Saturday, March 28, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၄) နိဂုံးပိုင်း

သမ္မတဦးသိန်းစိန်ရဲ့ နော်ဝေခရီးစဉ်နှင့် DVB အော်စလိုရုံး နိဂုံး အစ

DVB ဖြစ်ပေါ်လာရေးအတွက် အဓိကနေရာမှာပါဝင်ခဲ့သူ၊ ၁၉၉၁ မှာ သူရခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုကနေ DVB ဖြစ်ပေါ်လာအောင် အားပေးခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပြီး လ ၀န်းကျင်အကြာ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှာ သမ္မတဦးသိန်းစိန် နော်ဝေးနိုင်ငံဆီရောက်လာ ပါတယ်။ ဒါဟာ မြန်မာသမ္မတဦးရဲ့ ပထမဆုံး နော်ဝေးခရီးစဉ် ဖြစ်သလို လေးလုံးနောက်ပိုင်း ပထမ ဆုံးအကြိမ် ဥရောပခရီးစဉ်လည်းဖြစ် ပါတယ်။

(၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလက သမ္မတဦးသိန်းစိန်ကို ဆန္ဒပြနေသူများ)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲရောက်လာခြင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါးပြန်လွတ်လာခြင်း၊ မီဒီယာလွတ်လပ်ခွင့် အတိုင်းအတာတခုအထိရလာခြင်း အပါဝင် သိသာတဲ့ ဒီမိုကရေစီ ပြုပြင်ရေးလမ်းစတချို့ကို ဦးသိန်းစိန်အစိုးရဖက်က လုပ်ပေးခဲ့တဲ့အတွက် နှစ်ပေါင်း ၂၀ ကျော်ပိတ်ဆို့ထားရတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ ဗီဇာပိတ်ပင်မှုတို့ကို နော်ဝေးနဲ့ ဥရောပဖက်က တစုံတရာဖြေလျော့ပေးလိုက်တဲ့ လက္ခဏာလို့ လည်းပြောနိုင်ပါတယ်။

သမ္မတနဲ့အတူ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပြန်ကြားရေး ဒုဝန်ကြိးနှင့် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့်အတူ တခြားဒုဝန်ကြီးတွေဖြစ်တဲ့ ဦးသန့်ကျော်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအရာရှိ စုစုပေါင်း ၂၀ လောက် လိုက်ပါလာတဲ့အတွက် ဒီခရီး စဉ်အပေါ် မြန်မာအစိုးရဖက်က များစွာမျှော်လင့်ထားတယ်ဆိုတာ သံသရရှိစရာမလိုပါဘူး

ဒါဟာ သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံး ဥရောပခရီးစဉ်ဖြစ်တဲ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန် အရှိန်ကောင်းနေတဲ့ ဒီမိုကရေစီပြုပြင်ရေးကာလဆိုတော့ အားလုံးက ၀မ်းပန်းတသာကြိုဆိုကြလိမ့်မယ် လို့လည်း မြန်မာအစိုးရအဖွဲ့က ထင်ထားပုံရပါတယ်။ ဒါပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့ပါ။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ညနေ နာရီမှာ လူအင်အား ၅၀ ခန့်ပါတဲ့ နော်ဝေးရောက် မြန်မာမိသားစုတွေက သမ္မတ တည်းခိုတဲ့ ဟိုတယ်ရှေ့ကိုရောက်လာပြီး ‘’သိန်စိန် လူလိမ်'' ၊ ''သိန်းစိန်အစိုးရ အလိုမရှိ''၊ ''ကံ့ဖွံ့ အစိုးရအလိုမရှိ'' ၊  ''၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ’’ ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ပြီ ဆန္ဒပြတာကိုခံလိုက်ရ ပါတယ်။ နော်ဝေးအစိုးရနဲ့ နိုင်ငံဆွေးနွေးပွဲအပြီးပြန်လာတဲ့ သမ္မတက ဒီလိုဆန္ဒပြမှုအပေါ် အတော်မကျေ မလည်ဖြစ်သွားပုံရပြီး လှည့်တောင်မကြည့်ပဲနဲ့ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။

ဒါပေမယ့် သမ္မတရုံးဝန်ကြီးနဲ့ ပြန်ကြားရေးဒုဝန်ကြီးတို့ကတော့ နည်းဗျုဟာနည်းနည်းပြောင်းပြီး ဆန္ဒပြ သူတွေထဲက ကို်ယ်စားလှယ် ဦးကို ဟိုတယ်ထဲ ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ဘာလို့ ဒီမှာ ဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာလေ့လာကြလေလို့ ၀န်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်ပြီး  သူတို့ အစိုးရအသစ်က လုပ်နေတဲ့ မြန်ပြည်တခွင် လုပ်ငန်းစဉ်တွကိုရှင်းပြခဲ့တယ်လို့သိရပါတယ်။

ဒီဆန္ဒပြပွဲဟာ မြန်မာ့နိုင်ငံရေးကို အတော်ကရက်ရိုက်သွားတယ်လို့သိရပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့သမ္မတ၊ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ယုံကြည်ပါတယ်လို့ပြောထားတဲ့ သမ္မတကို ဘာကြောင့်ဆန္ဒပြတာလဲဆိုပြီး လန်ဒန်က BBC အပါဝင် သတင်းဌာန အတော်များများက လှမ်းမေးကြပါတယ်။ ပြည်တွင်းရှိသတင်းသမားတွေက လည်း လှမ်းမေးကြပါတယ်။

သတင်းသမားဆိုလို့ သမ္မတဦးသိန်းစိန်နဲ့အတူ Skynet, MRTV အပါဝင် မြန်မာနိုင်ငံတွင်းက သတင်း သမားတွေ ဒါဇင်နဲ့ချီလိုက်ပါလာတာတွေ့ရပြီး ကျနော်တို့ဆန္ဒပြနေစဉ်မှာ သတင်းရိုက်ယူနေတာတွေ့ရ ပါတယ်။ ဒါပေမယ့် ထူးခြားတာက အရင်က ဒီလိုဆန္ဒပြပွဲသတင်းမျိုးကို မပျက်မကွက်ရိုက်ယူလေ့ရှိတဲ့ အော်စလိုအခြေစိုက် DVB သတင်းဌာနက သတင်းသမားတွေက ဒီပွဲကို သတင်းလာယူခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုပြီး စုံစမ်းကြည့်တော့ သမ္မတနဲ့ နော်ဝေးအစိုးရအဖွဲ့ဆွေးနွေးပွဲကို အဓိကဦးစားပေး သတင်း ယူနေရလို့ ဆန္ဒပြပွဲဆီမလာဖြစ်တော့တာပါတဲ့။


အစိုးရသတင်းစာရှင်းပွဲမှာ အခန်းနားမှုးဖြစ်သွားတဲ့ DVB ညွှန်မှုး

အစိုးရကိုဆန္ဒပြတဲ့ပွဲဆီ သတင်းယူဖို့ မအားမလပ်ဖြစ်ခဲ့တဲ့ ဒီမိုကရေစီကိုယ်စားပြုသတင်းဌာန DVB ကပုဂ္ဂိုလ်တွေဟာ နောက်တရက်မှာကျင်းပတဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာတော့ အခန်းနားမှုးအဖြစ်ပါ တာဝန်ယူပေးနေတာကို ထူးဆန်းစွာတွေ့လိုက်ရပါတယ်။ ‘’သမ္မတကြီးနှင့်အဖွဲ့ ကြွရောက်လာပြီဖြစ်တဲ့ အတွက် အားလုံးမတ်တန့်ရပ်ပေးကြပါခင်ဗျား’’ ဆိုပြီး DVB ဒုညွှန်မှုး ကိုခင်မောင်ဝင်းကိုယ်တိုင်က အော်ပြောနေတာကို ကြားခဲ့ရပါတယ်။


