Thursday, June 2, 2016

Giro d'Italia ပွဲ နောက်ဆုံးသတင်းပတ် ဆန်းစစ်ချက်များ။

Giro d'Italia ပွဲ ၁၆ ရက်မြောက်နေ့ Valverde အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၆ ရက်မြောက် နေ့ (Bressanone ကနေ Andalo အထိ) 132 km တောင်တက်ပြိုင်ပွဲမှာ GC ဆရာကြီးတဦးဖြစ်သူ Alejandro Valverde (Spa) Movistar Team က 2:58:54 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Steven Kruijswijk (Ned) Team LottoNl-Jumbo က ကပ်ပြီး ပန်းဝင်ပါတယ်။ သူတို့ ၂ ဦးနဲ့အတူ ပထမ အုပ်ထဲပါလာတဲ့ Ilnur Zakarin (Rus) Team Katusha က 0:00:08 စက္ကန့် နောက်ကျပြီး တတိယ ရပါတယ်။
မီနစ်ဝက်ကျော် နောက်ကျပြီး ဒုတိယ အုပ်စုအဖြစ်ပန်းဝင်လာသူတွေကတော့
4 Diego Ulissi (Ita) Lampre - Merida 0:00:37
5 Bob Jungels (Lux) Etixx - Quick-Step
6 David Lopez Garcia (Spa) Team Sky 0:00:38
7 Sergey Firsanov (Rus) Gazprom-Rusvelo
8 Esteban Chaves (Col) Orica-GreenEdge 0:00:42
9 Rafal Majka (Pol) Tinkoff Team 0:00:50
10 Domenico Pozzovivo (Ita) AG2R La Mondiale 0:01:47 တို့ဖြစ်ပါတယ်။
ဒီနေ့ပွဲအတွင်း စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ဒီနေ့ ပုံမှန်ခြေပြန်ပြလိမ့် မယ်လို့စာရေးသူဟောကိန်းထုတ်ခဲ့တဲ့ နီလာလီ Vincenzo Nibali (Ita) Astana Pro Team တယောက် နောက်ဆုံးတောင်ကုန်းအတက် ပန်းဝင်ဖို့ ၁၅ ကိလိုခန့်အလိုမှာ ပြတ်ကျန်ခဲ့ခြင်းပါ။
...
နီဘာလီ တကယ်ပဲ ခြေကျသွားပြီလား...။
...
ဒီနေ့ပွဲမှာ ပေ ၅၀၀၀ ကျော်မြင့်တဲ့တောင်တွေပါတာကြောင့် တာတိုသမား တွေအတွက်မျှော်လင့်ချက်မရှိ၊ တောင်တက်ဘုရင်တွေပဲ ရလိမ့်မယ်ဆိုပြီး ကြိုတင်ပြောကြသလို ပွဲဟာ အတော်ကြည့်ကောင်းခဲ့ပါတယ်။ ကျနော် TV ရှေ့ရောက်တော့ ပန်းဝင်ဖို့ ကီလို ၂၀ ၀န်းကျင်ပဲလိုပါတော့တယ်။ အဲဒီအချိန် မှာ ပန်းရောင်အကျီပိုင်ရှင်အပါဝင် GC ဆရာကြီးတွေတစုလုံး ရှေ့မှာပြေးနေ ပါတယ်။
GC ဒုတိယနေရာမှာရှိသူ Esteban Chaves (Col) Orica-GreenEdge နဲ့ Rafal Majka (Pol) Tinkoff Tea တို့က စက္ကန့် ၂၀ ခန့်ပြတ်နေပါတယ်။ ပန်း ၀င်တောင်မရောက်ခင်ကျော်ရမဲ့ ဒီတောင်ဟာ ပေ ၃၀၀၀ နီးပါးမြင့်ပြီး ၁၁ ကီ လိုလောက်ရှည်ပါတယ်။ သချာင်္နည်းအရ အသေချာတွက်ထားသလားမသိပါ။ တောင်တ၀က် ၅ ကီလိုအရောက်၊ သို့မဟုတ် ပန်းဝင်စည်းဆီ ၁၅ ကီလို အလို လောက်မှာ Alejandro Valverde (Spa) Movistar Team က စတင်တိုက် ခိုက်ပါတယ်။
သူထွက်ပြေးတော့ ပန်းရောင်အကျီပိုင်ရှင် Steven Kruijswijk (Ned) Team LottoNl-Jumbo ချက်ချင်းကပ်ပါသွားပါတယ်။ နဲနဲကြာတဲ့အခါမှာတော့ Ilnur Zakarin (Rus) Team Katusha ထပ်ထွက်ပြေးပြီးလိုက်လာပါတယ်။ ဒီလိုနဲ့ ၃ ဦးအဖွဲ့ဖြစ်သွားပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ နီဘာလီ Vincenzo Nibali (Ita) Astana Pro Team ရဲ့တုန့်ပြန်ချက်ပါပဲ။ တကယ်ဆို ဒီနေ့ Valverde ထွက်ပြေးတဲ့ Speed ဟာ ၁၄ ရက်မြောက်နေ့က နီဘာလီ ထွက်ပြေးတာနဲ့စာရင် ဘာအရှိန် မှမရှိပါဘူး။ ရိုးရိုးလေးအရှိန်တင်ပြီး ပေါ်တင်ထွက်လာတာပါ။ ဒါပေမဲ့ နီဘာလီ လုံးဝ မလှုပ်မရှက် ဒီတိုင်းကြီးကျန်ခဲ့ပါတယ်။ တယောက်ယောက် ထွက်ပြေး ချိန်မှာ အချိန်မီလိုက်မဖမ်းပဲ နောက်မှဖမ်းမယ်ဆိုတာ မလွယ်ပါဘူး။
ပထမ ပိုင်းမှာ သူတဦးတည်း ထွက်လာပြီးလိုက်ပါသေးတယ်။ ဒါပေမဲ့ ရှေ့ ၃ ဦးက အပြန်အလှန်အရှိန်တင်စီးနေပြီမို့ မမိတော့ပါဘူး။ အဲဒိအချိန်မှာ နောက် မှာပြတ်ကျန်နေသူတွေနဲ့ နီဘာလီပြန်ပေါင်းပါတယ်။ တခါ ၂၀ စက္ကန့်လောက် ပြတ်နေတဲ့ ချားဗစ်တို့အုပ်လဲ နီဘာလီဆီ ပြန်မီလာပါတယ်။
ပွဲဟာ အလှပဆုံးအချိန်လို့တောင်ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆို ရှေ့ပြေး ၃ ဦးက စက္ကန့် ၂၀ လောက်အသာနဲ့ရှေ့မှာပြေးနေတယ်။ နီဘာလီ၊ ချားဗစ်နဲ့ ၁၀ ဦးလောက်က အုပ်စုဖွဲ့လိုက်နေတယ်။ ဒီနှုန်းတိုင်းသာ ဟန်ချက်ညီစီးနိုင် မကြာခင် မိသွားနိုင်တာပေါ့။
ဒါပေမဲ့ အီလိုဖြစ်မလာခဲ့ပါဘူး။ တကြိမ်မှာ Gap က ၁၅ စက္ကန့်အထိ ကျသွား ပေမဲ့ တဖြေးဖြေးပြန်ကွာလာပါတယ်။ နောက်ဆုံးတော့ နီဘာလီအခြေနေ ဟန်ပုံမရတဲ့အတွက် ချားဗစ် ဦးဆောင်ထွက်ပြေးပါတယ်။ နီဘာလီ တခါ ပြတ် ပြီးကျန်ခဲ့ပြန်ပါတယ်။
ပန်းဝင်ဖို့ ၅ ကီလိုခန့်အလို ပန်းဝင်တောင်နဲ့ နောက်ဆုံးတာင်ကြားက ကုန်း ဆင်းမှာကတည်းက ပွဲကအဖြေပေါ်နေတဲ့သဘော။ ရှေ့ပြေး ၃ ဦးကို နောက်က အုပ်စု ဘယ်လိုမှ မီဖို့မလွယ်တော့။ နီဘာလီက တမီနစ်လောက်တောင် ပြတ် ကျန်နေပြီ။ ရှေ့ပြေး ၃ ဦးထဲက Zakarin ဟာ နောက်လူတွေ မမိဖို့အရေးကို သာ ဦးစားပေးစီးသွားတာတွေ့ရပါတယ်။
ပန်းရောင်အကျီနေရာ အပြောင်းအလဲမဖြစ်ပေမဲ့ နီဘာလီ တတိယနေရာက နေ နံပတ် ၄ ဆီ ၅ မီနစ်နီးပါးနောက်ကျနဲ့ ပြုတ်ကျသွားပါတယ်။ ပန်းရောင် အကျီ သမားဟာ အားလုံးကို ၃ မီနစ်ကျော်အထိဖြတ်ထားနိုင်လိုက်တဲ့ အတွက် နောက်ဆုံးနေ့အထိ ထိမ်း ထားနိုင်မဲ့အလားအလာ အတော်များ သွားပြီ လို့ပြောနိုင်ပါတယ်။
...
၁၆ ရက်တာပွဲအပြီး (သို့မဟုတ်) ပန်းဝင်ဖို့ ၅ ရက်အလိုမှာ ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 16
# Rider Name (Country) Team Result
1 Steven Kruijswijk (Ned) Team LottoNl-Jumbo 63:40:10
2 Esteban Chaves (Col) Orica-GreenEdge 0:03:00
3 Alejandro Valverde (Spa) Movistar Team 0:03:23
4 Vincenzo Nibali (Ita) Astana Pro Team 0:04:43
5 Ilnur Zakarin (Rus) Team Katusha 0:04:50
6 Rafal Majka (Pol) Tinkoff Team 0:05:34
7 Bob Jungels (Lux) Etixx - Quick-Step 0:07:57
8 Andrey Amador (CRc) Movistar Team 0:06:53
9 Domenico Pozzovivo (Ita) AG2R La Mondiale 0:10:05
10 Kanstantsin Siutsou (Blr) Dimension Data 0:11:03 တို့ ဖြစ် ပါတယ်။
မနက်ဖြန်မှာတော့ Molveno ကနေ Cassano d’Adda အထိ 196 km ကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တောင်တက်မရှိသလောက်နည်းပြီး မြေ ပြန့်များတာကြောင့် GC အပြောင်းအလဲဖြစ်ဖို့မလွယ်ဘူးထင်ပါတယ်။ ဒါပေမဲ့ မြေပြန့်ပွဲကို Classcis စီးသလို အရှိန်မြင့်စီးနိုင်သူ GC သမားတွေထဲရှိနေရင် တော့ အခြေအနေဟာ စိတ်ဝင်စားဘွယ်ဖြစ်လာနိုင်ပါတယ်။ ။
...

Giro d'Italia ပွဲ ၁၇ ရက်မြောက်နေ့ Kluge အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၇ ရက်မြောက် နေ့ (Molveno ကနေ Cassano d’Adda အထိ) 196 km ပြိုင်ပွဲမှာ Roger Kluge (Ger) IAM Cycling က 4:31:29 နာရီနဲ့ တကို်ယ်တော်ဆန်ဆန် ပထမ ရသွားပါတယ်။

