https://youtu.be/WwxvILxLCYM?si=rGjy44a8ByhkARq4
“နိုင်ငံအမည်နဲ့တရားစွဲပေမယ့် တကယ်အရေးယူခံရမှာက ပြစ်မှုကျုးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်တွေသာဖြစ်တယ်”
- ဦးမြင့်သိဏ်းအောင် (မြန်မာနိုင်ငံရှေ့နေများကောင်စီ)
(၂၃ နိုဝင်ဘာ ၂၀၂၆)
“ICJ ရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံကိုခေါင်းစဉ်တပ်ပြီး တရားစွဲထားပေမယ့် တကယ်အရေးယူခံရမှာက ပြစ်မှုကျုးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်တွေသာဖြစ်တယ်၊ ပြည်သူအများစုကို ထိခိုက်စရာအကြောင်း မရှိဘူး” လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ- BLC- အတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျုးလွန်ကြောင်း ICJ ရဲ့ စီရင်ချက်ထွက်လာပြီးနောက်ပိုင်း မင်းအောင်လှိုင်ကို တရားစွဲတာလား၊ မြန်မာနိုင်ငံကို တရားစွဲတာလား... စစ်ဗိုလ်တွေအပြင် နိုင်ငံသားတွေမှာပါ တာဝန်ရှိနေသလား... စသဖြင့် ဆိုရှယ်မီဒီယာမှာ ထင်မြင်ချက်မျိုးစုံပြောနေကြတာနဲ့ပတ်သက်ပြီး ...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ICJ စီရင်ချက်အပေါ် ဥပဒေသမားတွေက ဘာကြောင့် ကြိုဆိုထောက်ခံသလဲ...
- ပြစ်မှုကျုးလွန်တဲ့ မင်းအောင်လှိုင်နဲ့အဖွဲ့ကို အရေးယူဖို့ပြင်တာကို မဆိုင်တဲ့ အများပြည်သူအချို့က ဘာကြောင့် စိုးရိမ်ပူပန်နေတာလဲ...
- ICJ စီရင်ချက်ကို ကုလ အဖွဲ့အစည်းတွေက ဘယ်လိုအဆင့်ဆင့် အရေးယူ ဆောင်ရွက်မှာလဲ...
- ICJ စီရင်ချက်က တရားဥပေဒစိုးမိုးမှုပျက်စီးနေတဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှုရှာဖွေရေး- ဥပဒေစိုးမိုးရေးအတွက် ဘယ်လို အထောက်ကူဖြစ်စေမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment