ရတနာ ဓာတ္ေငြ႔ပုိက္လုိင္းစီမံကိန္းနဲ႔ လုပ္အားေပးျပႆနာ
ေရွ႕မွာေျပာခဲ့တဲ့ စစ္ေျပးဒုကၡသည္သတင္း၊ ေရွ႕တန္းစစ္ေၾကာင္းသြားရင္း ေတြ႔ရတဲ့သတင္းေတြဟာ ထူးမျခားနားသတင္းေတြသာျဖစ္ျပီး မေပါက္ဘူးလုိ႔ ေျပာရမယ္ထင္ပါတယ္။ ဒါျဖင့္ ဘယ္လုိသတင္း မ်ဳိးက DVB မွာ ေပါက္သလဲလုိ႔ ေမးစရာရွိပါတယ္။ ဒီေမးခြန္းကို က်ေနာ္အတိအက် မေျဖတတ္ေပမယ့္ ကီလိုမီတာ ၇၀၀ ေက်ာ္အရွည္ရွိတဲ့ ျမန္မာ-ထုိင္း နယ္စပ္ျဖတ္ ရတနာပုိက္လုိင္း စီမံကိန္းမွာ လုပ္အား ေပးခုိင္းေစမႈ ရွိေနတယ္ဆုိၿပီး က်ေနာ္ပို႔လုိက္တဲ့သတင္း ခ်က္ခ်င္းေပါက္ သြားတာကေတာ့ အမွန္ပါပဲ။
(ရတနာပုိ္က္လုိင္းေဘးမွာ လမ္းေလွ်ာက္ဆႏၵျပေနတဲ့ သံဃာေတာ္မ်ား) ဓာတ္ပုံ- ထက္ေအာင္ေက်ာ္
၁၉၉၆ နွစ္ဦးပုိင္းကာလဟာ ABSDF ကြဲၿပဲေနဆဲဆုိေပမယ့္ သတင္းျပန္ၾကားေရးနဲ႔ နုိင္ငံတကာဆက္ဆံေရး ဘက္မွာ အေတာ္အားေကာင္းေနဆဲျဖစ္ပါတယ္။ ကုိနုိင္ေအာင္တုိ႔ဘက္မွ သုေတသနမႈး ကိုခင္သန္းက (ABSDF မွ DVB အတြက္ ေပးပုိ႔တဲ့သတင္းေတြအတြက္) သတင္းအယ္ဒီတာအျဖစ္ တာ၀န္ယူထားၿပီး ကုိမုိးသီးဇြန္တို႔ဘက္မွ ကုိေအာင္ႏုိင္ဦး (အခု MPC) က နုိင္ငံျခားေရးဌာနကုိ တာ၀န္ယူထားခ်ိန္ ျဖစ္ပါ တယ္။ က်ေနာ္ေရးပုိ႔လုိက္တဲ့သတင္းကုိ သတင္းအယ္ဒီတာက အျမန္စီၿပီး ႏုိင္ငံျခားေရးဌာနက အဂၤ လိပ္ဘာသာျပန္ကာ သတင္းဌာနေတြဆီ ပို႔လုိက္တဲ့အတြက္ ေနာက္တေန႔ထုတ္ Bangkok Post, The Nation နဲ႔ ေအဂ်င္စီ သတင္းေတြမွာ ပါလာပါတယ္။
အဲဒီကာလက ေသမင္းတမန္ ရထားလမ္းသစ္ဆုိၿပီး နာမည္ၾကီးခဲ့တဲ့ ေရး-ထား၀ယ္ ရထားလမ္းမွာ လုပ္အားေပးခုိင္းေစတဲ့သတင္း၊ လူအေသေပ်ာက္ရွိတဲ့ သတင္းေတြက ရုိးေနၿပီျဖစ္ေပမယ့္ ပုိက္လုိင္း စီမံကိန္းမွာ ခုိင္းတဲ့သတင္းကေတာ့ ဒါ ပထမ ဆုံးၾကားရတဲ့သတင္းပါ။ ၁၉၉၁ မွာ နတ္အိမ္ေတာင္ စခန္းကို စစ္အစိုးရက သိမ္းပုိက္ၿပီးေနာက္ စတင္ေပၚေပါက္လာတဲ့ စီမံကိန္းကို ျပင္သစ္ႏိုင္ငံက Total ကုမၸဏီ၊ အ ေမရိကန္က Unocal ကုမၸဏီ (ဆႏၵျပမႈေတြေၾကာင့္ ေနာက္ပုိင္း ျပန္ႏုတ္ထြက္သြား) နဲ႔ ထုိင္းႏိုင္ငံက PTTEP ကုမၸဏီတုိ႔က န၀တ စစ္အစုိးရရဲ႕ MOGE (ျမန္မာ့ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔လုပ္ငန္း) နဲ႔ ေပါင္း ၿပီး စတင္ ေဖာက္လုပ္ခဲ့တာျဖစ္ပါတယ္။
ခက္တာက ခုိင္းေစတဲ့ေနရာဟာ ရထားလမ္းအနီးရွိ ကံေဘာက္နဲ႔ နတ္အိမ္ေတာင္အၾကား ပုိက္လုိင္း လမ္းေၾကာင္းတေလွ်ာက္မွာမဟုတ္ပဲ ကံေဘာက္ေခ်ာင္းရဲ့ အျပင္ဘက္ ေရေအာက္ပုိက္လုိင္းအနီးရွိ ပင္လယ္ျပင္ထဲက ဟိန္းဇဲကြ်န္းမွာ ျဖစ္ပါတယ္။ အဲဒီကြ်န္းမွာ အေျခစုိက္တဲ့ ပုိက္လုိင္းလုံျခံဳေရးစစ္တပ္ စခန္းသစ္ေနရာနဲ႔ တုိတယ္ကုမၸဏီနဲ႔ စစ္တပ္သုံး ရဟတ္ယာဥ္ကြင္းအတြက္ သူတုိ႔ကုိ လုပ္အားေပးခုိင္း ခဲ့တာဆုိၿပီး ထုံပါဖုံၿမိဳ့မွာ က်ေနာ္ေမးျမန္းခြင့္ရခဲ့တဲ့ ကံေပါက္ေဒသခံတဦးက ေျပာပါတယ္။
