမဲ့ ဥေရာပမွာေတာ့ ကုုိယ္ပုုိင္စီးပြါးေရးလုုပ္သူ မရွိသေလာက္ပါပဲ။ ကုုိမုုိးေဇာ္ေအာင္ဟာ က်ေနာ္ေတြ႔ဖူးတဲ့ ပထမဆုုံး ေနာ္ဒစ္နုုိင္ေတြထဲက ကုုိယ္ပုုိင္ လုုပ္ငန္းရွင္ပါ။ ထားေတာ့။ ဒါကအမ်ားစိတ္၀င္စားနုုိင္တဲ့ ကိစၥမုုိ႔ေရးၾကည့္တာပါ။ 

က်ေနာ္တုုိ႔ခ်င္းေတြ႔တဲ့အခ်ိန္မွာေတာ့ တေယာက္ခ်င္းစီရဲ့ စီးပြါးေရးကိစၥကိုုေျပာဖုုိ႔အခ်ိန္မရ၊ ၁၀ နွစ္ ေက်ာ္ၾကာကဲြကြာေနတဲ့ကာလအတြင္း ၾကံဳေတြ႔ ခဲ့ရတာေတြ၊ အထူးသျဖင့္ မင္းသမီးခစန္းခြာစစ္မွာ ဘယ္လုုိဆုုတ္ခဲ့ရတယ္၊ ထုုိင္းနယ္စပ္မွာ ဘယ္လုုိအဖမ္းခံခဲ့ရတယ္။ ဘယ္သူက ဘယ္မွာအဖမ္းခံရျပီး အခုု ဘယ္နုုိင္ငံမွာေရာက္ေနတယ္ဆုုိတဲ့ ေရွးေဟာင္းေနွာင္းျဖစ္ေတြကသာ လႊမ္းမုုိးထားခဲ့ပါတယ္။

ေရမွာအရုုပ္ေရးလုုိ႔မရေပမဲ့ ေရခဲကုုိပန္းပုုထုုရင္ ကမၻာေက်ာ္နုုိင္တယ္

ညလုုံးေပါက္နီးပါး ေရွးေဟာင္းေနွာင္းျဖစ္ေတြေျပာရင္းနဲ႔ ေနာက္တေန႔မနက္အိပ္ရာထေတာ့ နာရီ ေက်ာ္ေနျပီ။ ဒီေန႔အတြက္ခရီးစဥ္က Kemi ျမိဳ့ရွိ ေရခဲရဲတုုိက္ဆီ။ ထုုံစံအတုုိင္း ခရီးမစခင္ GPS မွာ ခ်က္လုုိက္ေတာ့ ၄၂၄ ကီလုုိ မီတာ၊ ေမာင္းခ်ိန္ နာရီခြဲေလာက္ၾကမယ္တဲ့။ အင္း…  ဖင္လန္လဲ ေနာ္ေ၀းနဲ႔ ဆြီဒင္လုုိပဲ ေတာင္နဲ႔ေျမာက္ အေတာ္ရွည္တဲ့နုုိင္ငံတခုုပါလား။ ဒါေပမဲ့ကိစၥမရွိ၊ အဲဒီျမိဳ့မွာလည္း မင္းသမီး စခန္းကရဲေဘာ္ၾကီး ကုုိရဲမင္းေအာင္က လာၾကိဳေနပါလိမ့္မယ္။


ရာသီဥတုုက ေျမာက္ပုုိင္းေရာက္ေလ ပုုိေအးေလပါပဲ။ ျမိဳ့ေတာ္ဟယ္စင္ကီမွာ အနႈတ္ ၂၀ ျဖစ္ေနလုုိ႔ စိတ္ညစ္ေနတဲ့က်ေနာ္ အခုု Kemi မွာ အနႈတ္ ၃၀ ေလာက္ရွိေနတာကိုု အထူးအဆန္းျဖစ္မေနေတာ့ပါ။ ဘယ္ေလာက္အထိ ေအးသလဲဆုုိရင္ ဖင္လန္နဲ႔ ဆီြဒင္နုုိင္ငံၾကားရွိ (Baltic Sea) ေဘာလတစ္ပင္လယ္ ၾကီးေတာင္ ေရခဲျပင္ျဖစ္သြားတဲ့အထိပါပဲ။ အဲဒီ ပင္လယ္ကမ္းစပ္က ေရခဲတုုန္းေတြကိုု တူးယူျပီး ဒီေရခဲရဲတုုိက္ၾကီးကိုုေဆာက္ထားတာလုုိ႔ Kemi ျမိဳ့သား ၾကီး ကိုုရဲမင္းေအာင္က က်ေနာ္တုုိ႔ကိုု ရွင္းျပေနပါတယ္။

ကမၻာ့အၾကီးဆုုံးစာရင္း၀င္ ဒီေရခဲရဲတုုိက္ကုုိ နွစ္စဥ္ေဆာင္းရာသီမွာေဆာက္ေလ့ရွိျပီး ပီသုုကာပညာရွင္ကုုိ ေတာ့ တနွစ္တေယာက္ေျပာင္းေလ့ရွိတယ္ဆိုုပါတယ္။ ၁၉၉၆ တုုန္းက ဒီရဲတုုိက္ဆီလာတည္တဲ့ဧည့္သည္ သိန္းအထိရွိခဲ့တယ္လိုု႔မွတ္တမ္းထဲေတြ႔ပါတယ္။ ရဲတုုိက္၀င္းအက်ယ္က မီတာ တေသာင္းခဲြခန္႔ရွိျပီး အျမင္ဆုုံးတာ၀ါက မီတာ ၂၀ နဲ႔ အရွည္ဆုုံးနံရံက မီတာ ၁၀၀၀ ရွိပါတယ္။ ဒါက အျပင္ကေန ျမင္ရ တဲ့ျမင္ကြင္း။

အထဲကုုိ၀င္သြားမယ္ဆုုိရင္ေတာ့ မီးေရာင္စုုံနဲ႔လွပခန္႔ျငားေနတဲ့ ေရခဲျပခန္းနဲ႔ ေရခဲဟုုိတယ္ကုုိ ေတြ႔ရမွာပါ။ အပူပုုိင္းေဒသကလာတဲ့ ျမန္မာနုုိင္ငံသားတဦးအဖုုိ႔ ေရခဲနဲ႔ ေဆာက္ထားတဲ့ ဟုုိတယ္ေပၚ သြားအိပ္ဖုုိ႔ဆုုိတာ ဘယ္လုုိမွ စိတ္ကူးနဲ႔ပုုံေဖၚလုုိ႔ မရနုုိင္ပါ။ ဒါေပမဲ့ ဒီအရပ္မွာေတာ့ ေရခဲနဲတုုိက္ေဆာက္နုုိင္ေလာက္ေအာင္ ရာသီဥတုုအေနအထားေရာ၊ နည္းပညာပါရွိျပီးသားဆုုိေတာ့ သိပ္ခက္ပုုံမရပါ။

"Die another day’’ ဆုုိတဲ့ ဂ်ိမ္းစ္ဘြန္းကားထဲက ေရခဲဟိုုတယ္နဲ႔တူတယ္လုုိ႔ေျပာရင္ ပရိတ္သတ္မ်က္စီထဲ ပုုိေပၚလြင္မယ္ထင္ပါတယ္။ ေရခဲနဲ႔ေဆာက္ထားတယ္ဆုုိတဲ့အတုုိင္း သစ္ေခ်ာင္းေတြ၊ သံေတြ ဘာမွကုုိ မပါပါ။ ဒါၾကီးျပိဳက်လာရင္ေတာ့ ဒုုကၡပဲလုုိ႔ ရဲတုုိက္ထဲ၀င္စမွာ ေတြးပူမိေပမဲ့ အထဲေရာက္သြားတဲ့အခါမွာ ေတာ့ စုုိးရိမ္စိတ္မရွိေတာ့ပါ။ ေရခဲတုုိင္ေတြ၊ ေရခဲမ်က္နွာက်က္ေတြေပၚမွာ လွ်ပ္စစ္ေရာင္စုုံမီးေတြကိုု ဘယ္လုုိထည့္ထားမွန္းမသိ။ ေရခဲထဲကေန မီးေရာင္းထြက္ေနတဲ့ပုုံက ဘာနဲ႔နႈိင္းျပရမွန္းမသိေအာင္ လွပေန ပါတယ္။


ေနာက္ထပ္သတိထားမိတာက ေရခဲအမွတ္ေအာက္ ၃၀ ဒီဂရီစင္တီဂရိတ္က်ေနလုုိ႔ အျပင္မွာေသြးခဲေအာင္ ေအးေနေပမဲ့ ေရခဲရဲတုုိက္ထဲေရာက္ေတာ့ အဲဒီေလာက္ေအးတယ္လိုု႔ မခံစားရေတာ့ပါ။ ေလလုုံသြားတာ ေၾကာင့္ျဖစ္မယ္ ထင္ပါတယ္။ ဒါေပမဲ့ ဒီရဲတုုိက္တြင္းက အေအးခ်ိန္ကုုိေတာ့ အျမဲတန္း အနႈတ္ ၁၀ ၀န္း က်င္ရွိေနေအာင္ ထိမ္းထားရပါတယ္။ အဲဒီထက္ပူျပီး အနႈတ္ တိုု႔၊ အေပါင္း တုုိ႔ျဖစ္သြားရင္ ေရခဲေတြအရည္ေပ်ာ္ျပီး ဒီရဲတုုိက္ထဲကလူေတြ ပိတ္မိသြားမွာေပါ့။

ဘ၀မွာ တခါမွမျမင္ဖူးတဲ့၊ စိတ္ကူးထဲေတာင္ မေတြးမိဖူးတဲ့ ေရခဲျပန္ခန္းအမ်ဳိးမ်ဳိးကိုုၾကည့္ျပီးတဲ့ေနာက္ ေရခဲစားေသာက္ဆုုိက္မွာ ခဏထုုိင္ပါတယ္။ ဒီလုုိေရးလုုိက္လိုု႔ ျမန္မာျပည္မွာလုုိ ေရခဲျခစ္ေရာင္းတဲ့ဆုုိင္လုုိ႔ မထင္လုုိက္ပါနဲ႔။ ေရခဲနဲ႔လုုပ္ထားတဲ့ စားပဲြေတြ၊ ထုုိင္ခုုံေတြေပၚမွာ စားေသာက္ရတဲ့ဆုုိင္ကိုု ဆုုိလုုိတာပါ။ စားစရာ၊ ပန္းကန္နဲ႔ ဇြန္းေတြကိုုေတာ့ ေရခဲနဲ႔ လုုပ္မထားပါဘူး။

ေအးစက္ေနတဲ့ ေရခဲတုုံးထုုိင္ခံုုေပၚမွာ ၀က္၀ံသေရလုုိမ်ဳိး အေမြးပြေစာင္ခင္းေပးထားတဲ့အတြက္သာ ေတာ္ပါေတာ့တယ္။ အဲဒီလုုိ သိပ္ေအးေနတဲ့အခ်ိန္မွာ ေကာ္ဖီပူပူထည့္ထားတဲ့ခြက္ကုုိ လက္ဖ၀ါးနဲ႔ ကုုိင္ထားစဥ္ စီး၀င္လာတဲ့ အပူခ်ိန္က လူကုုိ အေတာ္ေႏြးေထြးေစပါတယ္။ ျမင္ေလရာမွာ ေရခဲခ်ည္းျဖစ္ ေနေတာ့ ေရနဲ႔ပတ္သက္ျပီး ခပ္ေၾကာင္ေၾကာင္းအေတြးတခုုက ေခါင္းထဲ၀င္လာပါတယ္။ ‘’ေရမွာ အရုုပ္ေရး လုုိ႔မရဘူးဆုုိေပမဲ့ အဲဒီေရကိုု ခဲေအာင္လုုပ္ျပီး ပန္းပုုထုုလုုိက္ရင္ အခုုလုုိ ကမၻာေက်ာ္သြားနုုိင္တယ္’’ မဟုုတ္ ပါလား။

ဖင္လန္-ျမန္မာ အဘိဓာန္နဲ႔ ေရခဲျပင္က ျမန္မာအသစ္မ်ား

ထူးဆန္းလွတဲ့ ေရခဲရဲတုုိက္က ျပန္အထြက္မွာေတာ့ ကုုိရဲမင္းေအာင္ရဲ့ အိမ္ဆီ၀င္လည္ျဖစ္ပါတယ္။ ေတာထဲမွာတုုန္းက အဂၤလိပ္စာေလ့လာေရးကိုု စိတ္၀င္စားတဲ့ကုုိရဲမင္းေအာင္ဟာ အခုုေတာ့ ဖင္လန္စကားအေတာ္ကြ်မ္းေနျပီ။ သူ႔ရဲ့လက္ရွိအလုုပ္အကိုု္င္ကုုိက ဖင္လန္-ျမန္မာ ဘာသာျပန္။ ေနာ္ေ၀းမွာ ၁၀ နွစ္ေနတဲ့အထိ ေနာ္ေ၀းစာကုုိ  ျဖစ္ျဖစ္ေျမာက္ေျမာက္မတတ္ေသးတဲ့က်ေနာ္က ‘’ခင္ဗ်ား ဖင္လန္စာကိုု ဘယ္လုုိေလ့လာသလဲ’’ ဆုုိျပီးေမးမိပါတယ္။


သူက ခ်က္ခ်င္းမေျဖေသးပဲနဲ႔ ဖင္လန္-ျမန္မာ အဘိဓာန္၊ ဖင္လန္-ကရင္ အဘိဓာန္ ဆုုိတဲ့ ထူထူထဲထဲ စာအုုပ္ၾကီး အုုပ္ကိုုယူလာျပီး က်ေနာ္ေရွ့မွာလာခ်ပါတယ္။ ‘’အဲဒါ က်ေနာ္ေရးထားတာေလ’’ ဆုုိျပီး သူကေျပာေတာ့ အေတာ္အံ့ၾသသြားပါတယ္။ ဟုုတ္တယ္ေလ။ အဘိဓာန္ဆိုုတာ ဦးထြန္းျငိမ္းတုိ႔၊ ဆရာယုဒႆန္တုိ႔၊ ဆရာတက္တုိးတုိ႔လုိ ပုဂၢဳိလ္ၾကီးေတြနဲ႔သာဆုိင္ျပီး ကုိယ္နဲ႔ဘာမွမဆုိင္ဘူးလုိ႔ ထင္ထားမိတာကိုုး။ 

ဒါေပမဲ့ ဒီနုုိင္ငံေတြမွာေတာ့ အဲဒီလုုိ ဆရာ့ဆရာေတြကိုု ေစာင့္ေနလုုိ႔မျဖစ္။ ျမန္မာသံရံုုးလဲတခါမွ မဖြင့္ဖူး တ့ဲနုုိင္ငံေတြ၊ အခုုမွ ျမန္မာေတြ စေရာက္ဖူးတဲ့ေနရာဆုုိေတာ့ ဖင္လန္-ျမန္မာ၊ ဆြီဒင္-ျမန္မာ၊ ဒိန္းမတ္-ျမန္မာ၊ ေနာ္ေ၀း-ျမန္မာ အဘိဓာန္ေတြ မရွိေသးပါ။ ဒီေတာ့ အဲဒီနုုိင္ငံေတြဆီ အရင္ဆုုံးေရာက္လာ သူေတြထဲက ဘာသာစကားနည္းနည္းကြ်မ္းသူေတြြစုုေပါင္းျပီး အခုုလုုိ အဘိဓာန္တခုု မျဖစ္ ျဖစ္ေအာင္ ေရးသားဖုုိ႔လုုိအပ္လာပါတယ္။ ေနာ္ေ၀မွာလည္း အလားတူ အဘိဓာန္တခုု ထုုတ္ထားတယ္လုုိ႔သိရပါတယ္။

"ဒီစကားက မသိရင္ အဂၤလိပ္စာလုံးေတြလုိ႔ပဲ ထင္ရတယ္ဗ်။ အေသခ်ာဖတ္ၾကည့္ေတာ့ တလုံးမွ နားမလည္ဘူး" ဆုိျပီး ကိုရဲမင္းေအာင္ကေျပာပါတယ္။ အဂၤလိပ္စာအေျခခံရွိသူေတာင္ ဒီလုိျဖစ္ေနရင္ အေျခခံမရွိသူဆုိ ပုိဆုိးမယ္။ ဖင္လန္-ျမန္မာ အဘိဓာန္ေရးမွျဖစ္မယ္ဆုိျပီး သူထုိင္ေရးလုိက္တာ နွစ္ ေက်ာ္ၾကာတယ္လို႔သိရပါတယ္။ 

တဆက္တည္းစဥ္းစားမိတာက ေအာ္စလုုိမွာ ေနာ္ေ၀းစာသင္တန္းတက္စဥ္က ေနာ္ေ၀-ျမန္မာ အဘိဓာန္ မရွိေသးဘူးလုုိ႔ေျပာတာကိုု ဆရာေတြက မယုုံတဲ့ကိစၥ၊ ဘာေၾကာင့္လဲဆုုိ ေနာ္ေ၀းမွာေရာက္ေနတဲ့ နုုိင္ငံေပါင္း ၁၀၀ ေက်ာ္က ဒုုကၡသည္ေတြအားလုုံး ေနာ္ေ၀းစာနဲ႔ သက္ဆုုိင္ရာဘာသာအလုုိက္ အဘိဓာန္ေတြရွိျပီးသား။ စာအုုပ္မ၀ယ္နုုိင္ရင္လည္း ျပသာနာမရွိ၊ Google Translate ထဲ၀င္ျပီး သိခ်င္တဲ့ စကားလုုံးကိုုရုုိက္ထည့္လုုိက္ရံုု။

ဒါေပမဲ့ ခက္ေနတာက ျမန္မာနုုိင္ငံကေန ေရာက္လာသူေတြ။ အဘိဓာန္စာအုုပ္မရွိတဲ့အျပင္ အင္တာနက္ ေပၚမွာလဲ ျမန္မာစာလုုံးက ရုုိက္လုုိ႔မရ။ Google Translate ထဲမွာလဲရွာလုုိ႔မရ။ ဘာေၾကာင့္လဲဆုုိ အခုုခ်ိန္ထိ ကြန္ျပဴတာက အသိမွတ္ျပဳတဲ့ ျမန္မာစာလုုံးတစုုံကုုိ ျမန္မာ Font တစုုံကုုိ ပညာရွင္ေတြၾကား သေဘာတူညီခ်က္မရေသးလုုိ႔ျဖစ္ပါတယ္။ ျမန္မာနုုိင္ငံတြင္းက ကြန္ျပဴတာအားလုုံးမွာ ျမန္မာ Font (ေဇာ္ဂ်ီျဖစ္ျဖစ္၊ ယူနီကုုဒ္ျဖစ္ျဖစ္) ထည့္ထားျပီးသားမုုိ႔ ျမန္မာလုုိရုုိက္လုုိက္ရင္ ျမန္မာစာေပၚေပမဲ့ ဒီနုုိင္ငံက ကြန္ျပဴတာေတြမွာ ေလးေထာင့္ကြက္ေတြသာေပၚေနလုုိ႔ ဒုုကၡမ်ားေနဆဲပါ။

ဒီလိုုအေနအထားမွာ ကိုုရဲမင္းေအာင္တုုိ႔လုုိ ပုုဂၢိဳလ္ေတြ ေရးသားျပဳစုထားတဲ့ ဖင္လန္-ျမန္မာ၊ ဖင္လန္-ကရင္ အဘိဓာန္ေတြဟာ ဖင္လန္ေရာက္ ABSDF ေက်ာင္းသားေဟာင္းေတြ၊ နုိင္ငံေရးအက်ဥ္းသားေဟာင္းေတြနဲ႔ ကရင္နီဒုကၡသည္စခန္းကေနေရာက္လာသူေတြအတြက္ အေတာ္အသုံး၀င္ေနျပီျဖစ္ပါတယ္။

Sauna နဲ႔ Vodka 

ကုုိရဲမင္းေအာင္ရဲ့အိမ္မွာ အဘိဓာန္အေၾကာင္း၊ တနည္းအားျဖင့္ တတိယ နုုိင္ငံေရာက္ ျမန္မာလူၾကီး ေတြအတြက္ သက္ဆုုိင္ရာနုုိင္ငံရဲ့ဘာသာစကား တတ္ေျမာက္ေအာင္ သင္ၾကားဖုုိ႔အခက္အခဲျဖစ္ေနျပီး ကေလးေတြအဖုုိ႔ေတာ့ ျမန္မာစကား ေမ့မသြားေအာင္ သင္ၾကားဖုုိ႔ အခက္အခဲျဖစ္ေနပုုံအေၾကာင္း ေဆြးေႏြးျငင္းခုုံရင္းနဲ႔ အေတာ္မုုိးခ်ဳပ္ သြားပါတယ္။ ေျမာက္ပုုိင္းခရီးစဥ္ရဲ့ ေနာက္ဆုုံးပန္းတုုိင္ျဖစ္တဲ့ အာတိတ္စက္၀ုုိင္းျဖတ္သြားရာ Rovaniemi ျမိဳ့ဆီ က်ေနာ္တုုိ႔ထြက္လာေတာ့ နာရီေလာက္ ေတာင္ျဖစ္ေနျပီ။

