Wednesday, April 20, 2022

Interview with Bo Nagar. part-1



“လက်နက်ကောင်းကောင်းသာရရင် စစ်ကိုင်းတိုင်းမှာရှိတဲ့ PDF အင်အားနဲ့တင် တနိုင်ငံလုံးကို သိမ်းလို့ရတယ်”

(ဗိုလ်နဂါး- ပုလဲဒေသ PDF ခေါင်းဆောင်)
--------------------------------------------------------------------------------
(၂၀/၄/၂၀၂၂)

ခုခံတော်လှန်စစ် တနှစ်နီးပါးကြာလာတဲ့အချိန်မှာ တူးမီးအပြင် ခေတ်မီလက်နက်တွေ အတိုင်းအတာတခုအထိ ရလာနေပြီဖြစ်ပေမယ့် မလုံလောက်သေးဘူး။ ခေတ်မီ လက်နက်အပြည့်အစုံသာရမယ်ဆိုရင် စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်သား အင်အားဟာ တနိုင်ငံလုံးကို သိမ်းနိုင်တဲ့အင်အားအထိရှိလာနိုင်တယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်အခြေအနေ၊ မြန်မာ့ နှစ်သစ်ကူးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- နှစ်သစ်ကူး အားပေးစကား...
- စစ်ကိုင်းတိုင်းက တိုက်ပွဲအခြေအနေ...
- PDF တွေမှာ လက်နက်အင်အား တောင့်တင်းလာပြီလား...
- စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကချင်နယ်ဒေသတွေမှာ လွတ်မြောက်နယ်မြေ ဘယ်လောက်အထိ ကျယ်ပြန့်လာနေပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(NUG ရဲ့ စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေအပေါ် ဒေသခံ PDF တွေက အားရမှုရှိ မရှိ အကြောင်းဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More