Thursday, February 22, 2018

Abu Dhabi Tour ပွဲ ပထမနေ့ Kristoff အနိုင်ရ...။ Cavendish က ပွဲမစခင်မှာ လဲပြိုပြီး ထွက်လိုက်ရ...။

Abu Dhabi Tour ပွဲ ပထမနေ့ Kristoff အနိုင်ရ...။ Cavendish က ပွဲမစခင်မှာ လဲပြိုပြီး ထွက်လိုက်ရ...။
...
အာဘူဒါဘီမှာ ဒီနေ့စတင်တဲ့ Abu Dhabi Tour ပွဲ (ဖေ ၂၁ မှ ၂၅ အထိ) ပထမနေ့ (Madinat Zayed - Madinat Zayed) 189 km မှာ နော်ဝေ တာတိုဘုရင် Alexander Kristoff (Nor) UAE Team Emirates က 4:48:24 နာရီနဲ့ ပထမ ရသွားပါတယ်။



ဒါဟာ အိမ်ရှင် UAE အသင်းဆီပြောင်းပြီး အိမ်ရှင်နိုင်ငံမှာ ပထမ ဆုံးအနိုင် ရတာမို့ အထူးဝမ်းသာမိတယ်လို့ ခရစ်စတော့ကပြောပါတယ်။ တကယ်ဆို သူဟာ Lead-out man ပျောက်ပြီး လမ်းကြောင်းပိတ်နေရာကနေ အီဝမ်ရဲ့ နောက်ဘီးမှာ ကပ်ပါလာနိုင်ခဲ့ပြီး အခုလို ပထမ ရသွားတာပါ။
2 Andrea Guardini (Ita) Bardiani CSF 
3 Caleb Ewan (Aus) Mitchelton-Scott 
4 Elia Viviani (Ita) Quick-Step Floors 
5 Daniel McLay (GBr) EF Education First-Drapac p/b Cannondale 
6 Niccolo Bonifazio (Ita) Bahrain-Merida 
7 Michael Bresciani (Ita) Bardiani CSF 
8 Danny van Poppel (Ned) LottoNL-Jumbo 
9 Rudy Barbier (Fra) AG2R La Mondiale 
10 André Greipel (Ger) Lotto Soudal။
...