တကယ္ေတာ့ ေနေရာင္မရွိတဲ့အရပ္မွာ ေန႔နဲ႔ညက သိပ္ကြဲျပားတာမဟုုတ္။ နွင္းေတြျဖဴေဖြးေနတဲ့လမ္းေပၚ မွာ လမ္းမီးေရာင္နဲ႔ လမ္းေဘးကေရာင္ျပန္အမွတ္အသားေတြကိုုသာ ၾကည့္ျပီးေမာင္းေနရတာပါ။ ဒီလုုိေမာင္းရင္း တနာရီေလာက္ၾကာေတာ့ ဟုုိက္ေ၀းလမ္းမၾကီးေဘးက ေဆာင္းရာသီအပန္းေျဖ အိမ္ငယ္ေလး (hytte) တစုုရွိရာအရပ္ဆီ ကားကခ်ဳိး၀င္လာပါတယ္။ ဒီတဲဟာ ဒီည အထူးနားေနဖုုိ႔အတြက္ သူၾကိဳငွားထားတဲ့ေနရာျဖစ္တယ္လုုိ႔ ကိုုေအာင္ေမာ္က ေျပာပါတယ္။

ေနာ္ဒစ္နုုိင္ငံေတြမွာ hytte လုုိ႔ေခၚၾကတဲ့ အပန္းေျဖ သစ္သားဘန္ဂလုုိေလးေတြကိုု ျမန္မာေတြကေတာ့ ‘’တဲ’’ လုုိ႔ပဲ အလြယ္ေခၚၾကပါတယ္။ ေႏြရာသီမွာ အနားယူတဲ့ hytte ကုုိ ေႏြရာသီတဲ၊ ေဆာင္းရာသီမွာ အနားယူတဲ့ hytte ကိုု ေဆာင္းရာသီတဲေပါ့။ ထူးျခားတာကေတာ့ ခုုနက ေရခဲရဲတုုိက္ကုုိ ေရခဲသက္သက္နဲ႔ ေဆာက္ထားသလုုိ အခုု သစ္သား hytte ကိုုလည္း သံတေခ်ာင္းမွမသုုံးပဲ သစ္သားသက္သက္နဲ႔ ေဆာက္ထားတာကိုုေတြ႔ရပါတယ္။ အျပင္ကေန ၾကည့္လုုိက္ရင္ တကယ့္ေတာထဲကအတုုိင္း သစ္အလုုံး လုုိက္ေတြနဲ႔ ေဆာက္ထားသလုုိပါပဲ။

အားလုုံးကိုု သဘာ၀အတုုိင္းျဖစ္ေနေအာင္ဖန္တီးထားျပီး အမိုုးကိုုေတာင္ သစ္သားနဲ႔မုုိးထားပါတယ္။ ဒါေပမဲ့ ဆီးနွင္းေတြ၊ ေရခဲေတြ စိမ့္မယုုိလာေအာင္ေတာ့ သစ္သားအမုုိးနွစ္ထားၾကားမွာ ပလစတစ္မုုိးကာ ထည့္ထားပုုံရပါတယ္။ သဘာ၀အတုုိင္းရွိေစခ်င္တယ္ဆုုိေတာ့ လွ်ပ္စစ္မီးနဲ႔ လွ်ပ္စစ္အပူေပးစက္ ေတာင္တပ္ထား မေပးပါ။ ေရွးေခတ္ကလူ ေတြသုုံးတဲ့အတုုိင္း ထင္းမီးဖုုိ (ဒီလုုိမီးဖုုိကုုိ ဥေရာပသားေတြ ဂုုဏ္ယူစြာအသုုံးျပဳေနဆဲ) ကုုိ မီးလႈံ၊ ဖေရာင္တုုိင္မီးကုုိ ထြန္းညွိရင္းနဲ႔ ထုုိင္း-ျမန္မာနယ္စပ္ ေတာထဲက ဘ၀ေတြကိုုေတာင္ ျပန္လြမ္းမိသလုုိလိုု။

ဖင္လန္ေတြအတြက္ေတာ့ ဒါဟာ သိပ္ ရုုိမက္တစ္ဆန္တဲ့၊ ေစ်းၾကီးေပးျပီးငွားရတဲ့ ထူးထူးရွယ္ေနရာေတြ ေပါ့။ ဒါေပမဲ့ ေတာထဲမွာ ဆယ္နွစ္ဆယ္မုုိး ထင္းမီးဖုုိျပီးေနလာတဲ့ က်ေနာ္တိုု႔အဖုုိ႔ေတာ့ ဒါၾကီးက သိပ္မထူးသလိုုျဖစ္ေနခဲ့ပါတယ္။


ဒါျဖင့္ ထူးေအာင္ ဘယ္လုုိလုုပ္မလဲ။ ‘’ဟုုိေအာက္က ေရကန္ေဘးမွာ Sauna ရွိတယ္ေလ။ Vodka ခြက္ေလးကုုိင္ ျပီး ေဆာင္နာထဲ ေခြ်းထုုတ္လုုိက္ရင္ သိပ္မုုိက္’’ ဆုုိျပီး ကိုုရဲမင္းေအာင္က အဆုုိတင္လာ ပါတယ္။ ေနာ္ဒစ္နုုိင္ငံေတြနဲ႔ ရုုရွားဖက္မွာ နာမည္ၾကီးလွတဲ့ ေဘာ္လကာကိုု သိပ္ရွင္းျပဖိုု႔ မလုုိေပမဲ့ ေဆာင္နာကေတာ့ ျမန္မာေတြနဲ႔ စိမ္းေနဆဲလုုိ႔ထင္ပါတယ္။ အပူဓာတ္မ်ားမ်ားေပးျပီး ေခြ်းထုုတ္တဲ့ အခန္းတခုုလုုိ႔ ဆုုိပါစုုိ႔။ ထုုိင္းနုုိင္ငံက တခ်ဳိ႔ဟုုိတယ္ေတြမွာေတာင္ ေဆာင္နာရွိေနျပီျဖစ္ပါတယ္။ ဖင္လန္မွာေတာ့ ဟုုိတယ္မွာတင္မက အိမ္တုုိင္းလုုိလုုိမွာရွိပါတယ္။

ဒါေပမဲ့ ေအးတာခ်င္းတူတူ က်ေနာ္တိုု႔ ေနာ္ေ၀းမွာက်ေတာ့ ေဆာင္နာကုုိ အိမ္ေတြမွာ ဆင္ေပးမထား ျပန္ဘူး။ ေဆာင္နားသြားခ်င္ရင္ အားကစားရံုုတုုိ႔၊ ေရကူးကန္တုုိ႔ဆီသြားရပါတယ္။ ေဆာင္နာရဲ့အေျခခံ သေဘာတရားကေတာ့ အလုုံပိတ္ထားတဲ့အခန္းထဲမွာ လူေတြထိုုင္ဖုုိ႔ စင္ေလးေဆာက္ေပးထားပါတယ္။ အဲဒီစင္ေဘးမွာ ေက်ာက္မီးေသြးကိုု လွ်ပ္စစ္နဲ႔အပူေပးထားတဲ့ မီးဖုုိတလုုံးရွိျပီး အပူခ်ိန္က ၁၀၀ ဒီဂရီ စင္တီဂရိတ္အထိေတာင္ ရွိတယ္လုုိ႔ဆိုုပါ တယ္။ ေဘးနားရွိ ေရအုုိးထဲကေန ေရကုုိခပ္ယူျပီး မီးေသြး ေပၚျဖန္းလုုိက္ရင္ ‘’ရွဲ’’ ကနဲျမည္ျပီး အပူခ်ိန္ပုုိျမင့္တက္လာပါတယ္။ 

စဥ္းသားသာၾကည့္ေပေတာ့။ အျပင္မွာက အနႈတ္ ၃၅ ဒီဂရီ၊ ေဆာင္နာထဲမွာက အေပါင္း ၁၀၀ ဒီဂရီ။ နတ္ျပည္နဲ႔ ငရဲျပည္လုုိျဖစ္ေနမလား မသိပါ။ အဲဒီ အေပါင္း ၁၀၀ ထဲမွာ မီနစ္ခန္႔ထုုိင္ျပီး ေခြ်းတဒီးဒီ က်လာခ်ိန္မွာ အျပင္က ေရကန္ထဲေျပးထြက္ျပီး ေရခဲေရအုုိင္ထဲခုုန္ခ်ၾကတယ္လိုု႔ဆုုိပါတယ္။ အဲဒီလုုိလုုပ္ရင္ Shock ရုုိက္တဲ့သေဘာနဲ႔ လူဟာ အားသစ္ေတြရျပီး လန္းလန္းဆန္းဆန္းျဖစ္သြားတယ္လိုု႔ ဖင္လန္ေတြ ကေျပာပါတယ္။ 

ျမန္မာျပည္မွာ အဲလုုိသြားလုုပ္ရင္ေတာ့ ကိုုယ့္ကိုုယ္ကိုုေသေၾကာင္းၾကံသူလုုိ႔ အေျပာခံရမလားမသိပါ။ အသစ္ဆန္းကုုိစမ္းခ်င္တဲ့က်ေနာ္လည္း ေရာက္တုုန္းေရာက္ခုုိက္ စမ္းလုုိက္ဦးမွဆုုိျပီး ေဆာင္နာထဲမွာ မီနစ္ခန္႔ေနျပီးတဲ့ေနာက္ အျပင္က နွင္းေတာထဲေျပးထြက္ခဲ့ပါတယ္။ ဒါေပမဲ့ ေရခဲအုုိင္ထဲခုုန္ခ်ရင္ အေအးပက္ျပီး ေလျဖတ္သြားမွာစိုုးတာနဲ႔ ေဘးနားရွိ နွင္းပုုံၾကီးေပၚမွာပဲ လွဲအိပ္ျပီး Shock ရုုိက္ရင္းနဲ႔ ေက်နပ္လုုိက္ရပါတယ္။