ထုံပါဖုံ (ေဒသအေခၚ ထပ္ခႏႈံ) ဆုိတာကေတာ့ နတ္အိမ္ေတာင္ကေန ထုိင္းႏုိင္ငံထဲ၀င္လာရင္ ပထမ ဆုံးေတြ႔ရတဲ့ ထုိင္းဘက္က ၿမိဳ့နယ္ရံုးစိုက္တဲ့ ေနရာျဖစ္ၿပီး ကံေပါက္ေဒသခံေတြ၊ ထား၀ယ္သားေတြ အ မ်ားအျပားေနထုိင္တဲ့ ေနရာလည္းျဖစ္ပါတယ္။ ရတနာပုိက္လုိင္း စီမံကိန္းနဲ႔အတူ ေပၚေပါက္လာတဲ့ ထုံပါဖုံ ၿမိ့ဳနယ္အုပ္ခ်ဳပ္ေရးမွဴ းရံုးရဲ့ ေဘးနားရွိ ေတာအုပ္ထဲက ျမန္မာရပ္ကြက္သစ္ (ေဒသအေခၚ စူ-ဖာ့မား) ထဲက တဲအိမ္ငယ္တလုံးမွာ သူ႔ကုိ က်ေနာ္ေမးျမန္းခြင့္ရခဲ့တာပါ။
အဲဒီရပ္ကြက္ထဲမွာ တဲအိမ္ငယ္ ၂၀၀ နဲ႔ ၃၀၀ ၾကားေလာက္ ရွိမယ္လို႔ ခန္႔မွန္းရၿပီး အမ်ားစုဟာ ကံ ေပါက္ေဒသကေရာက္လာသူေတြနဲ႔ အရင္ နတ္အိမ္ေတာင္ရြာသားေတြ ျဖစ္ပါတယ္။ လုပ္အားေပးခုိင္းခံရမွာစိုးလုိ႔ ကံေပါက္ ဘက္ကေန ထြက္ေျပးလာသူေတြ၊ ဒါမွမဟုတ္ ထုိင္းထဲမွာ အလုပ္သစ္ရွာဖုိ႔ ထြက္လာသူေတြအားလုံး ဟာ ဒီရပ္ကြက္ထဲမွာ အရင္စခန္းခ်ၿပီးမွ ကန္ခ်နပူရီ၊ ဘန္ေကာက္အပါ၀င္ အျခားၿမိဳ့ႀကီးေတြဆီ အလုပ္ရွာ ဆက္ထြက္ၾကပါတယ္။ ဒီလုိနဲ႔ ဒီျမန္မာရပ္ကြက္ဟာ က်ေနာ္ရဲ့ ရတနာဓာတ္ေငြ႔ပုိက္လုိင္း သတင္း အစအနရွာရာ ေနရာျဖစ္လာသလုိ FTUB (ျမန္မာႏုိင္ငံအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္) နဲ႔ ERI (ႏုိင္ငံ တကာ ေျမကမၻာအခြင့္ေရး) အဖြဲ႔ေတြက သတင္းစုေဆာင္းေရးအဖြဲ႔၀င္ေတြကိုလည္း ဒီရပ္ကြက္မွာ မၾကာခဏေတြ႔ရေလ့ရွိပါတယ္။
သုခနယ္မွ ဒုကၡသည္မ်ား
သုခနဲ႔ ဒုကၡဟာ ဆန္႔က်င္ဘက္ အဓိပၸာယ္ထြက္တယ္လို႔ အဘိဓာန္ထဲမွာဆုိထားေပမယ့္ ဒီအရပ္မွာ ေတာ့ အဲဒီနွစ္ခု တေနရာတည္းမွာ လာရွိေနပါတယ္။ ABSDF ေတာင္ပုိင္းစစ္ေဒသကေန က်ေနာ့္ကုိ ေပးလုိက္တဲ့တာ၀န္ထဲမွာ သတင္းစုေဆာင္းတာအျပင္ ေဒသစည္းရံုးေရးကိစၥလည္း ပါ၀င္တဲ့အတြက္ ထုံပါဖုံကေန သုခနယ္စပ္ဂိတ္ရွိရာဆီ ကားၾကံဳတ၀က္၊ ကုန္းေၾကာင္းတ၀က္နဲ႔ ခ်ီတက္လာပါတယ္။ ထုံပါဖုံကေန ပင္စီလုိ႔ေခၚတဲ့ (ထုံပါဖုံရွိ ေရကာတာေၾကာင့္ နယ္စပ္ဘက္ဆီ ေျပာင္းေရႊ႔ထားတဲ့ရြာသစ္ မ်ား) ရြာဆီ ကားႀကံဳနဲ႔လုိက္လာၿပီး အဲဒီရြာအလြန္ရွိ ထုိင္းစစ္တပ္ဂိတ္က မျမင္ေအာင္ ေတာလမ္းက ေနျဖတ္ကာ ၄ နာရီေလာက္ ကုန္းေၾကာင္းေလွ်ာက္ရပါတယ္။
၁၉၉၁ ဒီဇင္ဘာမွာ ရတနာစီမံကိန္းအတြက္ နတ္အိမ္ေတာင္စခန္းကုိ န၀တ က သိမ္းၿပီးတဲ့ေနာက္ တျဖည္းျဖည္းနဲ႔ ေအာက္ဘက္ကုိ ေရ႔ႊ႔ဆင္းလာတဲ့ KNU တပ္ေတြဟာ နတ္အိမ္ေတာင္ေအာက္ဘက္ ၁၀ မုိင္၀န္းက်င္အကြာရွိ သုခရြာမွာ အခုိင္အမာအေျခစုိက္ၿပီး အေကာက္စခန္းဖြင့္ထားပါတယ္။ က် ေနာ္နဲ႔ အတူပါလာသူက အရင္ နတ္အိမ္ေတာင္အေျခစိုက္ ABSDF ၂၀၁ တပ္ရင္း၊ တပ္ခဲြ ၂-မွဴး ကုိ သိန္းျမင့္ေက်ာ္ (၁၉၉၇ ပင္လယ္ျပင္တုိက္ပဲြတြင္က်ဆုံး) ျဖစ္ပါတယ္။ သူဟာ ကံေပါက္ေဒသခံျဖစ္ၿပီး နတ္အိမ္ေတာင္မွာ အၾကာႀကီးတာ၀န္ထမ္းဖူးတဲ့အတြက္ ဒီေဒသက လူေတြနဲ႔ ရင္းႏွီးသူျဖစ္ပါတယ္။ ဒီလုိနဲ႔ သုခဂိတ္အနီး၀န္းက်င္ရွိ KNU ကြမ္းေခ်ာင္းၿမိဳ့နယ္မွဴး၊ သုခဂိတ္မွဴးတို႔နဲ႔ေဆြးေႏြးၿပီး ဒီဂိတ္က ျဖတ္လာသူေတြကုိ သတင္းေမးျမန္းစုေဆာင္းခြင့္ျပဳဖို႔။ တခါ ဂိတ္၀န္းက်င္ရွိ ဒီမုိကေရစီရြာနဲ႔ အျခားဒုကၡ သည္ရြာ ၂ ခုဆီလည္း ၀င္ေရာက္သတင္းေမးျမန္းခြင့္ျပဳဖို႔ သေဘာတူညီခ်က္ရခဲ့ပါတယ္။
အျခားရြာငယ္နွစ္ခုရဲ့အမည္နဲ႔ ဥကၠ႒အမည္ေတြကို က်ေနာ္မမွတ္မိေတာ့ေပမယ့္ ဒီမုိကေရစီရြာ ဥကၠ႒ ဦးရွိန္ (အခု အေမရိကန္) ရဲ့ အိမ္မွာ တလကုိးသတင္းေနၿပီး သတင္းစုေဆာင္းေရးလုပ္ခဲ့ဖူးတာကို မွတ္ မိေနဆဲျဖစ္ပါတယ္။ အေစာပုိင္းကာလ သတင္းေထာက္ဘ၀ဟာ သတင္းေထာက္အလုပ္နဲ႔ ေထာက္ လွမ္းေရးအလုပ္ သိပ္မကြဲျပားသလုိ ျဖစ္ေနပါတယ္။ ဆုိလုိတာက လုပ္အားေပး ခုိင္းေစခံရဖူးသူေတြ၊ အစိုးရက အႏုိင္က်င့္ခံရဖူးသူေတြ၊ ယုတ္စြအဆုံး ရဲဘက္စခန္းကေန ထြက္ေျပးလာသူေတြကအစ က်ေနာ္တုိ႔နဲ႔ စကားေျပာဖုိ႔ တုန္႔ဆုတ္ၾကပါတယ္။ သတင္းေထာက္လုိ႔ေျပာလုိက္တာနဲ႔ စကားမေျပာရဲ ေတာ့ပါ။ ဒီေတာ့ ေက်ာင္းသားအဖဲြ႔ကပါ။ သတင္းေလးဘာေလး သိခ်င္လုိ႔ပါလုိ႔ ဟုိေျပာ ဒီေျပာလုပ္ၿပီး အသံကို ခုိးဖမ္းရပါတယ္။
အဲဒီကာလက ေထာက္လွမ္းေရးသုံး ရီေကာ္ဒါလုိ႔ေခၚတဲ့ ခပ္ေသးေသး အသံဖမ္းစက္ေလးေတြ က်ေနာ္ တုိ႔ ABSDF သတင္းသမားေတြမွာရွိပါတယ္။ အဲဒီလုိမလုပ္လုိ႔မရ။ အခုေခတ္လို ဗီြဒီယုိ၊ ဓာတ္ပုံရုိက္ဖုိ႔ ေနေနသာသာ သူတုိ႔ကုိေမးရင္းနဲ႔ စာရြက္ေပၚ ခ်ေရးေနရင္ေတာင္ သူတုိ႔က ဆက္မေျပာေတာ့ပါ။ ဒီ ေတာ့ အသံခုိးဖမ္းတဲ့နည္းကိုသုံးၿပီး ကုိယ္တည္းတဲ့ေနရာေရာက္မွ အဲဒီအသံကိုျပန္နားေထာင္၊ သတင္း ျပန္ေရးေပါ့။ အဲဒီအခ်ိန္ထိ အသံနဲ႔ပုိ႔တဲ့အဆင့္ မဟုတ္ေသးပဲ စာနဲ႔ေရး Fax နဲ႔ပုိ႔တဲ့ အဆင့္မွာပဲ ရွိ ေနပါေသးတယ္။ ၁၉၉၇ ထုိးစစ္ေနာက္ပုိင္းမွာေတာ့ သုခနယ္က ဒုကၡသည္အားလုံး အခု စန္ခရပူရီ ၿမိဳ့အနီးရွိ ဘန္တုံယန္းစခန္းဆီ ေရာက္သြားၾကပါတယ္။
ရတနာပုိက္လုိင္းကုိ ထုိင္းဘက္က ဆႏၵျပၿပီ
ထုံပါဖုံနဲ႔ သုခဘက္ဆီ သြားလုိက္လာလုိက္နဲ႔ သတင္းစုလုိ႔ေကာင္းတုန္းမွာ ထုံပါဖုံနဲ႔သိပ္္မေ၀းတဲ့ ေဟြးခ ရုိင္ဆုိတဲ့ ေတာတြင္းတေနရာမွာ ထုိင္းေတြရဲ့ ဆႏၵျပပဲြေပၚလာပါတယ္။ ရတနာပုိက္လုိင္းေၾကာင့္ လုပ္ အားေပးခုိင္းေစခံရတာ၊ လယ္ေတြ၊ ဥယ်ာဥ္ၿခံေတြအသိမ္းခံရတာ၊ ပုိက္လုိင္းလုံၿခံဳေရးတပ္ေတြေၾကာင့္ ရြာေပါင္း ၁၀ ေက်ာ္ ေျပာင္းေရႊခံရတာ၊ သစ္ေတာနဲ႔ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးတာေတြဟာ ျမန္မာ ႏုိင္ငံဘက္မွာ အဓိကျဖစ္ပြားေနေပမယ့္ အဲဒီကာလက ျမန္မာဘက္မွာ အခုေခတ္လုိ ဆႏၵျပခြင့္မရွိ ေသးပါ။ အခုေခတ္လုိ ဆႏၵျပဖုိ႔ေနေနသာသာ သူတုိ႔လုပ္အားေပးခုိင္းခံ ရတဲ့အေၾကာင္း၊ ေျမသိမ္းခံရတဲ့ အေၾကာင္းကိုေတာင္ ရြာသားေတြက မေျပာရဲေသးတဲ့အေျခေနပါ။
(ခြပ္ေဒါင္းအလံကိုင္ၿပီး ရတနာပုိက္လုိင္းကုိ ဆႏၵျပေနတဲ့ ျမန္မာ ေက်ာင္းသား နွစ္ဦး) ဓာတ္ပုံ- ထက္ေအာင္ေက်ာ္
ဒါေပမယ့္ ထုိင္းႏုိင္ငံဘက္မွာေတာ့ ဒီလိုလုပ္လို႔မရ။ သူတုိ႔ဘက္မွာ လုပ္အားေပးခုိင္းတာေတြ၊ ရြာ ေျပာင္းတာေတြမရွိေပမယ့္ ဒီပုိက္လုိင္းေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ထိခုိက္မႈရွိႏုိင္တယ္ဆုိၿပီး လူမႈေ၀ ဖန္ေရးဆရာ အာဂ်န္ဆူလတ္ (Sulak Sivaraksa) ဦးေဆာင္တဲ့အဖြဲက ဆႏၵျပပါေလေရာ။ ထုံပါဖုံကေန တနာရီ၀န္းက်င္ ကားေမာင္းသြားရတဲ့ ေဟြးခရုိင္ သစ္ေတာ၀င္းထဲက စမ္းေခ်ာင္းေလးေဘးမွာ စခန္းခ် ၿပီး သူက အခုလုိဆႏၵျပေနတာပါ။ သူ႔ကိုေထာက္ခံတဲ့ ဘန္ေကာက္နဲ႔ ကန္ခ်နပူရီဘက္က သဘာ၀ ပတ္၀န္းက်င္ ခ်စ္ျမတ္နုိးသူေတြ၊ လူ႔အခြင့္ေရးတက္ၾကြသူေတြ၊ တကၠသိုလ္ေက်ာင္းသူေက်ာင္းသား ေတြပါ ေရာက္လာၿပီး ဒိီေနရာမွာ ရြက္ဖ်င္တဲထုိး စခန္းခ်ကာ လူေတြရာနဲ႔ခ်ီ ဆႏၵျပၾကတဲ့အတြက္ သ တင္းက ဟုိးေလးတေက်ာ္ျဖစ္သြားပါတယ္။
