Saturday, April 9, 2022

Interview with a local PDF leader in Dawei Region.



ထားဝယ်ခရိုင်၊ တောင်ပျောက်ဒေသ PDF ခေါင်းဆောင်တဦးနှင့် မေးမြန်းချက်
----------------------------------------------------------------
(၉/၄/၂၀၂၂)

ရွာမီးရှို့၊ လူသတ်၊ ဖမ်းဆီးနှိပ်စက်လုပ်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်တာကလွဲပြီး အခြားနည်းမရှိဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်နေတဲ့ တော်လှန်စစ်မှာ ဒေသအသီးသီးက ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ထားဝယ်ခရိုင် တောင်ပျောက်ဒေသရှိ PDF ခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ကျောက်ခဲ က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်ပျောက်ဒေသမှာဖြစ်ပွားခဲ့တဲ့ ရွာမီးရှို့ခံရမှု၊ အရပ်သားတွေ သတ်ဖြတ်၊ ဖမ်းဆီးခံရမှုအခြေအနေ၊ နွေဦးတော်လှန်ရေးတနှစ်တာအတွင်း ဒေသတွင်းက ခုခံစစ်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့...
- ဧပြီလ ပထမ သီတင်းပတ် ထိုးစစ်အတွင်း စစ်ကောင်စီတပ်က ဒေသခံရွာတွေကို ဘယ်လို မီးရှို့ဖျက်ဆီးသွားသလဲ....
- တောင်ပျောက်ဒေသအပါဝင် တနသာင်္ရီတိုင်းအတွင်းရှိ PDF တွေရဲ့ တိုက်ပွဲဝင်နိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ...
- ခုခံတော်လှန်စစ် တနိုင်ငံလုံး ဟန်ချက်ညီ အရှိန်မြင့်လာနိုင်သလား...
- ပြည်တွင်း- ပြည်ပ အကူအညီပေးမှုတွေက ဒေသခံ PDF တွေအပေါ် ဘယ်လို ခွန်အားဖြစ်စေသလဲ...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More