၆၆.၃၃ ဒီဂရီနွင့္ အာတိတ္စက္၀ုုိင္း

ရုုိမက္တစ္ ဆန္လွတဲ့ သစ္သားတဲနန္းမွာ တညတာတည္းျပီးတဲ့ေနာက္ မနက္ နာရီေလာက္မွာ Rovaniemi ျမိဳ့ကေန က်ေနာ္တုုိ႔ထြက္လာပါတယ္။ တနာရီနီးပါး ေမာင္းျပီးတဲ့ေနာက္ အာတိတ္စက္၀ုုိင္း (Arctic Circle) ျဖတ္သြားတဲ့ေနရာ၊ ၆၆.၃၃ ဒီဂရီ လာဒ္တီၾကဴမ်ဥ္းရွိတဲ့ေနရာ၊ ေျမာက္၀င္းရိုုးစြန္း (Northern Hemisphere) ရွိတဲ့ေနရာ၊ Santa Claus (ခရစ္စမတ္ဘုုိးဘုုိး) ရြာရွိတဲ့ ျခံ၀င္းၾကီးတခုုဆီ က်ေနာ္တိုု႔ ေရာက္သြားပါတယ္။ 


တလမ္းလုုံးဆိပ္ျငိမ္ေနသေလာက္ ဒီျခံ၀င္းထဲမွာေတာ့ ပရိသတ္က ေထာင္နဲ႔ခ်ီျပီး ဆူညံေနပါတယ္။ အေနာက္တုုိင္းသား အမ်ားစုုပါတဲ့ ကမၻာအရပ္ရပ္ကလာတဲ့ ဧည့္သည္ေတြထဲမွာ ထူးထူးျခားျခား ဒီေလာက္နွင္းေတြက်ျပီး လမ္းေတြ ေရခဲဖုုံးေနခ်ိန္မွာ ေမာ္ေတာ္ဆုုိင္ကယ္စီးျပီး ေရာက္လာတဲ့အုုပ္စုုက ရွိေသး။ ျပီးေတာ့ ေဟာခန္းထဲမ၀င္ပဲ နွင္းစက္ ေတြၾကားမွာ ခရစ္စမတ္ေတးသြားနဲ႔ ကခုုန္ေနၾကေလရဲ့။ 

အေအးဒဏ္ကိုု နည္းနည္းေၾကာက္စျပဳေနျပီျဖစ္တဲ့ က်ေနာ္တုုိ႔ကေတာ့ အျပင္မွာ အဲလုုိမေနရဲေတာ့ပါ။ ဒါေၾကာင့္ ကုုိယ္ျမင္ခ်င္တဲ့ ၆၆.၃၃ လုုိင္းျဖတ္သြားရာ ေနရာကိုုအရင္ဆုုံးသြားၾကည့္ပါတယ္။ ေႏြရာသီမွာ ရွင္းရွင္းလင္းလင္း ျမင္ေနရတဲ့ မ်ဥ္းလုုိင္းဟာ အခုုေတာ့ နွင္းေတြဖုုံးေနလုုိ႔ ဘာမွမျမင္ရပါ။ အေပၚမွျပထားတဲ့ မီအိမ္တန္းနဲ႔ စာတန္းကိုုပဲ မွန္းျပီး ဓာတ္ပုုံရုုိက္ခဲ့ရပါတယ္။ 

အဲဒီမ်ဥ္းေဘးမွာေတာ့ အမွတ္တရပစၥည္းေရာင္းတဲ့ဆုုိင္၊ အဲဒီဆုုိင္ရဲ့ေနာက္ဖက္ကုုိ၀င္သြားၾကည့္ေတာ့ ေရခဲနဲ႔ ေဆာက္ထားတဲ့ အိမ္ေသးေသးေလးတလုုံး။ အဲဒီေဘးမွာေတာ့ သမင္းအၾကီးစားေတြဆဲြတဲ့ စြပ္ဖားလွည္း။ နွစ္ဦး သုုိ႔မဟုုတ္ မိသားစုုတခုုလုုိက္ပါနုုိင္ျပီး အေအးမပက္ေအာင္ အေကာင္းစား အေမြးပြသေရအျခံဳထည္ေတြ ထည့္ထားေပးတာေတြ႔ရပါတယ္။ ေခါင္းေလာင္းသံတညံညံနဲ႔ သမင္ဆြဲေနတဲ့ ေရခဲျပင္စြပ္ဖားလွည္းကိုုၾကည့္ရင္း ပုုဂံက ျမင္းလွည္းေတြကိုုေတာင္ လြမ္းမိသလုုိလုုိ။

အျပင္မွာ အေတာ္ေအးေနျပီမုုိ႔ ခန္းမထဲ၀င္ျပီး ခရစ္စမတ္ဘုုိးဘုုိးနဲ႔ေတြ႔ဖုုိ႔ တန္းစီရပါတယ္။ လူတန္းၾကီးက နည္းတာမဟုုတ္။ ကုုိယ္ေရွ့မွာ ၁၀၀ ေက်ာ္ေလာက္ရွိျပီး တၾကိမ္မွာ ဦးစီေလာက္ကုုိပဲ ခဲြျပီးေတြ႔တာမိုု႔ အေတာ္ေစာင့္လုုိက္ရပါတယ္။ 

ညေနပုုိင္းမွာေတာ့ ေျမာက္ပုုိင္းေရာင္ခ်ည္ Northern Light ကုုိ ျမင္ရေလမလားဆုုိျပီး ေစာင့္ၾကည့္ခဲ့ပါေသး တယ္။ ဒါေပမဲ့ ကံမေကာင္းခဲ့ပါဘူး။ ျပီးခဲ့တဲ့နွစ္ ေႏြလယ္ရာသီမွာ ေနာ္ေ၀းေျမာက္ပုုိင္းရွိ ေနမ၀င္အရပ္ဆီ သြားခဲ့စဥ္တုုန္းကလုုိပါပဲ။ သန္းေခါင္ယံေနကိုုျမင္ရဖုုိ႔ဆုုိတာ မုုိးမရြာပဲ တိမ္ေတြကင္းစင္ေနမွျဖစ္တာပါ။ အခုု ေျမာက္ပုုိင္းေရာင္ခ်ည္ကိုု ျမင္ခြင့္ရဖုုိ႔ဆုုိတာက အဲဒီထက္ေတာင္ ပုုိခက္ပါေသးတယ္။ 

သန္းေခါင္ယံေနကုုိ မိုုးမရြာ၊ တိမ္မထူဘူးဆုုိရင္ ၁၂ နာရီတုုိင္းမွာျမင္ရနုုိင္ေပမဲ့ ေျမာက္ပုုိင္းေရာင္ခ်ည္ ကေတာ့ အဲဒီလုုိ ပုုံမွန္ေပၚလာတာမ်ဳိးမဟုုတ္ပါ။ ေအးစိမ့္ျပီး ေမွာင္မဲလွတဲ့ ေဆာင္းရာသီရဲ့ မုုိးေကာင္းကင္ ေပၚရွိ တိမ္တုုိက္ေတြၾကားမွာ ေနကေနလာတဲ့ လွ်ပ္စစ္စြမ္းအားနဲ႔ ကမၻာကေနလာတဲ့ လွ်ပ္စစ္စြမ္းအားတုုိ႔ မေတာ္တဆ ပြတ္တုုိက္မိရာကေန ထြက္လာတဲ့ ေရာင္စဥ္ျဖစ္ပါတယ္။ ျမန္မာနုုိင္ငံမွာ လွ်ပ္စီးလက္တာနဲ႔ တူတယ္လုုိ႔ေျပာနုုိင္မယ္ထင္ပါတယ္။ ဒါေပမဲ့ ထြက္လာတဲ့ေရာင္စဥ္တန္းကေတာ့ မတူပါဘူး။ စိမ္းျပာေရာင္ အလင္းတန္းဟာ ေရာင္ခ်ီေတာ္လုုိလုုိ၊ သရဲကားထဲက ေရာင္စဥ္ေတြလုုိလုုိနဲ႔ ဘာနဲ႔ နႈိင္းျပရမွန္း မသိေအာင္ ကုုိ အေတာ္လွပါတယ္။ 


ဒီေရာင္ခ်ည္ကုုိ ျမင္ရဖုုိ႔ဆိုုရင္ ဒီထက္ပုုိေျမာက္ပုုိင္းက်တဲ့၊ ေနာက္ထပ္ ကီလုုိမီတာ ၃၀၀ ေက်ာ္ ထပ္ေမာင္း ရမဲ့ Kakslauttanen ျမိဳ့အထိသြားျပီး အဲဒီမွာ သီတင္းတပတ္ေလာက္အထိ ေစာင့္နုုိင္မွ ျမင္ေကာင္းျမင္ နုုိင္တယ္လုုိ႔ ၀င္ရုုိးစြန္းအရပ္ရွိ ဧည့္လမ္းညြန္ေတြကဆုုိပါတယ္။ က်ေနာ္တုုိ႔က အဲဒီေလာက္အထိ အခ်ိန္မေပးနုုိင္ေတာ့တဲ့အတြက္ အာတိတ္စက္၀ုုိင္းရွိရာ၊ ေျမာက္၀င္ရုုိးစြန္းျဖတ္သြားရာ၊ ၆၆.၃၃ ဒီဂရီ မ်ဥ္းေပၚကေနပဲ ျပန္လွည့္ျပီး ငယ္ငယ္တုုန္းက သင္ခဲ့ဖူးတဲ့ ပထ၀ီ သင္ခန္းစာနဲ႔ လက္ေတြ႔အေျခအေနကိုု နႈိင္းယွဥ္စဥ္းစားေနမိပါတယ္။            
.............
ဗြီဒီယုုိ မွတ္တမ္းတိုုကိုုလည္း ေဟာဒီမွာ ၾကည့္နုုိင္ပါတယ္...။


.........