သူတုိ႔ရဲ့ေတာင္းဆိုခ်က္က က်ေနာ္တုိ႔ ျမန္မာ့ဒီမုိကေရစီအင္အားစုေတြလုိ ပုိက္လုိင္း စီမံကိန္း ရပ္တန္႔ဖုိ႔ မဟုတ္။ ပုိက္လုိင္းလမ္းေၾကာင္း ေနရာေရႊ႔ေပးဖုိ႔မွ်သာ ျဖစ္ပါတယ္။ “ဒီပုိက္လုိင္းသာ အခုလမ္းေၾကာင္း အတုိင္း ေဖာက္မယ္ဆုိရင္ ဒီမွာခင္ဗ်ားတုိ႔ ျမင္ေနရတဲ့ ေအးျမတဲ့စမ္းေခ်ာင္းေလး၊ လွပတဲ့သစ္ပင္ႀကီး ေတြအျပင္ ေဟာဒီလုိ ရွားပါးလွတဲ့ ေရာင္စုံဂဏန္းမ်ဳိးေစ့ေတြပါ မ်ဳိးသုဥ္းသြားႏုိင္ပါတယ္။ ေတာဆင္ရုိင္း ေတြလည္း အမ်ားႀကီး ဒုကၡျဖစ္သြားႏုိင္ပါတယ္” လုိ႔ အာက်န္ ဆူလတ္က က်ေနာ္နဲ႔ ထုိင္း သတင္း ေထာက္ေတြကို ရွင္းျပပါတယ္။
အမွန္တုိင္း၀န္ခံရရင္ အဲဒီအခ်ိန္ထိ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာသတင္းကို ဘယ္လိုတင္ျပရမွန္း က် ေနာ္မသိေသးပါ။ သူေျပာေနတဲ့ ေရာင္စုံဂဏန္းေတြ၊ သစ္ပင္ေတြဆုိတာ က်ေနာ္တုိ႔ေတာထဲမွာေနစဥ္ က ေန႔စဥ္ဖမ္းစားေန၊ ခုတ္လွဲေနတဲ့အရာေတြပဲ။ ဘာမ်ားထူးလုိ႔လဲေပါ့။ ၿပီးေတာ့ ေဒၚလာသန္းခ်ီရမယ့္ ႏုိင္ငံတကာစီမံကိန္းႀကီးအတြက္ ဒီေလာက္ေလးဆုံးရံႈးသြားတာ ဘာေျပာပေလာက္လုိ႔လဲဆုိၿပီးေတာင္ လူၿပိန္းေတြး ေတြးမိပါေသးတယ္။
ေနာက္ဆုံးမွာေတာ့ PTT နဲ႔ ထုိင္းအစုိးရက အာက်န္ဆူလတ္ကို ဖမ္းဆီးၿပီး စီမံကိန္းကို ဆက္လုပ္တဲ့ အတြက္ ၁၉၉၆၊ ၉၇ မွာ စီမံကိန္း ၿပီးစီးသြားပါတယ္။ ဒီလို ၿပီးစီးသြားေပမယ့္ ဓာတ္ေငြ႔ပုိက္လုိင္းရဲ႕ အႏၱရာယ္နဲ႔ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးႏုိင္မႈ၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြအေၾကာင္းကို စီမံကိန္း ကာလ ၃ ႏွစ္ေလာက္အတြင္း အာက်န္ဆူလတ္နဲ႔ အဖြဲ႔က ထုိင္းမီဒီယာနဲ႔ ထုိင္း လူ႔အဖြဲ႔အစည္းကို ေကာင္းေကာင္း သတင္းျဖန္႔ျဖဴး ပညာေပးႏိုင္ခဲ့ပါတယ္။
အဲဒီလုိ ပညာေပးမႈကို ရလုိက္သူေတြထဲမွာ ေတာလုိက္မုဆုိးကေန သတင္းေထာက္ျဖစ္လာတဲ့ က်ေနာ္ လည္းပါ၀င္ၿပီး သဘာ၀ပတ္၀န္းက်င္နဲ႔ ေတာရုိင္းတိရစာၦန္ ထိမ္းသိမ္းကာကြယ္ေရး သတင္းအေတာ္ မ်ားမ်ားကို DVB အတြက္ ပုိ႔ေပးခဲ့ဖူးတာ၊ က်ေနာ္ကုိယ္တုိင္ သဘာ၀ပတ္၀န္းက်င္နဲ႔ ေတာရုိင္း တိရ စာၦန္ကာကြယ္ေရးသမား ျဖစ္သြားတာကုိ အမွတ္ရေနပါတယ္။ တခ်ိန္တည္းမွာပဲ နုိင္ငံေရး၊ စီးပြားေရး နဲ႔ အေထြေထြသတင္းေတြအျပင္ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာသတင္းေတြကို အထူးျပဳေလ့လာတဲ့ သ တင္းသမားေတြ ျမန္မာ့သတင္းေလာကမွာ ေပၚေပါက္လာေအာင္ ေလ့က်င့္ေမြးထုတ္ေပးဖုိ႔လုိေနဆဲ ဆုိ တာကုိပါ က်ေနာ္စဥ္းစားေနမိပါတယ္။ ။

(သစ္ပင္ႀကီးေတြကုိ မခုတ္လဲွပဲခ်န္ထားေပးဖုိ႔ သံဃာေတာ္ေတြ
ဆုေတာင္းေနစဥ္) ဓာတ္ပုံ- ထက္ေအာင္ေက်ာ္

=====================================
ရတနာ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ လုပ်အားပေးပြဿနာ
