Friday, April 15, 2022

Interview with KNPP. Part-1



“KA, KNDF, PDF တွေ အားလုံး နွေဦးတော်လှန်ရေးမှာပါဝင်ပြီး တိုက်ပွဲဝင်နေပါတယ်”

(ခူဒယ်နီယာ- အတွင်းရေးမှူး ၁- KNPP)
---------------------------------------------------------------
(၁၅/၄/၂၀၂၂)

ကရင်နီဒေသရှိ ကရင်နီတပ် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအားလုံး  နွေဦးတော်လှန်ရေးမှာပါဝင်ပြီး လက်တွဲတိုက်ပွဲဝင်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အလားတူပါလာအောင် NUG အမျိုးသားညီညွတ်ရေးအစိုးရက အရှိန်မြင့်ကြိုးစားဖို့လိုနေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁- ခူဒယ်နီယာက ပြောပါတယ်။

နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG အစိုးရ တနှစ်တာ ကာလအတွင်း နိုင်ငံရေး၊ စစ်ရေးစွမ်းဆောင်ရည်အပေါ် အားရမှုရှိ မရှိနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- NUG အစိုးရရဲ့ တနှစ်တာအတွင်း စွမ်းဆောင်ရည်အပေါ် EAO တွေက ဘယ်လိုရှုမြင်ထားသလဲ...
- NUCC မှာ EAO တွေ အားလုံး ပါမလာသေးတာ ဘာကြောင့်လဲ...
- ကရင်နီဒေသဟာ EAO တွေနဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်မှ အားအကောင်းဆုံးဒေသလို့ ဘာကြောင့်ပြောကြတာလဲ...
- ကရင်နီလူဦးရေ ၅၀% ကျော် နေရပ်စွန့်ထွက်ပြေးနေရမှုအပေါ် ဘယ်သူတွေက ဘယ်လို အကူအညီပေးနေသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အခုတော်လှန်ရေးဟာ တိုင်းရင်းသားနဲ့ စစ်အစိုးရကြားမှာဖြစ်နေတာမဟုတ်ဘူး။ လူထုနဲ့ စစ်အာဏာရှင်ကြားမှာဖြစ်နေတာဖြစ်တယ်။ ဒါကြောင့် လူထုထဲမှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ဒီတော်လှန်ရေးမှာ ပါဝင်ဖို့လိုတယ်... ဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More