(သမ္မတရဲ့ သတင်းစာရှင်းပွဲမှာ အခန်းနားမှုးအဖြစ်တာဝန်ယူနေသူ DVB ဒုညွှန်မှုး)

ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ABSDF, DPNS မှ ရဲဘော်ဟောင်း - ဦးက မထပဲ ဒီတိုင်း ထိုင်နေပါတယ်။ ဒါကို သမ္မတက မျက်စိမျက်နှာမပျက်ပဲ အခန်းနားမှုးတာဝန်ယူထားသူက မျက်နှာပျက်ပြီး ပျာပျာသလဲ ဖြစ်နေတာကို မြင်ရတာ့ စိတ်ထဲမှာတမျိုးကြီုးုဖြစ်မိပါတယ်။ ‘’မနေ့က ဆန္ဒပြတာကိုအားမရလို့ ဒီမှာ ဆက်ဆန္ဒပြနေတာကိုသိရဲ့သားနဲ့ ဒီလူက ကျနော်တို့ကိုလာပြီး ထရပ်ခိုင်းနေတယ်ဗျာဆိုပြီး အဲဒီ ရဲဘော်တွေက ကျနော်ကို ပြန်ပြောပြခဲ့ပါတယ်။

မနေ့က ဆန္ဒပြတာရော၊ ဒီနေ့ အခန်းနားမှာ ထပ်ဆန္ဒပြတာကိုပါ ခံလိုက်ရတဲ့ ဦးသိန်းစိန်ဟာ ရွေးကောက်ခံ သမ္မတဆိုပေမယ့် ဒါတွေကို သီးခံနိုင်ရည်ရှိပုံမရသေးပါ။ မီနစ်လောက်ပဲ အမှာစကားပြောပြီး တခြား အရေးကြီးလုပ်စရာတွေရှိသေးတယ်။ ကျန်တာကို ၀န်ကြီးဦးစိုးသိန်းနဲ့ ဦးရဲထွဋ်တို့ကိုပဲမေးပါလို့ပြောပြီး ပြန်သွားပါတယ်။ ထူးခြားတာကတော့ အဲဒီလို သမ္မတပြန်တာနဲ့ အခန်းနားမှုး DVB ဒုညွန်မှုးလည်း သမ္မတနောက်ကို တကောက်ကောက်လိုက်သွားတဲ့အတွက် ခုနက ရှေ့ဆုံးတန်းမှာ ဆန္ဒပြခဲ့သူတဦးက အခန်းနားမှုးအဖြစ် အရေးပေါ်တာဝန်ယူပေးလိုက်ရပါတယ်။


အဲဒီနေ့ညနေပိုင်းတက်လာတဲ့ နော်ဝေးသတင်းတွေနဲ့ DVB သတင်းတွေကိုဖတ်ကြည့်တဲ့အခါမှာတော့ အလုပ်များတယ်လို့ပြောပြီး ပြန်သွားတဲ့သမ္မတဟာ DVB ဒုညွှန်မှုးနဲ့အဖွဲ့ကို သူတည်းတဲ့ဟိုတယ်မှာ Exclusive (သီးသန့်) အင်တာဗျုးပေးတယ်လို့ သိရပါတယ်။ အဲဒီအင်တာဗျုးကို DVB အော်စလိုရုံးကနေ နောက်ဆုံးထုတ်လွှင့်တဲ့ အသံလွှင့်ချက်အဖြစ် ထုတ်လွှင့်ပြီးတဲ့နောက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ DVB စတူဒီယိုကနေ ထုတ်လွှင့်မှုအားလုံးကို တရားဝင်ရပ်ဆိုင်းလိုက်တယ်လို့ ဒုညွှန်းမှုးကပြောကြောင်း NRK နော်ဝေးသတင်းဌာနမှာ ဓာတ်ပုံနဲ့တကွ ဖေါ်ပြထားတာ တွေ့လိုက်ရပါတယ်။


DVB မဟုတ်တော့တဲ့ DVB 

အော်စလိုရုံးကနေ သတင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်ပြီလို့ ကြေညာပြီးနောက်မှာတော့ ချင်းမိုင်နဲ့ ရန်ကုန်ရုံးဖက်က လှုပ်ရှားမှုတွေ အတော်အရှိန်ကောင်းလာတာကိုတွေ့ရပါတယ်။ နေပြည်တော် အရာရှိတွေနဲ့ DVB အရာရှိတွေကြားဆက်ဆံရေးကလည်း အတော်တိုးတက်လာပါတယ်။ နေပြည်တော်နဲ့ DVB အကြား ပထမ ဆုံး ပူးပေါင်းဆောင်ရွက်မှုကတော့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄-၂၅ က ရန်ကုန် အင်းယားလိပ်ဟိုတယ်မှာကျင်းပတဲ့ (Media in Service to the Public: A Forum on Public Service Broadcasting) “အများပြည်သူအတွက် ဝန်ဆောင်မှု မီဒီယာ- အများပြည်သူအတွက် အသံလွှင့်လုပ်ငန်း ဆွေးနွေးပွဲ” ပဲ ဖြစ်ပါတယ်။

(DVB Multimedia Group နဲ့ အစိုးရပြန်ကြားရေးတို့ ပထမ ဆုံးအကြိမ် ပူးတွဲကျင်းပတဲ့ မီဒီယာ ဆွေးနွေးပွဲ)

အဲဒီနောက်ပိုင်းမှာတော့ နေပြည်တော်ရှိ MRTV က အစိုးရသတင်းသမားတွေကို DVB ဒုညွှန်မှုးနဲ့အဖွဲ့က သင်တန်းပေးတာတွေ၊ ကွန်ပြူတာနဲ့ အသံလွှင့်လုပ်ငန်းသုံးပစ္စည်းလှူတန်းတာတွေလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ညာတွေကိုပါလက်ခံပြီး ဒီမိုကရေစီကိုယ်စားပြု အတိုက်ခံ မီဒီယာကနေ commercial စီးပွါးဖြစ် မီဒီယာအဖြစ် အသွင်ပြောင်းတော့မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ယယ်ဟိုတယ်မှာ ကျင်းပတဲ့ DVB ကို တော်လှန်ရေးမီဒီယာကနေ စီးပွါးရေး Commercial မီဒီယာအဖြစ် စတင်ရပ်တည်ခြင်း စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဒုညွှန်မှုး ကိုခင်မောင်ဝင်းက အဲဒီလိုပြောသွားတာဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ DVB, Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံကို DVB Multimedia Group ဒီဗွီဘီ မာရတီမီဒီယာဂရု အဖြစ် ဦးသိန်းစိန်အစိုးရဆီမှာ မှတ်ပုံတင်လုပ်လိုက်တယ်လို့ လည်း သူကဆိုပါတယ်။ ဒီလိုအမည်ပြောင်းလိုက်တော့ DVB ရဲ့ အဓိပ္ဗယ်က ဘာလဲ။ အရင်အတိုင်း Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံ ဟုတ်သေးရဲ့လားဆိုပြီး VOA မြန်မာပိုင်းမှ ၀ါရင့်အစီစဉ်မှုး ဦးကျော်ဇံသာက အင်တာဗျုးတခုမှာမေးတဲ့အခါ ကိုခင်မောင်ဝင်းက ဟောဒီလို ဖြေခဲ့ ပါတယ်။

(တော်လှန်မီဒီယာမှ စီးပွါးဖြစ်မီဒီယာအဖြစ် အသွင်ပြောင်းကြောင်း ကြေညာနေစဉ်)