ရှေ့မှာပြောခဲ့တဲ့ စစ်ပြေးဒုက္ခသည်သတင်း၊ ရှေ့တန်းစစ်ကြောင်းသွားရင်း တွေ့ရတဲ့သတင်းတွေဟာ ထူးမခြားနားသတင်းတွေသာဖြစ်ပြီး မပေါက်ဘူးလို့ ပြောရမယ်ထင်ပါတယ်။ ဒါဖြင့် ဘယ်လိုသတင်း မျိုးက DVB မှာ ပေါက်သလဲလို့ မေးစရာရှိပါတယ်။ ဒီမေးခွန်းကို ကျနော်အတိအကျ မဖြေတတ်ပေမယ့် ကီလိုမီတာ ၇၀၀ ကျော်အရှည်ရှိတဲ့ မြန်မာ-ထိုင်း နယ်စပ်ဖြတ် ရတနာပိုက်လိုင်း စီမံကိန်းမှာ လုပ်အား ပေးခိုင်းစေမှု ရှိနေတယ်ဆိုပြီး ကျနော်ပို့လိုက်တဲ့သတင်း ချက်ချင်းပေါက် သွားတာကတော့ အမှန်ပါပဲ။
(ရတနာပိုက်လိုင်းဘေးမှာ လမ်းလျှောက်ဆန္ဒပြနေတဲ့ သံဃာတော်များ) ဓာတ်ပုံ- ထက်အောင်ကျော်
၁၉၉၆ နှစ်ဦးပိုင်းကာလဟာ ABSDF ကွဲပြဲနေဆဲဆိုပေမယ့် သတင်းပြန်ကြားရေးနဲ့ နိုင်ငံတကာဆက်ဆံရေး ဘက်မှာ အတော်အားကောင်းနေဆဲဖြစ်ပါတယ်။ ကိုနိုင်အောင်တို့ဘက်မှ သုတေသနမှုး ကိုခင်သန်းက (ABSDF မှ DVB အတွက် ပေးပို့တဲ့သတင်းတွေအတွက်) သတင်းအယ်ဒီတာအဖြစ် တာဝန်ယူထားပြီး ကိုမိုးသီးဇွန်တို့ဘက်မှ ကိုအောင်နိုင်ဦး (အခု MPC) က နိုင်ငံခြားရေးဌာနကို တာဝန်ယူထားချိန် ဖြစ်ပါ တယ်။ ကျနော်ရေးပို့လိုက်တဲ့သတင်းကို သတင်းအယ်ဒီတာက အမြန်စီပြီး နိုင်ငံခြားရေးဌာနက အင်္ဂ လိပ်ဘာသာပြန်ကာ သတင်းဌာနတွေဆီ ပို့လိုက်တဲ့အတွက် နောက်တနေ့ထုတ် Bangkok Post, The Nation နဲ့ အေဂျင်စီ သတင်းတွေမှာ ပါလာပါတယ်။
အဲဒီကာလက သေမင်းတမန် ရထားလမ်းသစ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ရေး-ထားဝယ် ရထားလမ်းမှာ လုပ်အားပေးခိုင်းစေတဲ့သတင်း၊ လူအသေပျောက်ရှိတဲ့ သတင်းတွေက ရိုးနေပြီဖြစ်ပေမယ့် ပိုက်လိုင်း စီမံကိန်းမှာ ခိုင်းတဲ့သတင်းကတော့ ဒါ ပထမ ဆုံးကြားရတဲ့သတင်းပါ။ ၁၉၉၁ မှာ နတ်အိမ်တောင် စခန်းကို စစ်အစိုးရက သိမ်းပိုက်ပြီးနောက် စတင်ပေါ်ပေါက်လာတဲ့ စီမံကိန်းကို ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အ မေရိကန်က Unocal ကုမ္ပဏီ (ဆန္ဒပြမှုတွေကြောင့် နောက်ပိုင်း ပြန်နုတ်ထွက်သွား) နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီတို့က နဝတ စစ်အစိုးရရဲ့ MOGE (မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း) နဲ့ ပေါင်း ပြီး စတင် ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ခက်တာက ခိုင်းစေတဲ့နေရာဟာ ရထားလမ်းအနီးရှိ ကံဘောက်နဲ့ နတ်အိမ်တောင်အကြား ပိုက်လိုင်း လမ်းကြောင်းတလျှောက်မှာမဟုတ်ပဲ ကံဘောက်ချောင်းရဲ့ အပြင်ဘက် ရေအောက်ပိုက်လိုင်းအနီးရှိ ပင်လယ်ပြင်ထဲက ဟိန်းဇဲကျွန်းမှာ ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ အခြေစိုက်တဲ့ ပိုက်လိုင်းလုံခြုံရေးစစ်တပ် စခန်းသစ်နေရာနဲ့ တိုတယ်ကုမ္ပဏီနဲ့ စစ်တပ်သုံး ရဟတ်ယာဉ်ကွင်းအတွက် သူတို့ကို လုပ်အားပေးခိုင်း ခဲ့တာဆိုပြီး ထုံပါဖုံမြို့မှာ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ ကံပေါက်ဒေသခံတဦးက ပြောပါတယ်။
