Tuesday, April 29, 2014

တရုတ်၊ ထူးနှင့် ဦးပိုင်ကုမ္ပဏီတို့က တည်ဆောက်မည့် ရေနံချက်စက်ရုံကို ဒေသခံများ ဆန္ဒပြပြီ

Dawei Watch | လောင်းလုံး၊ ဧပြီ ၂၉

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်စုအတွင်း တရုတ်၏ GDZR၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်နှင့် ထူးကုမ္ပဏီ အုပ်စုတို့က တည်ဆောက်မည့်  ရေနံချက်စက်ရုံစီမံကိန်း ကို မလိုလား၍ စီမံကိန်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၇ ရွာမှဒေသခံ ၁၅၀ ဦးက  ဧပြီလ ၂၉ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်သူများသည် ညင်းမော်ဘုန်းတော်ကြီးကျောင်းစုရပ်မှ လောင်းလုံး-ညင်းမော် လမ်း၊  လောင်းလုံးမြို့ပတ်လမ်းမှတဆင့် ပန်းတောဝလမ်း၊ မေ၀ါဝီ(၂)လမ်း၊ထိန်သစ်လမ်းအတိုင်း
မိုးကုတ်ဝိပသာနာကျောင်းတိုက်အရှေ့သို့ ၃ မိုင်ကျော်ခရီးကို နိုင်ငံရေးပါတီအချို့နှင့် အတူ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံများက ၀န်းရံပြီး ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် ရေနံချက်စက်ရုံကို ညင်းမော်ကျေးရွာ၌တည်ဆောက်လျင် ဒေသတစ်ခုလုံးတွင် ပတ်ဝန်းကျင်ဆိုးကျိုးများ ခံစားရမည်ကိုစိုးရိမ်သောကြောင့် ရေနံချက်စက်ရုံ အလို မရှိ၍ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ယင်းဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဦးချစ်ဦးကပြောဆိုသည်။

“ ဆန္ဒထုတ်ဖော်တာကို လစ်လျှူရှုပြီး အလေးမထားဘဲ ဆက်လက်ပြီး လုပ်ဆောင်လာမယ်ဆိုရင် မိမိေ နရာ မိမိဒေသကို အကောင်းဆုံး ကာကွယ်သွားမယ်”ဟု ဦးချစ်ဦးကဆိုသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများသည် ညစ်ညမ်းစက်ရုံ အလိုမရှိ -အလိုမရှိ၊ ရေနံချက်စက်ရုံစီမံကိန်း ဖျက်
သိမ်းရေး ဒို့အရေး၊ ဒို့ရပ်ရွာများ မပြောင်းရွှေးရေး ဒို့အရေး၊ တရုတ်နဲ့ ဦးပိုင်အလိုမရှိ အလိုမရှိ စသော
ကြွေးကြော်သံ ၇ ချက်ကိုကြွေးကြော်ခဲ့သည်။


စက်ရုံ အလိုမရှိကြောင်း သရုပ်ဖော်ထားသော တီရှပ် အဖြူရောင် ၀တ်ဆင်ထားသော ဆန္ဒပြသူများသည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမဲ့ စက်ရုံတွေငါတိုရွာမှာလာမဆောက်နဲ့၊ လူထုသဘောထာကိုခံယူပါ၊ သွေးကွဲ အောင်လာ မလုပ်နဲ့၊ ညစ်ညမ်း စက်မှု လုပ်ငန်းကြောင့် ငါတို့ဒေသမပျက်စီးလို စသော ဆိုင်ဘုတ် ၇ ခုကို
ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့သည်။

လောင်းလုံးမြို့နယ်ရှိ ရေနံချက်စက်ရုံစီမံကိန်းကို ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက် (UMEHL) ၊ ထူး (HTOO) ကုမ္ပဏီများအုပ်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangdong Zhenrong Energy (GDZR) ကုမ္ပဏီတို့ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ကာ အနှစ် ၃၀ BOT စနစ်ဖြင့်
လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ထုတ်ပြန်ထားသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ အရသိရသည်။

 “ကိုယ်ရပ်ရွာအထဲကို မကောင်းတဲ့လုပ်ငန်းတွေဝင်မခံနိုင်ဘူး။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးတဲ့ လုပ်ငန်း၊ ပြည်သူ့နဲ့ ပူးတွဲ လုပ်မဲ့လုပ်ငန်း ပြည်သူ့ကိုအကျိုးပြုမယ်ဆိုရင် လာလုပ်ပါ ”ဟုညင်းမော်ရွာ သူ ဒေါ်ချိုချိုစန်းကဆိုသည်။

စက်ရုံအတွက်မြေနေရာ ယူထားသည်မှာ ၄.၃၅ စတုရန်းကီလိုမီတာရှိပြီး ရေနံချက်စက်ရုံတည်ဆောက်မည့် ဧရိယာမှာ ၁.၀၆ စတုရန်းကီလိုမီတာ ဖြစ်၍ စီမံကိန်းထပ်မံတိုးချဲ့လျင်လည်း လက်တလော ယူ ထားသောမြေနေရာတွင်သာ တိုးချဲ့ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စီမံကိန်းအကောင် အထည်ဖော်ဆောင်နိုင်ရန် ရွာခံများအပေါ်တွင်မူတည်ကာ ရင်းဘုတ်ကျေးရွာမှ  အိမ်ခြေ ၈၅ အိမ် နှင့် ဂေါ့အင်းကျေး ရွာ မှ ၁၉ အိမ်တို့ ပြောင်းရွှေရမည်ဟု GDZR ကုမ္ပဏီက အကြံပေးအရာရှိတစ်ဦး က ပြောဆိုထားသည်။


ဆန္ဒပြသည့် ကိစ္စနှင့် ပတ်သက်၍ ဒေသများ၏ လိုအပ်ချက်ကို မသိရှိသေးသဖြင့် မည်သို့မျှ သဘောထားမပေးနိုင်သေးဘဲ ဆန့်ကျင် ဆန္ဒပြနေသော ရွာများကို မည်သို့ဆက်လက်ကိုင်တွယ်မည်ကို မသိရသေးကြောင်း GDZR မှ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။

ယင်းရေနံချက်စက်ရုံစီမံကိန်းတည်ဆောက်မည်ကိုအလိုမရှိ၍ အဓိက ပတ်ဝန်းကျင် ထိခိုက်မည်ဟု ယုံကြည်နေသော ညင်းမော်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိဒေသခံများမှ ဆန္ဒ ထုတ်ဖော်ရန် လျှောက်ထားရာ ၆ ကြိမ်တွင်မှ ခွင့်ပြုချက် ကျခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲမတိုင်မီက ဆန့်ကျင်နေသော ကျေးရွာသူကျေးရွာသားများကို ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးမှူးကို စည်းရုံးစေပြီး မစည်းရုံးနိုင်ပါက အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်ရန် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး က ဖိအားပေးထားသည်။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More