‘’ကျနော်တို့ကျတဲ့ မှတ်ပုံတင်က DVB Multimedia Group လို့ ပြောပါတယ်။ ဗမာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံလို့ မပြောတော့ပါဘူး။ အခု ဒီဗွီဘီ သတင်းဌာန လို့ ပြောပါတယ်။ ကျနော်တို့ ကျတဲ့မှတ်ပုံတင်ကလည်း DVB Multimedia Group လို့ တရားဝင်မှတ်ပုံတင် ကျထားတာရှိပါတယ်။ DVB ကတော့ ဒီအတိုင်းပဲ ဒီဗွီဘီ လို့ပဲ ဆက်သွားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အကျယ်ကော ရေးသလား။ Democratic Voice of Burma.  Burma ဆိုတဲ့ အသုံး အနှုန်းကို ဖော်ထည့်လို့၊ ရေးလို့ရပါသလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ အဲဒါ မရေးတော့ဘူး။ ကျနော်တို့ station ရဲ့  အခေါ်အဝေါ် ဒီမိုကရက်တစ် မြန်မာ့အသံ Democratic Voice of Burma လို့ မခေါ်တော့ပါဘူး။ DVB Multimedia Group အင်္ဂလိပ်လို၊ မြန်မာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ခေါ်ပါတယ်။ အဲဒါ B ဆိုတဲ့ဟာ Burma မဟုတ်ပါဘူး။ ဘာမှလည်း မဟုတ်ပါဘူး။ နံမည်တခုသာ ဖြစ်ပါတယ်'' တဲ့။

အဓိပါယ်ကတော့ DVB ဟာ အဲဒီအချိန် ၂၀၁၃ ခုနှစ် အောက်တိုဘာလကစပြီး ‘’Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံ’’ မဟုတ်တော့ပါ။ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာစတင်ခဲ့တဲ့ တော်လှန်ရေးကို်ယ်စားပြု၊ ဒီမိုကရေစီလှုပ်ရှားမှုကို်ယ်စားပြု DVB ဟာ အဲဒီနေ့မှာ သက်တန်းကုန်ဆုံး သွားပြီဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ် အောက်တိုတာနောက်ပိုင်း ဆက်လက်ရှိနေတဲ့ DVB ဟာ မူလ DVB မဟုတ်တော့ပါ။ ထပ်ရှင်းအောင်ပြောရမယ်ဆိုရင်တော့ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ ကနေ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ရက်နေ့အထိရှိတဲ့ DVB ဟာ မူလ တော်လှန်ရေးမီဒီယာ DVB ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အောက် တိုဘာနောက်ပိုင်းဆက်ရှိနေတဲ့ DVB Multimedia Group ဟာ မူလ DVB နဲ့ဘာမှမဆိုင်တဲ့ ပုဂ္ဂလိကပိုင် Commercial စီးပွါးရေး မီဒီယာဖြစ်သွားပြီလို့ အဓိပ္ဗါယ်ရပါတယ်။

ဒီလိုအမည်ပြောင်းလိုက်ပြီဆိုတာကို နော်ဝေးအစိုးရနဲ့ နော်ဝေးပြည်သူတွေကို အသိပေးဖို့အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၁-၂၂ ရက်တွေမှာ မီဒီယာဆွေးနွေးပွဲကြီးတခု အော်စလိုမှာပြုလုပ်ခဲ့ပါတယ်။ ဒုတိယနေ့ မှာတော့ အော်စလိုရှိ မြန်မာမိသားစုတွေကိုပါ ဖိတ်ကြားပြီး DVB ရုံး ပိတ်လိုက်ပြီဆိုတဲ့အကြောင်း ညွန်မှုး တွေကရှင်းပြခဲ့ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားတွေလည်း ဒါဇင်နဲ့ချီတက်ရောက်ခဲ့ ပါ တယ်။ 

(မြန်မာစာနယ်ဇင်းသမားတွေပါတက်တဲ့ DVB အော်စလိုရုံးပိတ်ပွဲ)

ဒီအခန်းအနားဆီတက်လာတဲ့ အော်စလိုအခြေစိုက် မြန်မာသတင်းသမားတဦးဖြစ်သူ ကိုညို (အရင် အိန္ဒိယ အခြေစိုက် RFA သတင်းထောက်) ကနေ ဘာကြောင့် DVB နော်ဝေးကနေ မြန်မာနိုင်ငံဆီပြောင်းသွား တာလဲ၊ ဒေါ်လာ ၃ သိန်းလာဘ်စားမှုကို ရင်မဆိုင်ရဲလို့လား။ နော်ဝေးအစိုးရက လက်မခံတော့လို့လား ဆိုပြီးမေးပါတယ်။ တခါ ဒီမိုကရေစီကိုယ်စားပြုမီဒီယာကနေ ပုဂ္ဂလိကပိုင်မီဒီယာအဖြစ်အသွင်ပြောင်းလိုက် ပြီဆိုတော့ လက်ရှိ DVB Multimedia Group ကို ဘယ်သူတွေကပိုင်သလဲ။ ညွှန်မှုးတွေက ပိုင်ရှင်ဖြစ်သွား ပြီလား။ စသဖြင့် တည့်တိုးမေးခွန်းထုတ်ပါတယ်။

ဒီမေးခွန်းကို ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့က တိုက်ရိုက်ဖြေကြားခြင်းမရှိပဲ ''ခင်ဗျားကို ဘယ်သူက ဖိတ်လို့ တက်လာတာလဲ၊ သတင်းထောက်ကတ်ပြပါ'' ဆိုပြီး ခပ်တင်းတင်းတုန့်ပြန်ခဲ့ပါတယ်။ ဧရာတီက ထုတ်ပေးထားတဲ့ Contributor ကတ်ကိုပြလိုက်တဲ့အခါမှာတော့ ညွှန်မှုး ၂ ဦး ဘာပြန်ပြောရမှန်းမသိပဲ ''ကျနော်တို့က လက်နက်ချလိုက်တာမဟုတ်ဘူး။ ဒီမိုကရေစီအရေးအတွက် နည်းလမ်းပြောင်းပြီး ဆက် လုပ်နေတာပါ'' လို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယ မေးခွန်းဖြစ်တဲ့ ဒေါ်လာ ၃ သိန်းလာဘ်စားမှုနဲ့ လက်ရှိ အသွင်ပြောင်း DVB Multimedia Group ကို ဘယ်သူပိုင်သလဲဆိုတဲ့မေးခွန်းတွေကိုတော့ ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ပွဲကလည်း အတော်ရုတ် ရုတ်သဲသဲဖြစ်သွားတော့ ဒီမေးခွန်းကို ထပ်မေးခွင့်မရတော့ပါ။ လက်ရှိ DVB Multimedia Group ကို ဘယ် သူပိုင်သလဲ၊ ဒေါ်လာ ၃ သိန်းလာဘ်စားမှု ဘယ်လိုဖြစ်သွားပြီလဲဆိုတာတွေဟာ တကယ် မေးသင့်တဲ့ မေးခွန်းတွေပဲ မဟုတ်ပါလား။

သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာစိန်ဝင်းနဲ့ ဒီမိုကရေစီအင်အားစုတွေက DVB Multimedia Group ကို အုပ်ချုပ်ပိုင်ခွင့်မရှိတော့ပါ။ ဒါဖြင့် ပိုင်ကော ပိုင်သေးလား။ ဆိုင်ကော ဆိုင်သေး လား။ ဒါလည်း အားလုံးဝိုင်းစဉ်းစားသင့်တဲ့ ကိစ္စပါပဲ။ တကယ်တော့ DVB တင်မကပါဘူး။ ၈ လေးလုံး အရေးတော်ပုံနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကိုအခြေခံပြီး၊ တော်လှန်ရေးကိုကိုယ်စားပြုပြီး အလှူရှင်ငွေ နဲ့ပေါပေါက်လာခဲ့တဲ့ ဧရာဝတီ၊ မဇျိမ အပါဝင် ပြည်ပကနေ နေပြည်တော်ဆီပြန်ဝင်သွားတဲ့သတင်းဌာန အားလုံးကို ဘယ်သူပိုင်သလဲ ဆိုတာဟာ မေးခွန်းတခုအဖြစ်ရှိနေဆဲပါ။

သေချာတာကတော့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်ကစပြီး နော်ဝေးမှာ မှတ်ပုံတင်လုပ်ထားတဲ့ Democratic Voice of Burma Foundation ဟာ နော်ဝေးမြေ ပေါ်ကနေ လုံးဝပြောင်းသွားခဲ့ပါပြီ။ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကတည်းကစတင်ခဲတဲ့ တော်လှန်ရေးမီဒီယာ DVB ရဲ့ မှတ်ပုံတင်ကို နော်ဝေးက တရားဝင်ဖျက် သိမ်းလိုက်ပြီဖြစ်ပါတယ်။ 

ဒါကြောင့် တော်လှန်မီဒီယာ DVB ရဲ့အခန်းကဏ္ဍဟာ ဒီမှာပဲ တခန်းရပ်သွားခဲ့ပါပြီ။ နောက်ထပ် ဆက်ရှိနေ တဲ့ DVB Multimedia Group ဟာ အရင် DVB နဲ့ ဘာမှမဆိုင်တော့ဘဲ စီးပွါးရေးမီဒီယာသာဖြစ်ပါတယ်။ ကျနော်အပါဝင် အရင်လူဟောင်းတွေ၊ မူဟောင်းတွေနဲ့ လက်ရှိ DVB Multimedia Group ဘာမှမဆိုင် တော့ပါ။ ဒါကြောင့် အခန်းဆက်ရေးသားလာခဲ့တဲ့ ''တော်လှန်ရေး သတင်းသမားတဦးရဲ့ဒိုင်ယာရီ'' ကို မူလ DVB သက်တန်းကုန် သွားတဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
....................................................................................

အသိပေးတင်ပြချက်နှင့် အကြံအညဏ်တောင်းခံချက်။
ဧပြီလ ၆ ရက်၊ ၂၀၁၅။

တနှစ်ကျော်ကြာရေးသားခဲ့တဲ့ အထက်ဖေါ်ပြပါ အခန်း ၅၄ ခန်းစလုံးကိုပေါင်းပြီး စာအုပ်အဖြစ်ထုတ်ဝေဖို့ အစီအစဉ်ရှိပါကြောင်း စာဖတ်သူများအား လေးစားစွာအကြောင်းကြား အသိပေးအပ်ပါတယ်။

ဒါကြောင့် အထက်ဖေါ်ပြပါ အခန်း ၅၄ ခန်းထဲမှာ လွှဲချော်နေတဲ့အချက်တွေ၊ လိုအပ်နေတဲ့အချက်တွေ၊ ဝေဖန်အကြံပြုစရာရှိတာတွေရှိပါက ကျနော့်ဆီ ပွင့်လင်းစွာဝေဖန်ရေးသားအကြံပြုနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါတယ်။

အထူးသဖြင့် DVB ၀န်ထမ်းဟောင်း၊ ၀န်ထမ်းသစ်တွေ။ ABSDF, NCGUB နဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက DVB နဲ့ ပတ်သက်ခဲ့ဖူးသူတွေရဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို မျှော်လင့်နေပါတယ်။ 

လာမဲ့ ဇူလိုင်လ ၁၉ ရက်နေ့ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံ စတင်ထူ ထောင်ခြင်း ၂၅ နှစ်ပြည့်နေ့မှာ ဒီစာအုပ်ထုတ်နိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။

အားလုံးကို လေးစားလျက်
ထက်အောင်ကျော်။
..................................................................။     ။


မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်

အပြောင်းအလဲများနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ

DVB Logo
DVB Logo

မီဒီယာ

အသံ
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံကနေ ရုတ်သိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ အဓိက အခြေစိုက်တော့မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောင်းရွှေ့ ဖို့ ဆုံးဖြတ်ခဲ့ရပါသလဲ။ ရှေ့ အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲဆိုတာကို DVB တွဲဘက်အမှုဆောင်ညွန်းကြားရေးမှူး ဦးခင်မောင်ဝင်း နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုခင်မောင်ဝင်းတို့ရဲ့  DVB ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံမှာ ရုံးပိတ်ပြီးတော့ မြန်မာနိုင်ငံကို အပြီးပြောင်းရွှေ့ တော့မယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးခင်မောင်ဝင်း ။ ။  နော်ဝေမှာ ရုံးပိတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် အပြီးရွှေ့ တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းတွေ ချဲ့ ထွင်တာတော့ရှိတယ်။ အထူးသဖြင့် ပရိုဂရမ် (program) အစီအစဉ် ထုတ်လုပ်ရေးအပိုင်းတွေပေါ့။ အသံလွှင့်လုပ်ငန်းတော့ အပြင်ကလည်း လုပ်မှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အသံလွှင့်တဲ့လုပ်ငန်းကို ဘယ်ကလုပ်မှာလဲ။

ဦးခင်မောင်ဝင်း ။ ။ လောလောဆယ် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ လုပ်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အခုဆိုရင် တရားဝင်အလုပ်လုပ်ခွင့်ရှိတယ့် သဘောရှိတော့ ထိုင်းကနေလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ စီမံခန့်ခွဲအုပ်ချုပ်တဲ့အပိုင်းကတော့ ထိုင်း နဲ့ မြန်မာပြည်တွင်းကနေ တာဝန်ရှိတဲ့လူတွေက ခွပြီးတော့သွားနေမယ်ဆိုတော့ ထိုင်းနဲ့ မြန်မာပြည် နှစ်ခုစလုံးက တန်တူအရေးပါတယ်လို့ ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာတယ်လို့ သုံးသပ်ပြီးတော့ အဲဒီဖက်ကို ရွှေ့ ဖို့ဖြစ်လာခဲ့သလဲ။

ဦးခင်မောင်ဝင်း ။ ။  မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ကြပေါ့။ အဲဒီမှာ မီဒီယာကဏ္ဍမှာလည်း ပြုပြင်ပြောင်းလဲရေး လုပ်ပေးခဲ့ကြတာရှိတယ်လေ။ အရင်တုန်းကဆိုရင် ကျနော်တို့ မီဒီယာကို တရားမဝင် မီဒီယာအဖြစ် ဆက်ခံရပြီးတော့ ကျနော်တို့ သတင်းထောက်တွေလည်း အဖမ်းအဆီးခံရတာတွေ အများကြီးရှိပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲလုပ်လိုက်တော့ အဲဒီအခြေအနေကနေ ပြောင်းထွက်သွားပြီးတော့ မီဒီယာလွတ်လပ်ခွင့် တစုံတရာ ဖွင့်ပေးလိုက်တာ အားလုံးလည်း အသိဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက ပြည်တွင်းဝင်လို့မရတဲ့ နိုင်ငံခြားသတင်းဌာနတွေ VOA, BBC, RFA, DVB အပါအဝင် အားလုံးအကုန်လုံး ဝင်ခွင့်ရပြီးတော့ အထဲမှာဝင်ပြီးတော့ လုပ်ဖို့ရှိပါတယ်။ အထဲမှာ လုပ်ရှားဖို့ အခြေအနေရှိသရွေ့ တော့ ကျနော်တို့ အထဲမှာ လှုပ်ရှားဖို့ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီအပြောင်းအလွှဲတွေအောက်မှာ ကျနော်တို့က ပြည်တွင်းမှာ အဓိကတော့ အစီအစဉ်တွေအပိုင်းကို အများကြီးတိုးချဲ့ လုပ်ကိုင်ဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းမှာ တစုံတရာအတိုင်းအတာအထိ အပြောင်းအလဲဖြစ်တယ်။ လှုပ်ရှားလို့ရတယ်ဆိုတော့ ဘယ်လောက်အထိ လှုပ်ရှားခွင့် ရှိပါသလဲ။ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝရပြီလို့ သုံးသပ်ပါသလား။

ဦးခင်မောင်ဝင်း ။ ။  မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ    မရသေးဘူးလို့ပဲ ကျနော်တို့ ပြောပါတယ်။ အပြည့်အဝရအောင်လုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ အခု ကျနော်တို့ပြောတဲ့ အပြောင်းအလဲဆိုတာက မဖြစ်မနေ လုပ်ကိုလုပ်လို့ရတဲ့ အလုပ်တွေက ရှိနေပါပြီ။ အဓိကတော့ သတင်းယူတာ၊ သတင်းစုဆောင်တာ၊ သတင်းအစီအစဉ်တွေ ထုတ်လွှင့်တာ။ ဒါတွေကတော့ လုပ်လို့ရနေပြီ။ အဲဒီလုပ်လို့ရတဲ့ အပိုင်းက အထဲမှာ။ သတင်းက မြန်မာပြည်တွင်းသတင်းက မြန်မာပြည်တွင်းမှာပဲ လုပ်ရမယ်။ အဲဒီအလုပ်တွေ လုပ်လို့ရပြီဆိုကတည်းက ဝင်လုပ်တဲ့သဘော ဖြစ်ပါတယ်။ တခုလုံး လွတ်လပ်ခွင့်ရအောင်တော့ တခြား ဒီမိုကရေစီနိုင်ငံတွေမှာ ရှိနေတဲ့ မီဒီယာမျိုးဖြစ်အောင်တော့ အများကြီးလုပ်ဖို့ဆိုတာတော့ ကျနော်တို့ သိပါတယ်။ အခုလက်ရှိ လွှတ်တော်မှာ တင်ထားတဲ့ မီဒီယာဥပဒေကလည်း အငြင်းခုံစရာ၊ ဆွေးနွေးစရာ အများကြီး ရှိနေသေးတယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ကိုယ်တိုင်က အခုအချိန်အထိ အသံလွှင့်လိုင်စင် မရသေးပါဘူး။ အဲဒီတော့ အသံလွှင်လိုင်စင် မရသေးတော့ အထဲကိုပြောင်းဖို့ မဖြစ်နိုင်သေးပါဘူး။ ကျနော်တို့ အထဲကိုပြောင်းပြီး လုပ်တယ်ဆိုတာက လုပ်လို့ရတဲ့အပိုင်းတွေကနေစပြီး လုပ်တာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက DVB ဆိုတာ Democratic Voice of Burma ဆိုတော့ Burma vs. Myanmar ပြဿနာကလည်း ကျန်နေသေးတော့ အဲဒီကိစ္စကို ဘယ်လို ဖြေရှင်းထားပါသလဲ။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ DVB အနေနဲ့ အထဲမှာ မှတ်ပုံတင်ကျပြီးပါပြီ။ ကျနော်တို့ကျတဲ့ မှတ်ပုံတင်က DVB Multimedia Group လို့ ပြောပါတယ်။ ဗမာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံလို့ မပြောတော့ပါဘူး။ အခု ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ကျနော်တို့ ကျတဲ့မှတ်ပုံတင်ကလည်း DVB Multimedia Group လို့ တရားဝင်မှတ်ပုံတင် ကျထားတာရှိပါတယ်။ DVB ကတော့ ဒီအတိုင်းပဲ ဒီဗွီဘီ လို့ပဲ ဆက်သွားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အကျယ်ကော ရေးသလား။ Democratic Voice of Burma - Burma ဆိုတဲ့ အသုံးအနှုန်းကို ဖော်ထည့်လို့ ရေးလို့ရပါသလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ အဲဒါ မရေးတော့ဘူး။ ကျနော်တို့ station ရဲ့  အခေါ်အဝေါ် ဒီမိုကရက်တစ်မြန်မာ့အသံ Democratic Voice of Burma လို့ မခေါ်တော့ပါဘူး။ DVB Multimedia Group အင်္ဂလိပ်လို၊ မြန်မာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ခေါ်ပါတယ်။ အဲဒါ B ဆိုတဲ့ဟာ Burma မဟုတ်ပါဘူး။ ဘာမှလည်း မဟုတ်ပါဘူး။ နံမည်တခုသာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက ဒီဗွီဘီသတင်းဌာနဟာ မြန်မာနိုင်ငံရဲ့  သတင်းဌာနဟာ မြန်မာနိုင်ငံရဲ့  အတိုက်အခံ ဒီမိုကရေးစီ လှုပ်ရှားမှုရဲ့ အသံ။ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့  အာဘော်တခုအဖြစ်နဲ့ ပြည်သူတွေက အများကြီး အားပေးလက်ခံခဲ့ကြပါတယ်။ အခု မြန်မာပြည်ထဲကနေ လုပ်ရတော့ အကန့်အသတ်တွေလည်း ကျန်သေးတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ အပြည့်အဝမရရှိသေးဘူးလို့

ကိုခင်မောင်ဝင်း က ပြောတော့ ဒီဗွီဘီရဲ့  အနေအထား ပုံရိပ် အပြောင်းအလဲ ဒီအတွက် မဖြစ်နိုင်ဘူးလား။