တကို်ယ်တော်ဆန်တယ်ဆိုတာက Breakaway ထဲကနေ လွတ်သွားပြီး တကို်ယ်တော် ပထမ ရတာမျိုးမဟုတ်ပဲ ပန်းဝင်ဖို့ မီတာ ၈၀၀ လောက်အလို မှာမှ နဲနဲရှေ့တိုးထွက်ပြေးပြီး ပန်းဝင်စည်းရောက်တဲ့အထိ စက်ဘီး ၃ စီးစာ လောက်လွတ်သွားလို့ဖြစ်ပါတယ်။
သူ့နောက်မှာတော့ အုပ်စုလိုက် Sprint တင်လာတဲ့အဖွဲ့တွေထဲကနေ Giacomo Nizzolo (Ita) Trek-Segafredo က ဒုတိယနဲ့ Nikias Arndt (Ger) Team Giant-Alpecin က တတိယ ရသွားပါတယ်။
မနေ့ကဟောကိန်းထုတ်ခဲ့တဲ့အတိုင်း GC အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Kruijswijk ဟာ ပထမ အုပ်စုအတွင်း ပါလာတာ ကြောင့် GC အပြောင်းအလဲမရှိပဲ မနေ့ကအတိုင်း ဆက်ရှိနေဆဲဖြစ်ပါတယ်။
General Classification after stage 17
# Rider Name (Country) Team Result
1 Steven Kruijswijk (Ned) Team LottoNl-Jumbo 68:11:39
2 Jhoan Esteban Chaves Rubio (Col) Orica-GreenEdge 0:03:00
3 Alejandro Valverde Belmonte (Spa) Movistar Team 0:03:23
4 Vincenzo Nibali (Ita) Astana Pro Team 0:04:43
5 Ilnur Zakarin (Rus) Team Katusha 0:04:50
6 Rafal Majka (Pol) Tinkoff Team 0:05:34
7 Bob Jungels (Lux) Etixx - Quick-Step 0:07:57
8 Andrey Amador Bikkazakova (CRc) Movistar Team 0:08:53
9 Domenico Pozzovivo (Ita) AG2R La Mondiale 0:10:05
10 Kanstantsin Siutsou (Blr) Dimension Data 0:11:03/
...
196 ကီလိုအတွင်း ဘာတွေထူးသလဲ...။
...
ဒီနေ့ကတော့ ရာသီဥတုကလဲ သာသာယာယာ၊ တောင်အမြင့်ကြီးတွေလဲမရှိဘူးဆိုတော့ အားလုံး အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ အဲဒီထဲက Daniel Oss (BMC), Eugert Zhupa (Wilier Triestina-Southeast) and Pavel Brutt (Tinkoff) တို့ ၃ ဦးကတော့ တာထွက် ပြီိးသိပ်မကြာခင်မှာကတည်းက Breakaway အဖြစ် ထွက်ပြေးသွားတာ ၆ မီနစ်ကျော် အထိ တောင်ပြတ်သွားပါတယ်။
TV မှာစပြတဲ့ ကီလို ၁၀၀ ၀န်းကျင်အလိုမှာတောင် ၄ မီနစ်ခန့်ပြတ်နေဆဲဖြစ်ပါတယ်။ Peloton က အရှိန်တင်ပြီးလိုက်ပေမဲ့ ရှေ့ပြေးအဖွဲ့ကလည်း အရှိန်တင်ပြီးထပ်ပြေးနေတော့ Gap က တော်ရုံနဲ့ ကျမသွားပါဘူး။
ပန်းဝင်ဖို့ကီလို ၃၀ ခန့်အလို Gap က တမီနစ်ဝန်းကျင် ကျန်နေသေးတဲ့အချိန်မှာ နောက်ထပ် ၃ ဦး Peloton ထဲကနေ ထပ်ထွက်ပြေးလွတ်လာတဲ့အတွက် Breakaway ဟာ ၆ ဦး အုပ်စု ဖြစ်သွားပါတယ်။ Gap က စက္ကန့် ၃၀ လောက်သာ ကျန်တယ်ဆိုပေမဲ့ အဲဒီ စက္ကန့် ၃၀ လောက် ကိုတောင် ဖမ်းမိဖို့မလွယ်တော့ပါဘူး။
ဘယ်အချိန်မှမိသလဲဆိုရင် ပန်းဝင်စည်းရောက်ဖို့ ၁ ကီလိုအလိုမှ မိပါတယ်။ အဲဒီမတိုင်မီ ၁၀ ကီလိုအတွင်း ၁၀ စက္ကန့်လောက်ပြတ်နေတဲ့အချိန်ဟာ အတော်ကြည့်လို့ကောင်းပါတယ်။ အားလုံးတအုပ်တည်းဖြစ်သွားပြီဆိုတော့ တာတိုဘုရင်တွေ၊ စပရင်တာတွေအတွက် စိတ် ကြိုက်ပေါ့။
ဒါပေမဲ့ အဲဒီလိုဖြစ်မလာခဲပါဘူး။ ကွင်းတွင်းပွဲတွေမှာ အရှိန်မြင့်စီးတဲ့အတွေ့အကြုံရှိဲ့တဲ့ Roger Kluge (Ger) IAM Cycling ဟာ စပရင့်တာအသင်းတွေ တန်းစီနေတုန်း အသာလေး ရှေ့ကို တကို်ယ်တော်ထွက်ပြေးပြီး ပန်းဝင်စည်းရောက်တဲ့အထိ လွတ်သွားခဲ့ပါတယ်။
...
မနက်ဖြန်မှာတော့ Muggiò ကနေ Pinerolo အထိ 244 km ကို ဆက်လက် ယှဉ်ပြိုင်ဖို့ရှိနေ ပါတယ်။ မြေပြန့်များတယ်ဆိုပေမဲ့ ပန်းဝင်စည်းမရောက်ခင် ကီလို ၂၀ အလိုတောင်ကုန်းဟာ ပေ ၃၀၀၀ နီးပါးမြင့်တာကြောင့် အဲဒီတောင် မှာ GC အပြောင်းအလဲဖြစ်အောင်လုပ်နိုင် မလား။ မေးခွန်းပေါင်းများစွာကို ရင် ဆိုင်နေရတဲ့ နီဘာလီ အဲဒီတောင်မှာ ပြန်လည်ခြေစွမ်းပြ နိုင်မလား။ အသေချာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ။
(နီဘာလီနှင့်မေးခွန်းများအပါဝင် ပွဲသုံးသပ်ချက်ကို ထပ်မံ တင်ပြပေးပါ့မယ်)။
....


Nibali နှင့် မေးခွန်းပေါင်း ၁၀၀၀...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ဒီနေ့ ၁၇ ရက် မြောက်ပွဲစဉ်ပြီးဆုံးသွားပါပြီ။ အားလုံးသိတဲ့အတိုင်း Roger Kluge (Ger) IAM Cycling က ဒီနေ့အတွက် ပထမ ရပြီး Steven Kruijswijk (Ned) Team LottoNl-Jumbo ပန်းရောင်အကျီကို ထိမ်းထားဆဲပါ။

ဒါပေမဲ့ အားလုံးစိတ်ဝင်စားနေတာက ဒီသတင်းတွေမဟုတ်။ တနင်္ဂနွေနေ့ တောင်တက်လမ်း စံချိန်ပြုပွဲနဲ့ အင်္ဂါနေ့ ပန်းဝင်ဖို့ ၁၅ ကီလိုမှာ နီလာလီ တ ယောက် ရုပ်ပျက်ဆင်း ပျက်ပြတ်ကျန်ခဲ့တာ ဘာကြောင့်လဲ။ ပုံမှန်ဟုတ်ရဲ့လား။ ကျန်းမာရေးတခုခုရွင်းနေသလား...၊ စသဖြင့် လားပေါင်းများစွာနဲ့ အားကစား သတင်းထောက်တွေ၊ စက်ဘီးဝါသနာရှင်တွေကြားမှာ မေးခွန်းထုတ်နေပါ တယ်။
အဲဒီလိုဝေဖန်သူတွေထဲမှာ Gazzetta dello Sport သတင်းစာမှာ Giro d'Italia ပွဲအကြောင်း နေစဉ်ရေးသားနေသူ စက်ဘီးချန်ပီယံဟောင်း Paolo Bettini လဲပါဝင်ပါတယ်။ တချို့ကတော့ နီဘာလီဟာ ဖြစ်ချင်တာတွေများနေ တာကြောင့် ဒီပွဲမှာခြေမပေါ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ဆိုလိုတာက သူဟာ ဒီပွဲအပြင် တိုးဒီဖရင့်လဲ စီးချင်တယ်။ အိုလံပစ်ပွဲလည်း ၀င်ဦးမယ်ဆိုတာတွေဖြစ်ပါတယ်။ ဒါပေမဲ့ Bettini ကတော့ ဒီအချက်တွေကို ပယ်ချပြီး အင်္ဂနေ့ကပြတ်ကျန်ခဲ့တာဟာ ‘tactical error’ နည်းစနစ်မှားယွင်း ခြင်းသာဖြစ်တယ်လို့ပြောပါတယ်။ စနေ့နေ့တုန်းက တချိန်လုံးတိုက်စစ်ဆင်ပြီး ထွက်ပြေးထားတာရယ်၊ တနင်္ဂနွေနေ့က စံချိန်ပြုပွဲမှာ အဆင်မပြေတာတွေ ရယ်ကနေ ပုံမှန်ပြန်မဖြစ်သေးတာကြောင့်လို့ သူကဆိုပါတယ်။
စာရေးသူကတော့ အင်္ဂနေ့ကပွဲမှာ တိုက်ရမဲ့နေရာမရောက်ခင် နီဘာလီ ဦး ဆောင်ပြီးနေရာအတော်များများမှာတိုက်ခဲ့လို့ တကယ်တိုက်ရမဲ့အချိန်မှာ အား မရှိတော့တာ၊ အသင်းဖေါ်လဲမရှိတော့တာလို့ ယူဆပါတယ်။ ကီလို ၂၀ လောက်မှာ ချန်ထားခဲ့တဲ့ အသင်းဖေါ်ကို ကုန်အောင်မစီးခိုင်းပဲ ပန်းဝင်စည်းနား အထိအတူတွဲစီးနိုင်ရင် အခြေနေတမျီုးဖြစ်မလား။ Valverde ထွက်ပြေးချိန်မှာ ရှိသမျှအားအကုန်ထုတ် အသေလိုက်မယ်ဆိုရင်ကော...။
နီဘာလီကိုယ်တိုင်ကတော့ သူ့အပေါ် ဒီလိုဝေဖန်နေမှုတွေကို မကြိုက်ပါဘူး။ သတင်းထောက်တွေကိုတောင် ရှောင်သွားပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီ ယာတွေပေါ်မှာ သူ့အပေါ်ဝေဖန်မှုတွေဟာ ဆိုးလွန်းကြောင်း၊ သူ့ကို စိတ်ဓတ် ပါ ပျက်ပြားနေသလိုမျီုးပြောနေကြတာဟာ မဟုတ်မှန်ကြောင်း၊ ဘယ်တော့မှ အရှုံးမပေးပဲ Torino အထိစီးမယ်လို့ပြောပါတယ်။
ကျန်းမာရေးစစ်တာ၊ သွေးစစ်တာတွေကတော့ အားကစားသမားတွေကို ပုံမှန် လုပ်နေကြမို့ထူးတယ်လို့မဆိုနိုင်ပါ။ နီဘာလီဟာ ကြာသပတေးနေ့မှာ ထပ်မံ သွေးစစ်၊ ဆေးစစ်ခံရဖို့ရှိနေပါတယ်။ အဲဒီအချိန်ကျရင်တော့ သူ့အခုလို ပုံပျက် ပန်းပျက် ပြတ်ကျန်ခဲ့တာဟာ ကျန်းမာရေးတခုခု ချို့ယွင်းနေလို့လားဆိုတဲ့ သံသယတွေကို ဖြေဖြောက်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါအ့ပြင် မနက်ဖြန်ပွဲမှာ ပန်းမ၀င်မီ ကိလို ၂၀ မှာ တောင်ကုန်းတခုရှိပါတယ်။ သောကြာနေ့မှာဆိုရင်တော့ ပေ ၇၀၀၀ နိးပါးမြင့်တဲ့ ဧရာမတောင်တလုံးနဲ့ ပေ ၃၀၀၀ ခန့်မြင့်တဲ့ ပန်းဝင်တောင်တလုံးရှိပါတယ်။ စနေနေ့မှာလဲ ပေ ၆၀၀၀ ကျော်မြင့်တဲ့ တောင် ၃ လုံးရှိတာမို့ လက်ကျန် ၃ ရက်မှာ နီဘာလီခြေစွမ်းပြန် ပြနိုင်လိမ့်မယ်လို့ စာရေးသူကတော့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ ။
....

Giro d'Italia ပွဲ ၁၈ ရက်မြောက်နေ့ Trentin အနိုင်ရ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၈ ရက်မြောက် နေ့ (Muggiò ကနေ Pinerolo အထိ) 244 km ပွဲမှာ Matteo Trentin (Ita) Etixx - Quick-Step က 5:25:34 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Moreno Moser (Ita) Cannondale Pro Cycling နဲ့ Gianluca Brambilla (Ita) Etixx - Quick-Step တို့က စက်ဘီး ၃ စီးစာ လောက်နောက်ကျပြီး ဒု-တ ရသွားပါတယ်။
သူ့နောက်မှာလို့ အလွယ်ပြောလိုက်ပေမဲ့ တကယ်တော့ ပန်းဝင်ဖို့ မီတာ ၅၀ လောက်အလိုအထိ ဒု-တ နှစ်ဦးဟာ ထိပ်ဆုံးမှာ ၁၅ စက္ကန့်လောက်ပြတ်ပြီး ရှေ့ပြေးနေသူတွေပါ။ ပန်းဝင်စည်းကိုမြင်ရတဲ့အချိန်ကျမှ နောက်ကအမီလိုက် အုပ်စုထဲကနေ အခု ပထမ ရသူ ဘယ်လိုလုပ် ဒီလောက်အရှိန်ကောင်းပြီး ပေါ် လာမှန်းမသိ။ ပန်းဝင်စည်းမရောက်ခင်လေးမှာ ရှေ့ပြေး ၂ ဦးကိုကျော်ဖြတ် သွားတဲ့အတွက် အခုလို ရလာဒ်ဖြစ်သွားတာပါ။
GC ဆရာကြီးတွေကတော့ ရှေ့ပြေးအုပ်စုနဲ့ ၁၂ မီနစ်ကျော်တောင် နောက်ကျ ပြီးမှ ပန်းဝင်လာပါတယ်။ ဒါပေမဲ့ ဆရာကြီးတွေအားလုံး တအုပ်ထဲပါလာတာ ကြောင့် GC အပြောင်းအလဲမရှိပဲ မနေ့ကအတိုင်း Kruijswijk ကပဲ ပန်းရောင် အကျီ ကိုထိမ်းဆဲဖြစ်ပါတယ်။
...
၂၂၄ ကီလိုအတွင်း ဘာတွေထူးသလဲ...။
...
ဒီနေ့ပွဲဟာ ၂၁ ရက်တာပွဲစဉ်အတွင်း အရှည်ဆုံးပွဲတခုဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြန့်များပြီး ပန်းဝင်ခါနီးမှ တောင်တက်တခုရှိတာကြောင့် တာတိုဘုရင်တွေ ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ အရင်နေ့တွေက ပြန်ဖမ်းမိသွားလေ့ရှိတဲ့ Breakaway တွေဟာ ဒီနေ့မှာ ၁၂ မီနစ်အထိတောင်ပြတ်ပြီး ပန်းဝင်စည်း အထိ လွတ်လွတ်ကျွတ်ကျွတ်ဝင်သွားနိုင်ခဲ့ပါတယ်။
တာလွတ်ပြီးသိပ်မကြာခင် Point အမှတ်အတွက် ရှေ့တက်ပြေးရင်းကနေ ၂၄ ဥိးပါ Breakaway တခု လွတ်သွားခဲ့ပါတယ်။ TV မှာ စပြတဲ့ ကီလို ၈၀ အလို မှာ Gap က ၁၁ မီနစ်ရှိနေပါတယ်။ Peloton က အရှိန်တင်ပြီးများလိုက်မလား ဆိုပြီး မျှော်ခဲ့ပေမဲ့ ဘယ်သူမှအလေးထား မလိုက်ကြပါဘူး။ GC ဆရာကြီးတွေ အချင်းချင်းစောင့်ကြည့်ဖို့သာ အဓိကထားပုံရပါတယ်။
ဒါအပြင် ရွှေပြေး ၂၄ ဦးဟာ ဟန်ချက်ညီညီနဲ့တယောက်တလှည့်အရှိန်တင်စီး တာကြောင့် အရှိန်ကျမသွားပဲ ၁၀ မီနစ်အထက်မှာချည်း အမြဲတန်း ထိမ်းသွား နိုင်တာလဲဖြစ်နိုင်ပါတယ်။
နောက်ဆုံးတောင်အတက်မှာတော့ ရှေ့ပြေး ၂၄ ဦး တဖြေးဖြေးအုပ်စုတွေ ကွဲ ကုန်ပါတယ်။ နောက်ဆုံး ၁၀ ကီလိုမှာဆိုရင် ၂ ဦးက (အခု ဒုနဲတ ရသူ) ၁၅ စက္ကန့်ခန့်အသာစိးနဲ့ရှေ့မှာပြေးနေပါတယ်။ သူတို့နောက်မှာတော့ နောက်ထပ် ၄- ဦးက အမီလိုက်နေပါတယ်။ ပန်းဝင်ဖို့ မီတာ ၃၀၀ လောက်အလိုမှာ ရှေ့ဆုံး ၂ ဦး ဘယ်သူ အရင် စပရင့်တင်မလဲဆိုပြီး အချင်းချင်း ရန်စောင်နေစဉ် နောက်ကနေလိုက်လာတဲ့ သူက (ဒါပေမဲ့ ရှေ့ပြေး ၂ ဦးထဲက တဦးဟာ ပထမ ရသွားသူနဲ့တသင်းတည်းဖြစ်တဲ့အတွက် ဒါမျိုး တမင်ဖန်တီးတာလဲဖြစ်နိုင်ပါ တယ်) ပထမ ရသွားတာဖြစ်ပါတယ်။
၁၈ ရက်တာပွဲအပြီး သို့မဟုတ် ပွဲပြီးဖို့ ၃ ရက်အလို ၁-၁၀ ရထားတဲ့ GC သမား တွေကတော့...
General classification after stage 18
# Rider Name (Country) Team Result
1 Steven Kruijswijk (Ned) Team LottoNl-Jumbo 73:50:37
2 Esteban Chaves (Col) Orica-GreenEdge 0:03:00
3 Alejandro Valverde (Spa) Movistar Team 0:03:23
4 Vincenzo Nibali (Ita) Astana Pro Team 0:04:43
5 Ilnur Zakarin (Rus) Team Katusha 0:04:50
6 Rafal Majka (Pol) Tinkoff Team 0:05:34
7 Bob Jungels (Lux) Etixx - Quick-Step 0:07:57
8 Andrey Amador (CRc) Movistar Team 0:08:53
9 Domenico Pozzovivo (Ita) AG2R La Mondiale 0:10:05
10 Kanstantsin Siutsou (Blr) Dimension Data 0:11:15 တို့ဖြစ်ပါ တယ်။
...
မနက်ဖြန်မှာတော့ Pinerolo ကနေ Risoul အထိ 162 km ကို ဆက်လက် ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ မနက်ဖြန်ပွဲမှာ ပေ ၈၀၀၀ ကျော်မြင့်ပြီး ကီလို ၅၀ လောက်အရှည်တက်ရမဲ့ ဧရာမတောင်တလုံးနဲ့ ပေ ၄၀၀၀ ကျော်မြင့်တဲ့ ပန်းဝင်တောင်တလုံးရှိတာမို့ တာတိုဘုရင်တွေအတွက် မျှော်လင့်ချက်မရှိ တော့ပါဘူး။
တောင်တက်ဘုရင်တွေ၊ အထူးသဖြင့် GC ဆရာကြီးတွေ အားပြိုင်ရမဲ့ပွဲ၊ တကိုယ်တော် စီးချင်းထိုးရမဲ့ပွဲ၊ အတိ အကျပြောရမယ်ဆိုရင် ခြေမပေါ်ပဲပြတ်ကျန်နေတဲ့ နီဘာလီရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမဲ့ပွဲလို့ပြောသင့်တယ်ထင်ပါတယ်။ ။
....

Giro d'Italia ပွဲ ၁၉ ရက်မြောက်နေ့ Lives စတင်စီးနင်းနေပါပြီ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၉ ရက်မြောက် နေ့ (Pinerolo ကနေ Risoul အထိ) 162 km မဟာတောင်တက်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မီနစ်ပိုင်းကပဲ စတင် လိုက်ပြီ ဖြစ်ပါတယ်။ 


ပေ ၈၀၀၀ ကျော်မြင့်ပြီး ကီလို ၅၀ လောက်အရှည်တက်ရမဲ့ ဧရာမ တောင်တလုံးနဲ့ ပေ ၄၀၀၀ ကျော်မြင့်တဲ့ ပန်းဝင်တောင်တလုံးရှိတာမို့ တာတိုဘုရင်တွေအတွက် မျှော်လင့်ချက်မရှိ တော့ပါဘူး။
တောင်တက်ဘုရင်တွေ၊ အထူးသဖြင့် GC ဆရာကြီးတွေ အားပြိုင်ရမဲ့ပွဲ၊ တကိုယ်တော် စီးချင်းထိုးရမဲ့ပွဲ၊ အတိ အကျပြောရမယ်ဆိုရင် ခြေမပေါ်ပဲပြတ် ကျန်နေတဲ့ နီဘာလီရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမဲ့ပွဲလို့ပြောသင့်တယ် ထင်ပါ တယ်။ 
မကြာခင် TV ဖန်သားပြင်ပေါ်မှာ ရှုစားရမှာဖြစ်ပါကြောင်း...။ 
(TV က ဒေသစံတော်ချိန် နေ့လည် ၂ နာရီခွဲမှ (ရန်ကုန်အချိန် ညနေ ၇ နာရီဝန်းကျင်) ပြမှာဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် ထူးတာရှိရင် ဒီနေရာမှာ ကြိုးစားတင်ပြပေးသွား မှာဖြစ်ပါတယ်)။
....
127km remaining from 162km အထိ Breakaway မရှိသေးပါ။ အစောပိုင်းက ၁၃ ဥိး ထွက်ပြေးခဲ့ပေမဲ့ ပြန်ဖမ်းမိသွားပါတယ်။ မကြာခင် ကီလို ၄၀ မှာတွေ့ရတော့မဲ့ ဧရာမတောင် ပထမ ပိုင်းမှာ Breakaway ပေါ်လာနိုင်ဟု မှန်းဆရ။
...
ကီလို ၅၀ ကျော်စီးအပြီး ပထမ တောင်စတက်ချိန်မှာ Verona နဲ့ Denilf တို့ ၂ ဦးပေါင်း ထွက် ပြေးတာ စက္ကန့် ၂၀ ပြတ်နေပြီ။ Breakaway ဖြစ်သွားမလား။ နောက်ထပ် လွတ်လာသူတွေ သူတို့ပေါင်းပြီး ဆက်ပြေးနိုင်မလား။ အစောပိုင်းထွက်ပြေးမှုတွေလို Pleoton က ပြန်မိသွား မလား မသေချာသေးပါ။
...
EuroSport TV ကနေ Lives ပြနေပါပြီ။ ခရီးတ၀က်ကျိုးပြီး ပန်းဝင်ဖို့ ၇၃ ကီလိုပဲလိုပါတော့ တယ်။ ရှေ့ပြေးအဖွဲ့ ၄ မီနစ်နီးပါးပြတ်နေပါတယ်။ Peloton ထဲမှာလည်း တောင်မတက်နိုင်သူ တချို့ပြတ်ကျန်ခဲ့လို့ လူစစ်တဲ့သေဘာဖြစ်လာနေပါတယ်။
အခုလမ်းကြောင်းဟာ လွန်ခဲ့နှစ် Tour de France တုန်းကလဲပါဖူးပြီး အဲဒီတုန်းက Rafal Majka (Pol) Tinkoff Team ပထမ ရဖူးတယ်လို့သိရပါတယ်။
