Saturday, April 23, 2022

Interview with Naing Htoo Aung of MOD-NUG.



“မြိုနယ်ပေါင်း ၂၀ ကျော်မှာ ကျနော်တို့ဖက်က အုပ်ချုပ်ရေးချ ဆောင်ရွက်နေပြီဖြစ်ပါတယ်”

(ဦးနိုင်ထူးအောင်- အတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန- NUG)
----------------------------------------------------------------------------
(၂၃/၄/၂၀၂၂)

တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၀၀-ကျော်အနက် ၂၀၀-ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဖွဲ့စည်းထားပြီး မြို့နယ်ပေါင်း ၂၀-ကျော်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေဖွဲ့စည်းကာ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူူးအောင်ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ထုတ်ပြန်တဲ့ ဝန်ကြီးချုပ်အစီရင်ခံစာပါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- PDF တပ်တွေက နိုင်ငံရဲ့ ၁၅% ကို ထိန်းချုပ်ထားနိုင်ပြီဆိုတာ ဘယ်လိုအချက်အလက်ပေါ် အခြေခံ ပြောနိုင်တာလဲ...
- PDF တပ် နဲ့ ပကဖ တပ်တွေ ဘယ်လိုကွာခြားပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...
- EAO တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းဖွဲ့ထားတဲ့ C3C အလုပ်ဖြစ်နေပြီလား...
- စစ်ကောင်စီတပ်ထဲကနေ တနှစ်အတွင်း ထွက်ပြေးသူ တသောင်းခန့်နဲ့ ကျဆုံးသူ တသောင်းခန့်ရှိတယ်ဆိုတာ ဘယ်လိုအချက်အလက်ပေါ်အခြေခံပြောတာလဲ...
- NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေး တနှစ်တာအတွင်း ဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More