ဦးခင်မောင်ဝင်း ။ ။ အခု ကျနော်တို့ နော်ဝေကရုံးပိတ်ပြီးတော့ အထဲပြန်ပြောင်းတာပေါ့။ ဒီလို အပြောင်းအလဲလုပ်တဲ့နေရာမှာ location အရတော့ အပြောင်းအလဲ ဖြစ်သွားတာပေါ့။ အရင်တုန်းက နော်ဝေမှာ အခြေစိုက်တယ်။ အခု မြန်မာပြည်ထဲ ပြောင်းသွားတယ်။ ထိုင်းမှာလည်း ရှိတယ်။ အရင်တုန်းက မြန်မာပြည်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ တရားဝင်လုပ်ခွင့်မရတဲ့ အလုပ်တွေ မြန်မာပြည်ထဲမှာ လုပ်ခွင့်ရနေပြီ။ အဲဒီလို အပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ အပြောင်းအလဲ အဖြစ်မခံတဲ့အရာ ရှိပါတယ်။ အဲဒါက ကျနော်တို့ရဲ့  editorial standard နဲ့ ကျနော်တို့ တန်းဖိုးထားတဲ့ စံသတ်မှတ်ချက်တွေပါ။ အဲဒါ ဘာလဲဆိုတော့ public service broadcasting value - psbv ကို တန်းဖိုးထားပါတယ်။ အဲဒီတော့ public service broadcasting value အဓိက ဦးထိပ်ထားရမှာက publc interest ပါ။ ဟိုအရင်တုန်းကတော့ အဖြူနဲ့အမဲ။ စစ်အစိုးရနဲ့ ကျန်တဲ့လူအားလုံးက အတိုက်အခံဖြစ်နေတဲ့အတွက် ကျနော်တို့ကိုယ်တိုင်ကလည်း အစိုးရရဲ့ သဘောထား၊ အစိုးရကိုလည်း မေးခွင့်လည်းမရ၊ အစိုးရမှာရှိတဲ့ သတင်းအချက်အလက်တွေကို လိုက်ခွင့်မရတော့ ကျနော်တို့က အတိုက်အခံဖက်နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့  လှုပ်ရှားမှုသတင်းတွေပဲ အများကြီးဖြစ်ပါတယ်။ အခုအခြေအနေ အများကြီးပြောင်းလာတဲ့အပေါ်မှာ သမ္မတကိုယ်တိုင်က သတင်းမီဒီယာတွေ အင်တာဗျူးလုပ်ခွင့်ပေးတယ်။ သတင်းမီဒီယာတွေ ထုတ်ခွင့်ပေးတဲ့အချိန်မှာ အစိုးရရဲ့  သတင်းတွေလည်း လက်လှမ်းမိသလောက် cover လုပ်တယ်။ အဲဒီနေရာမှာ ကြည့်လိုက်တော့ လူတွေကတော့ မြင်ကောင်းမြင်မှာပေါ့ ဟိုအရင်တုန်းက အစိုးရအသံမပါဘူး။ အခု အစိုးရအသံ ပါလာပြီ။ ဒါပေမဲ့ ကျနော်တို့ သတင်းဌာန၊ သတင်းမီဒီယာတခုအနေနဲ့တော့ ဘက်ပေါင်းစုံအသံတွေပါအောင် တင်ပြတာကတော့ ဘာမှမမှားဘူး။ လုပ်သင့်တဲ့အလုပ်၊ လုပ်ကိုလုပ်ရမယ့်အလုပ်လို့ မြင်ပါတယ်။ ကျနော်တို့ ဦးထိပ်ထားတဲ့ လူထုအကျိုးစီးပွား public interest ကတော့ ဘာမှမပြောင်းပါဘူး။

ဦးကျော်ဇံသာ ။ ။ တလောတုန်းက လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထပ်ပြီးဆန္ဒပြမှုတွေ ဖြစ်တဲ့အတွက်ကြောင့် ဒေသအတွင်း local သတင်းထောက်တချို့ က အဲဒီမှာ သတင်းဓါတ်ပုံတွေ ရိုက်ယူကြတယ်။ အဲဒီမှာ အာဏာပိုင်တွေက၊ ရဲတွေက ကင်မရာတွေကို လုယူပြီးတော့ အဲဒီဖလင်တွေကို ဖျက်ခိုင်းတယ်။ ဆိုတော့ သတင်းအမှန်ကို ရယူဖို့ကိစ္စမှာ အခက်အခဲရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီကိစ္စမျိုးကို ဒီဗွီဘီ အနေနဲ့ ကြုံရပါသလား။ ကြုံခဲ့ရရင် ဘယ်လိုသုံးသပ်ပါသလဲ။

ဦးခင်မောင်ဝင်း ။ ။ အဲဒါမျိုး အခက်အခဲကြုံတာကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ အရင်တုန်းကနဲ့စာရင် အရင်တုန်းကတော့ ဒါမျိုးကိစ္စတွေ cover လုပ်လို့မရဘူး။ အခုကတော့ cover လုပ်လို့ရတယ်။ အဲဒီလို cover လုပ်တဲ့ကြားက ကျနော်တို့ သတင်းထောက်တွေ ခြိမ်းခြောက်ခံရတာတို့၊ တိုက်ခိုက်ခံရတာတွေ ရှိပါတယ်။ ဥပမာ လာရှိုးမှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကိစ္စတွေ သွားပြီးတော့ cover လုပ်ခဲ့တဲ့ သတင်းထောက်ဆိုလို့ရှိရင် ရိုက်နှက်တာတွေ ခံရပါတယ်။ ထို့အတူပဲ မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်း သွားခဲ့တဲ့ ကျနော်တို့ သတင်းထောက်တွေလည်း အဲဒီလို ခြိမ်းခြောက်တာ ခံရပါတယ်။ အဲဒီိလို ခြိမ်းခြောက်မှုတွေက အဓိကရုဏ်းတွေမှာ ပါဝင်တဲ့ အုပ်စုတွေက လုပ်သလို၊ တချို့ နေရာတွေမှာ အစိုးရကလည်း ရှိပါတယ်။ အစိုးရတခုတည်းကပဲ ဒီလို ခြိမ်းခြောက်မှုမျိုးကို လုပ်နေတာ မဟုတ်ပါဘူး။ တချို့ အင်အားစုတွေက အဲဒီ အဓိကရုဏ်းထဲမှာပါတဲ့ အင်အားစုတွေကိုယ်တိုင်က ခြိမ်းခြောက်တာမျိုးတွေ ခံရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ခြိမ်းခြောက်တဲ့ကိစ္စကို ခြိမ်းခြောက်တယ်ဆိုပြီးတော့ ဝေဖန်ထောက်ပြပြီးတော့ ရေးသားတာ၊ တင်ပြတာမျိုး လုပ်ရပါသလား။ လုပ်ရဲပါသလား။ လုပ်နေပါသလား။

ဦးခင်မောင်ဝင်း ။ ။ လုပ်ပါတယ်။ ကျနော်တို့ ဝေဖန်တယ်။ ခြိမ်းခြောက်တဲ့အတိုင်းလည်း ကျနော်တို့ တင်ပြပါတယ်ခင်များ။