=============================================================== 


ဘောလတစ်ပင်လယ်ဘေးက မြန်မာကုန်စုံဆိုင် 

စုစုနွေးကျောင်းကအပြန် နောက်တရက်မှာတော့ ဖင်လန်ခရီးစဉ်ရဲ့ အဓိကဦးတည်ချက်ဖြစ်တဲ့ ဟိုး… မြောက်ဖက်အစွန်းက (Arctic Circle) အာတိတ်စက်ဝိုင်းဖြတ်သွားတဲ့ ၆၆.၃၃ ဒီဂရီ လာဒ်တီကြူမျဉ်းရှိ တဲ့နေရာ၊ Santa Claus (ခရစ်စမတ်ဘိုးဘိုး) ရွာရှိတဲ့နေရာ၊ မြောက်ပိုင်းရောင်ခြည် (Northern Light) ကိုမြင်နိုင်တဲ့နေရာဆီ ကျနော်တို့ ဆက်လက်ချီတက်လာပါတယ်။ 



အာတိတ်စက်ဝိုင်းဆီ ဦးတည်လိုက်ပြီဆိုပေမဲ့ ထုံးစံအတိုင်း လမ်းတလျောက်မှာရှိတဲ့ ရဲဘော်ဟောင်းတွေရဲ့ နေအိမ်တွေကိုတော့ ဒီတိုင်းကျော်သွားလို့ ဘယ်ဖြစ်မလဲ။ ၁၉၉၇ မင်းသမီးခစန်းကျပြီးကတည်းက တွေ့ခွင့်မရတော့တဲ့ ရဲဘော်တွေကို သူတို့နိုင်ငံဆီရောက်တုန်း ဖြစ်အောင်တွေ့မယ်လို့ဆုံးဖြတ်ပြီး ပထမ ဆုံးဦးတည်လိုက်တဲ့နေရာက ဖင်လန်နဲ့ ဆွီဒင်နယ်စပ်အနီး ဘောလတစ်ပင်လယ်ဘေးနားက Vaasa မြို့ှရှိ ကိုမိုးဇော်အောင်ရဲ့အိမ်။

ကားမထွက်ခင် GPS မှာ ချက်ကြည့်လိုက်တော့ ကိုအောင်မော်အိမ်ရှိတဲ့ Mikkeli မြို့နဲ့ Vaasa က ကီလိုမီတာ ၃၉၆ ဝေးပြီး မောင်းချိန် ၅ နာရီကြာမယ်တဲ့။ ဒါက နွေရာသီပုံှမှန်အနေအထားမှာ ကြာနိုင်တဲ့အချိန်။ အခုက နှင်းတွေကျပြီး မြူတွေဆိုင်းနေတယ်ဆိုတော့ မိုးမချုပ်ခင်တောင် ရောက်ပါ့ မလားမသိပါ။ တချိန်တည်းမှာပဲ အနောက်တိုင်းသားတွေဟာ စက်ပစ္စည်းတွေအပေါ်ယုံကြည်မှု များလွန်းနေသလားဆိုပြီး စဉ်းစားမိပါတယ်။ 

ဟုတ်တယ်လေ၊ အခုခရီးစဉ်ကို ဘယ်သူမှမရောက်ဖူးတော့ GPS က ပြတဲ့အတိုင်းမောင်းရမှာ။ လိုင်းမမိ တဲ့နေရာ၊ လမ်းပြင်နေတဲ့နေရာ၊ စက်ပျက်သွားတဲ့နေရာတွေဆို ဘယ်လိုလုပ်မလဲ။ ‘’တောထဲမှာတုန်းကလို ရွာသူကြီးကို လမ်းပြခေါ်သွားလို့မရဘူးဆိုတော့လဲ နည်းပညာကိုပဲ စိတ်ချယုံကြည်စွာအားကိုးရတော့ မှာပေါ့လေ’’ ဆိုပြီး အချင်းချင်း နောက်ပြောကြပါသေးတယ်။




ရှေ့ခုံမှာထိုင်ပြီး ကင်မရာတလုံးနဲ့ ဟိုရိုက်ဒီရိုက် လုပ်နေတဲ့ကျနော်က အပန်းမကြီးပေမဲ့ ကီလိုမီတာ ၄၀၀ လောက်ကို နှင်းတောထဲဖြတ်ပြီး တယောက်တည်းမောင်းရတဲ့ ကိုအောင်မော်က အတော်စိတ်ပင်ပန်းနေ မှာပေါ့။ ကိုဖိုးချိုကလည်း သြစီမှာ ကားမောင်းကျွမ်းပေမဲ့ ဒီလိုနှင်းတောထဲမှာတော့ သူမမောင်းရဲဘူးလို့ ပြောပါတယ်။

ဒီလိုနဲ့ တောင်-မြောက်တန်းနေတဲ့ ဟိုက်ဝေးလမ်းမကြိးပေါ် ကားကိုသတိထားမောင်းလိုက်၊ ဗိုက်ဆာတဲ့ အချိန် လမ်းဘေးက ဓာတ်ဆီဆိုင်တွေ၊ စားသောက်ဆိုင်တွေဆီဝင်လိုက်နဲ့ ခရီးနှင်းခဲ့တာ ည ၇ နာရီ လောက်မှ Vaasa မြို့ဆီ ရောက်ပါတယ်။ ကိုမိုးဇော်အောင်ရဲ့ ထူးခြားချက်ကတော့ တတိယ နိုင်ငံရောက် လူများစုလို သက်ဆိုင်ရာအစိုးရကစီစဉ်ပေးတဲ့ ဆာ့ဗစ် အလုပ်တွေကို ဝင်လုပ်တာမျိုးမဟုတ်ပဲ ကိုယ်ပိုင်စီးပွါးရေးအဖြစ် အာရှကုန်စုံဆိုင်ကြီးတခု ထောင်ထားခြင်းပါပဲ။ 

အမေရိကားဖက်ရောက်သွားတဲ့ ရဲဘော်ဟောင်းတချို့ ကိုယ်ပိုင်စူရှိဆိုင်နဲ့ စီးပွါးဖြစ်ကြတယ်လို့ကြားရပေမဲ့ ဥရောပမှာတော့ ကိုယ်ပိုင်စီးပွါးရေးလုပ်သူ မရှိသလောက်ပါပဲ။ ကိုမိုးဇော်အောင်ဟာ ကျနော်တွေ့ဖူးတဲ့ ပထမဆုံး နော်ဒစ်နိုင်တွေထဲက ကိုယ်ပိုင် လုပ်ငန်းရှင်ပါ။ ထားတော့။ ဒါကအများစိတ်ဝင်စားနိုင်တဲ့ ကိစ္စမို့ရေးကြည့်တာပါ။ 

ကျနော်တို့ချင်းတွေ့တဲ့အချိန်မှာတော့ တယောက်ချင်းစီရဲ့ စီးပွါးရေးကိစ္စကိုပြောဖို့အချိန်မရ၊ ၁၀ နှစ် ကျော်ကြာကွဲကွာနေတဲ့ကာလအတွင်း ကြုံတွေ့ ခဲ့ရတာတွေ၊ အထူးသဖြင့် မင်းသမီးခစန်းခွာစစ်မှာ ဘယ်လိုဆုတ်ခဲ့ရတယ်၊ ထိုင်းနယ်စပ်မှာ ဘယ်လိုအဖမ်းခံခဲ့ရတယ်။ ဘယ်သူက ဘယ်မှာအဖမ်းခံရပြီး အခု ဘယ်နိုင်ငံမှာရောက်နေတယ်ဆိုတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကသာ လွှမ်းမိုးထားခဲ့ပါတယ်။

ရေမှာအရုပ်ရေးလို့မရပေမဲ့ ရေခဲကိုပန်းပုထုရင် ကမ္ဘာကျော်နိုင်တယ်

ညလုံးပေါက်နီးပါး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းနဲ့ နောက်တနေ့မနက်အိပ်ရာထတော့ ၉ နာရီ ကျော်နေပြီ။ ဒီနေ့အတွက်ခရီးစဉ်က Kemi မြို့ရှိ ရေခဲရဲတိုက်ဆီ။ ထုံစံအတိုင်း ခရီးမစခင် GPS မှာ ချက်လိုက်တော့ ၄၂၄ ကီလို မီတာ၊ မောင်းချိန် ၅ နာရီခွဲလောက်ကြမယ်တဲ့။ အင်း…  ဖင်လန်လဲ နော်ဝေးနဲ့ ဆွီဒင်လိုပဲ တောင်နဲ့မြောက် အတော်ရှည်တဲ့နိုင်ငံတခုပါလား။ ဒါပေမဲ့ကိစ္စမရှိ၊ အဲဒီမြို့မှာလည်း မင်းသမီး စခန်းကရဲဘော်ကြီး ကိုရဲမင်းအောင်က လာကြိုနေပါလိမ့်မယ်။



ရာသီဥတုက မြောက်ပိုင်းရောက်လေ ပိုအေးလေပါပဲ။ မြို့တော်ဟယ်စင်ကီမှာ အနှုတ် ၂၀ ဖြစ်နေလို့ စိတ်ညစ်နေတဲ့ကျနော် အခု Kemi မှာ အနှုတ် ၃၀ လောက်ရှိနေတာကို အထူးအဆန်းဖြစ်မနေတော့ပါ။ ဘယ်လောက်အထိ အေးသလဲဆိုရင် ဖင်လန်နဲ့ ဆွီဒင်နိုင်ငံကြားရှိ (Baltic Sea) ဘောလတစ်ပင်လယ် ကြီးတောင် ရေခဲပြင်ဖြစ်သွားတဲ့အထိပါပဲ။ အဲဒီ ပင်လယ်ကမ်းစပ်က ရေခဲတုန်းတွေကို တူးယူပြီး ဒီရေခဲရဲတိုက်ကြီးကိုဆောက်ထားတာလို့ Kemi မြို့သား ကြီး ကိုရဲမင်းအောင်က ကျနော်တို့ကို ရှင်းပြနေပါတယ်။

ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ဒီရေခဲရဲတိုက်ကို နှစ်စဉ်ဆောင်းရာသီမှာဆောက်လေ့ရှိပြီး ပီသုကာပညာရှင်ကို တော့ တနှစ်တယောက်ပြောင်းလေ့ရှိတယ်ဆိုပါတယ်။ ၁၉၉၆ တုန်းက ဒီရဲတိုက်ဆီလာတည်တဲ့ဧည့်သည် ၃ သိန်းအထိရှိခဲ့တယ်လို့မှတ်တမ်းထဲတွေ့ပါတယ်။ ရဲတိုက်ဝင်းအကျယ်က မီတာ တသောင်းခွဲခန့်ရှိပြီး အမြင်ဆုံးတာဝါက မီတာ ၂၀ နဲ့ အရှည်ဆုံးနံရံက မီတာ ၁၀၀၀ ရှိပါတယ်။ ဒါက အပြင်ကနေ မြင်ရ တဲ့မြင်ကွင်း။

