Thursday, June 2, 2016

ထိပ်သီး ၅ ဦးပြန်တွေ့မဲ့ Criterium du Dauphine ပွဲ တနင်္ဂနွေနေ့ စမယ်...။

ထိပ်သီး ၅ ဦးပြန်တွေ့မဲ့ Criterium du Dauphine ပွဲ တနင်္ဂနွေနေ့ စမယ်...။
...
Tour de France ပွဲမှာ အကြိတ်အနယ်နွဲဖို့ပြင်ထားတဲ့ မဟာ GC သမား ၅ ဥိး အခု တနင်္ဂနွေမှာစတင်မဲ့ Criterium du Dauphine ပွဲမှာ ထိပ်တိုက်တွေ့ကြ မယ်လို့သိရပါတယ်။


ပြင်သစ်နိုင်ငံ Les Gets မြို့မှာ ဇွန်လ ၅ ရက်ကနေ ၁၂ ရက်နေ့အထိ ၈ ရက် ကြာကျင်းပမဲ့ ဒီပွဲစဉ်အတွင်း ထိပ်တိုက်တွေမဲ့ Grand Tour ဆရာကြီးတွေက တော့... Chris Froome (Team Sky), Alberto Contador (Tinkoff Team), Fabio Aru (Astana), Richie Porte (BMC Racing), Romain Bardet (Ag2r-La Mondiale) and Thibault Pinot (FDJ) တို့ဖြစ်ပါတယ်။ 
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ Nairo Quintana (Movistar Team) က လွဲရင် Tour de France မှာဝင်ပြိုင်မဲ့ GC ဆရာကြီးအားလုံး ထိပ်တိုက် တွေ့တဲ့ ပွဲလို့ဆိုနိုင်ပါတယ်။ ကင်တားနားဟာ မေလ ၄ ရက်နေ့က ဆွင်ဇလန် မှာကျင်းပတဲ့ Tour de Romandie မှာ ပထမ ရပြီးကတည်းက ပြိုင်ပွဲမ၀င်ပဲ လေ့ကျင့်ရေးပဲလုပ်နေပြီး Tour de France အတွက် အားမွေးနေတယ်လို့ ယူဆရပါတယ်။

ဒီနှစ်အတွင်း ပြီးခဲ့တဲ့ပွဲတွေမှာကြုံခဲ့ရသလောက်ဆိုရင်တော့ Alberto Contador (Tinkoff Team) ဟာ ခြေအကောင်းဆုံးအနေအထားမှာရှိနေပါ တယ်။ ဒါပေမဲ့ အခုနွေရာသီရောက်လာပြီဖြစ်လို့ ပြိုင်ပွဲသိပ်မ၀င်ပဲ လေ့ကျင့် ရေးကိုသာဇောင်းပေးနေသူ Chris Froome (Team Sky) ပုံမှန်ခြေ ပြန်ပေါ် လာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် လူငယ်ခြေတက် Fabio Aru (Astana) နဲ့ Thibault Pinot (FDJ) တို့လည်း ဒီပွဲမှာ ပထမ မရနိုင်ဘူးလို့ အပြတ်ပြော လို့ မဖြစ်နိုင်သေးပါဘူး။

ပွဲစဉ်တွေကတော့ ပထမ နေ့ကွင်းဖွင့်ပွဲအဖြစ် 3.9km Les Gets - Les Gets ကို စီးပြမှာဖြစ်ပါတယ်။ ဒုတိယနေ့အဖြစ်တော့ 186km Cluses - Saint-Vulbas၊ တတိယနေ့ 167.5km Crêches-sur-Saône - Chalmazel-Jeansagnière။ ၄ ရက်မြောက်နေ့ 182km Boën-sur-Lignon - Tournon-sur-Rhône။ ၅ ရက်မြောက်နေ့ 176km Tain-l'Hermitage - Belley။ ၆ ရက် မြောက်နေ့ 140km La Ravoire - Vaujany။ ၇ ရက်မြောက်နေ့ 141km La Rochette - Méribel နဲ့ နောက်ဆုံးနေ့ 151km Le-Pont-de-Claix - Superdévoluy ဖြစ်ပါတယ်။

တဆက်တည်းတင်ပြချင်တာကတော့ GC ထိပ်သီး ၅ ဦးပါတဲ့ ဒီပွဲအပြီးမှာ ကျ နော်တို့ရဲ့ဇတ်လိုက် ပီတာဆာဂန်နဲ့ တာတိုဘုရင်တွေ၊ ကလစစ်ဆရာတွေ၊ တခြား GC သမားတွေပါဝင်မဲ့ Tour de Suisse ပွဲရှိပါသေးတယ်။ ဇွန် ၁၁ ရက်ကနေ ၁၉ ရက်နေ့အထိ Baar မြို့ Switzerland မှာကျင်းပမှာဖြစ်ပါ တယ်။

မေလအတွင်း အီတလီမှာကျင်းပခဲ့တဲ့ Giro d'Italia ပွဲနဲ့ ဇူလိုင်လ ပြင်သစ်မှာ ကျင်းပဖို့ရှိတဲ့ Tour de France အကြား အခု ကျင်းပမဲ့ ပွဲ ၂ ခုဟာ အဓိကပွဲ တွေဖြစ်ပါတယ်။ ဒီစက်ဘီးသမားအားလုံးဟာ Tour de France မှာ အကြိတ် အနယ်နွဲဖို့အတွက် သွေးပူလေ့ကျင့်နေတယ်လို့လဲပြောနိုင်ပါတယ်။ လာမဲ့ တနင်္ဂနွေနေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More