Monday, October 19, 2026

ဒကစ-စစ်တွေ အနီး တိုက်ပွဲဆက်ဖြစ်နေ... ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ စစ်ကောင်စီ ထုတ်ပြ...

 https://youtu.be/rOFaqYIvMqw?si=rPG_o-wgecVbOBbM

ဒကစ-စစ်တွေ အနီး တိုက်ပွဲဆက်ဖြစ်နေ... ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ စစ်ကောင်စီ ထုတ်ပြ... နောက်ဆုံးရ သတင်းများ... (၂၀ အောက်တိုဘာ ၂၀၂၆)

- ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ ဒကစ-စစ်တွေ (ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်-စစ်တွေ) အနီးက နေရာ ၃ ခုမှာ စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တာ်ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေ... - ရွာငံမြို့နယ်နဲ့ သာစည်မြို့နယ်အစပ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၀ ဦးသေ၊ သေနတ် ၂ လက် သိမ်းမိ... - မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံနေရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်နိုင်ငံ၊ ချားလ်စ်ဘုရင်က ပေးပို့လိုက်တဲ့ စာအုပ် ၂ အုပ်ကို စစ်ကောင်စီဝန်ထမ်း ၂ ဦးက သွားရောက်ပေးအပ်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ ထူးခြားသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, October 18, 2026

ဒကစ-စစ်တွေနားအထိ AA ထိုးစစ်ရောက်လာ... တံတားဦးက စစ်တပ်စခန်း PDF ဝင်တိုက်...

 https://youtu.be/eJqwbgFBJaE?si=gt1PRXKebfXgxRv7

ဒကစ-စစ်တွေနားအထိ AA ထိုးစစ်ရောက်လာ... တံတားဦးက စစ်တပ်စခန်း PDF ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၉ အောက်တိုဘာ ၂၀၂၆)

- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး အခုဆိုရင် ဒကစ-စစ်တွေအနီးရှိကျားမသောက်ကျေးရွာအထိ AA တပ်တွေ ရောက်လာ... - မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ... - စစ်ဘေးဒဏ်သင့်နေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးကြဖို့ ဒေါက်တာစင်သီယာမောင်က ဂျပန်အစိုးရကို တောင်းဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, October 16, 2026

“အလုပ်သမားတွေဆီက အခွန်ကောက်ပြီးရင် ဘယ်လိုဝန်ဆောင်မှု ပြန်ပေးမှာလဲ၊ အကောက်သက်သက်ပဲလား”

https://youtu.be/kv-q6jVCTI8?si=d7Su7nipIm-QgmNc

“အလုပ်သမားတွေဆီက အခွန်ကောက်ပြီးရင် ဘယ်လိုဝန်ဆောင်မှု ပြန်ပေးမှာလဲ၊ အကောက်သက်သက်ပဲလား” - ဦးထူးချစ် - ( Foundation for Education and Development)


(၁၇ အောက်တိုဘာ ၂၀၂၆) “ထိုင်းရောက် အလုပ်သမားတွေဆီက အခွန်ကောက်ပြီးရင် မြန်မာဖက်က ဘယ်လိုဝန်ဆောင်မှု ပြန်ပေးမှာလဲ၊ အကောက်သက်သက်ပဲလား။ ထိုင်းမှာတောင် ၅ % ကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ်ကောက်ထားပြီးရင် ဆေးကုတာ၊ လျှော်ကြေးပေးတာ စသဖြင့် အများကြီး ဝန်ဆောင်မှုပြန်ပေးထားတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း - FED - ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။ CI အလုပ်သမားလက်မှတ် သက်တန်းတိုးမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ အခွန်ငွေ ၂% ပေးထားတဲ့ပြေစာအပြင် ဝင်ငွေရဲ့ ၂၅%၊ သို့မဟုတ် ဘတ် ၂၀၀၀ စီကို ၃ လစာ မြန်မာပြည်ကိုလွဲထားတဲ့ ပြေစာပါ ပြရမယ်လို့ စစ်ကောင်စီဖက်က ကြေညာချက်ထုတ်လိုက်တဲ့အတွက် အလုပ်သမားတွေ အခက်တွေ့နေရတဲ့အကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - အခွန်ငွေ ၂% ပေးထားတဲ့ပြေစာ၊ ဝင်ငွေရဲ့ ၂၅% ကို ၃ လစာအတွက် မြန်မာပြည်က မိသားစုထဲ လွဲထားတဲ့ပြေစာ ပြရမယ်ဆိုတဲ့အတွက် အလုပ်သမားတွေ ဘယ်လို အခက်တွေ့နေရသလဲ... - စစ်တပ်ဖက်ကပြောထားတဲ့ ဘဏ်တွေကို ဘယ်လိုလွဲရမှာလဲ... အဲဒီဘဏ်တွေက ရွာတိုင်းမှာရှိလား၊ မိသားစုနေအိမ်တွေဆီအထိ လိုက်ပို့ပေးနိုင်သလား... - ဘတ် ၆၀၀၀ လွဲခိုင်းတဲ့ကိစ္စက တကယ်ကို နိုင်ငံခြားငွေ လိုနေလို့လား... အလုပ်သမားတွေကို ဖိနှိပ်ဖို့နည်းလမ်း ထွင်နေတာမျိုးလား... - အခွန်ငွေ ၅% ကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ် ထည့်ခိုင်းပြီး ကျန်းမာရေးအာမခံပေးထားတဲ့ ထိုင်းနိုင်ငံလို ... မြန်မာစစ်တပ်ဖက်က ဘာကြောင့် လုပ်မပေးနိုင်တာလဲ... - အလုပ်သမားတွေ အဆင်ပြေစေရေးအတွက် အလုပ်သမားဝန်ကြီးနဲ့ စစ်ဗိုလ်ချုပ်တွေဖက်က ပြန်လည်စဉ်းစား သုံးသပ်နိုင်စွမ်း ရှိလာနိုင်သေးလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

