Thursday, November 19, 2026

“နိုင်ငံတကာက အရေးယူတဲ့အချိန်မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားလုံး ဝိုင်းလုပ်ဖို့လိုတယ်”

 https://youtu.be/B9ZNyj3DyW8?si=T3itinbs1l1bWh4i

“နိုင်ငံတကာက အရေးယူတဲ့အချိန်မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားလုံး ဝိုင်းလုပ်ဖို့လိုတယ်” - ရိုနေဆန်းလွင် (ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ)

(၂၀ နိုဝင်ဘာ ၂၀၂၆) “မင်းအောင်လှိုင်ကို အရေးယူတာလား၊ နိုင်ငံကိုအရေးယူတာလား အငြင်းပွားနေရမယ့်အချိန်မဟုတ်ဘူး။ နိုင်ငံတကာအရေးယူမှုနဲ့အတူ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အင်အားစုအားလုံး ဝိုင်းလုပ်ဖို့လိုတယ်” လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကျုးလွန်ခဲ့တယ်လို့ ICJ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်နိုင်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ထဲမှာ ဘယ်အချက်တွေ အဓိကပါသလဲ... - မင်းအောင်လှိုင်ကို အရေးယူမှာလား... မြန်မာနိုင်ငံကို အရေးယူမှာလား... - မင်းအောင်လှိုင်ကို နိုင်ငံတကာက အရေးမယူခင် ပြည်တွင်းမှာ အရေးယူမှု အရင်ပေါ်လာနိုင်သလား... - UK က အရေးယူသလိုမျိုး အခြားနိုင်ငံတွေကပါ ဆက်တိုက်အရေးယူရင် မင်းအောင်လှိုင်နဲ့အဖွဲ့ ဘာဖြစ်သွားနိုင်သလား... - မင်းအောင်လှိုင်ကို အရေးယူတာလား... မြန်မာနိုင်ငံကိုအရေးယူတာလားဆိုပြီး အငြင်းပွားနေမယ့်အစား... မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဒီအခွင့်ခါကောင်းကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို အသုံးချသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More