ထုံပါဖုံ (ဒေသအခေါ် ထပ်ခနှုံ) ဆိုတာကတော့ နတ်အိမ်တောင်ကနေ ထိုင်းနိုင်ငံထဲဝင်လာရင် ပထမ ဆုံးတွေ့ရတဲ့ ထိုင်းဘက်က မြို့နယ်ရုံးစိုက်တဲ့ နေရာဖြစ်ပြီး ကံပေါက်ဒေသခံတွေ၊ ထားဝယ်သားတွေ အ များအပြားနေထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ရတနာပိုက်လိုင်း စီမံကိန်းနဲ့အတူ ပေါ်ပေါက်လာတဲ့ ထုံပါဖုံ မြိ့ုနယ်အုပ်ချုပ်ရေးမှူ းရုံးရဲ့ ဘေးနားရှိ တောအုပ်ထဲက မြန်မာရပ်ကွက်သစ် (ဒေသအခေါ် စူ-ဖာ့မား) ထဲက တဲအိမ်ငယ်တလုံးမှာ သူ့ကို ကျနော်မေးမြန်းခွင့်ရခဲ့တာပါ။
အဲဒီရပ်ကွက်ထဲမှာ တဲအိမ်ငယ် ၂၀၀ နဲ့ ၃၀၀ ကြားလောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ ကံ ပေါက်ဒေသကရောက်လာသူတွေနဲ့ အရင် နတ်အိမ်တောင်ရွာသားတွေ ဖြစ်ပါတယ်။ လုပ်အားပေးခိုင်းခံရမှာစိုးလို့ ကံပေါက် ဘက်ကနေ ထွက်ပြေးလာသူတွေ၊ ဒါမှမဟုတ် ထိုင်းထဲမှာ အလုပ်သစ်ရှာဖို့ ထွက်လာသူတွေအားလုံး ဟာ ဒီရပ်ကွက်ထဲမှာ အရင်စခန်းချပြီးမှ ကန်ချနပူရီ၊ ဘန်ကောက်အပါဝင် အခြားမြို့ကြီးတွေဆီ အလုပ်ရှာ ဆက်ထွက်ကြပါတယ်။ ဒီလိုနဲ့ ဒီမြန်မာရပ်ကွက်ဟာ ကျနော်ရဲ့ ရတနာဓာတ်ငွေ့ပိုက်လိုင်း သတင်း အစအနရှာရာ နေရာဖြစ်လာသလို FTUB (မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) နဲ့ ERI (နိုင်ငံ တကာ မြေကမ္ဘာအခွင့်ရေး) အဖွဲ့တွေက သတင်းစုဆောင်းရေးအဖွဲ့ဝင်တွေကိုလည်း ဒီရပ်ကွက်မှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။
သုခနယ်မှ ဒုက္ခသည်များ
သုခနဲ့ ဒုက္ခဟာ ဆန့်ကျင်ဘက် အဓိပ္ပာယ်ထွက်တယ်လို့ အဘိဓာန်ထဲမှာဆိုထားပေမယ့် ဒီအရပ်မှာ တော့ အဲဒီနှစ်ခု တနေရာတည်းမှာ လာရှိနေပါတယ်။ ABSDF တောင်ပိုင်းစစ်ဒေသကနေ ကျနော့်ကို ပေးလိုက်တဲ့တာဝန်ထဲမှာ သတင်းစုဆောင်းတာအပြင် ဒေသစည်းရုံးရေးကိစ္စလည်း ပါဝင်တဲ့အတွက် ထုံပါဖုံကနေ သုခနယ်စပ်ဂိတ်ရှိရာဆီ ကားကြုံတဝက်၊ ကုန်းကြောင်းတဝက်နဲ့ ချီတက်လာပါတယ်။ ထုံပါဖုံကနေ ပင်စီလို့ခေါ်တဲ့ (ထုံပါဖုံရှိ ရေကာတာကြောင့် နယ်စပ်ဘက်ဆီ ပြောင်းရွှေ့ထားတဲ့ရွာသစ် များ) ရွာဆီ ကားကြုံနဲ့လိုက်လာပြီး အဲဒီရွာအလွန်ရှိ ထိုင်းစစ်တပ်ဂိတ်က မမြင်အောင် တောလမ်းက နေဖြတ်ကာ ၄ နာရီလောက် ကုန်းကြောင်းလျှောက်ရပါတယ်။
(သစ်ပင်ကြီးတွေကို မခုတ်လဲှပဲချန်ထားပေးဖို့ သံဃာတော်တွေ ဆုတောင်းနေစဉ်) ဓာတ်ပုံ- ထက်အောင်ကျော်
၁၉၉၁ ဒီဇင်ဘာမှာ ရတနာစီမံကိန်းအတွက် နတ်အိမ်တောင်စခန်းကို နဝတ က သိမ်းပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ရေ့ွှ့ဆင်းလာတဲ့ KNU တပ်တွေဟာ နတ်အိမ်တောင်အောက်ဘက် ၁၀ မိုင်ဝန်းကျင်အကွာရှိ သုခရွာမှာ အခိုင်အမာအခြေစိုက်ပြီး အကောက်စခန်းဖွင့်ထားပါတယ်။ ကျ နော်နဲ့ အတူပါလာသူက အရင် နတ်အိမ်တောင်အခြေစိုက် ABSDF ၂၀၁ တပ်ရင်း၊ တပ်ခွဲ ၂-မှူး ကို သိန်းမြင့်ကျော် (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲတွင်ကျဆုံး) ဖြစ်ပါတယ်။ သူဟာ ကံပေါက်ဒေသခံဖြစ်ပြီး နတ်အိမ်တောင်မှာ အကြာကြီးတာဝန်ထမ်းဖူးတဲ့အတွက် ဒီဒေသက လူတွေနဲ့ ရင်းနှီးသူဖြစ်ပါတယ်။ ဒီလိုနဲ့ သုခဂိတ်အနီးဝန်းကျင်ရှိ KNU ကွမ်းချောင်းမြို့နယ်မှူး၊ သုခဂိတ်မှူးတို့နဲ့ဆွေးနွေးပြီး ဒီဂိတ်က ဖြတ်လာသူတွေကို သတင်းမေးမြန်းစုဆောင်းခွင့်ပြုဖို့။ တခါ ဂိတ်ဝန်းကျင်ရှိ ဒီမိုကရေစီရွာနဲ့ အခြားဒုက္ခ သည်ရွာ ၂ ခုဆီလည်း ဝင်ရောက်သတင်းမေးမြန်းခွင့်ပြုဖို့ သဘောတူညီချက်ရခဲ့ပါတယ်။