ဒါပေမဲ့ ဒီနေ့ပွဲမှာ သူပဲ ထပ်ရမလား။ ၄ မီနစ်လောက်ပြတ်နေတဲ့ နီဘာလီပဲ ခြေစွမ်းပြမလား။ အမြဲတန်းပြုံးနေတဲ့ ချားဗစ်ပဲရမလား။ ဗင်လေဒါကပဲ ရမလား။ လက်ရှိ ပန်းရောင်ရှင်ကပဲ ဆပ်စားသွားမလား။ ဘာမှမသေချာသေးပါ။ အတ္တီကျုမြင့်တဲ့တောင်တန်းမို့ တောင်အမြင့် တွေမှာ လေ့ကျင့်ထားသူတွေ (အထူးသဖြင့် နီဘာလီ) က သာသွားနိုင်တယ်လို့ ယူဆနေ ကြပါတယ်။
...
ဆောရီးပါ။ ၄ မီနစ်ပြတ်နေတဲ့ ရှေ့ပြေးအဖွဲ့မှာ ၂၈ ဦးတောင်ပါ ပါတယ်။ (နှစ်ဦး မဟုတ်ပါ။ အရင်ပြေးသမျှလူတွေပြန်မိပြီး အခုမှ အသစ် ၂၈ ဦးဖြစ်ပါတယ်)။ ပန်းရောင်အကျီပိုင်ရှင်နဲ့ GC ဆရာကြီးတွေက ၄ မီနစ်ပြတ်နေပြီဖြစ်ပါတယ်။ GC အပြောင်းအလဲဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
...
ပန်းဝင်ဖို့ ၆၂ ကိလိုသာလို။ ပေ ၈၀၀၀ ကျော်မြင့်တဲ့တောင် အလယ်လောက်ကို ရောက်နေပြီ။ ရှေ့ပြေးအဖွဲ့ ၂၈ ဦး တစစီပြိုကွဲနေ။ အာစတနာကတဦး ထိပ်ဆုံးမှာ တကိုယ်တော်ပြေးနေ။ ထူးတာက ရှေ့ပြေးအဖွဲ့မှာ အာစတာနာနဲ့ မူဘီးစတားက စက်ဘီးသမားတွေပါပေမဲ့ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် အသင်းက လူတွေကို မတွေ့မိပါ။ ပန်းရောင်အသင်းက အသင်းသား ၇ ဦးစလုံး ပန်းရောင်သမားကိုရံပြီး GC အုပ်စုအတွင်းရှိနေ။
အဓိပါယ်က ဘာလဲ။ ပန်းရောင်သမားက ပြေးမယ်ဆို သူ့အသင်းသားတွေနဲ့အတူပြေးမဲ့ သဘောလား။ နီဘာလီနဲ့ အယ်လယ်ဒတို့ပြေးမယ်ဆိုရင် ရှေ့ပြေးအဖွဲ့ဆီပို့ထားတဲ့ သူတို့ အသင်းသားတွေက ရှေ့မှာစောင့်ပြီး ကူစီးပေးကြမလား...။ တောင်ထိပ်ရောက်ခါနီးပြီ။ ဆီနှင်း ဖုံး၊ မြူဆိုင်းတဲ့နေရာဆီ ရှေ့ပြေးသမားတွေရောက်နေပြီ။ တောင်ထိပ်နဲ့နီးလာလေ၊ စိတ်ဝင် စားဖို့ ပိုကာင်းလေပါပဲ...။
...
ပန်းဝင်ဖို့ ကီလို ၅၉ အလိုမှာ ပန်းရောင်၊ ချားဗစ်နဲ့ မူဗီစတား သမား ၃ ဦး (Steven Kruijswijk (Ned) Team LottoNl-Jumbo, Esteban Chaves (Col) Orica-GreenEdge,
Alejandro Valverde (Spa) Movistar Team ထွက်ပြေး။ နီဘာလီ နဲနဲပြတ်ကျန်ခဲ့ပြန်ပြီ။ ပြန်လိုက်နိုင်မလား။ အရင်နေ့တွေလို့ပဲ ပြတ်သွားမလား...။ နီလာလီ၊ ဘ်ာလဲ ဘာလဲ ...။
...
ပြန်မိသွားပါတယ်။ နီလာလီနဲ့အတူ Ilnur Zakarin (Rus) Team Katusha နဲ့
Rafal Majka (Pol) Tinkoff Team တို့ တွဲစီးတာတွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ် တော့ ပြန်ထွက်ေးပးမလဲ မသိသေး။
...
တောင်ထိပ်ရောက်ဖိုပ ၃ ကီလိုအလိုလောက်မှာ ချားဗစ်စတင်တိုက်ခိုက်နေ။ ပန်းရောင် ကပ်ပါ။ ဒါပေမဲ မူဘီစတားဆရာကြိးကျန်ခဲ့။ နီဘာလီခြေကောင်းပြီးကပ်လိုက်နေ...။ နီလာလီ ပုံမှန်ခြေပြန်ရလာဟု ထင်ရ...။ (Steven Kruijswijk (Ned) Team LottoNl-Jumbo, Esteban Chaves (Col) Orica-GreenEdg။ နီဘာလီ၊ Rafal Majka (Pol) Tinkoff Team တို့ ၄ ဦးပေါင်း ရှေ့ပြေးနေ။
Alejandro Valverde (Spa) Movistar Team နဲ့ Ilnur Zakarin (Rus) Team Katusha တို့ တခြားလူတွေနဲ့ပေါင်းပြီး ပြန်လိုက်နေ။...နီဘာလီတို့ ၄ ဦး လွတ်အောင်ပြေးမဲ့သဘောရှိနေ...။
...
ထင်ထားတဲ့အတိုင်းပါပဲ။ ရှေ့ပြေးအဖွဲ့က အာစတာနာ အသင်းသားတဦး ချန်ခဲ့ပြီး နီဘာလီကို ကူဆွဲပေးနေ။ နီဘာလီ၊ ချားဗစ်နဲ့ ပန်းရောင်သမား ၃ ဦးသာပါလာ။ ပိုလန်သား ပြတ်ကျန်ခဲ့။
ဒီ ၃ ဦး ဒီနေ့ အခြေအနေကောင်းမယ်ထင်။ (ပြောရင်းနဲ့ နီဘာလီရဲ့ အာစတာနာအသင်းဖေါ် ခြေကုန်ပြီး ပြတ်ကျန်ခဲ့ပြီး)။
...
ပန်းရောင်အကျီသမား ချော်လဲ။ လမ်းဘေးကျ။ စက်ဘီးပြန်ပြင်နေရနဲ့ အတော်နောက်ကျ သွားပြီ...။ နီဘာလီနဲ့ ချားဗစ်အရှိန်တင်ပြေးနေပြီ။ တောင်ကုန်းကျော် ကုန်းဆင်းလဲဖြစ်နေ။ ပန်းရောင်သမားလဲတာ ကျွမ်းပစ်ပြီး စက်ဘီးနှင်းတောထဲလွင့်ထွက်သွား...။
...
ပန်းဝင်ဖို့ ၁၁ ကိလိုပဲကျန်ပါတော့တယ်။ ရှေ့းပြေးတဦးကို နီဘာလီတို့အုပ်က မကြာခင် မိဘွယ်ရှိ။ ဒါပေမဲ့ နီဘာလီနဲ့ တခြားအုပ်တွေကြား ထင်သလောက် မပြတ်ဘူးဖြစ်နေ။ ဗယ်လယ်ဒါတို့အုပ်က တမီနစ်ဝန်းကျင်ပြတ်ပြီး ပန်းရောင်သမားက ၂ မီနစ်ပဲပြတ်။ ဒီတိုင်းဆို ပန်းရောင်သမားပဲ ဆက်ရနေဦးမလားမသိပါ။ ဘာကြောင့်လဲဆို ပန်းရောင်နဲ့ ချားဗစ်ကြား ၃ မီနစ်ပြတ်ပြီး နီဘာလီနဲ့ဆို ၄ ခွဲအထိပြတ်နေလို့ဖြစ်ပါတယ်။
ဒါပေမဲ့ အခုနောက်ဆုံးပန်းဝင်တောင်မှာ နီဘာလီ ဘယ်လောက်အထိထပ်တင်နိုင်သီးမလဲ။ တခါ ရှေ့ဆုံးကပြေးပြီး သူ့ဆရာကိုပြန်စောင့်နေတဲ့ အာစတာနာအသင်းသားက ဘယ်လောက် ကူညီပေးနိုင်မလဲ...။ ခြေစွမ်းအပြင် ညဏ်ာစွမ်းနဲ့ နည်းစနစ်ပိုင်းကလဲ အရေး ပါလှပါကြောင်း...။
...
ပန်းဝင်ဖို့ ၅ ကီလိုဝန်းကျင်ပဲ လိုပါတော့တယ်။ ပန်းရောင်သမား ၃ မီနစ်နီးနီးပြတ်နေတဲ့ အတွက် GC ဒုတိယနေရာမှာ ၃ မီနစ်ပြတ်ပြီးရှိနေသူ ချားဗစ် ပန်းရောင်ရသွားကောင်း ရသွား နိုင်ပါတယ်။ နောက်ဆုံး ၅ ကိလိုမှာ ချားဗစ်နဲ့ နီဘာလီ ဘယ်လောက်အထိ ထပ်တင်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
...
၅ ကိလိုအလိုမှာ နီလာလီတဦးတည်း တင်ပြေးပြီ။ ချားဗစ် ခဏလိုက်နိုင်ပေမဲ့ အခု ပြတ်ကျန်ခဲ့...။ ပွဲရဲ့ အကောင်းဆုံးနေရာ၊ အဆုံးအဖြတ်နေရာကိုရောက်နေပြီဖြစ်ပါကြောင်း...။
...
ပန်းဝင်ဖို့ ၁ ကိလိုနီးပါးသာကျန်။ နီဘာလီ တကိုယ်တော်ရှေ့မှာ စက္ကန့် ၃၀ ခန့်ပြတ်ပြီးပြေးနေ။ ချားဗစ်နဲ့စကိုင်းကတဦးပေါင်းလိုက်နေ။ ဒီတိုင်းဆို နီလာဘီ ပထမရပြိး အပိုဆု စက္ကန် ၁၀ ပါ ရနိုင်တာကြောင့် အခြေအနေအတော်ကောင်းလာနိုင်။ ချားဗစ် ပန်းရောင်၊ နီဘာလီက ဒု စက္ကန့်ပိုင်းအထိဖြစ်သွားနိင်...။ ။
....
ထိပ်ုဆံး ပန်းဝင်စာရင်း ၁၀ ဦး...။
# Rider Name (Country) Team Result
1 Vincenzo Nibali (Ita) Astana Pro Team 4:19:54
2 Mikel Nieve (Spa) Team Sky 0:00:51
3 Esteban Chaves (Col) Orica-GreenEdge 0:00:53
4 Diego Ulissi (Ita) Lampre - Merida 0:01:02
5 Rafal Majka (Pol) Tinkoff Team 0:02:14
6 Alejandro Valverde (Spa) Movistar Team
7 Rigoberto Uran (Col) Cannondale Pro Cycling
8 Georg Preidler (Aut) Team Giant-Alpecin 0:02:43
9 Nicolas Roche (Irl) Team Sky 0:02:51
10 Hubert Dupont (Fra) AG2R La Mondial။ ။
...
GC အပြောင်းအလဲနှင့် နောက်ဆုံး ၁၀ ဦး..။
1 Esteban Chaves (Col) Orica-GreenEdge 78:14:20
2 Vincenzo Nibali (Ita) Astana Pro Team 0:00:40
3 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:01:05
4 Alejandro Valverde (Spa) Movistar Team 0:01:48
5 Rafal Majka (Pol) Tinkoff Team 0:03:59
6 Bob Jungels (Lux) Etixx - Quick-Step 0:07:53
7 Andrey Amador (CRc) Movistar Team 0:09:34
8 Rigoberto Uran (Col) Cannondale Pro Cycling 0:12:18
9 Kanstantsin Siutsou (Blr) Dimension Data 0:13:19
10 Domenico Pozzovivo (Ita) AG2R La Mondiale 0:14:11။ ။
(မနက်ဖြန်မှာလဲ မဟာတောင်တက်ပွဲရှိတာကြောင့် နီဘာလီ ထိပ်ဆုံးပြန်ရောက်သွားနိုင်၊ ဒီနေ့ပွဲနဲ့ မနက်ဖြန်ပွဲကြိုသုံးသပ်ချက်ကို မကြာခင် ဆက်လက်ထတင်ပြပါ့မယ်)။ ။
....