ဦးကျော်ဇံသာ ။ ။ အခု ပြည်သူလူထုက တချိန်တုန်းက ဒီဗွီဘီ ကို ဒီမိုကရေစီ ဘက်တော်သား အသံလွှင်ဌာနတခုအနေနဲ့ အားပေးကြတယ်လို့ သိရပါတယ်။ ဆိုတော့ အခု တိုင်းပြည်ထဲမှာ တော်တော်များများ အခြေစိုက်လုပ်လာတော့ ပရိသတ်ရဲ့  တုန့်ပြန်မှု၊ လူထုရဲ့  သဘောထား attitude က ဘယ်လိုရှိသလဲ။ အပြောင်းအလဲ တစုံတရာ ခံစားရပါသလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့အနေနဲ့ ဘယ် မီဒီယာ မဆိုပါ။ တခြား မီဒီယာတွေလိုပဲ ပရိသတ်ရဲ့  အားပေးမှုကို အမြဲအကဲဖြတ်နေရမှာပဲ။ ပရိသတ်ရဲ့  အားပေးမှုမရှိတဲ့ မီဒီယာကတော့ ရေရှည်လည်း မခံဘူးလေ။ ကျနော်တို့ အောင်မြင်မှုတဲ့ မီဒီယာ ဖြစ်ချင်ရင်တော့ ပရိသတ်ရဲ့  အားပေးမှုကို အမြဲကြည့်ရမှာပဲ။ ပရိသတ်ရဲ့  အားပေးမှုဆိုတဲ့နေရာမှာ ပရိသတ်ရဲ့  အကျိုးစီးပွား၊ public interest, public service broadcasting value ဒီဟာတွေပဲ အဓိကထား လုပ်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အပြောင်းအလဲ ဖြစ်သွားနိုင်တာက အစိုးရတွေ၊ အဖွဲ့အစည်းတွေ ထောက်ပံ့တဲ့ငွေနဲ့ လည်ပတ်ရတဲ့အတွက် ကျနော်တို့ အသံလွှင့်လုပ်ငန်းမှာ commercial လို့ခေါ်တဲ့ စီးပွားရေးကြော်ငြာတွေ လုံးဝမပါဘူး။ အခုမှာတော့ အဲဒီ ငွေကြေးထောက်ပံ့မှုတွေက တဖြည်းဖြည်းရပ်တန့်ဖို့ရှိတယ့်အတွက် ကျနော်တို့က စီးပွားရေးကြေညာဖက်က ဝင်လာတဲ့အတွက် ပရိသတ်ဖက်က ကြည့်လိုက်ရင်တော့ ဒီဗွီဘီ content က အရင်တုန်းကလို hard reporting program မဟုတ်တော့ဘူး။ entertainment ဖျော်ဖြေရေးပရိုဂရမ်လိုလို ပါလာပြီးတော့ အဲဒါမျိုးတွေ ရှိလာနိုင်ပါတယ်။ ကျနော်တို့ဖက်က ထိန်းရမယ့်ဟာက ကျန်တဲ့ editorial content အပိုင်း၊ ပညာပေးနဲ့ သတင်းဖြန့်ချီရေးလုပ်ငန်းမှာ လျှော့ချမှာ မဟုတ်ဘူး။ အဲဒီလို လျှော့မချဘဲနဲ့ တဖတ်က ဝင်ငွေရမယ့် commercial နဲ့ entertainment ကိုတော့ အချိုးညီအောင်တော့ ပေါင်းစပ်သွားမယ်အပိုင်းတော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အဲဒီလို commercial တွေကို အခြေခံပြီးတော့ မီဒီယာလုပ်ငန်း လုပ်မယ်ဆိုရင် လူတွေထောက်ပြကြတာက မြန်မာနိုင်ငံမှာ စီးပွားရေုးုလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်ခွင့်ရတာဟာ လူတိုင်းသုံးနှုန်းနေတဲ့အတိုင်း ခရိုနီတွေ၊ အာဏာရှင်တဲ့လူတွေ၊ စစ်ဗိုလ်တွေရဲ့  လက်ကိုင်တုတ်တွေ၊ သူတို့တွေရဲ့  လူတွေသာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလို့ ဆိုပါတယ်။ ကိုခင်မောင်ဝင်းတို့ လုပ်ငန်းမှာလည်း ဒီလူတွေရဲ့  commercial တွေ ထည့်သွင်းရမယ်။ ကြော်ငြာတွေ ထည့်ပေးရမယ့် အလှည့်ကြုံလာရပါလိမ့်မယ်။ အဲဒီလိုဟာတွေကို လိပ်ပြာသန့်သန့်နဲ့ ကြေညာပေးမလား။ လူထုလက်ခံမလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့က အစကတည်းက commercial မီဒီယာအတွက် လုပ်ခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ အခု commercial လက်ခံတယ်ဆိုတာကလည်း စီးပွားဖြစ်၊ ကျန်တဲ့ စီးပွားရေးသမားတွေလို စီးပွားရေးတည်ထောင်ပြီးတော့ အမြတ်အကျိုးအတွက် လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ်တဲ့ commercial ကိုပဲ လက်ခံမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့မှာ ethnical standard အမြင့်ကြီးထားထားပါတယ်။ ဥပမာဆိုကြပါစို့ သူများ တီဗွီ station တွေမှာ မြင်နေကြ အရက်ဆေးလိပ်ကြော်ငြာတွေ။ ဒါမျိုးတွေကို ကျနော်တို့ စဉ်းစားမှာ မဟုတ်ပါဘူး။ အခု ပြည်တွင်းမှာရှိတဲ့ အသံလွှင့်ဌာနတွေမှာဆိုရင် တစ်နာရီမှာ မိနစ် (၂၀)၊ မိနစ် (၃၀) လောက် ကြော်ငြာတွေ ထည့်ပြီးတော့ commercial အကြီးအကျယ် ယူနေတဲ့ဟာမျိုး ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ content ရဲ့  (၁၀) ရာခိုင်နှုန်းထက်ပိုပြီး ကြော်ငြာ ဘယ်တော့မှ မထည့်ဘူး။ ပိုက်ဆံရကောင်းရတာ နည်းလိမ့်မယ်။ အဲဒါက လူထု interest ကို ရှေ့ တန်းထားလို့ပါ။ အဲဒီလိုပဲ ကျနော်တို့ဆီမှာ ကြော်ငြာလာထည့်တဲ့ စီးပွားရေးလုပ်ငန်းက ဘယ်လိုမျိုး စီးပွားရေးလုပ်ငန်းလဲ။ ဒါကို ချိန်းပြီးတော့ ကျနော်တို့ ethics နဲ့ မကိုက်တဲ့ဟာတွေကို ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မီဒီယာလုပ်ငန်းကိုယ်တိုင်က ethics နဲ့ မကိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပြဖို့ တာဝန်ရှိတဲ့အတွက် အဲဒီလူတွေဆီကနေ ပိုက်ဆံတွေယူပြီးမှ ကြော်ငြာတွေကို လက်ခံတာမျိုး ရှောင်ရှားမှာ သေချာပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုခင်မောင်ဝင်း အခုန နမူနာပေးတာ ethical မဖြစ်တဲ့ဟာဆိုလို့ ဆေးလိပ်နဲ့ အရက်ဆိုတဲ့ နှစ်ခုကတော့ မှန်ပါတယ်။ ကျနော် ပြောတာက များသောအားဖြင့် မရိုးသားတဲ့ငွေတွေ၊ ခရိုနီတွေ မတရားရယူထားတဲ့ ငွေတွေနဲ့ လုပ်နေတဲ့ စီးပွားရေးတွေလည်း အများကြီး ရှိတယ်။ အဲဒီဟာတွေက ပိုတောင်များမယ်ထင်တယ်။ သူတို့တွေကို ပယ်မလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့အနေနဲ့ အဲဒါမျိုးတွေ ဆွေးနွေးတာတို့၊ ပတ်သက်တာတွေ ဘာမှမရှိပါဘူး။ အခုအချိန်အထိ donor တွေရဲ့  ထောက်ပံ့ငွေနဲ့ပဲ လည်ပတ်နေသေးတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့တွေရဲ့  လုပ်ငန်းကြော်ငြာတွေကို ထည့်လာရင်ကော။

ဦးခင်မောင်ဝင်း ။ ။ ကြော်ငြာတွေကို ထည့်လာရင်တော့ တခုချင်း case by case စဉ်းစားဖို့ရှိတယ်။ ဘယ်လိုမျိုး စီးပွားရေးလုပ်ငန်းလဲ။ ဘယ်ကိစ္စအတွက် ကြေညာလာထည့်သလဲပေါ့။ အဲဒီမှာ ကြည့်ပြီးတော့ ဆုံးဖြတ်ဖို့ ရှိပါတယ်။ အခု ကျနော်တို့ဆီ လာမထည့်သေးတဲ့အတွက် ဘာမှ စဉ်းစားဆုံးဖြတ်စရာ လောလောဆယ် မရှိသေးဘူး။ လောလောဆယ် ထည့်နေတဲ့ ကြော်ငြာတွေက ပြည်တွင်းလုပ်ငန်းရှင် အသေးစားလေးတွေ၊ ဥပမာ တိုင်းရင်းဆေးလုပ်ငန်းတို့၊ ရွှေဆိုင်တို့ လုပ်ငန်းအသေးလေးတွေပဲ ရှိပါသေးတယ်။ လုပ်ငန်းရှင်အကြီးကြီးတွေ မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုက မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်ကော မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေးဟာ နောက်ပြန်မလှည့်နိုင်တော့တဲ့ အခြေအနေမဟုတ်သေးဘူးလို့ ပြောကြတယ်။ တကယ်လို့ နောက်ပြန်လှည့်ရမ်ဆိုရင် မီဒီယာတွေလည်း နောက်ပြန်လှည့်ရမယ်ထင်တယ်။ အဲဒီလိုကျရင် ဘယ်လို ဆုံးဖြတ်ကြမလဲ။