အခြားရွာငယ်နှစ်ခုရဲ့အမည်နဲ့ ဥက္ကဋ္ဌအမည်တွေကို ကျနော်မမှတ်မိတော့ပေမယ့် ဒီမိုကရေစီရွာ ဥက္ကဋ္ဌ ဦးရှိန် (အခု အမေရိကန်) ရဲ့ အိမ်မှာ တလကိုးသတင်းနေပြီး သတင်းစုဆောင်းရေးလုပ်ခဲ့ဖူးတာကို မှတ် မိနေဆဲဖြစ်ပါတယ်။ အစောပိုင်းကာလ သတင်းထောက်ဘဝဟာ သတင်းထောက်အလုပ်နဲ့ ထောက် လှမ်းရေးအလုပ် သိပ်မကွဲပြားသလို ဖြစ်နေပါတယ်။ ဆိုလိုတာက လုပ်အားပေး ခိုင်းစေခံရဖူးသူတွေ၊ အစိုးရက အနိုင်ကျင့်ခံရဖူးသူတွေ၊ ယုတ်စွအဆုံး ရဲဘက်စခန်းကနေ ထွက်ပြေးလာသူတွေကအစ ကျနော်တို့နဲ့ စကားပြောဖို့ တုန့်ဆုတ်ကြပါတယ်။ သတင်းထောက်လို့ပြောလိုက်တာနဲ့ စကားမပြောရဲ တော့ပါ။ ဒီတော့ ကျောင်းသားအဖွဲ့ကပါ။ သတင်းလေးဘာလေး သိချင်လို့ပါလို့ ဟိုပြော ဒီပြောလုပ်ပြီး အသံကို ခိုးဖမ်းရပါတယ်။
အဲဒီကာလက ထောက်လှမ်းရေးသုံး ရီကော်ဒါလို့ခေါ်တဲ့ ခပ်သေးသေး အသံဖမ်းစက်လေးတွေ ကျနော် တို့ ABSDF သတင်းသမားတွေမှာရှိပါတယ်။ အဲဒီလိုမလုပ်လို့မရ။ အခုခေတ်လို ဗွီဒီယို၊ ဓာတ်ပုံရိုက်ဖို့ နေနေသာသာ သူတို့ကိုမေးရင်းနဲ့ စာရွက်ပေါ် ချရေးနေရင်တောင် သူတို့က ဆက်မပြောတော့ပါ။ ဒီ တော့ အသံခိုးဖမ်းတဲ့နည်းကိုသုံးပြီး ကိုယ်တည်းတဲ့နေရာရောက်မှ အဲဒီအသံကိုပြန်နားထောင်၊ သတင်း ပြန်ရေးပေါ့။ အဲဒီအချိန်ထိ အသံနဲ့ပို့တဲ့အဆင့် မဟုတ်သေးပဲ စာနဲ့ရေး Fax နဲ့ပို့တဲ့ အဆင့်မှာပဲ ရှိ နေပါသေးတယ်။ ၁၉၉၇ ထိုးစစ်နောက်ပိုင်းမှာတော့ သုခနယ်က ဒုက္ခသည်အားလုံး အခု စန်ခရပူရီ မြို့အနီးရှိ ဘန်တုံယန်းစခန်းဆီ ရောက်သွားကြပါတယ်။
ရတနာပိုက်လိုင်းကို ထိုင်းဘက်က ဆန္ဒပြပြီ
ထုံပါဖုံနဲ့ သုခဘက်ဆီ သွားလိုက်လာလိုက်နဲ့ သတင်းစုလို့ကောင်းတုန်းမှာ ထုံပါဖုံနဲ့သိပ်မဝေးတဲ့ ဟွေးခ ရိုင်ဆိုတဲ့ တောတွင်းတနေရာမှာ ထိုင်းတွေရဲ့ ဆန္ဒပြပွဲပေါ်လာပါတယ်။ ရတနာပိုက်လိုင်းကြောင့် လုပ် အားပေးခိုင်းစေခံရတာ၊ လယ်တွေ၊ ဥယျာဉ်ခြံတွေအသိမ်းခံရတာ၊ ပိုက်လိုင်းလုံခြုံရေးတပ်တွေကြောင့် ရွာပေါင်း ၁၀ ကျော် ပြောင်းရွှေခံရတာ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေဟာ မြန်မာ နိုင်ငံဘက်မှာ အဓိကဖြစ်ပွားနေပေမယ့် အဲဒီကာလက မြန်မာဘက်မှာ အခုခေတ်လို ဆန္ဒပြခွင့်မရှိ သေးပါ။ အခုခေတ်လို ဆန္ဒပြဖို့နေနေသာသာ သူတို့လုပ်အားပေးခိုင်းခံ ရတဲ့အကြောင်း၊ မြေသိမ်းခံရတဲ့ အကြောင်းကိုတောင် ရွာသားတွေက မပြောရဲသေးတဲ့အခြေနေပါ။
(ခွပ်ဒေါင်းအလံကိုင်ပြီး ရတနာပိုက်လိုင်းကို ဆန္ဒပြနေတဲ့ မြန်မာ ကျောင်းသား နှစ်ဦး) ဓာတ်ပုံ- ထက်အောင်ကျော်