နာမည်ကြီး ကစ်တဲလ်ကတော့ ဒီနေ့မှာလဲ လမ်းကြောင်းပိတ်မိပြီး ပထမ မရပြန်ဘူး။ ၁-၁၀ ထဲတောင် မ၀င်ပါဘူး။ သူ့ထက်အခြေအနေပိုဆိုးသူက တော့ ဗြိတိန် တာတိုဘုရင် ကာဗင်းဒစ်ပါပဲ။ သူဟာ ပွဲမစခင် နယူထရယ်ဇုံ neutralized zone မှာစီးနေတုန်း ဒိုင်လူကြီးကားအရှိန်လျော့ လိုက်စဉ် နောက်ကနေ၀င်တိုက်မိတဲ့အုပ်ထဲပါပြီး လဲပြိုခဲ့ပါတယ်။
နယူထရယ်ဇုံဆိုတော့ အရှိန်မရှိပါဘူး။ တခါတခါ အရှိန်မရှိပဲ လဲတာက ပိုဆိုးသလားမသိပါ (စာရေးသူ လက်ကျိုးတုန်းကလိုမျိုး)။ ကားဗင်းဒစ်ဟာ တခြားစက်ဘီးသမား ၁၀ ဦးခန့်နဲ့အတူ လမ်းပေါ်ပြုတ်ကျခဲ့ပါတယ်။ တခြား လူတွေဘာမှမဖြစ်ပေမဲ့ သူကတော့ အရင် (ပြီးခဲ့တဲ့ ဇူလိုင် တိုးဒီဖရင့် ၄ ရက်မြောက်နေ့က ဆာဂန်နဲ့တိုက်မိလဲပြိုစဉ် ကျိုးထားတဲ့ ပခုံး) တိုးဒီဖရင့် တုန်းက ကျိုးထားထဲ့ ပခုံးရုံးဖက်နဲ့မြေကြီးပေါ် ကျသွားခဲ့တယ်ဆိုပါတယ်။
ချက်ချင်းထပြီး ပြန်လိုက်ပေမဲ့ နောက်ထပ် ၅ ကီလိုခန့်စီးပြီးချိန်မှာ အရိုး ထပ်ကျိုးသွားပုံရလို့ ပွဲကနေ ထွက်လိုက်ရပါတယ်။ ဒီဒဏ်ရာက သူ့ရဲ့ ၂၀၁၈ အစီစဉ်တွေကို ဘယ်လိုထိခိုက်စေ မလဲ မသိသေးပါ။
...
(အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အာဘူဒါဘီပွဲမှာသုံးတဲ့ ဒိုင်ကားတွေဟာ အော်တိုဘ ရေ့စင်စတန်ဆင်ထားတာမို့ စက်ဘီးသမားတွေက ကားနောက်သိပ်ကပ်တဲ့အခါ the sensor က အော်တိုဖမ်းပြီး ကားက အလိုလို ဘရေ့အုပ်လိုက်တယ်ဆိုပါတယ်။ ကံဆိုးချင်တော့ အဲဒီလို အော်တိုဘရေ့အုပ်တဲ့အချိန်မှာ ကားဗင်းဒစ်ဟာ ကားနောက်မှာရောက်နေပြီးလဲပြိုခဲ့ပါတယ်။ လဲပြိုစဉ် ဘေးမှာလဲနေသူရဲ့ စက်ဘီးနောက်ဘီးပေါ် ခေါင်းနဲ့ဆောင့်မိသေးတယ်ဆိုပါတယ်။
ချက်ချင်းဆေးရုံတင်ပြီး စစ်ဆေးမှုတွေလုပ်ပေးတယ်ပြောပေမဲ့ အသေးစိပ်မသိရသေးပါ။ လည် ပင်းမှာနဲနဲနာသွားပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဒါမင်ရှင်ဒါတာ အသင်းဆရာဝန်ကပြောပါတယ်။ ဒါပေမဲ့ ရှေ့လစမဲ့ အီတလီက ကလစစ်ပွဲတွေဖြစ်တဲ့ Tirreno-Adriatico and Milan-San Remo မှာ သူဝင်ပြိုင်နိုင်မနိုင် မသိရသေးပါ။ လော လောဆယ်တော့ ပွဲစီစဉ်သူတွေဖက်က သုံးနေတဲ့ ကားတွေမှာ အော်တိုဘရေ့ထည့်ထားတဲ့ အပေါ် ဝေဖန်မှုတိုးနေပါတယ်။
ပွဲစီစဉ်သူ RCS Sport ဖက်က နောက်ဆုံးထုတ်ပြောချက်အရတော့ အော်တိုဘရေ့ စင်စတန် ကို deactivate ပြန်လုပ်မယ်လို့ ကတိပေးကြောင်းနဲ့ လဲပြိုပြီးထွက်လိုက်ရတဲ့ ကားဗင်းဒစ်ဆီကိုလဲ RCS Sport တာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်း သိရပါတယ်)။
...
မနက်ဖန်မှာတော့ ဒုတိယနေ့အဖြစ် (Yas Mall - Yas Beach) 154 km ကို ဆက်လက်ယှဉ် ပြိုင်ဖို့ရှိနေပါတယ်။ မြေပြန်ပွဲမို့ စပရင့်တာတွေပဲရမှာသေချာပါတယ်။ မေးစရာကျန်တာက ဘယ်စပရင့်တာလဲ။...ဒူဘိုင်းပွဲကနေ အခုထိ ပထမ မရသေးတဲ့ ကစ်တဲလ် မနက်ဖြန်မှာ ပထမ ရနိုင်မလား။ ဒီနေ့တင်တာစောသွားတဲ့ အီဝမ်ပဲရမလား။ Lead out အားကောင်းလှတဲ့ ကွိစတက်အသင်းက ဗီဗာနီကို ပထမရအောင် လုပ်ပေးနိုင်ဦးမလား...။ ။
...

...

...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More