အထဲကိုဝင်သွားမယ်ဆိုရင်တော့ မီးရောင်စုံနဲ့လှပခန့်ငြားနေတဲ့ ရေခဲပြခန်းနဲ့ ရေခဲဟိုတယ်ကို တွေ့ရမှာပါ။ အပူပိုင်းဒေသကလာတဲ့ မြန်မာနိုင်ငံသားတဦးအဖို့ ရေခဲနဲ့ ဆောက်ထားတဲ့ ဟိုတယ်ပေါ် သွားအိပ်ဖို့ဆိုတာ ဘယ်လိုမှ စိတ်ကူးနဲ့ပုံဖေါ်လို့ မရနိုင်ပါ။ ဒါပေမဲ့ ဒီအရပ်မှာတော့ ရေခဲနဲတိုက်ဆောက်နိုင်လောက်အောင် ရာသီဥတုအနေအထားရော၊ နည်းပညာပါရှိပြီးသားဆိုတော့ သိပ်ခက်ပုံမရပါ။

"Die another day’’ ဆိုတဲ့ ဂျိမ်းစ်ဘွန်းကားထဲက ရေခဲဟိုတယ်နဲ့တူတယ်လို့ပြောရင် ပရိတ်သတ်မျက်စီထဲ ပိုပေါ်လွင်မယ်ထင်ပါတယ်။ ရေခဲနဲ့ဆောက်ထားတယ်ဆိုတဲ့အတိုင်း သစ်ချောင်းတွေ၊ သံတွေ ဘာမှကို မပါပါ။ ဒါကြီးပြိုကျလာရင်တော့ ဒုက္ခပဲလို့ ရဲတိုက်ထဲဝင်စမှာ တွေးပူမိပေမဲ့ အထဲရောက်သွားတဲ့အခါမှာ တော့ စိုးရိမ်စိတ်မရှိတော့ပါ။ ရေခဲတိုင်တွေ၊ ရေခဲမျက်နှာကျက်တွေပေါ်မှာ လျှပ်စစ်ရောင်စုံမီးတွေကို ဘယ်လိုထည့်ထားမှန်းမသိ။ ရေခဲထဲကနေ မီးရောင်းထွက်နေတဲ့ပုံက ဘာနဲ့နှိုင်းပြရမှန်းမသိအောင် လှပနေ ပါတယ်။



နောက်ထပ်သတိထားမိတာက ရေခဲအမှတ်အောက် ၃၀ ဒီဂရီစင်တီဂရိတ်ကျနေလို့ အပြင်မှာသွေးခဲအောင် အေးနေပေမဲ့ ရေခဲရဲတိုက်ထဲရောက်တော့ အဲဒီလောက်အေးတယ်လို့ မခံစားရတော့ပါ။ လေလုံသွားတာ ကြောင့်ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီရဲတိုက်တွင်းက အအေးချိန်ကိုတော့ အမြဲတန်း အနှုတ် ၁၀ ဝန်း ကျင်ရှိနေအောင် ထိမ်းထားရပါတယ်။ အဲဒီထက်ပူပြီး အနှုတ် ၁ တို့၊ အပေါင်း ၁ တို့ဖြစ်သွားရင် ရေခဲတွေအရည်ပျော်ပြီး ဒီရဲတိုက်ထဲကလူတွေ ပိတ်မိသွားမှာပေါ့။

ဘဝမှာ တခါမှမမြင်ဖူးတဲ့၊ စိတ်ကူးထဲတောင် မတွေးမိဖူးတဲ့ ရေခဲပြန်ခန်းအမျိုးမျိုးကိုကြည့်ပြီးတဲ့နောက် ရေခဲစားသောက်ဆိုက်မှာ ခဏထိုင်ပါတယ်။ ဒီလိုရေးလိုက်လို့ မြန်မာပြည်မှာလို ရေခဲခြစ်ရောင်းတဲ့ဆိုင်လို့ မထင်လိုက်ပါနဲ့။ ရေခဲနဲ့လုပ်ထားတဲ့ စားပွဲတွေ၊ ထိုင်ခုံတွေပေါ်မှာ စားသောက်ရတဲ့ဆိုင်ကို ဆိုလိုတာပါ။ စားစရာ၊ ပန်းကန်နဲ့ ဇွန်းတွေကိုတော့ ရေခဲနဲ့ လုပ်မထားပါဘူး။

အေးစက်နေတဲ့ ရေခဲတုံးထိုင်ခုံပေါ်မှာ ဝက်ဝံသရေလိုမျိုး အမွေးပွစောင်ခင်းပေးထားတဲ့အတွက်သာ တော်ပါတော့တယ်။ အဲဒီလို သိပ်အေးနေတဲ့အချိန်မှာ ကော်ဖီပူပူထည့်ထားတဲ့ခွက်ကို လက်ဖဝါးနဲ့ ကိုင်ထားစဉ် စီးဝင်လာတဲ့ အပူချိန်က လူကို အတော်နွေးထွေးစေပါတယ်။ မြင်လေရာမှာ ရေခဲချည်းဖြစ် နေတော့ ရေနဲ့ပတ်သက်ပြီး ခပ်ကြောင်ကြောင်းအတွေးတခုက ခေါင်းထဲဝင်လာပါတယ်။ ‘’ရေမှာ အရုပ်ရေး လို့မရဘူးဆိုပေမဲ့ အဲဒီရေကို ခဲအောင်လုပ်ပြီး ပန်းပုထုလိုက်ရင် အခုလို ကမ္ဘာကျော်သွားနိုင်တယ်’’ မဟုတ် ပါလား။

ဖင်လန်-မြန်မာ အဘိဓာန်နဲ့ ရေခဲပြင်က မြန်မာအသစ်များ

ထူးဆန်းလှတဲ့ ရေခဲရဲတိုက်က ပြန်အထွက်မှာတော့ ကိုရဲမင်းအောင်ရဲ့ အိမ်ဆီဝင်လည်ဖြစ်ပါတယ်။ တောထဲမှာတုန်းက အင်္ဂလိပ်စာလေ့လာရေးကို စိတ်ဝင်စားတဲ့ကိုရဲမင်းအောင်ဟာ အခုတော့ ဖင်လန်စကားအတော်ကျွမ်းနေပြီ။ သူ့ရဲ့လက်ရှိအလုပ်အကိုင်ကိုက ဖင်လန်-မြန်မာ ဘာသာပြန်။ နော်ဝေးမှာ ၁၀ နှစ်နေတဲ့အထိ နော်ဝေးစာကို  ဖြစ်ဖြစ်မြောက်မြောက်မတတ်သေးတဲ့ကျနော်က ‘’ခင်ဗျား ဖင်လန်စာကို ဘယ်လိုလေ့လာသလဲ’’ ဆိုပြီးမေးမိပါတယ်။



သူက ချက်ချင်းမဖြေသေးပဲနဲ့ ဖင်လန်-မြန်မာ အဘိဓာန်၊ ဖင်လန်-ကရင် အဘိဓာန် ဆိုတဲ့ ထူထူထဲထဲ စာအုပ်ကြီး ၂ အုပ်ကိုယူလာပြီး ကျနော်ရှေ့မှာလာချပါတယ်။ ‘’အဲဒါ ကျနော်ရေးထားတာလေ’’ ဆိုပြီး သူကပြောတော့ အတော်အံ့သြသွားပါတယ်။ ဟုတ်တယ်လေ။ အဘိဓာန်ဆိုတာ ဦးထွန်းငြိမ်းတို့၊ ဆရာယုဒဿန်တို့၊ ဆရာတက်တိုးတို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့သာဆိုင်ပြီး ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ ထင်ထားမိတာကိုး။ 

ဒါပေမဲ့ ဒီနိုင်ငံတွေမှာတော့ အဲဒီလို ဆရာ့ဆရာတွေကို စောင့်နေလို့မဖြစ်။ မြန်မာသံရုံးလဲတခါမှ မဖွင့်ဖူး တဲ့နိုင်ငံတွေ၊ အခုမှ မြန်မာတွေ စရောက်ဖူးတဲ့နေရာဆိုတော့ ဖင်လန်-မြန်မာ၊ ဆွီဒင်-မြန်မာ၊ ဒိန်းမတ်-မြန်မာ၊ နော်ဝေး-မြန်မာ အဘိဓာန်တွေ မရှိသေးပါ။ ဒီတော့ အဲဒီနိုင်ငံတွေဆီ အရင်ဆုံးရောက်လာ သူတွေထဲက ဘာသာစကားနည်းနည်းကျွမ်းသူတွေစုပေါင်းပြီး အခုလို အဘိဓာန်တခု မဖြစ် ဖြစ်အောင် ရေးသားဖို့လိုအပ်လာပါတယ်။ နော်ဝေမှာလည်း အလားတူ အဘိဓာန်တခု ထုတ်ထားတယ်လို့သိရပါတယ်။

"ဒီစကားက မသိရင် အင်္ဂလိပ်စာလုံးတွေလို့ပဲ ထင်ရတယ်ဗျ။ အသေချာဖတ်ကြည့်တော့ တလုံးမှ နားမလည်ဘူး" ဆိုပြီး ကိုရဲမင်းအောင်ကပြောပါတယ်။ အင်္ဂလိပ်စာအခြေခံရှိသူတောင် ဒီလိုဖြစ်နေရင် အခြေခံမရှိသူဆို ပိုဆိုးမယ်။ ဖင်လန်-မြန်မာ အဘိဓာန်ရေးမှဖြစ်မယ်ဆိုပြီး သူထိုင်ရေးလိုက်တာ ၂ နှစ် ကျော်ကြာတယ်လို့သိရပါတယ်။ 

တဆက်တည်းစဉ်းစားမိတာက အော်စလိုမှာ နော်ဝေးစာသင်တန်းတက်စဉ်က နော်ဝေ-မြန်မာ အဘိဓာန် မရှိသေးဘူးလို့ပြောတာကို ဆရာတွေက မယုံတဲ့ကိစ္စ၊ ဘာကြောင့်လဲဆို နော်ဝေးမှာရောက်နေတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ဒုက္ခသည်တွေအားလုံး နော်ဝေးစာနဲ့ သက်ဆိုင်ရာဘာသာအလိုက် အဘိဓာန်တွေရှိပြီးသား။ စာအုပ်မဝယ်နိုင်ရင်လည်း ပြသာနာမရှိ၊ Google Translate ထဲဝင်ပြီး သိချင်တဲ့ စကားလုံးကိုရိုက်ထည့်လိုက်ရုံ။