ဒါပေမယ့် ထိုင်းနိုင်ငံဘက်မှာတော့ ဒီလိုလုပ်လို့မရ။ သူတို့ဘက်မှာ လုပ်အားပေးခိုင်းတာတွေ၊ ရွာ ပြောင်းတာတွေမရှိပေမယ့် ဒီပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိနိုင်တယ်ဆိုပြီး လူမှုေ၀ ဖန်ရေးဆရာ အာဂျန်ဆူလတ် (Sulak Sivaraksa) ဦးဆောင်တဲ့အဖွဲက ဆန္ဒပြပါလေရော။ ထုံပါဖုံကနေ တနာရီဝန်းကျင် ကားမောင်းသွားရတဲ့ ဟွေးခရိုင် သစ်တောဝင်းထဲက စမ်းချောင်းလေးဘေးမှာ စခန်းချ ပြီး သူက အခုလိုဆန္ဒပြနေတာပါ။ သူ့ကိုထောက်ခံတဲ့ ဘန်ကောက်နဲ့ ကန်ချနပူရီဘက်က သဘာ၀ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ၊ လူ့အခွင့်ရေးတက်ကြွသူတွေ၊ တက္ကသိုလ်ကျောင်းသူကျောင်းသား တွေပါ ရောက်လာပြီး ဒီနေရာမှာ ရွက်ဖျင်တဲထိုး စခန်းချကာ လူတွေရာနဲ့ချီ ဆန္ဒပြကြတဲ့အတွက် သ တင်းက ဟိုးလေးတကျော်ဖြစ်သွားပါတယ်။
သူတို့ရဲ့တောင်းဆိုချက်က ကျနော်တို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေလို ပိုက်လိုင်း စီမံကိန်း ရပ်တန့်ဖို့ မဟုတ်။ ပိုက်လိုင်းလမ်းကြောင်း နေရာရွှေ့ပေးဖို့မျှသာ ဖြစ်ပါတယ်။ “ဒီပိုက်လိုင်းသာ အခုလမ်းကြောင်း အတိုင်း ဖောက်မယ်ဆိုရင် ဒီမှာခင်ဗျားတို့ မြင်နေရတဲ့ အေးမြတဲ့စမ်းချောင်းလေး၊ လှပတဲ့သစ်ပင်ကြီး တွေအပြင် ဟောဒီလို ရှားပါးလှတဲ့ ရောင်စုံဂဏန်းမျိုးစေ့တွေပါ မျိုးသုဉ်းသွားနိုင်ပါတယ်။ တောဆင်ရိုင်း တွေလည်း အများကြီး ဒုက္ခဖြစ်သွားနိုင်ပါတယ်” လို့ အာကျန် ဆူလတ်က ကျနော်နဲ့ ထိုင်း သတင်း ထောက်တွေကို ရှင်းပြပါတယ်။
အမှန်တိုင်းဝန်ခံရရင် အဲဒီအချိန်ထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းကို ဘယ်လိုတင်ပြရမှန်း ကျ နော်မသိသေးပါ။ သူပြောနေတဲ့ ရောင်စုံဂဏန်းတွေ၊ သစ်ပင်တွေဆိုတာ ကျနော်တို့တောထဲမှာနေစဉ် က နေ့စဉ်ဖမ်းစားနေ၊ ခုတ်လှဲနေတဲ့အရာတွေပဲ။ ဘာများထူးလို့လဲပေါ့။ ပြီးတော့ ဒေါ်လာသန်းချီရမယ့် နိုင်ငံတကာစီမံကိန်းကြီးအတွက် ဒီလောက်လေးဆုံးရှုံးသွားတာ ဘာပြောပလောက်လို့လဲဆိုပြီးတောင် လူပြိန်းတွေး တွေးမိပါသေးတယ်။
နောက်ဆုံးမှာတော့ PTT နဲ့ ထိုင်းအစိုးရက အာကျန်ဆူလတ်ကို ဖမ်းဆီးပြီး စီမံကိန်းကို ဆက်လုပ်တဲ့ အတွက် ၁၉၉၆၊ ၉၇ မှာ စီမံကိန်း ပြီးစီးသွားပါတယ်။ ဒီလို ပြီးစီးသွားပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို စီမံကိန်း ကာလ ၃ နှစ်လောက်အတွင်း အာကျန်ဆူလတ်နဲ့ အဖွဲ့က ထိုင်းမီဒီယာနဲ့ ထိုင်း လူ့အဖွဲ့အစည်းကို ကောင်းကောင်း သတင်းဖြန့်ဖြူး ပညာပေးနိုင်ခဲ့ပါတယ်။
အဲဒီလို ပညာပေးမှုကို ရလိုက်သူတွေထဲမှာ တောလိုက်မုဆိုးကနေ သတင်းထောက်ဖြစ်လာတဲ့ ကျနော် လည်းပါဝင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိမ်းသိမ်းကာကွယ်ရေး သတင်းအတော် များများကို DVB အတွက် ပို့ပေးခဲ့ဖူးတာ၊ ကျနော်ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်း တိရ စ္ဆာန်ကာကွယ်ရေးသမား ဖြစ်သွားတာကို အမှတ်ရနေပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေး၊ စီးပွားရေး နဲ့ အထွေထွေသတင်းတွေအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းတွေကို အထူးပြုလေ့လာတဲ့ သ တင်းသမားတွေ မြန်မာ့သတင်းလောကမှာ ပေါ်ပေါက်လာအောင် လေ့ကျင့်မွေးထုတ်ပေးဖို့လိုနေဆဲ ဆို တာကိုပါ ကျနော်စဉ်းစားနေမိပါတယ်။ ။
0 comments:
Post a Comment