Thursday, October 15, 2026

ငပြီကျွန်းပေါ်က စစ်သားအားလုံးကို AA ချေမှုန်း... ပုဂံ-ဗျတ္တပန်းဆက်လမ်းမှာ တိုက်ပွဲဖြစ်...

 https://youtu.be/XoqwL1znfRk?si=Rw5Sp1-48hcNfPh8

ငပြီကျွန်းပေါ်က စစ်သားအားလုံးကို AA ချေမှုန်း... ပုဂံ-ဗျတ္တပန်းဆက်လမ်းမှာ တိုက်ပွဲဖြစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၆ အောက်တိုဘာ ၂၀၂၆)

- ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြားက ကုလားတန်မြစ်အတွင်းရှိ ငပြီကျွန်းပေါ်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော် (AA) က ချေမှုန်းလိုက်ပြီးနောက် ကျွန်းကို AA ဖက်က အလုံးစုံ ပြန်ထိန်းချုပ်... - ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဦးစီးကွပ်ကဲဖို့ စစ်ရုံးချုပ်က လွတ်လိုက်တဲ့ ဗျုဟာမှူးနဲ့ G-1 တဦးဟာ စစ်မြေပြင်ကို မရောက်ခင် KIA ရဲ့ တိုက်ခိုက်မှုကို ခံရပြီး သေဆုံးသွား... - မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၆ ဦးသေဆုံး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်”

 https://youtu.be/-5bISRJDhDg?si=ZSg7s6_R-m9swTV3

“ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်” - ဦးခင်မောင်ဝင်း - ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ လူနည်းစုရေးရာ လေ့လာသူ (IPSJ).

(၁၅ အောက်တိုဘာ ၂၀၂၆) “ဒီမိုကရေစီဖက်ဒရယ်ဆိုတာက အစိုးရအပြောင်းအလဲလောက်ကိုပဲ ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိကို ဦးတည်တယ်၊ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးဖို့လိုတယ်” လို့ ဖက်ဒရယ်၊ ဒီမိုကရေစီ၊ တိုင်းရင်းသားနဲ့ လူနည်းစုရေးရာ လေ့လာသူ (Institute for Peace and Social Justice) အဖွဲ့က ဦးခင်မောင်ဝင်းက ပြောပါတယ်။ ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဘာကွာသလဲ၊ စကားလုံး ရှေ့နောက်ပြောင်းရုံပဲလား... အဓိပါယ်ပါ အများကြီးပြောင်းသွားသလား၊ ဒီနေ့ နွေဦးတော်လှန်ရေးက ဖက်ဒရယ်ဒီမိုကရေစီအထိ ဦးတည်နေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဘာကွာသလဲ... - ၁၉၈၈ ကာလနဲ့ အခု ၂၀၂၁ ကာလမှာ ဖက်ဒရယ်ဆိုင်ရာ တွေးခေါ်စဉ်းစားမှုတွေ တကယ်ပဲ ပြောင်းလဲလာပြီလား... - NLD, CRPH, NUG, SCEF တို့ရဲ့ ဖက်ဒရယ်မူက ဘာလဲ... ဒီမိုကရေစီဖက်ဒရယ်လား... ဖက်ဒရယ်ဒီမိုကရေစီအဆင့်ထိ ရောက်နေပြီလား... - ဖက်ဒရယ်ဒီမိုကရေစီက အရင်လား... စစ်အာဏာရှင်ပြုတ်ကျရေးက အရင်လား... - “ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်” လို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, October 14, 2026

“စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်”

 https://youtu.be/u7P1qVawzlI?si=buvfOavy03mRuGc0

“စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်” - CDM ဗိုလ်ကြီးဇင်ယော် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)

(၁၅ အောက်တိုဘာ ၂၀၂၆) “နေပြည်တော်မှာဖြစ်နေတဲ့ စစ်တပ်အတွင်း ရာထူးတိုးပွဲအခြေနေကိုကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ကာ-ချုပ် မဟုတ်တော့ပေမယ့် စစ်တပ်အပေါ် သြဇာရှိဆဲဖြစ်တယ်၊ အခုဖြစ်စဉ်က စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ စစ်တပ်အတွင်း ညှိ-ကွပ် ရာထူး အသစ်ခန့်အပ်တာ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါဝင် ဒါဇင်နဲ့ချီတဲ့ ရာထူးပြောင်းပွဲတွေ ဆက်တိုက်လုပ်နေတာ ဘာသဘောလဲ၊ ဘယ်ကိုဦးတည်နေတာလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ညှိ-ကွပ် အသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက် ဘယ်သူလဲ... စစ်ရေးအရ ဘာတွေ ထူးလာနိုင်သလဲ... - စစ်ရုံးချုပ် အကြီးတန်းတွေအပြင်... ကထစ မှူးတွေ၊ တိုင်းမှူးတွေ၊ တပ်မမှူးတွေပါ အပြောင်းအလဲရှိသလား... - ဒီအပြောင်းအလဲတွေက ဘယ်ကို ဦးတည်နေသလဲ... မင်းအောင်လှိုင်သစ္စာခံသူတွေနဲ့ ရဲဝင်းဦးသစ္စာခံသူတွေကြား သဘောထားကွဲလာနိုင်သလား... - ဒီအပြောင်းလဲတွေကြောင့်... ရခိုင်စစ်ပွဲ၊ ချင်းတောင်ပိုင်းနဲ့ ကချင်စစ်မြေပြင်အခြေနေ ဘာတွေ ထူးခြားလာနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More