Giro d'Italia ပွဲ ၁၉ ရက် သုံးသက်ချက်နဲ့ ၂၀ ရက်နေ့ ခန့်မှန်းချက်...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၁၉ ရက်မြောက် နေ့ (Pinerolo ကနေ Risoul အထိ) 162 km မဟာတောင်တက်ပြိုင်ပွဲ ပြီးခဲ့တဲ့ နာရီပိုင်းက ပြီုးုဆုံးသွားခဲ့ပါပြီ။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း ''ရွှေဘ ပြန်လာပြီ'' ဆိုသလို ပြီးခဲ့ ၃ ရက် အတွင်း ပုံပျက်ပန်းပျက် ပြတ်ကျန်ခဲ့လို့ ၀ိုင်းဝေဖန်ခံ နေရသူ နီဘာလီ ဒီနေ့ပုံမှန်ခြေပြန် ပေါ်ပြီး ပထမ ရသွားပါတယ်။


ပထမ ရတယ်ဆိုတာက အလွယ်ပြောလိုက်တာပါ။ အရေးကြီးတာက ဒီနေ့ အတွက် ပထမ ရဖို့မဟုတ်၊ ၂၁ ရက်ပေါင်း ပထမ ပန်းရောင်အကျီရဖို့သာဖြစ်ပါ တယ်။ အခုတိုင်းဆို လက်ကျန်နှစ်ရက်၊ အထူးသဖြင့် မနက်ဖြန် စနေမှာ မဟာ တောင်တက်ပွဲတခုကျန်သေး တဲ့အတွက် စနေမှာ နီဘာလီ ပန်းရောင်ရသွား မလားဆိုတာဟာ စိတ်ဝင်စား ဘွယ်မေးခွန်းပါ။
မနက်ဖြန်အတွက်မျှော်လင့်ချက်ကိုမသွားခင် ဒီနေ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကို အရင်သုံးသပ်ကြည့်ရအောင်ပါ။ (ဖြစ်စဉ်အသေးစိပ်ကို အရင်ရေးထားတဲ့ Lives report မှာ ကြည့်ပါရန်)။ အရေးကြီးတဲ့ လှုပ်ရှားမှုအဖြစ် ပေ ၈၀၀၀ ကျော်မြင့်တဲ့တောင်ကိုတက်နေစဉ် တောင်ထိပ်ရောက်ဖို့ ၁၀ ကီလိုခန့်အလိုမှာ ချားဗစ် စတင်တိုက်ခိုက်ပါတယ်။
ချားဗစ်ထွက်ပြေးတော့ ပန်းရောင်အကျီပိုင်ရှင် Kruijswijk ချက်ချင်းကပ်ပါလာ ပါတယ်။ ပြီးတော့ ဗယလင်ဒါ Valverde၊ သူတို့ ၃ ဦး ရှေကို နဲနဲပြတ်ထွက်သွား ပြီး နီဘာလီနဲ့ ကျန်လူတွေ ပြတ်ကျန်ခဲ့ပါတယ်။ အရင်နေ့တွေကလည်း ဒီလို အပြတ်မှာ နီဘာလီကျန်ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီတခါတော့ တခြား GC သမားတွေ ဖြစ်တဲ့ Zakarin နဲ့ Majka တို့ကိုခေါ်ပြီး ချက်ချင်းလိုက်တာကြောင့် မီနစ်ပိုင်း အတွင်း ချားဗစ်တို့ကို ပြန်မိသွားပါတယ်။
ဒီအချက်ဟာ နီဘာလီ အရင်နေ့တွေလို မဟုတ်ဘူးဆိုတာကို ပြတဲ့ သင်္ကေတ လို့ဆိုနိင်ပါတယ်။ သိပ်မကြာပါဘူး။ တောင်ထိပ်ရောက်ဖို့ ၅ ကိလိုခန့်အလိုမှာ နီဘာလီကိုယ်တိုင် စတင်တိုက်ခိုက်တော့တာပါပဲ။ ချားဗစ်နဲ့ ပန်းရောင်သမား Kruijswijk တို့ ချက်ချင်းကပ်ပါလာပါတယ်။ အဓိကပြိုင်ဖက် Valverde နဲ့ တခြားလူတွေ ပြတ်ကျန်ခဲ့ပါတယ်။
အဲဒီမှာကတည်းက ဒီနေ့ပွဲရဲ့အဖြေတ၀က်ပေါ်နေပါပြီ။ အဓိပါယ်က ဒီ ၃ ဦးပဲ ဒီနေ့ ပထမ ရလိမ့်မယ်ဆိုတာပါ။ ဒါပေမဲ့ ကံကြမ္မာဆိုတာ ကြိုမမြင်သာဆိုတဲ့ အတိုင်း ပန်းရောင်သမား Kruijswijk ဟာ ကံဆိုးမိုးမှောင်ကျပြီး မဟာတောင် ကုန်းအလွန် ကုန်းဆင်းမှာ အရှိန်မထိမ်းနိုင်ပဲ နှင်းတောင်နံရံကို ၀င်တိုက်မိပါ တယ်။
တနာရီ ကီလို ၆၀ နီးပါးအရှိန်နဲ့ဆိုတော့ လူက ဒိုင်ဗင်းတချက်ထိုး။ စက်ဘီးက ၅ ချက်လောက်ဒိုင်ဗင်ထိုးပြီး နှင်းတောထဲလွှင့်ထွက်သွားတာ သိပ်လှပါတယ်။ သူဟာ လဲနေရာကနေချက်ချင်းပြန်ထပြီး စက်ဘီးဆီပြေးကိုင်ပါတယ်။ ဒါပေမဲ့ စက်ဘီးက ဘလေ့ကျပ်တာလား၊ ဘီးကပ်သွားတာလားမသိ။ ဆက်စီးလို့ မရ တော့။ အသင်းကားရောက်လာပြီး နောက်တစီး အသစ်လဲပေးမှ အဆင်ပြေ သွားပါတယ်။
ဒါပေမဲ့ စက်ဘီးပွဲဆိုတာကို ဒီလိုဖြစ်နေတာကို ဘယ်သူကမှ စောင့်နေတာ မဟုတ်။ စက်ဘီးသာ ပြသာနာမရှိဘူးဆိုရင် ဒုတိယ အုပ်စုနဲ့အတူ သူ ပါသွား မှာသေချာပါတယ်။ အခုတော့ သူ စက်ဘီးနဲ့လုံးပန်းနေတုန်း Valverde ပါတဲ့ အုပ်စုကြီးတခုလုံးက သူ့ကိုကျော်သွားခဲ့ပါတယ်။
နီဘာလီနဲ့ချားဗစ်ကလဲ ကုန်းဆင်းမှာ အသားကုန်အရှိန်တင်ပြေးနေပါတယ်။ ဒီ နေရာမှာ စိတ်ဝင်စးဖို့ကောင်းတာက အသင်းဖေါ်တွေရဲ့အခြေအနေပါ။ Live သတင်းမှာတင်ပြခဲ့တဲ့အတိုင်း အာစတာအသင်းက အနဲဆုံး ၂ ဥိး ရှေ့ပြေးအဖွဲ့ မှပါသွားပါတယ်။ အဲဒီထဲက နောက်ကျန်တဦးက နီဘာလီကို လာကူပါတယ်။
တခါ ထိပ်ဆုံးမှာ နံပတ် ၁ အဖြစ် ၃ မီနစ်ကျော်ဖြတ်ပြီး ပြေးနေတဲ့ နောက်ထပ် အသင်းဖေါ်တဦးကလည်း သူရဲ့ ပထမ နေရာကိုစွန့်ပြီး နီဘာလီကိုပြန်လာကူပါ တယ်။ သူရဲ့ အကူအညီဟာ အလွန်ထိရောက်တယ်ထင်ပါတယ်။ သူမကူခင် အထိ နီဘာလီနဲ့ Valverde တို့အုပ်စုဟာ စက္ကန့် ၃၀ လောက်ပဲပြတ်ပါတယ်။ ပန်းရောင်သမားက တမီနစ်နီးပါး ပြတ်နေပါတယ်။
သူကူပြီး ရှေ့ကနေဆွဲပေးလိုက်တဲ့အခါ ၅ ကိလိုလောက်အတွင်းမှာတင် တမီ နစ်ပြတ်ထွက်သွားပါတယ်။ ပန်းဝင်ဖို့ ၁၀ ကီလိုအလိုမှာတော့ ရှေ့ဆုံးမှာပြေး နေသူကိုပါ ဖမ်းမိသွားပါတယ်။ အဲဒီအချိန်မှာ နီဘာလီ ထပ်မံတိုက်ခိုက်ပါ တယ်။ ချားဗစ်နဲ့တခြား ၃ ဦးပဲကပ်ပါလာပြီး ကျန်လူ အားလုံးပြတ်ကျန်ခဲ့ပါ တယ်။
Gap ကလည်း ချက်ချင်းပြောင်းသွားပြီး Valverde နဲ့ တမီနစ်ခွဲ၊ ပန်းရောင် သမားနဲ့ ၂ မိနစ်ကျော်အထိပြတ်သွားပါတယ်။ ပန်းဝင်ဖို့ ၅ ကိလိုအလိုမှာ တခါ ထပ်တိုက်ခိုက်ပါတယ်။ ချားဗစ် ချက်ချင်းလိုက်နိုင်ပေမဲ့ ဒုတိယ တကြိမ် ထပ် တိုက်တဲ့အခါမှာတော့ ဘယ်လိုမှ မကပ်နိုင်ပဲ ပြတ်ကျန်ခဲ့ပါတော့တယ်။
ပန်းဝင်ဖို့ တကီလိုအထိ စက္ကန့် ၂၀ ခန့်သာပြတ်ပေမဲ့ နောက်ဆုံးကီလိုအတွင်း မှာတင် စက္ကန့် ၄၀ ကျော်အထိ ပြတ်အောင် နီဘာလီ စီးသွားနိုင်ခဲ့ပါတယ်။ ပြီး တော့ ပထမ ရတဲ့အတွက် ၁၀ စက္ကန့်အပိုဆုရတော့ ချားဗစ်ကိုမီဖို့ စက္ကန့် ၄၀ အလိုနဲ့ ပန်းရောင်ရဖို့ ဒုတိယ နေရာရသွားခဲ့ပါတယ်။
အရေးတကြီးပြောဖို့ကျန်ခဲ့တဲ့အချက်တခုကတော့ ၄ မီနစ် ၅၀ စက္ကန့်အလိုနဲ့ GC နဲပတ် ၅ နေရာမှာရှိနေသူ Ilnur Zakarin (Rus) Team Katusha ဟာ ပန်းရောင်သမားပြိုလဲမှုနဲ့ မရှေးမနှောင်း လဲပြိုခဲ့ပါတယ်။ ကံပိုဆိုးသွားတာကတော့ သူဟာ ရေခဲနံရံဖက် ကိုမလဲပဲ ရေခဲ့မရှိတဲ့ ဂျိုင်ခွက်ဖက်ကို ပြုတ်ကျသွားတာကြောင့် ပြန်ကို မထနိုင် တော့ပါဘူး။ တခါတည်း သတိမေ့သွားပြီလို့အစောပိုင်းက ထင်ခဲ့ကြပေမဲ့ နောက်ပိုင်းသတင်းတွေ အရတော့ အဲဒီလောက်မဆိုးဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ဆက်မစီးနိုင်တော့ပါ။ အရေးပေါ်ကားပေါ်တင်ပြီး ဆေးရုံတန်းပို့လိုက်ရပါတယ်။
...
မနက်ဖြန်မှာ နီဘာလီ ထပ်ရနိုင်သေးလား...။
...
ဒီနေ့ပွဲမှာမြင်လိုက်ရတဲ့ နီဘာလီရဲ့ခြေစွမ်းဟာ မရုံနိင်အောင်ကို ကောင်းလှပါ တယ်။ အထူးသဖြင့် အတ္တီကျု့မြင့်တဲ့တောင်တွေမှာ သူဟာ အသေချာလေ့ ကျင့်ထားသူဆိုတာပေါ်လွင်နေပါတယ်။ ဒါကြောင့် မနက်ဖြန် (Guillestre - ကနေ Sant’Anna di Vinadio အထိ) 134 km ပြိုင်ပွဲမှာ ပေ ၈၀၀၀ ကျော် ၂ လုံးနဲ့ ၆၀၀၀ ကျော်တလုံးအပါဝင် ဧရာမ တောင် ၃ လုံးပါတာကြောင့် တောင် တက်လေ့ကျင့်ထားသူ နီဘာလီ အသာရမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
ဒါပေမဲ့ ဒီနေ့ ပန်းရောင်အကျီရသွားတဲ့ ကိုလံဘီယာ တောင်တက်သမား ချားဗစ်ကလည်း ခေသူမဟုတ်ပါ။ တခါ ဒီနေ့ ကံဆိုးပြီးလဲချော်လို့သာ ပန်းရောင်ကို စွန့်လိုက်ရသူ Kruijswijk ကလည်း နယ်သာလန်မှာ တောင်မရှိ ပေမဲ့ စပိန်ကတောင်တွေပေါ်တက်ပြီး အသေအချာလေ့ကျင့်ထားတာလို့ပြော ထားတဲ့အတွက် မနက်ဖြန် မကျေပွဲနွဲလာမှာ သေချာပါတယ်။
အလားတူ ဒီနေ့ ဒုတိယ အုပ်စုဖြစ်သွားတဲ့ Valverde၊ Majka နဲ့ အူရန်းတို့က လည်း နောက်ဆုံးတောင်တက်နေ့အဖြစ် ရှိသမျှ စွမ်းအားအကုန်ထုတ် စီးကြ မယ်ဆိုတာ သေချာပါတယ်။ ဒီတော့ စနေပွဲဟာလည်း သောကြာပွဲလိုပဲ GC သမားတွေ တဦးချင်းစီးချင်းထိုးရမဲ့ပွဲပါပဲ။
လမ်းအနေအထား၊ တောင်အနေအထားက သောကြာနဲ့စနေကြား ဘာကွာသ လဲဆိုရင် စနေမှာ တောင်တလုံး ပိုပါတယ်။ တာထွက်ပြီး သိပ်မကြာခင်မှာ ပေ ၆၀၀၀ ကျော်မြင့်တဲ့တောင် တက်ရပါ့မယ်။ ဒီတောင်ကိုတော့ GC သမားတွေ အုပ်စုမကွဲပဲ ပါလာမယ်လို့ယူဆပါတယ်။
ပေ ၈၀၀၀ ကျော်မြင့်တဲ့တောင်ကိုတက်တဲ့အခါမှာတော့ ဒိနေ့ အုပ်စုကွဲသလို GC အတွင်း တိုက်ခိုက်မှုစဖြစ်မယ်ထင်ပါတယ်။ အဲ... အဆုံးအဖြတ်ပေးမဲ့ ပန်းဝင်တောင်ဟာ သောကြာနေ့တောင်က ပေ ၄၀၀၀ လောက်ပဲရှိပြီး စနေ တောင်က ပေ ၈၀၀၀ ရှိပါတယ်။
အဓိပါယ်ကတော့ ဒီနေ့ပြတ်သလိုမျိုး ဒုတိယတောင်မှာ ပြတ်ကျန်ခဲ့သူတွေကို နောက်ဆုံးတောင်အတက်မှာ နီဘာလီ ဒီနေ့ထက်ပိုပြီး မီနစ်နဲ့ချီ ဖြတ်နိင်မယ် လို့မှန်းပါတယ်။ အခု ချားဗစ်ကို သူဖြတ်ရမဲ့ အချိန်က စက္ကန့် ၄၀ သာရှိပါတယ်။ ဒီနေ့ခြေအတိုင်းသာ နီဘာလီဆက်ရမယ်ဆိုရင် မနက်ဖြန်မှာ တမီနစ်မက ချားဗစ်နဲ့ တခြားပြိုင်ဖက်တွေကို နီဘာလီ ဖြတ်နိုင်လိမ့်မယ်လို့ ဟောကိန်း ထုတ်ချင်ပါတယ်။
၂၁ ရက်တာစက်ဘီးပွဲအတွင်း ပထမ ရဖို့ဆိုတာ ခြေကောင်းရုံတခုတည်းနဲ့မရ။ အသင်းရဲ့စီမံခန့်ခွဲမှုကောင်းဖို့၊ အသင်းဖေါ်တွေ ၀ိုင်းကူနိုင်ဖို့၊ ကံမဆိုးဖို့၊ အဆုံး အဖြတ်မှန်ဖို့၊ ရာသီဥတုကလည်း ကိုယ်နဲ့ကိုက်ဖို့ စသဖြင့် အချက်ပေါင်းများစွာ ကိုက်ညီဖို့လိုတာကြောင့် မနက်ဖြန်ပွဲကို အသေအချာစောင့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
...
နောက်ဆုံးဝင်လာတဲ့သတင်းတွေအရ ဒီနေ့ နှင်းတောင်မှာပြိုလဲခဲ့လို့ ပန်းရောင်အကျီ စွန့်လိုက်ရသူ Kruijswijk ဟာ ပွဲအပြီး ညနေပိုင်းက ဆေးစစ်မှုခံယူခဲ့ရပါတယ်။ ဓတ်မှန် ရိုက်ချက်တွေအရ fractured rib နံရိုးကျိုးသွားတယ်လို့သိရပါတယ်။ ဒါအပြင် ခြေတောက် နဲ့ ကိုယ်နဘေးမှာ အတောနာနေတယ်လို့လဲဆိုပါတယ်။
ဒါကြောင့် မနက်ဖြန်ပွဲမှာ ဆက်စီးနိုင်မနိုင်ကို စနေနေ့ မနက်ကျမှ အသင်းကနေ တရားဝင် ကြေညာမယ်လို့ သိရပါတယ်။ ။
...
(စနေမနက် သတင်းတွေအရ Kruijswijk ဟာ ဒဏ်ရာတွေရှိနေပေမဲ့ ဒီနေ့ ပြိုင်ပွဲဆက်ဝင်မယ် လို့ သူ့ရဲ့အသင်း LottoNL-Jumbo team က စနေမနက်မှာ ကြေညာချက်ထုတ်လိုက်ပါ တယ်။ မကြာခင် မီနစ်ပိုင်းအတွင်း ၂၀ ရက်နေ့မြောက် တောင်တက်ပွဲ စတင်တော့မှာ ဖြစ်ပါတယ်။ ။
....