ဒါပေမဲ့ ခက်နေတာက မြန်မာနိုင်ငံကနေ ရောက်လာသူတွေ။ အဘိဓာန်စာအုပ်မရှိတဲ့အပြင် အင်တာနက် ပေါ်မှာလဲ မြန်မာစာလုံးက ရိုက်လို့မရ။ Google Translate ထဲမှာလဲရှာလို့မရ။ ဘာကြောင့်လဲဆို အခုချိန်ထိ ကွန်ပြူတာက အသိမှတ်ပြုတဲ့ မြန်မာစာလုံးတစုံကို မြန်မာ Font တစုံကို ပညာရှင်တွေကြား သဘောတူညီချက်မရသေးလို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ကွန်ပြူတာအားလုံးမှာ မြန်မာ Font (ဇော်ဂျီဖြစ်ဖြစ်၊ ယူနီကုဒ်ဖြစ်ဖြစ်) ထည့်ထားပြီးသားမို့ မြန်မာလိုရိုက်လိုက်ရင် မြန်မာစာပေါ်ပေမဲ့ ဒီနိုင်ငံက ကွန်ပြူတာတွေမှာ လေးထောင့်ကွက်တွေသာပေါ်နေလို့ ဒုက္ခများနေဆဲပါ။

ဒီလိုအနေအထားမှာ ကိုရဲမင်းအောင်တို့လို ပုဂ္ဂိုလ်တွေ ရေးသားပြုစုထားတဲ့ ဖင်လန်-မြန်မာ၊ ဖင်လန်-ကရင် အဘိဓာန်တွေဟာ ဖင်လန်ရောက် ABSDF ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ကရင်နီဒုက္ခသည်စခန်းကနေရောက်လာသူတွေအတွက် အတော်အသုံးဝင်နေပြီဖြစ်ပါတယ်။

Sauna နဲ့ Vodka 

ကိုရဲမင်းအောင်ရဲ့အိမ်မှာ အဘိဓာန်အကြောင်း၊ တနည်းအားဖြင့် တတိယ နိုင်ငံရောက် မြန်မာလူကြီး တွေအတွက် သက်ဆိုင်ရာနိုင်ငံရဲ့ဘာသာစကား တတ်မြောက်အောင် သင်ကြားဖို့အခက်အခဲဖြစ်နေပြီး ကလေးတွေအဖို့တော့ မြန်မာစကား မေ့မသွားအောင် သင်ကြားဖို့ အခက်အခဲဖြစ်နေပုံအကြောင်း ဆွေးနွေးငြင်းခုံရင်းနဲ့ အတော်မိုးချုပ် သွားပါတယ်။ မြောက်ပိုင်းခရီးစဉ်ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အာတိတ်စက်ဝိုင်းဖြတ်သွားရာ Rovaniemi မြို့ဆီ ကျနော်တို့ထွက်လာတော့ ည ၈ နာရီလောက် တောင်ဖြစ်နေပြီ။


တကယ်တော့ နေရောင်မရှိတဲ့အရပ်မှာ နေ့နဲ့ညက သိပ်ကွဲပြားတာမဟုတ်။ နှင်းတွေဖြူဖွေးနေတဲ့လမ်းပေါ် မှာ လမ်းမီးရောင်နဲ့ လမ်းဘေးကရောင်ပြန်အမှတ်အသားတွေကိုသာ ကြည့်ပြီးမောင်းနေရတာပါ။ ဒီလိုမောင်းရင်း တနာရီလောက်ကြာတော့ ဟိုက်ဝေးလမ်းမကြီးဘေးက ဆောင်းရာသီအပန်းဖြေ အိမ်ငယ်လေး (hytte) တစုရှိရာအရပ်ဆီ ကားကချိုးဝင်လာပါတယ်။ ဒီတဲဟာ ဒီည အထူးနားနေဖို့အတွက် သူကြိုငှားထားတဲ့နေရာဖြစ်တယ်လို့ ကိုအောင်မော်က ပြောပါတယ်။

နော်ဒစ်နိုင်ငံတွေမှာ hytte လို့ခေါ်ကြတဲ့ အပန်းဖြေ သစ်သားဘန်ဂလိုလေးတွေကို မြန်မာတွေကတော့ ‘’တဲ’’ လို့ပဲ အလွယ်ခေါ်ကြပါတယ်။ နွေရာသီမှာ အနားယူတဲ့ hytte ကို နွေရာသီတဲ၊ ဆောင်းရာသီမှာ အနားယူတဲ့ hytte ကို ဆောင်းရာသီတဲပေါ့။ ထူးခြားတာကတော့ ခုနက ရေခဲရဲတိုက်ကို ရေခဲသက်သက်နဲ့ ဆောက်ထားသလို အခု သစ်သား hytte ကိုလည်း သံတချောင်းမှမသုံးပဲ သစ်သားသက်သက်နဲ့ ဆောက်ထားတာကိုတွေ့ရပါတယ်။ အပြင်ကနေ ကြည့်လိုက်ရင် တကယ့်တောထဲကအတိုင်း သစ်အလုံး လိုက်တွေနဲ့ ဆောက်ထားသလိုပါပဲ။

အားလုံးကို သဘာဝအတိုင်းဖြစ်နေအောင်ဖန်တီးထားပြီး အမိုးကိုတောင် သစ်သားနဲ့မိုးထားပါတယ်။ ဒါပေမဲ့ ဆီးနှင်းတွေ၊ ရေခဲတွေ စိမ့်မယိုလာအောင်တော့ သစ်သားအမိုးနှစ်ထားကြားမှာ ပလစတစ်မိုးကာ ထည့်ထားပုံရပါတယ်။ သဘာဝအတိုင်းရှိစေချင်တယ်ဆိုတော့ လျှပ်စစ်မီးနဲ့ လျှပ်စစ်အပူပေးစက် တောင်တပ်ထား မပေးပါ။ ရှေးခေတ်ကလူ တွေသုံးတဲ့အတိုင်း ထင်းမီးဖို (ဒီလိုမီးဖိုကို ဥရောပသားတွေ ဂုဏ်ယူစွာအသုံးပြုနေဆဲ) ကို မီးလှုံ၊ ဖရောင်တိုင်မီးကို ထွန်းညှိရင်းနဲ့ ထိုင်း-မြန်မာနယ်စပ် တောထဲက ဘဝတွေကိုတောင် ပြန်လွမ်းမိသလိုလို။

ဖင်လန်တွေအတွက်တော့ ဒါဟာ သိပ် ရိုမက်တစ်ဆန်တဲ့၊ ဈေးကြီးပေးပြီးငှားရတဲ့ ထူးထူးရှယ်နေရာတွေ ပေါ့။ ဒါပေမဲ့ တောထဲမှာ ဆယ်နှစ်ဆယ်မိုး ထင်းမီးဖိုပြီးနေလာတဲ့ ကျနော်တို့အဖို့တော့ ဒါကြီးက သိပ်မထူးသလိုဖြစ်နေခဲ့ပါတယ်။



ဒါဖြင့် ထူးအောင် ဘယ်လိုလုပ်မလဲ။ ‘’ဟိုအောက်က ရေကန်ဘေးမှာ Sauna ရှိတယ်လေ။ Vodka ခွက်လေးကိုင် ပြီး ဆောင်နာထဲ ချွေးထုတ်လိုက်ရင် သိပ်မိုက်’’ ဆိုပြီး ကိုရဲမင်းအောင်က အဆိုတင်လာ ပါတယ်။ နော်ဒစ်နိုင်ငံတွေနဲ့ ရုရှားဖက်မှာ နာမည်ကြီးလှတဲ့ ဘော်လကာကို သိပ်ရှင်းပြဖို့ မလိုပေမဲ့ ဆောင်နာကတော့ မြန်မာတွေနဲ့ စိမ်းနေဆဲလို့ထင်ပါတယ်။ အပူဓာတ်များများပေးပြီး ချွေးထုတ်တဲ့ အခန်းတခုလို့ ဆိုပါစို့။ ထိုင်းနိုင်ငံက တချို့ဟိုတယ်တွေမှာတောင် ဆောင်နာရှိနေပြီဖြစ်ပါတယ်။ ဖင်လန်မှာတော့ ဟိုတယ်မှာတင်မက အိမ်တိုင်းလိုလိုမှာရှိပါတယ်။

ဒါပေမဲ့ အေးတာချင်းတူတူ ကျနော်တို့ နော်ဝေးမှာကျတော့ ဆောင်နာကို အိမ်တွေမှာ ဆင်ပေးမထား ပြန်ဘူး။ ဆောင်နားသွားချင်ရင် အားကစားရုံတို့၊ ရေကူးကန်တို့ဆီသွားရပါတယ်။ ဆောင်နာရဲ့အခြေခံ သဘောတရားကတော့ အလုံပိတ်ထားတဲ့အခန်းထဲမှာ လူတွေထိုင်ဖို့ စင်လေးဆောက်ပေးထားပါတယ်။ အဲဒီစင်ဘေးမှာ ကျောက်မီးသွေးကို လျှပ်စစ်နဲ့အပူပေးထားတဲ့ မီးဖိုတလုံးရှိပြီး အပူချိန်က ၁၀၀ ဒီဂရီ စင်တီဂရိတ်အထိတောင် ရှိတယ်လို့ဆိုပါ တယ်။ ဘေးနားရှိ ရေအိုးထဲကနေ ရေကိုခပ်ယူပြီး မီးသွေး ပေါ်ဖြန်းလိုက်ရင် ‘’ရှဲ’’ ကနဲမြည်ပြီး အပူချိန်ပိုမြင့်တက်လာပါတယ်။ 

စဉ်းသားသာကြည့်ပေတော့။ အပြင်မှာက အနှုတ် ၃၅ ဒီဂရီ၊ ဆောင်နာထဲမှာက အပေါင်း ၁၀၀ ဒီဂရီ။ နတ်ပြည်နဲ့ ငရဲပြည်လိုဖြစ်နေမလား မသိပါ။ အဲဒီ အပေါင်း ၁၀၀ ထဲမှာ ၅ မီနစ်ခန့်ထိုင်ပြီး ချွေးတဒီးဒီ ကျလာချိန်မှာ အပြင်က ရေကန်ထဲပြေးထွက်ပြီး ရေခဲရေအိုင်ထဲခုန်ချကြတယ်လို့ဆိုပါတယ်။ အဲဒီလိုလုပ်ရင် Shock ရိုက်တဲ့သဘောနဲ့ လူဟာ အားသစ်တွေရပြီး လန်းလန်းဆန်းဆန်းဖြစ်သွားတယ်လို့ ဖင်လန်တွေ ကပြောပါတယ်။ 

