“အမေရိကန်ရဲ့အကူအညီတွေက နွေဦးတော်လှန်ရေးအတွက် သိပ်အရေးကြီးပါတယ်”
(ဦးဘိုလှတင့်- NUG အာဆီယံဒေသဆိုင်ရာ သံအမတ်)
-----------------------------------------------------------------------
(၈/၄/၂၀၂၂)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားလာအောင် ဆောင်ရွက်နိုင်ဖို့ ဒေါ်လာ သန်းနဲ့ချီအကူအညီပေးမယ့် အမေရိကန်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဒေသဆိုင်ရာ သံအမတ် ဦးဘိုလှတင့်ကပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်ကနေ Burma Act of 2021 ကို အတည်ပြုလိုက်တာ၊ အရင်ကချမှတ်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေအရ ဒေါ်လာ သန်း ၁၀၀ ကျော် မြန်မာနိုင်ငံအတွက် သုံးစွဲခွင့်ရမယ့် အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့....
- Burma Act of 2021 ထဲမှာ ဘာတွေပါသလဲ...
- ဒီဥပဒေနဲ့ အရင် NDAA ဥပဒေ ဘယ်လိုကွာသလဲ...
- ဒီ ဥပဒေ ၂ ရပ်အရ ရရှိလာမယ့် ဒေါ်လာ သန်း ၃၀၀ ကျော်ကို ဘယ်နေရာတွေမှာ သုံးစွဲမှာလဲ...
- ဒီငွေတွေကို ရိက္ခာ၊ ဆေးဝါးနဲ့ လူသားချင်းစာနာမှုနေရာမှာသုံးခွင့်ရတဲ့အတွက် ပြည်ပရောက် မြန်မာတွေရဲ့အလှူငွေကို PDF အတွက် အပြည့်အ၀ သုံးစွဲခွင့်ရလာတော့ မလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(မနက်ဖန်မှာတော့ တနသာၤရီတိုင်းက တိုက်ပွဲအခြေအနေ၊ PDF လှုပ်ရှားမှုအခြေအနေအကြောင်း ဒေသခံ PDF ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။
0 comments:
Post a Comment