ဦးခင်မောင်ဝင်း ။ ။ ဒီမိုကရေစီလမ်းကြောင်းတခုလုံး နောက်ပြန်လှည့်သွားမှတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ကျနော်တို့ တာဝန်က အဲဒီလို နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေတွေကို မဖြစ်အောင် ဝိုင်းဝန်လုပ်ဖို့ မီဒီယာတွေမှာလည်း တာဝန်ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်ခင်များ။ လုပ်နိုင်တဲ့ဖက်က ဝိုင်းဝန်လုပ်ဖို့ ရှိပါတယ်။

2 comments:

အသိပေးတင်ပြချက်နှင့် အကြံအညဏ်တောင်းခံချက်။
ဧပြီလ ၆ ရက်၊ ၂၀၁၅။

တနှစ်ကျော်ကြာရေးသားခဲ့တဲ့ အထက်ဖေါ်ပြပါ အခန်း ၅၄ ခန်းစလုံးကိုပေါင်းပြီး စာအုပ်အဖြစ်ထုတ်ဝေဖို့ အစီအစဉ်ရှိပါကြောင်း စာဖတ်သူများအား လေးစားစွာအကြောင်းကြား အသိပေးအပ်ပါတယ်။

ဒါကြောင့် အထက်ဖေါ်ပြပါ အခန်း ၅၄ ခန်းထဲမှာ လွှဲချော်နေတဲ့အချက်တွေ၊ လိုအပ်နေတဲ့အချက်တွေ၊ ဝေဖန်အကြံပြုစရာရှိတာတွေရှိပါက ကျနော့်ဆီ ပွင့်လင်းစွာဝေဖန်ရေးသားအကြံပြုနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါတယ်။

အထူးသဖြင့် DVB ၀န်ထမ်းဟောင်း၊ ၀န်ထမ်းသစ်တွေ။ ABSDF, NCGUB နဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက DVB နဲ့ ပတ်သက်ခဲ့ဖူးသူတွေရဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို မျှော်လင့်နေပါတယ်။

လာမဲ့ ဇူလိုင်လ ၁၉ ရက်နေ့ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံ စတင်ထူ ထောင်ခြင်း ၂၅ နှစ်ပြည့်နေ့မှာ ဒီစာအုပ်ထုတ်နိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။

အားလုံးကို လေးစားလျက်
ထက်အောင်ကျော်။

မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်

အပြောင်းအလဲများနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ

အပြောင်းအလဲများနဲ့ ဒီဗွီဘီ
နားဆင်ရန်
Playlist
ဦးကျော်ဇံသာ
29.11.2013 06:32a

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံကနေ ရုတ်သိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ အဓိက အခြေစိုက်တော့မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောင်းရွှေ့ ဖို့ ဆုံးဖြတ်ခဲ့ရပါသလဲ။ ရှေ့ အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲဆိုတာကို DVB တွဲဘက်အမှုဆောင်ညွန်းကြားရေးမှူး ဦးခင်မောင်ဝင်း နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းမှာ တစုံတရာအတိုင်းအတာအထိ အပြောင်းအလဲဖြစ်တယ်။ လှုပ်ရှားလို့ရတယ်ဆိုတော့ ဘယ်လောက်အထိ လှုပ်ရှားခွင့် ရှိပါသလဲ။ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝရပြီလို့ သုံးသပ်ပါသလား။

ဦးခင်မောင်ဝင်း ။ ။ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ မရသေးဘူးလို့ပဲ ကျနော်တို့ ပြောပါတယ်။ အပြည့်အဝရအောင်လုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ အခု ကျနော်တို့ပြောတဲ့ အပြောင်းအလဲဆိုတာက မဖြစ်မနေ လုပ်ကိုလုပ်လို့ရတဲ့ အလုပ်တွေက ရှိနေပါပြီ။ အဓိကတော့ သတင်းယူတာ၊ သတင်းစုဆောင်တာ၊ သတင်းအစီအစဉ်တွေ ထုတ်လွှင့်တာ။ ဒါတွေကတော့ လုပ်လို့ရနေပြီ။ အဲဒီလုပ်လို့ရတဲ့ အပိုင်းက အထဲမှာ။ သတင်းက မြန်မာပြည်တွင်းသတင်းက မြန်မာပြည်တွင်းမှာပဲ လုပ်ရမယ်။ အဲဒီအလုပ်တွေ လုပ်လို့ရပြီဆိုကတည်းက ဝင်လုပ်တဲ့သဘော ဖြစ်ပါတယ်။ တခုလုံး လွတ်လပ်ခွင့်ရအောင်တော့ တခြား ဒီမိုကရေစီနိုင်ငံတွေမှာ ရှိနေတဲ့ မီဒီယာမျိုးဖြစ်အောင်တော့ အများကြီးလုပ်ဖို့ဆိုတာတော့ ကျနော်တို့ သိပါတယ်။ အခုလက်ရှိ လွှတ်တော်မှာ တင်ထားတဲ့ မီဒီယာဥပဒေကလည်း အငြင်းခုံစရာ၊ ဆွေးနွေးစရာ အများကြီး ရှိနေသေးတယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ကိုယ်တိုင်က အခုအချိန်အထိ အသံလွှင့်လိုင်စင် မရသေးပါဘူး။ အဲဒီတော့ အသံလွှင်လိုင်စင် မရသေးတော့ အထဲကိုပြောင်းဖို့ မဖြစ်နိုင်သေးပါဘူး။ ကျနော်တို့ အထဲကိုပြောင်းပြီး လုပ်တယ်ဆိုတာက လုပ်လို့ရတဲ့အပိုင်းတွေကနေစပြီး လုပ်တာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက DVB ဆိုတာ Democratic Voice of Burma ဆိုတော့ Burma vs. Myanmar ပြဿနာကလည်း ကျန်နေသေးတော့ အဲဒီကိစ္စကို ဘယ်လို ဖြေရှင်းထားပါသလဲ။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ DVB အနေနဲ့ အထဲမှာ မှတ်ပုံတင်ကျပြီးပါပြီ။ ကျနော်တို့ကျတဲ့ မှတ်ပုံတင်က DVB Multimedia Group လို့ ပြောပါတယ်။ ဗမာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံလို့ မပြောတော့ပါဘူး။ အခု ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ကျနော်တို့ ကျတဲ့မှတ်ပုံတင်ကလည်း DVB Multimedia Group လို့ တရားဝင်မှတ်ပုံတင် ကျထားတာရှိပါတယ်။ DVB ကတော့ ဒီအတိုင်းပဲ ဒီဗွီဘီ လို့ပဲ ဆက်သွားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အကျယ်ကော ရေးသလား။ Democratic Voice of Burma - Burma ဆိုတဲ့ အသုံးအနှုန်းကို ဖော်ထည့်လို့ ရေးလို့ရပါသလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ အဲဒါ မရေးတော့ဘူး။ ကျနော်တို့ station ရဲ့  အခေါ်အဝေါ် ဒီမိုကရက်တစ်မြန်မာ့အသံ Democratic Voice of Burma လို့ မခေါ်တော့ပါဘူး။ DVB Multimedia Group အင်္ဂလိပ်လို၊ မြန်မာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ခေါ်ပါတယ်။ အဲဒါ B ဆိုတဲ့ဟာ Burma မဟုတ်ပါဘူး။ ဘာမှလည်း မဟုတ်ပါဘူး။ နံမည်တခုသာ ဖြစ်ပါတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More