မြန်မာပြည်မှာ အဲလိုသွားလုပ်ရင်တော့ ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူလို့ အပြောခံရမလားမသိပါ။ အသစ်အဆန်းကိုစမ်းချင်တဲ့ကျနော်လည်း ရောက်တုန်းရောက်ခိုက် စမ်းလိုက်ဦးမှဆိုပြီး ဆောင်နာထဲမှာ ၅ မီနစ်ခန့်နေပြီးတဲ့နောက် အပြင်က နှင်းတောထဲပြေးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ရေခဲအိုင်ထဲခုန်ချရင် အအေးပက်ပြီး လေဖြတ်သွားမှာစိုးတာနဲ့ ဘေးနားရှိ နှင်းပုံကြီးပေါ်မှာပဲ လှဲအိပ်ပြီး Shock ရိုက်ရင်းနဲ့ ကျေနပ်လိုက်ရပါတယ်။

၆၆.၃၃ ဒီဂရီနှင့် အာတိတ်စက်ဝိုင်း

ရိုမက်တစ် ဆန်လှတဲ့ သစ်သားတဲနန်းမှာ တညတာတည်းပြီးတဲ့နောက် မနက် ၉ နာရီလောက်မှာ Rovaniemi မြို့ကနေ ကျနော်တို့ထွက်လာပါတယ်။ တနာရီနီးပါး မောင်းပြီးတဲ့နောက် အာတိတ်စက်ဝိုင်း (Arctic Circle) ဖြတ်သွားတဲ့နေရာ၊ ၆၆.၃၃ ဒီဂရီ လာဒ်တီကြူမျဉ်းရှိတဲ့နေရာ၊ မြောက်ဝင်းရိုးစွန်း (Northern Hemisphere) ရှိတဲ့နေရာ၊ Santa Claus (ခရစ်စမတ်ဘိုးဘိုး) ရွာရှိတဲ့ ခြံဝင်းကြီးတခုဆီ ကျနော်တို့ ရောက်သွားပါတယ်။ 



တလမ်းလုံးဆိပ်ငြိမ်နေသလောက် ဒီခြံဝင်းထဲမှာတော့ ပရိသတ်က ထောင်နဲ့ချီပြီး ဆူညံနေပါတယ်။ အနောက်တိုင်းသား အများစုပါတဲ့ ကမ္ဘာအရပ်ရပ်ကလာတဲ့ ဧည့်သည်တွေထဲမှာ ထူးထူးခြားခြား ဒီလောက်နှင်းတွေကျပြီး လမ်းတွေ ရေခဲဖုံးနေချိန်မှာ မော်တော်ဆိုင်ကယ်စီးပြီး ရောက်လာတဲ့အုပ်စုက ရှိသေး။ ပြီးတော့ ဟောခန်းထဲမဝင်ပဲ နှင်းစက် တွေကြားမှာ ခရစ်စမတ်တေးသွားနဲ့ ကခုန်နေကြလေရဲ့။ 

အအေးဒဏ်ကို နည်းနည်းကြောက်စပြုနေပြီဖြစ်တဲ့ ကျနော်တို့ကတော့ အပြင်မှာ အဲလိုမနေရဲတော့ပါ။ ဒါကြောင့် ကိုယ်မြင်ချင်တဲ့ ၆၆.၃၃ လိုင်းဖြတ်သွားရာ နေရာကိုအရင်ဆုံးသွားကြည့်ပါတယ်။ နွေရာသီမှာ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ မျဉ်းလိုင်းဟာ အခုတော့ နှင်းတွေဖုံးနေလို့ ဘာမှမမြင်ရပါ။ အပေါ်မှပြထားတဲ့ မီအိမ်တန်းနဲ့ စာတန်းကိုပဲ မှန်းပြီး ဓာတ်ပုံရိုက်ခဲ့ရပါတယ်။ 

အဲဒီမျဉ်းဘေးမှာတော့ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်၊ အဲဒီဆိုင်ရဲ့နောက်ဖက်ကိုဝင်သွားကြည့်တော့ ရေခဲနဲ့ ဆောက်ထားတဲ့ အိမ်သေးသေးလေးတလုံး။ အဲဒီဘေးမှာတော့ သမင်းအကြီးစားတွေဆွဲတဲ့ စွပ်ဖားလှည်း။ နှစ်ဦး သို့မဟုတ် မိသားစုတခုလိုက်ပါနိုင်ပြီး အအေးမပက်အောင် အကောင်းစား အမွေးပွသရေအခြုံထည်တွေ ထည့်ထားပေးတာတွေ့ရပါတယ်။ ခေါင်းလောင်းသံတညံညံနဲ့ သမင်ဆွဲနေတဲ့ ရေခဲပြင်စွပ်ဖားလှည်းကိုကြည့်ရင်း ပုဂံက မြင်းလှည်းတွေကိုတောင် လွမ်းမိသလိုလို။


အပြင်မှာ အတော်အေးနေပြီမို့ ခန်းမထဲဝင်ပြီး ခရစ်စမတ်ဘိုးဘိုးနဲ့တွေ့ဖို့ တန်းစီရပါတယ်။ လူတန်းကြီးက နည်းတာမဟုတ်။ ကိုယ်ရှေ့မှာ ၁၀၀ ကျော်လောက်ရှိပြီး တကြိမ်မှာ ၅ ဦးစီလောက်ကိုပဲ ခွဲပြီးတွေ့တာမို့ အတော်စောင့်လိုက်ရပါတယ်။ 

ညနေပိုင်းမှာတော့ မြောက်ပိုင်းရောင်ချည် Northern Light ကို မြင်ရလေမလားဆိုပြီး စောင့်ကြည့်ခဲ့ပါသေး တယ်။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ် နွေလယ်ရာသီမှာ နော်ဝေးမြောက်ပိုင်းရှိ နေမဝင်အရပ်ဆီ သွားခဲ့စဉ်တုန်းကလိုပါပဲ။ သန်းခေါင်ယံနေကိုမြင်ရဖို့ဆိုတာ မိုးမရွာပဲ တိမ်တွေကင်းစင်နေမှဖြစ်တာပါ။ အခု မြောက်ပိုင်းရောင်ချည်ကို မြင်ခွင့်ရဖို့ဆိုတာက အဲဒီထက်တောင် ပိုခက်ပါသေးတယ်။ 

သန်းခေါင်ယံနေကို မိုးမရွာ၊ တိမ်မထူဘူးဆိုရင် ည ၁၂ နာရီတိုင်းမှာမြင်ရနိုင်ပေမဲ့ မြောက်ပိုင်းရောင်ချည် ကတော့ အဲဒီလို ပုံမှန်ပေါ်လာတာမျိုးမဟုတ်ပါ။ အေးစိမ့်ပြီး မှောင်မဲလှတဲ့ ဆောင်းရာသီရဲ့ မိုးကောင်းကင် ပေါ်ရှိ တိမ်တိုက်တွေကြားမှာ နေကနေလာတဲ့ လျှပ်စစ်စွမ်းအားနဲ့ ကမ္ဘာကနေလာတဲ့ လျှပ်စစ်စွမ်းအားတို့ မတော်တဆ ပွတ်တိုက်မိရာကနေ ထွက်လာတဲ့ ရောင်စဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စီးလက်တာနဲ့ တူတယ်လို့ပြောနိုင်မယ်ထင်ပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့ရောင်စဉ်တန်းကတော့ မတူပါဘူး။ စိမ်းပြာရောင် အလင်းတန်းဟာ ရောင်ချီတော်လိုလို၊ သရဲကားထဲက ရောင်စဉ်တွေလိုလိုနဲ့ ဘာနဲ့ နှိုင်းပြရမှန်း မသိအောင် ကို အတော်လှပါတယ်။ 



ဒီရောင်ချည်ကို မြင်ရဖို့ဆိုရင် ဒီထက်ပိုမြောက်ပိုင်းကျတဲ့၊ နောက်ထပ် ကီလိုမီတာ ၃၀၀ ကျော် ထပ်မောင်း ရမဲ့ Kakslauttanen မြို့အထိသွားပြီး အဲဒီမှာ သီတင်းတပတ်လောက်အထိ စောင့်နိုင်မှ မြင်ကောင်းမြင် နိုင်တယ်လို့ ဝင်ရိုးစွန်းအရပ်ရှိ ဧည့်လမ်းညွန်တွေကဆိုပါတယ်။ ကျနော်တို့က အဲဒီလောက်အထိ အချိန်မပေးနိုင်တော့တဲ့အတွက် အာတိတ်စက်ဝိုင်းရှိရာ၊ မြောက်ဝင်ရိုးစွန်းဖြတ်သွားရာ၊ ၆၆.၃၃ ဒီဂရီ မျဉ်းပေါ်ကနေပဲ ပြန်လှည့်ပြီး ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ ပထဝီ သင်ခန်းစာနဲ့ လက်တွေ့အခြေအနေကို နှိုင်းယှဉ်စဉ်းစားနေမိပါတယ်။             ။
.............
ဗွီဒီယို မှတ်တမ်းတိုကိုလည်း ဟောဒီမှာ ကြည့်နိုင်ပါတယ်...။

1 comments:

အခုု ေနာ္ေ၀းမွာ ျမန္မာခရီးသြားကုုပဏီတခုုရွိေနျပီ။ တကယ္လုုိ႔ ဥေရာပကိုု ခရီးထြက္မယ္ဆုုိရင္ ေနာ္ေ၀းကိုုျဖစ္ေအာင္လာခဲ့ပါ။ ေနာ္ေ၀းေျမာက္ပုုိင္းက သန္းေခါင္ယံေန၊(ေနြရာသီ) နဲ႔ ေျမာက္ပုုိင္းေရာင္ခ်ည္ (ေဆာင္းရာသီ) ကုုိ သူတုုိ႔ကုုပဏီက လုုိက္ပုုိ႔ေပးမယ္လုုိ႔ သတင္းေကာင္းရရွိ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More