Challenge Mallorca race ပထမနေ့ Greipel အနိုင်ရ...။
...
ဥရောပတိုက်နဲ့ အာဖရီကတိုက်အကြား မြေထဲပင်လယ်ထဲက စပိန်ပိုင်ကျွန်း Mallorca မှာကျင်းပတဲ့ Challenge Mallorca race ပြိုင်ပွဲ ပထမနေ့ 174km မှာ ဂျာမဏီမှ နာမည်ကြီး Sprinter André Greipel (Ger) Lotto Soudal က 4:05:15 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Sam Bennett (Irl) Bora-Argon 18 နဲ့ Edvald Boasson Hagen (Nor) Dimension Data တို့က ကပ်လျက်ပန်းဝင်ပြီး ဒုတိယနဲ့ တတိယ ဖြစ်သွားပါတယ်။
မနှစ်က တိုးဒီဖရင့်ပွဲနဲ့ အခြားပွဲအတော်များများမှာ ပီတာဆာဂန်နဲ့အပြိုင် ခြေ စွမ်းပြခဲ့သူ Greipel အတွက် ဒါဟာ ၂၀၁၆ ရဲ့ ပထမဆုံးသော အောင်ပွဲဖြစ်ပါ တယ်။ ၁၂ နှစ်တာ သူရဲ့ ပရို စက်ဘီးသမားဘ၀အတွက်ဆိုရင်တော့ ဒါဟာ ၁၂၄ ကြိမ်မြောက် အောင်ပွဲဖြစ်ပါတယ်။
တိုးဒီဖရင့် ချန်ပီယံဟောင်းနဲ့ တနာရီစာ Hour Record စံချိန်သစ်ပိုင်ရှင် လက် ရှိဗြိတိန်အသင်းခေါင်းဆောင် Bradley Wiggins အပါဝင် စက်ဘီးသမား ၁၆၇ ဦး ဒီပွဲကိုဝင်ပြိုင်ကြပါတယ်။
မနက်ဖြန်မှာတော့ Trofeo Pollenca-Port de Andratx တောင်တက်ပွဲတွေ ကို ဆက်ပြိုင်ဖို့ရှိနေပါတယ်။ ။
0 comments:
Post a Comment