Friday, February 26, 2016

အသက် ၄၄ နှစ်အရွယ် Pro စက်ဘီးသမား Christopher Horner.

အသက် ၄၄ နှစ်အရွယ် Pro စက်ဘီးသမား မြန်မာပြည်မှာရှိသလား...။
...
အမေရိကားမှာတော့ Christopher Horner..ရှိနေဆဲ...။
...
လူငယ်ခြေတက်တွေအကြောင်း စိတ်ဝင်စားဘွယ်သတင်းတွေရှာရင်းနဲ့ အသက် ၄၄ နှစ်အရွယ်အထိ စက်ဘီးစီးလို့ကောင်းတုန်း ချန်ပီယံ ဟောင်း တဦးကိုသွားတွေ့မိပါတယ်။


ချန်ပီယံဟောင်းဆိုတာ ၂၀၁၃ တုန်းက ၂၁ ရက်တာ စပိန်ပွဲ Vuelta a España မှာ အနီရောင်အကျီရခဲ့တာကို ဆိုလိုတာပါ။ ဒီအသက် အရွယ်နဲ့ ဒီလို ၂၁ ရက်တာ ကမ္ဘာကျော်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်တဲ့ကိစ္စ။
အဲဒီထက်ပိုမလွယ်တာက အသက် ၄၂ မှာ ဒီလိုကြီးမားတဲ့ချန်ပီယံရပြီဆိုတော့ ပရိုဖက်ရှင်နယ်စက်ဘီးလောက ကနေ သူအနားယူတော့မယ်လို့ အများက ထင်ထားခဲ့တာပါ။ ဘာကြောင့်လဲဆို ဒီလိုချန်ပီယံဆုတောင် မရဖူးတဲ့ နာမည်ကြီး အတော်များများဆိုရင် အသက် ၃၀ ကျော် ၄၀ နားနီးတာနဲ့ ပရိုဘ၀ကနေ အနားယူလိုက်တာ တွေ့နေရ တယ်မဟုတ်ပါလား။

အခုတော့ သူဟာ အနားမယူတဲ့အပြင် စက်ဘီးအသင်းသစ် တခုနဲ့တောင် စာချုပ်အသစ် ထပ်ချုပ်လိုက်ပါသေးတယ်။ အမေရိကန်က စက်ဘီး အကျော်အမော် Christopher Horner ကို စာချုပ်အသစ်နဲ့ငှားလိုက်တဲ့ အသင်းကတော့ Lupus Racing Team ဖြစ်ပါတယ်။
ဒီအသင်းဟာ အရင်က ဥရောပပွဲတွေမှာ အတော်များများဝင်ပြိုင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ မြောက်အမေရိကား (အမေရိကန်နဲ့ ကနေဒါ) ပွဲတွေဖြစ်တဲ့ California, Utah, Colorado and Alberta ကိုသာ ဦးစားပေးမယ်လို့ဆိုပါတယ်။
ဒါကြောင့် အသက် ၄၄ နှစ်အရွယ် ဆရာသမား Horner ရဲ့ ခြေစွမ်းကို Tour of California မှာ မကြာခင် (နွေဦးရာသီအတွင်း) မြင်ရတော့မယ်လို့ မျှော်လင့်ရပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More