https://youtu.be/AG_9BZ8z-ek?si=YG_JH4jZnTTwhoFw
“ICJ စီရင်ချက်အလွန် - မင်းအောင်လှိုင်နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာဆက်ဖြစ်မလဲ”
(၂၇ နိုဝင်ဘာ ၂၀၂၆) “ICJ စီရင်ချက်ကြောင့် မင်းအောင်လှိုင် စစ်အုပ်စုရဲ့ နိုင်ငံတကာဆက်ဆံရေးကို များစွာထိခိုက်နိုင်တယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ICJ စီရင်ချက်အလွန် ပထမဆုံး ခရီးစဉ်အဖြစ် ဒီနေ့ ဗီယက်နမ်နိုင်ငံကို ထွက်သွားတဲ့ခရီးစဉ်အပါဝင် နိုင်ငံတကာနဲ့ဆက်ဆံရေး ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- လူမျိုးုတုန်းသတ်ဖြတ်မှုကျုးလွန်ထားတဲ့ မင်းအောင်လှိုင်နဲ့အဖွဲ့ကို အာဆီယံက ဘယ်လို သဘောထားမလဲ...
- တရုတ်အပါဝင် အင်အားကြီးနိုင်ငံတွေကကော နိုင်ငံတကာဥပဒေကို လေးစားမလား... ကိုယ်ကျိုးစီးပွားကို အဓိကထားမလား...
- စစ်ကောင်စီနဲ့ အဆက်ဖြတ်ပြီး ဒီမိုကရေစီအရေးကို ပိုကူညီပေးဖို့ တောင်းဆိုလိုက်တဲ့ အမေရိကန်အမတ်တဦးရဲ့ တောင်းဆိုချက်ကို သမ္မတထရမ့်က ဘယ်လောက် အလေးထားစဉ်းစားနိုင်သလဲ...
- ICJ စီရင်ချက်အလွန်မှာ မင်းအောင်လှိုင် စစ်အုပ်စုအပြင် နိုင်ငံတကာရောက် နိုင်ငံသားတွေအပေါ်မှာကော ဘယ်လိုရိုက်ခတ်မှုရှိလာနိုင်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment