Tuesday, April 12, 2022

Interview with Than Soe Naing about NUG-one year on.



“EAO တွေနဲ့ တပ်ပေါင်းစုဖွဲ့နိုင်မှုဟာ NUG ရဲ့ အဓိက အောင်မြင်မှုဖြစ်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေးဝေဖန်သုံးသပ်သူ)
-------------------------------------------------------------------
(၁၂/၄/၂၀၂၂)

နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တနှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ အဓိက အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၇ လကြာ အခြေအနေ၊ အဲဒီလက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းခြင်း တနှစ်ပြည့် အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- NUG ရဲ့ တနှစ်တာအတွင်း အအောင်မြင်ဆုံးဆောင်ရွက်နိုင်မှုနဲ့ အဓိက စိန်ခေါ်ချက်က ဘာတွေလဲ...
- တနိုင်ငံလုံးရှိ PDF တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာအောက်ရှိ စစ်ဦးစီးချုပ်က အမိန့်ပေးနိုင်နေပြီလား...
- အင်အားတသိန်းရှိ PDF တပ်တွေရဲ့ လက်နက်လိုအပ်ချက်ကို NUG က ဘယ်လို ဖြေရှင်းပေးနေသလဲ...
- မြောက်ပိုင်းဒေသရှိ EAO အချို့ အခုထိ NUCC မှာ ပါမလာသေးတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်းမကောင်းတဲ့အတွက် အသံ သိပ်မကြည်မလင်ဖြစ်တာကို တောင်းပန်အပ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More