Giro d'Italia ပွဲ ၂၀ ရက်နေ့ တောင်တက်ပွဲ Lives စီးနေပါပြီ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၂၀ ရက်နေ့ (Guillestre - ကနေ Sant’Anna di Vinadio အထိ) 134 km မဟာတောင် တင်ပြိုင်ပွဲကို ဒေသစံတော်ချိန် တနာရီမှာ စတင်နေပါပြီ။ အခု စက်ဘီး သမားတွေ တာမထွက်ခင် လက်မှတ်ထိုးတာ၊ နေရာယူတာလုပ်ခဲ့ကြပါတယ်။

ဒီနေ့ပွဲဟာ ၂၁ ရက်ပေါင်း ဘယ်သူ ပထမ ပန်းရောင်အကျီရမလဲဆိုတာကို ဆုံး ဖြတ်ပေးမဲ့ပွဲဖြစ်တာကြောင့် အတော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ၂၁ ရက် တာပွဲမှာ ပထမ ရဖို့ဆိုတာ ခြေကောင်းရုံတခုတည်းနဲ့မဖြစ်ပါဘူး။ ကံလည်း ကောင်းဖို့လိုပါသေးတယ်။
ပြီးတော့ အသင်းဖေါ်တွေရဲ့ ဖေးမမှု၊ ဘယ်အချိန်မှာလေဟုန်စီးပြီး ဘယ်အချိန် မှာ အပြတ်တိုက်မလဲဆိုတဲ့ အဆုံးအဖြတ်မှန်ကန်မှု၊ ရာသီဥတုနဲ့လိုက်လျော ညီထွေရှိမှု၊ အတ္တီကျုမြင့်တဲ့ (ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၈၀၀၀ တောင် တွေဟာ တိမ်လွှာအပေါ်ရောက်နေပြီဖြစ်လို့ လေ့ကျင့်မှုမရှိရင် အောင်စီဂျင် နည်းပြီး အသက်ရှုမ၀တဲ့ ဝေဒနာခံရတတ်ပါတယ်) တောင်တွေပေါ် လေ့ကျင့် ထားဖို့လဲလိုပါတယ်။
ဒီနေ့ပွဲဟာ တာတိုဘုရင်တွေအတွက်တော့ လုံးဝမျှော်လင့်ချက်မရှိပါ။ ဘာ ကြောင့်လဲဆို မြေပြန့်လုံးဝမရှိပဲ တာလွတ်တာနဲ့စပြိး ပေ ၆၀၀၀ မြင့်တဲ့ တောင် ကို စတက်ရမှာပါ။ ပြီးရင် ၈၀၀၀ မြင့်တဲ့ အဓိက တောင်ကို တက်ရပါလိမ့်မယ်။ အဲဒီတောင်ပြီးရင်တော့ ပန်းဝင်တောင်မရောင်ခင် နောက်ထပ် ၈၀၀၀ မြင့်တဲ့ တောင်နဲ့ အဲဒီကအဆင်းမှာ ပန်းဝင်တောင်ကိုတက်ရမှာဖြစ်ပါတယ်။
တောင်တက်ပွဲဆိုပေမဲ့ တောင်တက်တတ်ရုံနဲ့မဖြစ်သေး။ တောင်ဆင်းမှာ အရှိန်ထိမ်းတတ်ဖို့၊ အစာစားချိန်၊ ရေသောက်ချိန်နဲ့ အကွေ့အကောက်တွေကို တွက်ဆတတ်ဖို့လဲ လိုပါသေးတယ်။ နို့မို့ရင် မနေ့ဖြစ်ခဲ့တဲ့ Kruijswijk လို တောင်တက်မှာ သူများကိုမီအောင်လိုက်နိုင်ပေမဲ့ တောင်အဆင်းမှာ အကွေ့ အကောက်ကို သတိမထားမိပဲ အစာစားမိလို့၊ ရေဗူးကိုင်မိလို့ မတော်တဆ ချော်လှရာကနေ တဦးတည်းပြတ်ကျန်ခဲ့တာမျိုးဖြစ်သွားနိုင်ပါတယ်။
ကဲ...။ ဒီနေ့ ဘယ်သူရနိုင်မလဲ...။ မနေ့ကလိုပဲ GC သမားတွေ တဦးချင်း စီးချင်းထိုးရမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ပထမ တောင်အတက်မှာ တင် သူတို့ခြေစွမ်းကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ စာရေးသူရဲ့ မှန်းချက်ကတော့ ပထမ တောင်မှာ မပြတ်ပဲ ဒုတိယတောင်ထိပ်မရောက်ခင်မှာ အပြတ်တွယ် ကြမယ်လို့ထင်ပါတယ်။
လက်ရှိပန်းရောင်ရှင် ချားဗစ်ပဲ ဆက်ထိမ်းထားနိုင်မလား။ ၄၀ စက္ကန့်အလိုနဲ့ ဒုတိယနေရာမှာရှိနေသူ နီဘာလီပဲ မနေ့ကလို ခြေစွမ်းပြပြီး ပန်းရောင်ကို လုယူသွားနိုင်မလား။ မနေ့ကချော်လဲလို့ ဒုက္ခများသွားပြီး ပထမကနေ တတိယဖြစ်သွားသူ Kruijswijk ကပဲ တမီနစ်ကျော် ပြန်ဖြတ်နိုင်ပြီး မကျေပွဲ ထပ်နွဲနိုင်မလား။ 
ဒါမှမဟုတ် သူတို့ ၃ ဦးနောက်မှာလက်လိုက်နေတဲ့ Valverde၊ Majka နဲ့ အူရန်းတို့က တန်ပြန်တိုက်ခိုက်လေမလား။ ဒီနေ့ပွဲကတော့ ကြည့်ကောင်း မှာအသေချာပဲဖြစ်ပါတယ်။ ။
(ဒီပွဲကို Eurosport TV ကနေ Lives ပြပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသစံ တော်ချိန် ၂ နာရီခွဲမှာပြမှာမို့ အဲဒီမတိုင်မီ ထူးခြားချက်တွေကို ဒီနေရာမှာ တင်ပြပေးသွားမှာဖြစ်ပါတယ်)။
ဒေသစံတော်ချိန်ဆိုလို့ သတိရတုန်းတခုတင်ပြချင်တာက စာဖတ်သူတွေ မြေပုံကို အသေချာ ကြည့်မိကြပါသလား။ မနေ့ကရော၊ ဒီနေ့မှာပါ ပြင်သစ် အလံနဲ့ အီတလီအလံကိုတွေ့ရပါလိမ့်မယ်။ ဆိုလိုတာက သတင်းတခုထဲမှာ မနေ့ကစီးခဲ့တဲ့တောင်တွေဟာ Tour de France တုန်းကစီးခဲ့တဲ့လမ်းကြောင်း လို့ပါ ပါတယ်။ အဓိပါယ်က အဲဒီလမ်းဟာ အီတလီမှာမဟုတ်ပဲ ပြင်သစ်နယ် ထဲမှာပါ။
မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံကိုသွားရင် နယ်စပ်မျဉ်းတွေ၊ ဗီဇာတွေလို နိုင်တာကြောင့် နယ်စပ်ဖြတ်စက်ဘီးပွဲလုပ်ရင်ဖြစ်ပါ့မလားမသိပါ။ အခုတော့ နယ်စပ်ဖြတ်တာ နယ်စပ်မှန်းတောင်မသိလိုက်ပါ။ စက်ဘီးသမားတွေကိုလည်း ဘယ်သူကမှ ဗီဇာစစ်နေတာမတွေ့မိပါ။ ပြင်သစ်နယ်ထဲကနေ တာထွက်ပြီး အီတလီထဲ ပန်းဝင်မှာဖြစ်ပါကြောင်း...။ ။
...
လက်ရှိ GC သမား ၁၀ ဦးနဲ့ အချိန်အကွာအဝေးတွေကတော့...
Here's how things stand after 19 stages
1 Esteban Chaves (Col) Orica-GreenEdge 78:14:20
2 Vincenzo Nibali (Ita) Astana Pro Team 0:00:44
3 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:01:05
4 Alejandro Valverde (Spa) Movistar Team 0:01:48
5 Rafal Majka (Pol) Tinkoff Team 0:03:59
6 Bob Jungels (Lux) Etixx - Quick-Step 0:07:53
7 Andrey Amador (CRc) Movistar Team 0:09:34
8 Rigoberto Uran (Col) Cannondale Pro Cycling 0:12:18
9 Kanstantsin Siutsou (Blr) Dimension Data 0:13:19
10 Domenico Pozzovivo (Ita) AG2R La Mondiale 0:14:11 တို့ဖြစ်ပါတယ်။
...
တာထွက်ပြီး မီနစ် ၃၀ အတွင်း ၈ ဦးပါ Breakaway တခု စပေါ်လာ။ Mikel Nieve (Team Sky), Joe Dombrowski (Cannondale), Stefan Denifl (IAM), Tanel Kangert (Astana), Damiano Cunego (Nippo Vini Fantini), Giovanni Visconti (Movistar), Darwin Atapuma (BMC), Gianluca Brambilla (Etixx-QuickStep).
Mikel Nieve (Team Sky) ဟာ မနေ့ကပွဲမှာ ဒုတိယ ရသူဖြစ်ပေမဲ့ GC အတွက် ငြိမ်းခြောက် မှုမရှိတာကြောင့် ဒီအုပ်စုကို Peloton က ဆက်လွတ်ပေးဘွယ်ရှိ။ ဒါပေမဲ့ အာစတာနာက ရှေ့ပြေးထဲပါသွားသူတွေကို ပြန်ခေါ်လိုက်တာက ထူးခြားနေ...။
....
တနာရီနီးပါးစီးပြီးချိန်မှာ ရှေ့ပြေး ၈ ဦးဟာ Peloton ကို ၅ မီနစ်ကျော်အထိ ဖြတ်ထားနိုင်ပြီ လို့သိရ။ အခု ပထမတောင်ကျော်လို့ ကုန်းဆင်းကိုရောက်နေပါပြီ။ GC ဆရာတွေကြား တိုက် ခိုက်မှုမရှိသေးပါ။
ရှေ့ပိုင်းမှာတခုမှားသွားတာက အာစတနာအသင်းက အသင်းသားတွေကိုပြန်ခေါ်တယ်ဆို တာအားလုံးကိုခေါ်ခြင်းမဟုတ်ပဲ အခု ၈ ဦးမှာ အာစတာမှ Tanel Kangert (Astana) ပါသွား ကြောင်းသိရ။ ဒါအပြင် မူဘီစတားကလည်း တဦးပါတာမို့ မနေ့ကလို ရှေ့ကနေပြေးပြိး သူတို့အသင်းခေါင်းဆောင်ကို ပြန်ကြိုဘွယ်ရှိ။ မနေ့ကပွဲမှာ အာစတာနာအသင်းဖေါ် Michele Scarponi ကူလို့ နီဘာလီ စံချိန်တက်လာပြီး တခြားပြိုင်ဖက်တွေကို ဖြတ်ထားနိုင်တာက သက်သေပြနေပါတယ်။
....
Eurosport TV က Lives ပြနေပါပြီ။ ရှေ့ပြေးအဖွဲ့ဟာ ၈ ဦးမကပဲ ၁၀ လောက်တောင်ရှိ မလားပဲ။ Gap ကလည်း ၅ မနစ်မကပဲ ၈ မီနစ်နီးနီးရှိနေပါပြီ။ ရှေ့ပြေးခေါင်းဆောင် (မနေ့က ဒုတိယရသူ) Mikel Nieve (Team Sky) ဟာ GC ပထမ နဲ့ ၈ မီနစ်ကျော်သာပြတ်တာမို့ သူ့ကို မိအောင်မဖမ်းနိုင်ရင် GC ဆရာကြီးတွေ ပြသာနာရှိနိုင်ပါတယ်။ ဒါကြောင့် ၈ မီနစ် ထက်ပိုမလွတ်ပေးပဲ ပြန်လိုက်ဖမ်းလိမ့်မယ်ဟု ယူဆရ။
....
ပန်းဝင်ဖို့ ၈၈ ကီလိုအလိုမှာ Mikel Nieve (Team Sky) တကို်ယ်တော် ထွက်ပြေးနေ၊ Peloton ကို ၈ မီနစ် ၇ စက္ကန့်အထိပြတ်သွားပြီဖြစ်။ သူ့နောက်မှာတော့ တခြား ၉ ဦးက တမီနစ်နီးပါး အပြတ်နဲ့လိုက်နေ။ ပန်းဝင်တဲ့အထိ ၈ မီနစ်ပြတ်သွားရင် လက်ရှိ GC ဆရာ တွေသေပြီ။ ဒါကြောင့် မကြာခင် အရှိန်တင်ပြီလိုက်မယ်ဟု ယူဆရ။ ။
...
ပထမ ပြေးနေသူ Mikel Nieve (Team Sky) နဲ့ GC ဆရာကြီးတွေအကြား Gap က ၈ မီနစ် သာရှိတယ်လို့ပြောဆိုမှုအတွက်တောင်းပန်။ တကယ်က တနာရီနဲ့ ၈ မီနစ်ကွာပါတယ်။ ဒါကြောင့် ဆက်လွတ်ပေးထားဖွယ်ရှိပါတယ်။
အခုပန်းဝင်ဖို့ ၇၅ ကီလိုအကျန်။ ရှေ့ပြေးသမား တမီနစ်လွတ်နေဆဲ၊ နောက်ကလိုက်တဲ့ ၉ ဦး တစစီပြိုကွဲ။ ၂ ဦး တဖွဲ့၊ ၃ ဦးတဖွဲ့နဲ့ ၄ ဦးတဖွဲ့ဖြစ်နေ။ GC ဆရာကြီးတွေပါတဲ့ Pelton က ဒုတိယ တောင်ခြေကိုစတက်နေပါပြီ။ တောင်ထိပ်နားရောက်ရင် တိုက်ခိုက်မှုဖြစ်မယ်ဟု ယူဆ။ မနေ့ကတောင်တွေလိုပဲ ဆီးနှင်းတွေခဲနေဆဲ...။
...
ပန်းဝင်ဖို့ ကီလို ၅၀ ၀န်းကျင်ပဲ ကျန်ပါတော့တယ်။ ဒုတိယ တောင်ကိုဆင်းနေပါပြီ။ ရှေ့ပြေးတဦးကို နောက်လိုက် ၆ ဦးကမိဖို့ စက္ကန့် ၂၀ ခန့်သာကျန်။ ပန်းရောင်အုပ်စုက ၉ မီနစ် ပြတ်နေဆဲ...။ အခုထိ ကြီးမားတဲ့တိုက်ခိုက်မှုမရှိသေး။ ကုန်းဆင်းကို သတိထားဆင်းနေကြ။ ဒါကြောင့် ပန်းဝင်တောင်မရောက်ခင် နောက်ဆုံးတောင်ကျမှ ကြီးမားတဲ့ တိုက်ခိုက်မှုဖြစ်လာ မယ်ဟု ယူဆရ...။
....
ပန်းဝင်ဖို့ ၂၅ ကီလိုဝန်းကျင်ပဲလိုပါတော့တယ်။ ရှေ့ပြေးအဖွဲ့ပြန်ပေါင်း-ပြန်ခွဲပြီး ၃ ဦးပါအဖွဲ့တခု က ၁၀ မီနစ်ကျာ်အပြတ်နဲ့ပြေးနေ။ အဲဒီနောက်မှာ နောက် ၅ ဦးကလိုက်နေ။ ပန်းရောင်အဖွဲ့က ၁၁ မီနစ်နီးပါးပြတ်နေဆဲ။ အခု ပန်းဝင်တောင်မရောက်ခင် နောက်ဆုံးတောင်ကို စတက်နေပြီ ဖြစ်တဲ့အတွက် မကြာခင် (တောင်ထိပ်ရောက်ဖို့ ၅ ကီလိုဝန်းကျင်) ကြီးမားတဲ့တိုက်ခိုက်မှု GC အတွင်း ပေါ်လာမယ်ဟု ယူဆရ...။
...
ပန်းဝင်ဖို့ ၁၅ ကီလိုကျော်သာကျန်။ ရှေ့ပြေး ၂ ဖွဲ့ပြန်ပေါင်းမိပြီး ၅ ဦးဖြစ်သွား။ ပန်းရောင်ကို ၉ မီနစ်အထိပြတ်နေဆဲ။ ပန်းရောင်အတွင်း တိုက်ခိုက်မှုလုပ်ဖို့ပြင်နေတဲ့ လက်ခဏတွေ စတွေ့ လာရ...။ အာစတာနာ နောက်ဆုံးလူအသားကုန်းဆွဲနေပြီး နီဘာလီကပ်လိုက်နေ။ အားလုံး ၈ ဦးပဲပါလာပြီး ကျန်လူတွေပြတ်ကုန်ပြီ။ ရှေ့ဆုံးလူ အားကုန်တာနဲ့ နီဘာလီ ထွက်ပြေးမဲ့ သဘောရှိ။ ချားဗစ်အတော်ကုန်နေတဲ့ပုံမျိုးဖြစ်နေ။
...
ထင်တဲ့အတိုင်းပါပဲ။ ပန်းဝင်ဖို့ ၁၂ ကိလိုအလို၊ တောင်ထိပ်ရောက်ဖို့ ၄ ကီလိုအလိုမှာ နီဘာလီ စတိုက်ပြီ။ ချားဗစ်နဲ့ မူဘီးစတားဆရာကြီး ပထမပိုင်းမှာ ကပ်နိုင်ပေမဲ့ အခု ပြတ်သွားပြီ။ နီဘာလီ အပြတ်ကျဲမဲ့သေဘာရှိ...။
...

အသင်းလိုက်စိတ်ဓာတ်...။
...
နီဘာလီ တကို်ယ်တော်ထွက်ပြေးချိန်မှာ ရှေ့ပြေးအုပ်စုကနေ ကျန်ခဲ့တဲ့အသင်းဖေါ်တဥိးက အဆင့်သင့်ရှေ့မှာကြိုနေ...။ မူဘီးစတားကလည်း တဦးတွေ့ပေမဲ့ သူ့ဆရာကိုပြန်မကြိုပဲ ပထမ ရဖို့သာ ရှေ့ကိုပြေးသွား...။ စိတ်ဝင်စားဘွယ် အသင်းလိုက်စုစည်းမှု၊ အသင်းလိုက် အမိန့် နာခံမှုပါပဲ...။
...
ချားဗစ်နဲ့ ဗင်လင်ဒါဆီ အူရန်မီလာ။ ၃ ဦးပေါင်းစီးရင်းကနေ ချားဗစ်ပြတ်ကျန်ခဲ့။ နီဘာလီက တမီနစ်ကျော်တောင် ချားဗစ်ကိုဖြတ်ထားလိုက်ပြိ။ ရှေ့ပြေးသမား ပန်းဝင်ဖို့ တကိလိုသာလို...။
...
နီဘာလီ ပန်းရောင်ရသွားပါပြီ။ ချားဗစ်က တမီနစ်ကျော်တောင် နောက်ကျ။ တကယ်ပြတ်နေ တာက စက္ကန့် ၄၀ တည်းဆိုတော့ ပန်းရောင်သေချာသွားပါပြီ။ နီဘာလီ တကယ်ပြန်လာပါပြီ။
...
New GC
1 Vincenzo Nibali (Ita) Astana Pro Team 82:44:31
2 Esteban Chaves (Col) Orica-GreenEdge 00:00:52
3 Alejandro Valverde (Spa) Movistar Team 00:01:17။ ။
....

Nibali ရဲ့ခြေစွမ်းလား၊ Astana ရဲ့ ဗျုဟာအစွမ်းလား...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ဒီနေ့ပြီးဆုံးတော့ မှာပါ။ လွန်ခဲ့တဲ့ ၃ ရက်အထိ ဘယ်လိုမှ ပထမ မရနိုင်တော့ဘူးလို့ ထင်ထား ခြင်းခံရသူ၊ ပန်းရောင်အကျီသမားနဲ့ ၅ မီနစ်နီးပါးအထိပြတ်ပြီး GC နံပတ် ၄ အထိဆင်းသွားသူ နီဘာလီတယောက် လွန်ခဲ့တဲ့ တောင်တက်ပွဲ ၂ ရက်တာ အတွင်း ချက်ချင်းကြီးထောင်တက်လာပြီး မနေ့က ပန်းရောင်အကျီကို သိမ်း ပိုက်လိုက်ပါတယ်။

ဒါဟာ Grand Tour တွေမှာ ဖြစ်ဖို့မလွယ်တဲ့ကိစ္စပါ။ ၁၉ ရက်နေ့ပွဲစဉ်အတွင်း လက်ရှိပန်းရောင်အကျီပိုင်ရှင် Steven Kruijswijk (Ned) Team LottoNl-Jumbo ကုန်းဆင်းမှာ နှင်းတောထဲလဲပြိုပြီး ပြတ်ကျန်ခဲ့တာကြောင့် ဒီလို အခြေအနေပြောင်းသွားတာလို့ အလွယ်ပြောနိုင်ပေမဲ့ တကယ်လို့ အဲဒီလို မလဲ ရင်တောင် အခုခြေစွမ်းတိုင်းဆို နီဘာလီပဲ ပထမ ရဖို့များပါတယ်။
လဲပြိုသွားတဲ့ Kruijswijk ကိုကြည့်ခြင်းအားဖြင့် Grand Tour တခုမှာ ပထမ ရဖို့ဆိုတာမလွယ်ဘူး။ ခြေစွမ်းအပြင် ကံတရားကလဲလိုသေးတယ်၊ သတိ တချက်လစ်တာနဲ့ ရလာဒ်ပြောင်းသွားနိုင်ပါတယ်။ သူ့ထက်ဆိုးတဲ့ ဥပမာက တော့ ၅ မီနစ်ကျော်အကွာနဲ့ GC နံပတ် ၅ နေရာကနေလိုက်နေသူ ရုရှားရဲ့ တဦးတည်းသော Grand Tour မျှော်လင့်ချက် Ilnur Zakarin (Katusha) ဆိုရင် နှင်းရှိတဲ့ဖက်မလဲပဲ နှင်းမရှိတဲ့ ဂျိုင့်ထဲကျသွားတာကြောင့် တခါတည်း ဆေးရုံကားပေါ်တင်သွားရပါတယ်။ နာမည်ကြီး အီတလီ Giro တံဆိပ် စက်ဘီး စီးဦးထုပ် ခေါင်းကနေ ကျွတ်မထွက်ပဲ ရှိနေလို့သာ ကျောက်တုံးနဲ့ခေါင်းနဲ့ ဆောင့်မိတာ နဲနဲသက်သာသွားတယ်လို့သိရပါတယ်။ 
ဒါက ကံတရား။ ကံတရားဆိုတာ အပြုအမူနဲ့လည်းဆိုင်တဲ့ဆိုတော့ အဲဒီလို ကုန်းဆင်းတွေ၊ အကွေ့အကောက်တွေမှာ သတိမလစ်စေဖို့၊ အစာစားတာ၊ ရေသောက်တာသွားမလုပ်မိဖို့လည်းအရေးကြီးလှပါတယ်။
စာရေးသူအဓိကတင်ပြချင်တာက အာစတာနာအသင်းရဲ့ဗျုဟာပါ။ စာဖတ်သူ အတော်များများ အာစတာနာအသင်းကို သိပြီးဖြစ်မှာပါ။ ကျနော်ကတော့ မနှစ် သြဂုတ်လ စပိန် Vuelta a España ကျမှ အသေချာ သတိထားမိတာပါ။ အဲဒီတုန်းကလည်း ဒီလို ပန်းဝင်ဖို့ ၃ ရက်အလိုလောက်မှာ အသင်းခေါင်း ဆောင် လူငယ်လေး အရူ Fabio Aru (Astana) က အသေအလဲတိုက်ခိုက် တာပါ။ အဲဒီကာလ လက်ရှိပန်းရောင် အကျီပိုင်ရှင်က (အခု အီတလီပွဲ ပထမ သတင်းပတ်မှာ ပန်းရောင်ရပြီး ပေါင်နာလို့ထွက်သွားသူ) Tom Dumoulin (Giant-Alpecin) ဖြစ်ပါတယ်။
၂ မီနစ်ကျော်နဲ့အသာစီးရနေတဲ့ Tom Dumoulin ကို အရူနဲ့အသင်းသားတွေ စနစ်တကျတိုက်ခိုက်လိုက်တာ ၄ မီနစ်အထိပြတ်သွားပြီး အရူက အနီရောင် အကျီရသွားခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာဟာ Tom Dumoulin ဟာ တကိုယ်တော်ပဲကောင်းနေပြီး တောင်ကုန်းပေါ်ရောက်တော့ အသင်းဖေါ် တယောက်မှပါမလာပါ။ အာစတာနာမှာက ၄ ဦးလောက်တောင် တောင်ထိပ် အထိပါလာပါတယ်။
၂ ဦးလောက်က အရူနဲ့အတူပြေး နောက်တဦးက Tom Dumoulin ကိုနောက် ပြန်ဆွဲချထား (နောက်ကနေကပ်လိုက်ပြီး တခါမှရှေ့တက်ဆွဲမပေးပဲနဲ့ အရှိန် ကျအောင်လုပ်) ပါတယ်။ အဲဒီဗျုဟာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အခုလဲ အဲဒီဗျုဟာအတိုင်းပါပဲ။ ၁၉ ရက်နေ့တုန်းက ရှေ့ပြေး Breakaway အဖွဲ့ မှာ အာစတာနာအသင်းသား ၂ ဦးလိုက်ပါသွားပါတယ်။ ဘယ်တောင်မှာ ဘယ် လိုတိုက်မယ်၊ ဘယ်သူက ဘယ်မှာစောင့်ရမယ်ဆိုပြီး အသေးစိပ် ဗျုဟာဆွဲပြီး သားဖြစ်ပုံရပါတယ်။ ပထမ တောင်ထိပ်မှာ နီဘာလီ စတင်ထွက်ပြေးတော့ ရှေ့ပြေးအုပ်စုထဲက အာစတာနာအသင်းသားတဦးပြုတ်ကျန်ခဲ့ပြီး ချက်ချင်း လာကူပါတယ်။
ဒါပေမဲ့ ခြေကုန်ပြီးကျန်ခဲ့သလိုဖြစ်တာကြောင့် သိပ်မသိသာလိုက်ပါ။ ဒုတိယ အကြိတ်တိုက်ခိုက်မှုအပြီး ထွက်ပြေးချိန်မှာပြန်လာကြိုသူက ၄ မီနစ်လောက် အသာစီးနဲ့ ရှေ့ဆုံးမှာပြေးနေသူ Michele Scarponi က သူ့ကိုယ်တိုင် ပထမ ရနိုင်တဲ့အခွင့်အရေးကိုစွန့်ပြီး နီဘာလီကို ပြန်စောင့်ခဲ့ပါတယ်။
သူရဲ့အကူအညီက ပွဲကိုအပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်။ ဗယ်လင်ဒါတို့ အုပ်စုနဲ့ စက္ကန့် ၂၀ လောက်သာပြတ်နေတဲ့ နီဘာလီဟာ ၅ ကိလိုလောက် အတွင်း တမီနစ်ကျော်အထိပြတ်ထွက်သွားပါတယ်။ ပန်းဝင်ဖို့ နောက်ဆုံး ၅ ကီလိုရောက်တော့မှ အကူညီပေးသူကဘေးကိုခွာလိုက်ပြီး အဲဒီအချိန်ထိ သူ့ရဲ့ နောက်ဘီးမှာ ကပ်လိုက်နေသူ ချားဗစ်ကို နီဘာလီ ဖြုတ်ထားခဲ့ပါတယ်။
Cycling news ကဆိုရင် ''Nibali a man transformed at Risoul'' လို့ခေါင်းစဉ်တပ်ပြီး တောင်ရေးခဲ့ပါတယ်။ ဆိုလိုတာက တချိန်လုံးပြတ်ကျန်နေလို့ အကြီးအကျယ်ဝေဖန်ခံနေရ တဲ့ နီဘာလီဟာ Risoul တောင်အတက်မှာတော့ အသွင်ပြောင်းသွားခဲ့တယ်ဆိုတဲ့ သဘောပါ။
ဒီလိုနဲ့ ပွဲရဲ့အခြေအနေပြောင်းပြီး မနေ့က ၃ မီနစ်အပြတ်နဲ့ ( ပထမ နေရာမှ Kruijswijk က နှင်းတောထဲလဲပြိုကျန်ခဲ့ပြီ) ဒုတိယ ရထားသူ ချားဗစ်က ပထမ ပန်းရောင်ရ၊ နီဘာလီက စက္ကန့် ၄၀ အလိုနဲ့ ဒုတိယ ဖြစ်လာပါတယ်။ ဒါဟာ မနေ့က ၅ မီနစ်နီးပါးပြတ်နေရာကနေ စက္ကန့် ၄၀ အပြတ်ထိတက်လာတယ်ဆို တာ Grand Tour တခုမှာ ဖြစ်ဖို့ ဘယ်လိုမှ မလွယ်တဲ့ကိစ္စပါ။
အဲဒီမှာကတည်းက နီဘာလီ စိတ်ဓတ်ကတက်လာနေပါပြီ။ မနေ့က ၂၀ ရက် နေ့တောင်တက်ပွဲမှာလဲ အလားတူပါပဲ။ အာစတာနာအသင်းသားတဦး ရှေ့ ပြေးအဖွဲ့ထဲပါသွားပါတယ်။ အစောပိုင်းက ၃ ဦးလောက်တောင်ပါသွားလို့ တချို့ ကိုပြန်ခေါ်ထားလိုက်ပုံရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက နီဘာလီ တကိုယ်တော်တိုက်ခိုက်မှုမလုပ်ခင်မှာ GC ထဲပါလာတဲ့အသင်းတိုင်းက အ သင်းသားတဦးစီ၊ တချို့အသင်းက ၂ ဦးစီ Peloton ထိပ်ကိုတက်ပြီး အသား ကုန်ဆွဲပေးကြပါတယ်။
အားကုန်သွားရင် တာဝန်ကျေပြီဆိုတဲ့သဘောနဲ့ နောက်ပြတ်ဆုတ်သွားကြပါ တယ်။ Tinkoff, LottoNl-Jumbo, Orica-Greenedge စသဖြင့် အသင်းအား လုံးက အလှည့်ကျဆွဲပေးကြပါတယ်။ တိုက်ဆိုင်မှုဖြစ်ချင်တော့ နောက်ဆုံး အလှည့်ကျဆွဲပေးရသူဟာ မနေ့က နီဘာလီကို အကြီးအကျယ်ကူညီပေးခဲ့သူ Michele Scarponi ပါပဲ။
သူ ဦးဆောင် ဆွဲလာတာ ၁၀ ကီလိုတောင်ကျော်နိုင်ပါတယ်။ သူ အားကုန်တာ နဲ့ နီဘာလီစတိုက်တော့တာပါပဲ။ ပထမ ပိုင်းမှာ ချားဗစ်နဲ့ ဗယ်လင်ဒါ ကပ်ပါ လာပါတယ်။ ဒုတိယအကြိမ် အရှိန်ထပ်တင်တဲ့အခါမှာတော့ နဲနဲလေး ဟ ပြိး ချားဗစ်တို့ပြတ်ကျန်ခဲ့ပါတယ်။
အဲဒီလို မပြတ်တပြတ် အသဲအသန်ဖြတ်ဖို့ကြိုးစားနေရချိန်မှာ ရှေ့ပြေးအဖွဲ့နဲ့အ အတူပါသွားတဲ့ Tanel Kangert က နောက်ချန်နေခဲ့ပြီး နီဘာလီကို ပြန်လာကူ ပါတယ်။ တကို်ယ်တော်ခြေကုန်လက်ပန်းကျနေချိန်မှာ အသင်းဖေါ်တဦးက အခုလိုလာကူတာဟာ တကယ့်အင်အားပါပဲ။ စက္ကန့် ၂၀ လောက်ပြတ်နေရာ ကနေ တမီနစ်နီးပါးအထိပြတ်အောင် အသင်းဖေါ်က ကူပေးနိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နီဘာလီ အားပြန်ပြည့်လာပြီး ရှိသမျှအားအကုန်ထုတ် အသားကုန်စီးတော့တာပါပဲ။ ကံကောင်းချင်တော့ ပန်းရောင်သမား ချားဗစ်က ဗယ်လင်ဒါ၊ အူရန်းတို့ကိုတောင် မကပ်နိုင်ပဲ တတိယ အုပ်စုအဖြစ်ပြတ်ကျန်ခဲ့ ပါတယ်။
ဒီလိုနဲ့ပန်းဝင်ချိန် အချိန်တွေကို တိုင်းထွာကြည့်လိုက်တဲ့အခါ ချားဗစ်က နီဘာ လီထက် တမီနစ်ကျော်နောက်ကျသွားပါတယ်။ ကွာနေတဲ့အချိန်က စက္ကန့် ၄၀ တည်းဆိုတော့ နီဘာလီ ပန်းရောင်ရသွားပါပြီ။ ပန်းရောင်ရတဲ့အပြင် နောက် ထပ် စက္ကန့် ၅၀ ခန့်ပါ ချားဗစ်ထက် အသာစီးရသွားတာကြောင့် နောက်ဆုံးနေ့ (ဒီနေ့) ပြိုင်ပွဲမှာ အေးဆေးဖြစ်သွားပါပြီ။
Grand Tour တွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးနေ့ဟာ မြေပြန်ပွဲ၊ မြို့ပတ် အောင် ပွဲခံတဲ့ပွဲဖြစ်တာကြောင့် ဘယ်သူမှအသေအလဲမစီးတော့ပါ။ မစီးဘူးဆိုတာ GC သမားတွေကိုပြောတာပါ။ တာတိုဘုရင်တွေကတော့ နောက်ဆုံးနေ့မှာ ပထမ ရဖို့ ပန်းမ၀င်မီ ကီလို ၅၀ လောက်အလိုမှာကတည်းက အသေအလဲ စီး လေ့ရှိပါတယ်။ 
အနှစ်ချုပ်ရရင် နီဘာလီ ပန်းရောင်ပြန်ရသွားတာဟာ တဦးတည်းခြေကောင်း လို့မဟုတ်။ အသင်းလိုက်စုစည်းမှု၊ အသင်းစိတ်ဓတ်နဲ့ အသင်းမန်နေဂျာရဲ့ ဗျု ဟာကို အသင်းသားတွေက အသေချာလိုက်နာမှုကြောင့်ဖြစ်တယ်။ Grand Tour တခုမှာ အောင်ပွဲရဖို့ဆိုတာ ခြေကောင်းရုံနဲ့မရ၊ ကံကောင်းဖို့လဲ လိုသေး တယ်။ အရေးကြီးဆုံးကတော့ တဦးချင်းခြေစွမ်းနဲ့ အသင်းလိုက်စိတ်ဓတ်၊ အသင်းရဲ့ဗျုဟာတွေဖြစ်တယ်လို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
နောက်ဆုံး GC စာရင်း...
General classification after stage 20
# Rider Name (Country) Team Result
1 Vincenzo Nibali (Ita) Astana Pro Team 82:44:31
2 Esteban Chaves (Col) Orica-GreenEdge 0:00:52
3 Alejandro Valverde (Spa) Movistar Team 0:01:17
4 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:01:50
5 Rafal Majka (Pol) Tinkoff Team 0:04:37
6 Bob Jungels (Lux) Etixx - Quick-Step 0:08:31
7 Rigoberto Uran (Col) Cannondale Pro 0:11:47
8 Andrey Amador (CRc) Movistar Team 0:13:21
9 Darwin Atapuma (Col) BMC Racing Team 0:14:09
10 Kanstantsin Siutsou (Blr) Dimension Data 0:16:20။ ။
......

Giro d'Italia ပွဲပြီးစီး။... နီဘာလီ နဲ့ အာစတာနာအသင်း အောင်ပွဲခံနေပြီ...။
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ နောက်ဆုံးနေ့ စတင်နေပါပြီ။ မိုရွာလို့ ရာသီဥတုအေးနေတဲ့အတွက် အန္တရာရှိတဲ့ တချို့နေ ရာတွေကို neutralising လုပ်မယ်လို့ဆိုပါတယ်။
အခု တာထွက်တာ ကီလို ၂၀ လောက်ရှိနေပြီ။ ပန်းရောင်သမား နီဘာလီနဲ့ အာစတာအသင်း ကြိုတင်အောင်ပွဲခံနေပုံကိုတွေ့လို တင်ပေးလိုက်ပါတယ်။
....


ပန်းဝင်ဖို့ ကီလို ၅၀ ၀န်းကျင်သာကျန်။ Torino မြို့ထဲရောက်နေပြီ။ မြို့ကို ၈ ပတ် ပတ်စီးရမှာ ဖြစ်တဲ့အတွက် ၇ ပတ်ကျန်သေး။ ရှေ့ပြေး ၂ ဦးက ၃၇ အသာနဲ့ပြေးနေ။ စိတ်ဝင်စားဖို့ကောင်း တာက ရှေ့ပြေး ၂ ဦးဟာ အရင်ပန်းရောင်အကျီပိုင်ရှင် Kruijswijk ရဲ့ LottoNl-Jumbo အသင်းကဖြစ်နေ။
GC အပြောင်းအလဲမဖြစ်နိုင်တော့ပေမဲ့ ဒီ ၂ ဦးက ပထမ ရအောင်စီးသွားမလား မသိပါ။ အခု ရေးရင်းနဲ့ တမီနစ်ကျော်တောင်ပြတ်သွားပြီ။ ဒါပေမဲ့ ကီလို ၅၀ ၀န်းကျင်ကျန်သေးတယ်ဆို တော့ သိပ်တော့မလွယ်ပါ။
အခု မိုးစဲသွားပါပြီ။ အစောပိုင်းက မိုးသဲလွန်းတဲ့အတွက် အရှိန်လျော့ပြီးစီးခိုင်းနေရ။ အခုတော့ ပုံရှိန်နဲ့စီးနေကြပါပြီ။
...
ပန်းဝင်ဖို့ ကီလို ၃၀ ခန့်အလိုမှာ ကြီးမားတဲ့လဲပြိုမှုတခုဖြစ်ခဲ့။ GC ဒုတိယ နေရာမှာရှိနေသူ ချားဗစ်နဲ့ နံပတ် ၇ အူရန်းတို့ပြိုလဲတဲ့အထဲပါ။ ချားဗစ်အရင် ထပြီးလိုက်နိုင်ပေမဲ့ အူရန်းက အတော်နာသွားပုံရ။ အခုတော့ သူ့အသင်းသားတွေအကူအညီနဲ့ ပြန်လိုက်နေပါပြီ။
ရှေ့ပြေး ၂ ဦးတော့ ထွက်ပြေးနေဆဲ။ ၄၇ စက္ကန့်လွတ်နေဆဲ။ သူတို့နောက်ထွက်လိုက်တဲ့ ၃ ဦးကတော့ ပြန်ဖမ်းမိသွားပြီ။
...
ပန်းဝင်ဖို့ ၁၀ ကိလိုခန့်အလိုမှာ နောက်ဆုံးရှေ့ပြေးတဦးကို ဖမ်းမိသွား။ အဲဒီလို မိပြီးချိန် နောက်တဦး အရှိန်တင်ထပ်ထွက်ပြေးချိန်မှာ လမ်းဘေးကအားပေးတဲ့ပရိတ်သတ်တဥိးနဲ့ တိုက်မိပြီး ပုံပျက်ပန်းပျက်လဲသွားပါတယ်။ အဲဒီနောက် အုပ်စုလိုက်ပန်းဝင်သွားပါတယ်။
နီဘာလီကတော့ အေးဆေးစွာနဲ့ တတိယ အုပ်စုနဲ့အတူပါလာပါတယ်။ နောက်ထပ်သိရတဲ့ သတင်းက ဒီနေ့မိုးရွာပြိး လမ်းတွေချော်နေတဲ့အတွက် GC အချိန်ကို ဒီနေ့မတွက်တော့ပဲ neutralised လုပ်ပေးလိုက်တယ်လို့သိရပါတယ်။ ဒါကြောင့် ပြိုင်စရာမလိုတော့ပဲ မနေ့က အတိုင်း ရပြီးသားသဘောဖြစ်သွားပါတယ်။ 
ဒါဟာ နီဘာလီအတွက် ပန်းရောင်အကျီ ၂ ကြိမ်မြောက်ရခြင်းဖြစ်ပါတယ်။ (ပထမ တကြိမ်က ၂၀၁၃ တုန်းကရခဲ့ပါတယ်)။ သူဟာ Tour de Frac (2014) နဲ့ စပိန်ပွဲ (Vuelta a España 2010) တွေမှာလည်း အ၀ါရောင်နဲ့ အနီ ရောင်တွေကို ရဖူးပြီးဖြစ်တာကြောင့် ၄ ကြိမ် မြောက် Grand Tour အောင်မြင်မှုဖြစ်ပါတယ်။ ဒါကြောင့် လက် ၄ ချောင်းထောင်ပြနေတာ ဖြစ်ပုံရပါတယ်။ ။
...
၂၁ ရက်တာ Grand Tour တခုပြီးသွားလို့ စက်ဘီးသမားအတော်များများ၊ အထူးသဖြင့် GC သမားတွေ အနားယူပါလိမ့်မယ်။ နီဘာလီရဲ့ မဟာပြိင်ဖက် တခြား Grand Tour ဆရာကြီး တွေဖြစ်တဲ့ Chris Froome (Team Sky), Alberto Contador (Tinkoff Team), Fabio Aru (Astana), Tejay van Garderen (BMC Racing), Romain Bardet (Ag2r-La Mondiale) and Thibault Pinot (FDJ) တို့ကတော့ အီတလီပွဲကို မ၀င်ပင် ပြင်သစ်ပွဲ အတွက် ပြင်နေကြပါတယ်။
ပြင်သစ်ပွဲဆိုတာ ဇူလိုင်မှာ စမဲ့ Tour de France မတိုင်မီ ခြေစမ်းပွဲအဖြစ် ဇွန်လ ၅ ရက်နေ့ (လာမဲ့ တနင်္ဂနွေနေ့) ကျင်းပမဲ့ Critérium du Dauphiné ပွဲကို ဆိုလိုတာပါ။ ၈ ရက်ကြာကျင်း ပမဲ့ အဲဒီပွဲအတွင်း Chris Froome (Team Sky), Alberto Contador (Tinkoff Team), Fabio Aru (Astana) တို့ ၃ ဦးထဲက ဘယ်သူ ရနိုင်ခြေရှိမလဲ...။ လာမဲ့ တနင်္ဂနွေနေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့။ ။
...။။ ။။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More